News @ M-Media

Blog

  • အိပ်ရေးပျက်မှုကို အပိုအိပ်စက်ခြင်းဖြင့် အစားထိုးနိုင်

    အိပ်ရေးပျက်မှုကို အပိုအိပ်စက်ခြင်းဖြင့် အစားထိုးနိုင်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၆
    M-Media

    – အလုပ်လုပ်ရသည့် ၅ ရက်အတွင်း အိပ်စက်မှုနည်းပါးခြင်းက ဆီးချိုဖြစ်နိုင်ချေကို မြင့်တက်စေနိုင်သော်လည်း အပိုအိပ်ချိန်များက ထိုအိပ်ပျက်မှုကို အစားထိုးနိုင်တယ်လို့ အမေရိကန် သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    သုတေသီတွေက ကျန်းမာရေးကောင်းမွန်တဲ့ လူငယ် ၁၉ ယောက်ကို စမ်းသပ်စောင့်ကြည့်ခဲ့ရာမှာ လေးဆက်တိုက်အိပ်ရေးပျက်ခြင်းက ၎င်းတို့ရဲ့ သွေးတွင်းပြောင်းလဲမှုနဲ့ ဆက်စပ်နေပြီး သကြားဓာတ်ဟာ အရင်လိုပုံမှန် မဟုတ်တော့တာကို တွေ့ရှိရပါတယ်။

    တစ်ဖန်ထပ်မံ၍ ၎င်းတို့ကို နောက်ထပ်နှစ်ည အပိုအိပ်စက်စေခဲ့ပြီး သွေးစစ်ကြည့်တဲ့အခါမှာ ပုံမှန်ပြန်ရှိနေခဲ့တာကို တွေ့ရပါတယ်။ ခဏတာ အိပ်ရေးပျက်ခြင်းရဲ့ အကျိုးသက်ရောက်မှုအပေါ် တန်ပြန်သက်ရောက်မှု ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

    “အလုပ်လုပ်တဲ့ရက်တွေထဲမှာ အိပ်စက်ဖို့အချိန်လုံလောက်စွာမရတဲ့သူတွေအနေနဲ့ အိပ်ဖို့အခွင့်အရေးရပြီဆိုရင် အိပ်ရေးပျက်ခဲ့တဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ ကြိုးစားနိုင်တဲ့မျှော်လင့်ချက်ရှိပါတယ်” လို့ ကော်လိုရာဒိုဘိုလ်ဒါတက္ကသိုလ်ရဲ့ ဦးဆောင်လေ့လာသူ ဂျိုဆိုင်နီ ဘရူဆာ့ဒ်က ပြောခဲ့ပါတယ်။

    အဆိုပါလေ့လာချက်က ရုံးပိတ်ရက်တွေမှာ နောက်ကျအိပ်ခြင်းဟာ ကျန်တဲ့ရက်တွေမှာ ညတိုင်းအိပ်ချိန်မလုံလောက်ခဲ့တဲ့ဒဏ်ကို ပြန်လည်ချေဖျက်နိုင်စွမ်းရှိတယ်ဆိုတာကိုတော့ သက်သေမပြနိုင်သေးဘူးလို့ ဘရူဆာ့ဒ်က ထည့်သွင်းပြောကြားခဲ့သည်။

    “ရက်သတ္တပတ်တိုင်းမှာ ဒီလိုပဲ အိပ်ပျက်နေမယ်ဆိုရင် အဲဒီအိပ်ချိန်ကို အမြဲတမ်းပြန်အစားထိုးနိုင်မလားတော့ မသိနိုင်သေးပါဘူး။ အိပ်ချိန်မလုံလောက်တဲ့သူတွေအနေနဲ့ ဖြစ်နိုင်ရင် အပိုအိပ်စက်ခြင်းဟာ အကျိုးရှိပါတယ်”

    ဆီးချိုဖြစ်နိုင်ချေနဲ့ အိပ်စက်မှုကြားက ဆက်နွယ်မှုကို လေ့လာရာမှာ ဘူရူဆာ့ဒ်နဲ့ အပေါင်းအပါတွေဟာ အင်ဆူလင်တုံ့ပြန်မှု သို့မဟုတ် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က အသုံးပြုနိ
ုင်စွမ်း ကို အလေးပေး လေ့လာခဲ့ပါတယ်။

    အင်ဆူလင်တုံ့ပြန်မှုချို့ယွင်းခြင်းဟာ အမျိုးအစား ၂ ဆီးချို ဖြစ်စေတဲ့ လက္ခဏာဖြစ်ပါတယ်၊ ၎င်းအမျိုးအစားဟာ ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကို စွမ်းအင်အဖြစ် သင့်လျော်စွာ မပြောင်းလဲပေးနိုင်တဲ့ အသက်အရွယ်၊ အ၀လွန်မှုတို့နဲ့ ဆက်စပ်နေပါတယ်။

    Ref : Reuter

  • Doctor Sparrow: စာကလေးတွေကို ဆေးပညာ ဘယ်သူများ သင်ကြားပေးထားပါလိမ့်။

    Doctor Sparrow: စာကလေးတွေကို ဆေးပညာ ဘယ်သူများ သင်ကြားပေးထားပါလိမ့်။

    ဇန်နဝါရီ ၂၀ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်
    01.Doctor Sparrow
    ငှက်တွေဟာ သူတို့အသိုက်ကိုဆောက်ရာမှာ ကြုံရာအရွက်တွေကို သုံးပြီး ပြီးစလွယ်ဆောက်လုပ်ကြတာ မဟုတ်ပါဘူး။

    သူတို့ရဲ့ အရွက်ရွေးချယ်မူဟာ သူတို့ရဲ့ ဆေးပညာ ဗဟုသုတကို မီးမောင်းထိုးပြနေပါတယ်။

    ဥပမာအားဖြင့် အိန္ဒိယမှာ စာကလေး (House Sparrows) တွေဟာ အသိုက်ဟောင်းကို မွန်းမံရာမှာ အခြားအပင် အရွက်တွေကို လစ်လျှူရှုပြီး တမာရွက်တွေကို ရွေးချယ် အသုံးပြုလေ့ ရှိကြတယ်။

    ဘာလို့လဲဆိုရင် တမာရွက်တွေမှာ ပါဝင်တဲ့ Azadirachtin ဓာတုဗေဒ ကွန်ပေါင်းဟာ ထူးရှယ် အင်းဆက်သတ် စွမ်းရည်ရှိပြီး ၊ နောက်ထပ် ဓာတုဗေဒကွန်ပေါင်း တစ်ခုဖြစ်တဲ့ Beta-Sitosterol မှာလဲ အင်းဆက်တွေကို မောင်းထုတ်နိုင်တဲ့ အစွမ်းရှိရုံမက သွေးစုပ်ကပ်ပါးကောင်တွေ ဥ မဥနိုင်အောင် ဟန့်တားနိုင်စွမ်း ရှိနေတယ်လေ။

    ကလ်ကတ္တားမြို့တော်မှာ လူတွေ ငှက်ဖျားရောဂါဖြစ်နေတုံး စာကလေးတွေရဲ့ အပြုအမူကို သတိပြုမိခဲ့တဲ့ ဇီဝဗေဒပညာရှင် Sudhim Senegupta ဟာ အံ့အားသင့်ခဲ့ရတယ်။
    အဲဒီအချိန်ကာလမှာ စာကလေးတွေဟာ သူတို့အသိုက်တွေဆီ Krishnachura ပင်တွေဆီက ကွိုင်းနိုင်း (ကွီနိုင်) (Quinine , C_(20 ) H_(24 ) N_(2 ) O_(2 ) ) ကြွယ်ဝတဲ့ အရွက်တွေကို ရွေးချယ်ယူလာကြပါတယ်။

    ကွီနိုင် ကွန်ပေါင်းမှာ ငှက်ဖျားတိုက်ဖျက်ရေး စွမ်းရည်ရှိတယ်ဆိုတာ ကျွန်တော်တို့ အသိ။

    ဆိုတော့ ဇီဝဗေဒပညာရှင် Sudhim Senegupta က စာကလေးတွေဟာ ငှက်ဖျားရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ ဒီ ကွီနိုင်ကြွယ်ဝတဲ့ အရွက်တွေကို အသိုက်ဆီယူလာတာ ဖြစ်ရမယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    ( Wild Health: Lessons in Natural Wellness from the Animal Kingdom By Cindy Engel , Pg 124 – 125)

    M-Media Knowledge ကဏ္ဍမှ အပတ်စဉ် ဗုဒ်ဓဟူးနေ့ တိုင်း တင်ဆက်ပါမည်။

  • အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၇ ဦးကို စင်ကာပူက ဖမ်းဆီးကာ နေရပ်ပြန်ပို့

    အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၇ ဦးကို စင်ကာပူက ဖမ်းဆီးကာ နေရပ်ပြန်ပို့

    ဇန်န၀ါရီ ၂၀၊ ၂၀၁၆
    M-Media

    sg

    – အခြားသောနိုင်ငံများ၌ အစွန်းရောက်လုပ်ရပ်များတွင် ပါဝင်ရန်စီစဉ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၇ ဦးကို ဖမ်းဆီးကာ၊ နေရပ်ပြန့်ပို့လိုက်ပြီဟု စင်ကာပူ ပြည်တွင်းလုံခြုံရေးဌာနက ယနေ့တွင် ကြေငြာလိုက်ပြီး စင်ကာပူတွင်မူ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ထားခြင်းမရှိဟု ပြောကြားခဲ့သည်။

    အဆိုပါ ၂၇ ဦးစလုံးမှာ စင်ကာပူရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများဖြစ်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သညည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    စစ်ကာပူနိုင်ငံမှ တရားမ၀င်ထွက်ခွာရန် ကြိုးပမ်းမှုအတွက် ထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက် ၎င်းတို့ထဲမှ တစ်ဦးမှလွဲ၍ ကျန်အားလုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

    ဖမ်းဆီးခံခဲ့ရသူများမှ ၂၆ ဦးမှာ အလ်ကိုင်းဒါး၊ ဆီရီးယားနှင့် အီရတ်ရှိ IS စသည့် အကြမ်းဖက်အဖွဲ့အစည်းများကဲ့သို့ လက်နက်ကိုင်တိုက်ခိုက်မှု သဘောတရားကို ထောက်ခံအားပေးသည့် အုပ်စုမှဖြစ်သည်ဟု ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

    အခြားတစ်ဦးမှာ ထိုအုပ်စုထဲမှမဟုတ်ဘဲ အစွန်းရောက်လာမည့်အခြေအနေတွင် ရှိနေသည်ကို တွေ့ရှိခဲ့ရပြီး အစွန်းရောက်စကားများကို ထောက်ခံအားပေးသူဖြစ်သည်ဟု ဆိုသည်။

    ၎င်းတို့ထဲမှ အများအပြားမှာ ဘာသာရေးအတွက် လက်နက်ကိုင်တိုက်ခိုက်မှုတွင် ပါဝင်သင့်သည်ဟူသော အယူအဆကို လက်ခံသူများဖြစ်သည်ဟု ၀န်ခံခဲ့ပြီး၊ အများစုမှာ အရှေ့အလယ်ပိုင်းသို့ သွားရောက်၍ လက်နက်ကိုင်တိုက်ခိုက်မှုများတွင် ပါဝင်ရန် စဉ်းစားနေသည်ဟုဆိုသည်။

    အဖွဲ့ဝင်အချို့ကမူ ရှီယိုက်များမှာ သွေဖည်သူများဖြစ်ပြီး ၎င်းတို့အား သတ်ဖြတ်ပစ်ရမည်ဟူသော အစွန်းရောက်အတွေးအခေါ်ကို ထောက်ခံသူများဖြစ်သည်ဟု စင်ကာပူအာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်ရှိ အစွန်းရောက်အုပ်စုများနှင့် ဆက်သွယ်သည်ဟု ယူဆရသည့် အဖွဲ့အစည်းများကိုလည် ငွေကြေးလှူ ဒါန်းမှုများ ရှိခဲ့သည် ဆိုသည်။

    ဘင်္ဂလားဒေ့ရှ်သို့ ပြန်ရောက်လာသည့် ၂၆ ဦးမှ ၁၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး အက်ဥပဒေဖြင့် အကျဉ်းထောင်သို့ ပို့ဆောင်ထားသည်ဟု စင်ကာပူရှိ ဘင်္ဂလာဒေ့ရှ်ကော်မရှင်က ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ကမ္ဘာ့ရေနံဈေးနှုန်း စံချိန်တင်ကျဆင်း၊ စတော့ဈေးကွက်များလည်း ဆက်လက်ကျဆင်းနေ

    ကမ္ဘာ့ရေနံဈေးနှုန်း စံချိန်တင်ကျဆင်း၊ စတော့ဈေးကွက်များလည်း ဆက်လက်ကျဆင်းနေ

    ဇန်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    oil

    – ကမ္ဘာ့ရေနံစိမ်းစေျးမှာ ဇန်န၀ါရီ ၂၀ ရက်နေ့တွင် အာရှဈေးကွက်၌ တစ်စည်ကို ကန်ဒေါ်လာ ၂၈ ဒေါ်လာအောက် ရောက်သွားခဲ့ပြီး ၁၂ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်သွားခဲ့ခြင်းဖြစ်ကာ နိုင်ငံတကာ စွမ်းအင် အေဂျင်စီကမူ ရေနံ ရောင်းလိုအား အလွန်အကျွံများပြားမှုကြောင့် ဈေးကွက်ပျက်သွားနိုင်သည်ဟု သတိပေးခဲ့သည်။

    ၂၀၀၃ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် ရေနံဈေးမှာ ၂၈ ဒေါ်လာအောက်သို့ ကျဆင်းခဲ့ပြီးနောက် ယခုတစ်ဖန် ထိုဈေးအောက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ယနေ့မနက် WTI တွင် ရေနံတစ်စည်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၇.၉၂ အထိသို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်းတွင် အနည်းငယ် ပြန်တက်ခဲ့သည်။

    အာရှနှင့် ဥရောပမှ စတော့ဈေးကွက်များမှာလည်း ယနေ့တွင် ဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး၊ ရေနံဈေးနှုန်းကျဆင်းမှုနှင့် ကမ္ဘာ့စီးပွားရေး ဒုတိယအကြီးဆုံးဖြစ်သော တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် စိုးရိမ်မှုများ ရှိနေခြင်းကို ထိုကဲ့သို့ ဈေးကွက်များ ကျဆင်းမှု၏ အကြောင်းအရင်း ဖြစ်နေသည်။

    ဟောင်ကောင်စတော့ဈေးကွက်မှာ ယနေ့တွင် ၃.၈၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်ဒေါ်လာမှာလည်း ၉ နှစ်အတွင်း အနိမ့်ဆုံး ရောက်ရှိရန် တာဆူနေသည်။

    Ref: Channelnewsasia

  • ပါကစ္စတန် တက္ကသိုလ်တစ်ခုကို တာလီဘန်များက အကြမ်းဖက်တိုက်ခိုက်

    ပါကစ္စတန် တက္ကသိုလ်တစ်ခုကို တာလီဘန်များက အကြမ်းဖက်တိုက်ခိုက်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၆
    M-Media

    paki

    – ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်ဝါရ်မြို့အနီးရှိ တက္ကသိုလ်တစ်ခုကို တာလီဘန်အကြမ်းဖက်သမားများက ယနေ့တွင် ၀င်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    သေနတ်သမား ၄ ဦးက ပက်ရှ်ဝါရ် မြို့မှ ကီလိုမီတာ ၅၀ အကွာတွင်ရှိသည့် ချာဆာဒါမြို့တွင် ဘာချာချန်း တက္ကသိုလ်သို့ ဖောက်ခွဲမှု ၂ ခုနှင့်အတူ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် အထူးတပ်ဖွဲ့ ၀င်များမှာ မြေပြင်နှင့် ဝေဟင်တို့မှ စစ်ဆင်ရေးများပြုလုပ်ကာ သေနတ်သမားများအား နှိမ်နင်းခဲ့သည်။

    ရဲတပ်ဖွဲ့အကြီးအကဲ ဆအီဒ် ၀ါဇီရ်ကမူ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ၂၁ ဦးသေဆုံးခဲ့ကာ မိမိတို့ လုံခြုံရေးတပ်ဖွဲ့များမှာ ထိုဒေသအား ရှင်းလင်းခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူမှာ ၃၀ ကျော်ရှိပြီး သေဆုံးသူများတွင် သေနတ်သမားများ ပါဝင်ခြင်း ရှိ၊ မရှိ အတိအကျမသိရှိရသေးပေ။

    ပါကစ္စတန် တာလီဘန်အဖွဲ့ TTP က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့ပြီး လူမျိုးစုဒေသများတွင် ၎င်းတို့အား ပါကစ္စတန်စစ်တပ်က ထိုးစစ်ဆင်မှုကို လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ်အတွင်း ပက်ရှ်ဝါရ်ရှိ စစ်တပ်ကဖွင့်လှစ်ထားသော စာသင်ကျောင်းသို့ တာလီဘန်များက ၀င်ရောက်ကာ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကျောင်းသား အနည်းဆုံး ၁၃၀ ကျော် သေဆုံးခဲ့သည်။

    Ref: Channelnewsasia