News @ M-Media
Blog
  • ပယ်နယ်တီမ၀င်သည့် တိုက်စစ်မှူးနှင့် လက်စတာနည်းပြ ဆွေးနွေးမည်
    ပယ်နယ်တီမ၀င်သည့် တိုက်စစ်မှူးနှင့် လက်စတာနည်းပြ ဆွေးနွေးမည်
    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media
    lea
    – အသင်း၏ လာမည့်ပွဲများတွင် ပင်နယ်တီ မည်သူကန်ရမည်ဆိုသည်နှင့် ပတ်သက်၍ မဆုံးဖြတ်ခင် နောက်ဆုံး ပယ်နယ်တီ ၂ လုံးဆက်တိုက် ၀င်အောင်မသွင်းနိုင်သည့် တိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်နှင့် ဆွေးနွေးသွားမည်ဟု လက်စတာ နည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
    စွမ်းဆောင်ရည်ကောင်းများ ပြသနေသည့် လက်စတာအသင်းတွင် ခြေစွမ်းပြနေသော မဟ်ရက်ဇ်မှာ ယခုလအစောပိုင်း ဘုန်းမောက်နှင့် ဂိုးမရှိသရေပွဲတွင် ပင်နယ်တီလွဲချော်ခဲ့ပြီး ယမန်နေ့က ကစားခဲ့သည့် အက်စတွန်ဗီလာအား ၁ ဂိုးစီသရေကျသည့်ပွဲတွင် ပထမပိုင်းရရှိသည့် ပင်နယ်တီကို ၎င်းကန်သွင်းရာမှာလည်း ဂိုးသမားက ဖမ်းမိခဲ့သည်။ နည်းပြ ရာနီယေးရီကမူ ၎င်းမှာ ထိုကိစ္စအတွက် မဲဟ်ရက်ဇ်နှင့် ဆွေးနွေးသွားမည်ဟု ဆိုသည်။
    “ကျွန်တော် မမှားဘူးဆိုရင် ဒါဟာ ရီယာ့ဒ်ရဲ့ ဒုတိယ ဒါမှမဟုတ် တတိယမြောက် အမှားပါပဲ။ သူနဲ့ ကျွန်တော် စကားပြောချင်ပါတယ်။ တစ်ကယ်လို့သူက တည်ငြိမ်နေမယ်၊ ပင်နယ်တီဆက်ကန်ဖို့ ဆန္ဒရှိမယ်ဆိုရင် သူ ဆက်ကန်နိုင်မှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ နောက်တစ်ပွဲအတွက် စဉ်းစားဖို့ အရေးကြီးပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
    ထို့ပြင် မဟ်ရက်ဇ်၏ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပြီး ၎င်း၏ တိုက်စစ်မှူးမှာ ဒိုင်လူကြီးများထံမှ အကာအကွယ်ပေးမှုကို မရရှိဟု ထပ်လောင်းပြောကြားခဲ့သည်။
    Ref : Goal
  • အစွန်းရောက်ဝဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာအကောင့်များကို အင်ဒိုနီးရှား ပိတ်ပင်
    အစွန်းရောက်ဝဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာအကောင့်များကို အင်ဒိုနီးရှား ပိတ်ပင်
    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media
    indo
    – ပြီးခဲ့သည့်တစ်ပတ် ကြာသာပတေးနေ့က မြို့တော်ဂျကာတာ၌ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အင်ဒိုနီးရှား သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အစွန်းရောက်ဝဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာအကောင့်များကို ပိတ်ပစ်လိုက်သည်ဟု သိရသည်။
    “ဇန်န၀ါရီ ၁၄ ရက်နေ့က ဆာရီနာဗုံးခွဲတိုက်ခိုက်မှုကို ထောက်ခံကြတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို စောင့်ကြည်မှုတွေနဲ့ ပြည်သူလူထုဆီက သတင်းပေးပို့မှုတွေ ရရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနက သူတို့ကို ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု သတင်းအချက်အလက်နှင့် ပြည်သူ့ဆက်ဆံရေး အကြီးအကဲ အစ္စမေးလ် ချာဝီဒူက ပြောကြားခဲ့သည်။
    ဂျာကာတာ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေနတ်သမား ၅ ဦးနှင့် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသူ အရပ်သားနှစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးနှင့် ကနေဒါနိုင်ငံသားတစ်ဦးတို့ ဖြစ်ကြသည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင် ၅ ဦး အပါအ၀င် စုစုပေါင်း လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
    Ref: IINA
  • ထိပ်ဆုံးအသင်းတွေ အမှတ်ကွာဟာမှုကျဉ်းမြောင်းခဲ့ပြီး၊ ရူနီစံချိန်သစ် ထပ်တင်နိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂
    ထိပ်ဆုံးအသင်းတွေ အမှတ်ကွာဟာမှုကျဉ်းမြောင်းခဲ့ပြီး၊ ရူနီစံချိန်သစ် ထပ်တင်နိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂
    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media
    epl 2
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာတော့ ထိပ်ဆုံး ၂ သင်း သရေကျသွားခဲ့တာကြောင့် ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ တတိယနေရာက မန်စီးတီးဟာ ထိပ်ဆုံးနဲ့ ၁ မှတ်သာ ကွာဟပါတော့တယ်။
    စတုတ်စီးတီးကွင်းမှာ အာဆင်နယ် ဂိုးမရှိ သရေကျသွားတာကတော့ အိမ်ရှင်ဂိုးသမား ဂျက် ဘတ်လန်းဒ်ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကြောင့်ပါပဲ။ ချိန်ဘာလိန်နဲ့ ဂျရူးတို့ရဲ့ အပိုင် ၃ လုံးအပါအ၀င် အာဆင်နယ်ရဲ့ ဂိုးသွင်းခွင့် တော်တော်များများကို ဘတ်လန်းဒ်က အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့တာပါ။ အာဆင်နယ်ဂိုးသမား ပီတာချက်ကလည်း စတုတ်ရဲ့ ဂိုးသွင်းခွင့် ၂ ကြိမ်လောက်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီကတည်းက စတုတ်ကို နိုင်အောင် မကစားနိုင်သေးဘဲ ၀င်းဂါးကတော့ ရလဒ်ကကောင်းပေမယ့် ၂ မှတ်ဆုံးရှုံးခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
    epl 3
    ဒီတစ်ပတ်ရဲ့ Match of The Week ဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ယူတို့ပွဲမှာလည်း ဂိုးသမား ဒေးဗစ် ဒီဂီယာရဲ့ အစွမ်းပြမှုနဲ့အတူ မန်ယူတို့ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အိမ်ရှင် လီဗာပူးလ်တို့ မန်ယူထက် ပိုကောင်းခဲ့ပေမယ့် ကံတရားရဲ့ဖေးမမှုတော့ မရှိခဲ့ပါဘူး။ မန်ယူအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၇၈ မိနစ်မှာ တိုက်စစ်မှူး ရူနီက သွင်းယူပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ မန်ယူအတွက် ၁၇၆ ဂိုးမြောက်ဖြစ်တဲ့ အဲဒီဂိုးဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းထဲမှာ အများဆုံး သွင်းယူနိုင်တဲ့ စံချိန်ကိုလည်း ရရှိစေခဲ့ပါတယ်။ လီဗာပူးနည်းပြကတော့ အခွင့်အရေးတွေရခဲ့ပြီး အသုံးမချနိုင်ခဲ့တာကြောင့် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။
    လက်စတာက ၂၈ မိနစ်မှာ ရှင်ဂျီ အိုကာဇာကီရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်း ၇၅ မိနစ်မှာ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ပထမပိုင်းမှာရခဲ့တဲ့ ပင်နယ်တီကို မဲဟ်ရက်ဇ် ၀င်အောင်မသွင်းနိုင်တာကလည်း လက်စတာအတွက် အထိနာစေခဲ့ပါတယ်။ ဒီပင်နယ်တီ မ၀င်မှုဟာ လက်စတာအတွက် မဲဟ်ရက်ဇ်ရဲ့ နောက်ဆုံး ပင်နယ်တီ ၂ လုံးဆက်တိုက် မ၀င်မှုလည်းဖြစ်ပါတယ်။
    epl 4
    ခြေစွမ်းမသေးတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့တွေ့ခဲ့တဲ့ မန်စီးတီးကတော့ အမှားမခံခဲ့ဘဲ ဂိုးပြတ်နိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။ ဂိုးတွေကိုတော့ ဒီပွဲမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးအဂူရိုက ၂ ဂိုး၊ ဒဲလ်ဖ်နဲ့ ဒေးဗစ်ဆေးလ်ဗားတို့က ၁ ဂိုးစီသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီဟာ ထိပ်ဆုံး ၂ သင်းနဲ့ ၁ မှတ်သာ ကွဟတော့ပါတယ်။
    ချယ်ဆီးကတော့ အိမ်ကွင်းမှာ နောက်က ချေပဂိုးတွေ လိုက်သွင်းရင်း ၉၈ မိနစ် ဂျွန်တယ်ရီရဲ့ဂိုးကြောင့် ၃ ဂိုးစီနဲ့ သရေတစ်မှတ်ရခဲ့တာဖြစ်ပါတယ်။ မနစ် ၅၀ မှာ ဂျွန်တယ်ရီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ အဲဗာတန်က ဦးဆောင်ဂိုးရခဲ့ပြီး ၅၆ မိနစ်မှာ မီရာလက်စ်က တစ်ဂိုးထပ်သွင်းပေးခဲ့တာကြောင့် ဧည်သည့်အသင်း ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၆၄ နဲ့ ၆၆ မိနစ်တွေမှာ ချယ်ဆီးက ဒီယေဂို ကော်စတာနဲ့ ဖာဘရီဂက်စ်တို့က ၂ ဂိုးဆက် ပြန်သွင်းခဲ့ပါတယ်။ မိနစ် ၉၀ မှာ ရာမီရို ဖျူနက်စ် မိုရီရဲ့ ဂိုးနဲ့ အဲဗာတန်တို့ ထပ်ဦးဆောင်ခဲ့ပေမယ့် ၉၈ မိနစ်မှာ ဂျွန်တယ်ရီက ချေပဂိုးထပ်သွင်းခဲ့တာကြောင့် ဧည်သည့်အသင်း ကံမကောင်းခဲ့တာဖြစ်ပါတယ်။ ဟစ်ဒင့်ကိုင်တွယ်ပြီးကတည်းက ချယ်ဆီးဟာ ရှုံးပွဲမရှိသေးဘဲ ဒီရလဒ်အတွက်လည်း ကျေနပ်တယ်လို့ ဟစ်ဒင့်က ပြောကြားခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    စပါး ၄-၁ ဆန်းဒါးလန်း
    ဘုန်းမောက် ၃-၀ နော်ဝစ်ခ်ျ
    ချယ်ဆီး ၃-၃ အဲဗာတန်
    မန်စီးတီး ၄-၀ ခရစ္စတယ်ပဲလေ့စ်
    နယူးကာဆယ် ၂-၁ ၀က်စ်ဟမ်း
    ဆောက်သက်တမ် ၃-၀ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၁-၁ လက်စတာ
    လီဗာပူးလ် ၀-၁ မန်ယူ
    စတုတ် ၀-၀ အာဆင်နယ်
  • ဂိမ်းနှင့် လူမှုကွန်ယက်များတွင် မြန်မာလူငယ်များ အချိန်ဖြုန်းနေသည်ဟု ဒေါ်စုပြော
    ဂိမ်းနှင့် လူမှုကွန်ယက်များတွင် မြန်မာလူငယ်များ အချိန်ဖြုန်းနေသည်ဟု ဒေါ်စုပြော
    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media
    daw su
    – မြန်မာလူငယ်များအနေဖြင့် ကွန်ပျူတာဂိမ်းများနှင့် လူမှုကွန်ယက်များတွင် အချိန်ဖြုန်းတီးနေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်တစ်ပတ်အတွင်း ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော နိုဘယ်မြန်မာ စာပေပွဲတော် ကျင်းပသူများထံသို့ ပေးပို့သည့် စာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    “နည်းပညာတွေ တိုးတက်လာတာကြောင့် ကျွန်မတို့ရဲ့ လူနေမှုဘ၀တွေဟာ ပြောင်းလဲနေပါတယ်။ အခုအချိန်မှာ ကျွန်မတို့ရဲ့ ကလေးတွေဟာ သူတို့ရဲ့အချိန်တွေကို ကွန်ပျူတာဂိမ်း၊ အင်တာနက်ဂိမ်းနဲ့ လူမှုကွန်ယက်တွေမှာ အများအပြား ဖြုတ်းတီးနေကြပါတယ်။ နည်းပညာကို အသုံးပြုမှု မြင့်တက်လာတာကြောင့် ကလေးတွေဟာ စာဖတ်နည်းလာကြပါတယ်” ဟု အဆိုပါစာတွင် ရေးသားထားသည်။
    ထို့ပြင် ထိုစာတွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကိုလည်း ဝေဖန်ခဲ့ပြီး၊ စူးစမ်းလေ့လာမှုထက် အလွတ်ကျက်မှုကို ဦးစားပေးမှုနှင့် ပညာရေးအတွက် ရန်ပုံငွေနည်းပါးမှုကို ထောက်ပြခဲ့သည်။
    “ကျောင်းတွေမှာ စာကြည့်တိုက်တွေက မရှိသလောက်ပါပဲ။ အတန်းထဲမှာဆိုရင် စာဖတ်ဖို့ အချိန်မရှိဘူး။ ကျွန်မတို့ရဲ့ ပညာရေးစန်က အလွတ်ကျက်၊ မေးခွန်းတွေ ဖြေတာမျိုးလောက်သာဖြစ်ပြီး တွေးခေါ်စဉ်းစားဖို့နဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ကို ကန့်သတ်ထားပါတယ်”
    Ref: Straitstimes
  • လူမျိုးဘာသာပေါင်းစုံ အရေး ကူညီတဲ့ နွယ်အေး ဗလီ သာရေးနာရေး အသင်း (၅) နှစ်ပြည့်ပြီ
    လူမျိုးဘာသာပေါင်းစုံ အရေး ကူညီတဲ့ နွယ်အေး ဗလီ သာရေးနာရေး အသင်း (၅) နှစ်ပြည့်ပြီ
    ဇန်နဝါ၇ီ ၁၇၊ ၂၀၁၆
    M-Media
    မိုးစက်
    2
    ရန်ကုန်။    ။ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာ ရှိတဲ့ နွယ်အေး စွန္နီဂျာမေဗလီကြီးသည် ရပ်ကွက်အတွင်း လူမျိုးဘာသာပေါင်းစုံတို့၏ သာရေး နာရေးတို့ကို ကူညီဆောင်ရွက်ပေးခဲ့သည်မှာ ၂၀၁၆ ခုနှစ်တွင် (၅) နှစ်တိုင် ရှိခဲ့ပြီ ဖြစ်ပါတယ်။
    ကျွန်တော်တို့ ဆပ်ကော်မတီကနေ အခက်အခဲ၊ အကျပ်အတည်းပေါင်းများစွာကို ကျော်လွှားပြီးတော့ ၅ နှစ်တိုင် အောင်မြင်စွာလျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာရဲ့အဆုံးအမ၊ တမန်တော် မိုဟမ္မဒ် (ငြိမ်းချမ်းပါစေ) ရဲ့ သြဝါဒတွေအတိုင်း လူသားအကျိုးတွေကို ဆောင်ရွက်နေခြင်း ဖြစ်ပြီး အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းနေခြင်း ဖြစ်တယ်လို့ နွယ်အေး စန္နီဂျာမေဗလီကြီး၏ သာရေးနာရေး ဆပ်ကော်မတီမှ တွဲဘက်အတွင်းရေးမှုးဖြစ်သူ ကိုဇော်မင်းလတ်က သာရေးနာရေး ဆပ်ကော်မတီရဲ့  (၅) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ အခုလို ပြောဆိုခဲ့ပါတယ်။
    သာရေးနာရေးဆပ်ကော်မတီရဲ့ ဆောင်ရွက်ချက်များနှင့် ပတ်သတ်ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းကလည်း “ဒီကော်မတီဟာ စည်းစည်းလုံးလုံးနဲ့ နာရေးသာမကပဲ လူမှုရေး၊ ပညာရေးတွေကိုပါ ဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော်အနေနဲ့ အထူးပဲ ဂုဏ်ပြုအပ်ပါတယ်။ ဘာသာတရားရဲ့ အဆုံးအမတွေကို ခံယူပြီး ဒီလိုလုပ်တာ အရမ်းကောင်းပါတယ်။” ဟု နှစ်ပတ်လည် အခမ်းအနားတွင် ဝမ်းမြောက်ကြောင်း ဆိုခဲ့ပါတယ်။
    အဆိုပါ နှစ်ပတ်လည်အခမ်းအနားတွင် ရပ်ကွက်အတွင်း ပညာရေးမှာ ထူးချွန်ခဲ့ကြသည့် ကျောင်းသူ ကျောင်းသားများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်း၊ ရပ်ကွက်အတွင်းမှာရှိတဲ့ နိုင်ငံတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အငြိမ်းစားယူပြီး ဖြစ်တဲ့ စစ်မှုထမ်းဟောင်းများကို ဂုဏ်ပြုလတ်မှတ်များ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။
    10
    အစ္စလာမ်သာသာနာရေးရာ ကောင်စီဌာနချုပ်မှ ဥက္ကဌဖြစ်သူ အလ်ဟာဂ်ျ ဦးညွှန့်မောင်ရှိန်ကလည်း ဒီလို သာရေးနာရေးအလုပ်တွေကို ပြုလုပ်ခြင်းဟာ သာသနာရဲ့အဆုံးအမတွေနဲ့လည်း ကိုက်ညီမှုရှိတဲ့အပြင် ခေတ်ကာလရဲ့ လိုအပ်ချက် ကွက်လပ်တွေကိုလည်း ဖြည့်စွမ်းပေးရာ ရောက်ပြီး  ကောင်းမွန်တဲ့ လုပ်ရပ်တွေကို နှလုံးသားချင်းထိတွေ့ပြီး စည်းစည်းလုံးလုံး လုပ်ဆောင်နေတဲ့အတွက် များစွာ ဂုဏ်ယူမိကြောင်း ပြောဆိုခဲ့ပါတယ်။
    (၅) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ နွယ်အေး စန္နီဂျာမေဗလီကြီး၏ သာရေးနာရေး ဆပ်ကော်မတီသည် လူမျိုးဘာသာပေါင်းစုံအတွက် ရပ်ကွက်အတွင်းမှာရှိတဲ့ နာရေးလုပ်ငန်းများသာမက ပညာရေးအတွက် ကျောင်းသား ကျောင်းသူများကို ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဆေးပေးခန်း အခမဲ့ ဖွင့်လှစ်ပေးထားခြင်း၊ သဘာဝဘေးအန္တရယ်သင့်သည့် နေရာများကို သွားရောက်လှူဒါန်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။
    9
    12