ဇန်န၀ါရီ ၂၅၊ ၂၀၁၆
M-Media
– မန်ယူအသင်း၏ ကစားသမားများမှာ နည်းပြဗန်ဂါးလ်၏ ဒဿနနှင့် အစေးမကပ်ဘဲ ထိုအကြောင်းအရင်းကြောင့်ပင် မန်ယူမှာ ကျဆင်းနေခြင်းဖြစ်သည်ဟု ဗလင်စီယာ ဂန္တ၀င်ကွင်းလယ်လူဟောင်း ဂိုက်ဇ်ကာ မင်ဒီယေတာက ပြောကြားလိုက်သည်။
ပြီးခဲ့သည့် သီတင်းပတ်များတွင် မန်ယူအသင်းမှာ ရလဒ်ကောင်းများ ရရှိခဲ့သော်လည်း ယခုတစ်ပတ် ဆောက်သက်တမ်နှင့်ပွဲတွင် မန်ယူမှာ အိမ်ကွင်း၌ပင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဗန်ဂါးလ်ကိုလည်း ပရိတ်သတ်များက လှောင်ပြောင်ခဲ့ကြသည်။ မင်ဒီယေတာကမူ မန်ယူ၏ နိမ့်ပါးနေမှုမှာ ကစားသမားများကြောင့်ဟု ပြောကြားခဲ့သည်။
“အပြင်ကနေပြောရတာက ခက်တော့ခက်တယ်ဗျ။ ဒါပေမယ့် အလုပ်မဖြစ်ဘူး၊ အသင်းက ဗန်ဂါလ်းရဲ့ပုံစံအတိုင်း အားထုတ်မှုမရှိဘူးဆိုတာကတော့ တော်တော်သိသာပါတယ်။ မန်ယူက ဘယ်လိုကစားရမလဲဆိုတဲ့ ဗန်ဂါးလ်ရဲ့ အယူအဆကို မမြင်ရပါဘူး။ သူ့ရဲ့ အတွေးအခေါ်တွေက ကစားသမားတွေဆီ မရောက်တဲ့ပုံပါပဲ” ဟု မင်ဒီယေတာက ပြောကြားခဲ့သည်။
ထို့ပြင် အခြားသောလိဂ်များတွင် အောင်မြင်မှုသရဖူ အလီလီဆောင်းခဲ့သည့် ဗန်ဂါးလ် ပရီးမီးယားလိဂ်တွင် မအောင်မြင်ခြင်း၏ ပြဿနာများ နက်ရှိုင်းသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.