News @ M-Media

Blog

  • သွေးလွန်တုပ်ကွေးနှင့်ဆင်သည့် ရောဂါတစ်မျိုး အီကွေဒေါတွင် ပထမဆုံး ကူးစက်

    သွေးလွန်တုပ်ကွေးနှင့်ဆင်သည့် ရောဂါတစ်မျိုး အီကွေဒေါတွင် ပထမဆုံး ကူးစက်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media

    zakira

    – သွေးလွန်တုပ်ကွေးနှင့်ဆင်တူကာ ခြင်မှတဆင့်ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်သည့် ဇီကာဗိုင်းရပ်ပိုး ကူးစက်မှုနှစ်ခုကို တွေ့ရှိခဲ့တယ်လို့ အီကွေဒေါက သောကြာနေ့က ကြေငြာလိုက်ပါတယ်။

    စောစောပိုင်းက ဒီဗိုင်းရပ်စ်ပိုးကူးစက်သူ ၄ ဦးကို တွေ့ခဲ့ရတယ်လို့ အီကွေဒေါအာဏာပိုင်တွေက ကြေငြာခဲ့ဖူးပြီး ဗိုင်းရပ်စ်ပျံ့နှံရာ လက်တင်အမေရိကနဲ့ ကာရစ်ဘီယန်ဒေသတို့ကနေ ပြန်လာတဲ့လူတွေမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအကြိမ်မှာတော့ အီကွေဒေါမြေမှာ ပထမဆုံး ကူးစက်တာဖြစ်တယ်လို့ ဗိုင်းရပ်စ်ပျံ့နှံ့မှု စောင့်ကြည့်ရေးအဖွဲ့က တာဝန်ရှိသူ အမျိုးသမီး ဗရောနီကာ အက်စ်ပီနိုဆာက ပြောကြားခဲ့ပါတယ်။

    “ဓာတ်ခွဲစစ်ဆေးမှုအဖြေတွေအရ ဒီနိုင်ငံတွင်းမှာဖြစ်တဲ့ ပထမဆုံး ကူးစက်မှုဖြစ်ကြာင်း အတည်ပြုနိုင်ခဲ့ပါပြီ။ ဆိုလိုတာက အီကွေဒေါနယ်နိမိတ်ထဲမှာ ခြင်ကတဆင့် အဲ့ဒီဗိုင်းရပ်စ်ကူးစက်ခံနေရပြီ ဖြစ်ပါတယ်” လို့ သူမက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဇီကာပိုးဟာ ကူးစက်ပြီးတစ်ပတ်အတွင်းမှာ အဖျားတက်လာခြင်း၊ အရေပြားမှာ အနီရောင်အစက်အပြောက်များဖြစ်ပေါ်လာခြင်း၊ အဆစ်အမြစ်နာကျင်ခြင်းနဲ့ သူငယ်အိမ်ယောင်ကိုင်းခြင်းတို့ စတဲ့လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဖြစ်ရင်တော့ ဗိုင်းရပ်စ်ပိုးဟာ သန္ဓေသားကိုပါကူးစက်နိုင်ပြီး ဦးနှောက်ပျက်စီးကာ သေဆုံးစေနိုင်ပါတယ်။

    ခြင်မှတဆင့်ပေါက်ဖွားတဲ့ ဇီကာဗိုင်းရပ်စ်ဟာ သန္ဓေသားကိုပါကူးစက်နိုင်တာကြောင့် အမေရိကန်ပြည်ထောင်စုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဘရာဇီးအပါအ၀င် နိုင်ငံပေါင်း ၁၄ နိုင်ငံခန့်ကို မသွားဖို့တားမြစ်ထားပါတယ်။

    Ref: AFP

  • နည်းပြဘ၀အစက ကလော့ပ်ကဲ့သို့ ခုန်ပေါက်ပြေးလွှားဖူးသည်ဟု ဗန်ဂါးလ်ပြော

    နည်းပြဘ၀အစက ကလော့ပ်ကဲ့သို့ ခုန်ပေါက်ပြေးလွှားဖူးသည်ဟု ဗန်ဂါးလ်ပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media

    van

    – မိမိမှာ ယခင်က လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကဲ့သို့ ကွင်းဘေးစည်းတွင် ခုန်ပေါက်ပြေးလွှားဖူးသည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    အောက်တိုဘာလက လီဗာပူးလ်သို့ ရောက်ရှိလာခဲ့သည့် ကလော့ပ်မှာ အသင်းကစားသည့်ပွဲများတွင် ကစားပုံ၊ ဂိုးသွင်းပုံနှင့်ပတ်သက်၍ စိတ်လှုပ်ရှားကာ ခုန်ပေါက်ပြေးလွှားမှုများကို ထင်ထင်ရှားရှား ပြုလုပ်လေ့ရှိပြီး၊ ဒိုင်လူကြီးအား စောဒကတက်မှုများလည်း ရှိသည်။ ဗန်ဂါးလ်ကမူ ၎င်း၏ ငယ်ဘ၀ ထိုကဲ့သို့ စိတ်မထိန်းချုပ်နိုင်မှုကို ဖွင့်ဟခဲ့သည်။

    “ကျွန်တော် ငယ်ငယ်ကလည်း ကလော့ပ်လိုပါပဲ။ အခုတော့ ကျွန်တော် ၆၄ နှစ်ရှိနေပြီး၊ ကျွန်တော့်စိတ်ကို ပိုပြီး ထိန်းချုပ်နိုင်ပါပြီ။ အင်္ဂလန်က ဒိုင်တွေက နည်းပြတွေနဲ့ ပရိတ်သတ်တွေရဲ့ လွှမ်းမိုးမှု ခံရတယ်လို့ ကျွန်တော်မထင်ပါဘူး။ နည်းပြတိုင်းမှာတော့ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်သညာ၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ပိုင် ဒဿနတွေ ရှိကြပါယ်။ ကျွန်တော် နည်းပြဘ၀အစတုန်းက (ကလော့ပ်လိုပဲ) လုပ်တတ်ပါတယ်။ ဒါပေမယ့် ကွင်းဘေးစည်းကနေ ပွဲအပေါ် လွှမ်းမိုးနိုင်တယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    မန်ယူနှင့် လီဗာပူးလ်မှာ ယနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

    Reef: Goal

  • တောဆင်ရိုင်းအန္တရာယ်နှင့် သစ်ပင်ပေါ်မှ အိမ်များ သို့မဟုတ် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု ပြယုဂ်

    တောဆင်ရိုင်းအန္တရာယ်နှင့် သစ်ပင်ပေါ်မှ အိမ်များ သို့မဟုတ် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု ပြယုဂ်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media

    tk
    ရန်ကုန်မြို့ဆင်ခြေဖုံး တိုက်ကြီးရှိ ရွာတစ်ရွာတွင် တောဆင်ရိုင်းအန္တရာယ်ကြောင့် သစ်ပင်ပေါ်တွင် အိမ်ဆောက်ထားပုံ

    – လယ်ယာမြေများ ချဲ့ထွင်လာခြင်းကြောင့် နယ်မြေကျဉ်းလာခဲ့သည့် ဆင်ရိုင်းများမှာ မြန်မာနိုင်ငံရှိ ပြည်သူများကို ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာစေပြီး၊ စပါးခင်းများသို့ ၎င်းတို့ အစာလာရှာသည့်အခါ ရွာသားများမှာ သစ်ပင်ပေါ်တွင်ဆောက်လုပ်ထားသည့် အိမ်များတွင် သွားရောက်ခိုလှုံရသည်အထိ ဖြစ်နေသည်။

    ရန်ကုန်မြို့ဆင်ခြေဖုံး တိုက်ကြီးမြို့အနီးတစ်ဝိုက်ရှိ အဆိုပါဆင်ရိုင်းများက ကောက်ပဲသီနှံများကို နင်းချေပစ်သည်။ အိမ်များကို ဖျက်ဆီးပြီး ၎င်းတို့၏လမ်းကြောင်းတွင်ရှိသည့် လူများကိုပင် သတ်ဖြတ်ကြသည်ဟု ရွာသားများက ဆိုသည်။ ထို့ကြောင့် ကြက်ချောင်းရွာရှိ ရွာသားမျာမှာ မြေပြင်မှမြင့်မားသောနေရာတွင် သစ်ဝါးများအသုံးပြု၍ ခိုလှုံရာ နေရာများကို ဖန်တီးကြရလေသည်။

    “ကျွန်တော်တို့ရဲ့တဲကို သစ်ပစ်ပေါ် ပြောင်းလိုက်ရတယ်။ ဒါဆိုရင် ကျွန်တော်တို့ ဘေးကင်းပြီပေါ့” ဟု ရွာသာတစ်ဦးဖြစ်သူ ဆန်းလွင်က ရှင်းပြခဲ့သည်။ ဆင်ရိုင်းများနီးလာသည့်အခါ သစ်ပင်ပေါ်ရှိ ၎င်း၏ ဓနိမိုးအိမ်သို့ တစ်ဟုန်ထိုးပြေးတက်ရသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

    ရန်ကုန်မြို့မြောက်ဖက် ကီလိုမီတာ ၁၀၀ အကွာအဝေးတွင်ရှိသည့် ကြက်ချောင်းရွာမှာ လယ်ယာလုပ်သားများနေထိုင်သည့် ရွာဖြစ်သည်။ ရွာသားများကတော့ ဆင်ရိုင်းများ၏ ဒုက္ခမခံရမီ လွန်ခဲ့သည့် ၃ နှစ်ကအချိန်ကို ပြန်တမ်းတနေကြသည်။

    ယခုတွင်တော့ ဆင်များ၏ ပြင်းထန်သော ခြေသံများကို ကြားပြီဆိုသည်နှင့် ၀ါးလှေကားများကိုသုံး၍ သစ်ပင်ရှိ ၎င်းတို့၏ တဲများသို့ ပြေးတက်ကြရသည့် အခြေအနေသို့ ရောက်ရှိလေသည်။ ထိုအဖြစ်ပျက်မျိုးက တစ်ပတ်လျှင် ၃၊ ၄ ကြိမ်ခန့် ပုံမှဖြစ်နေသည်။

    “သူတို့ကို ဖမ်းသွားစေချင်တယ်ဗျာ။ ဒါမှ ကျွန်တော်တို့လည်း အေးအေးဆေးနေလို့ရမှာ” ဟု အသက် ၅၇ နှစ်အရွယ်လယ်သမားဖြစ်သူ သန်းရှင်က ပြောကြားခဲ့သည်။

    tk 2

    စံမြန်းရာ သစ်တောဘုံနန်းများ သိသိသာသာဆုံးရှုံးလာသည့် ဆင်များ၊ ဆင်များ၏ အကြမ်းဖက်မှုကို ခံရသည့် ရွာသားများ စသည်တို့မှာ ဒေသအတွင်း အဆိုးရွားဆုံးဖြစ်နေသော မြန်မာနိုင်ငံ၏ စိုးရိမ်ဖွယ်ရာ သစ်တောပြုန်းတီးမှု၏ ထိခိုက်မှုများမှ အချို့သာ ဖြစ်လေသည်။

    ၁၉၉၀ မှ ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ဖုံးလွှမ်းနေသော သစ်တောများ၏ ၂၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးခဲ့သည်ဟု ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့၏ အဆိုအရ သိရသည်။

    အဆိုပါ သစ်တောပြုန်းတီးမှုဖြစ်စေသော အကြောင်းအရင်းများမှာ စစ်အာဏာရှင်လက်ထက် ဆယ်စုနှစ်များစွာကြာ မျက်စိပိတ်၊ နားပိတ်ကာလအတွင်း သစ်ခုတ်ခြင်း၊ စီးပွားဖြစ် လယ်ယာလုပ်ငန်းအတွက် လယ်ယာမြေ ပမာဏအများအပြား ချဲ့ထွင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။

    မြန်မာနိုင်ငံရှိ အာရှဆင်ရိုင်းအုပ်များက ဒေသအတွင်း အရေအတွက်အများဆုံးဖြစ်သည်ဟု သတ်မှတ်ထားရကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့၏ စာရင်းအရ သိရသည်။

    သို့သော်လည်း ၎င်းတို့၏ နေထိုင်ကျက်စားရာ သစ်တောများ ဆုံးရှုံးလာမှု၊ ဆင်စွယ်လိုချင်မှု မြင့်တက်လာခြင်းနှင့်၊ ခရီးသွားလုပ်ငန်းအတွက် တိရစ္ဆာန်များကို ထိုင်းနိုင်ငံသို့ မှောင်ခိုတင်ပို့မှုတို့က ထိုဆင်များ မျိုးတုန်းပျောက်ကွယ်မှု အန္တရာယ်ကို မြင့်တက်လာစေခဲ့သည်။

    နိုဝင်ဘာ ရွေးကောက်ပွဲတွင် အများစုအနိုင်ရကာ အစိုးသစ်ကို ဦးဆောင်ရန် ပြင်ဆင်နေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကတော့ အာဏာရယူပြီးနောက် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာကို ဖြေရှင်းသွား မည်ဟု ပြောကြားခဲ့သည်။

    “ဆယ်စုနှစ်များစွာ ပျက်ဆီးခဲ့တဲ့ မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင်ကို ကျွန်တော်တို့ ပြန်လည်ထိန်းသိမ်းသွားမှာပါ။ လွယ်တော့မလွယ်ဘူးပေါ့ဗျာ” ဟု NLD ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ကော်မတီမှ ဒုတိယဥက္ကဌဖြစ်သူ ဦးစိုးညွှန့်က ပြောကြားခဲ့သည်။

    Ref : AFP

  • ခြေထောက်ပါသည့် ဝေလငါးရုပ်ကြွင်းပြတိုက် အီဂျစ်တွင်ဖွင့်လှစ်

    ခြေထောက်ပါသည့် ဝေလငါးရုပ်ကြွင်းပြတိုက် အီဂျစ်တွင်ဖွင့်လှစ်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media

    – ယခုအခါ မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်သည့် “လမ်းလျှောက်ဝေလငါး” (walking whale) မျိုးစိတ်၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို ပြသထားသည့် ပြတိုက်တစ်ခုကို အီဂျစ်က ကြာသာပတေးနေ့တွင့် ဖွင့်လှစ်လိုက်ပြီး အရှေ့အလယ်ပိုင်းတွင် ပထမဆုံး ဝေလငါးရုပ်ကြွင်းပြတိုက်လည်း ဖြစ်လာခဲ့သည်။

    ထိုသို့ ဖွင့်လှစ်ခြင်းမှာ ကမ္ဘာလှည့်ခရီးသွား အများအပြား ၀င်ရောက်လာစေရန် အစိုးရ၏ ကြိုးပမ်းလုပ်ဆောင်မှုများထဲမှ တစ်ခုဖြစ်ပြီး မကြာသေးမီက ကမ္ဘာလှည့်ခရီးသွားများမှာ စစ်သွေးကြွများ၏ တိုက်ခိုက်ခံမှုကို ခံရပြီးနောက် အီဂျစ်ရှိ စွဲမက်ဖွယ်ကောင်းသည့် နေရာများ လုံခြုံနေပြီဖြစ်ကြောင်း ယုံကြည်မှု ပြန်လည်ရယူလိုက်ခြင်းလည်းဖြစ်သည်။

    ယင်းပြတိုက်မှာ မြို့တော်ကိုင်ရို၏ အနောက်တောင်ဘက် ၁၀၅ မိုင်ခန့်တွင်ရှိသည့် ဝေလငါးတောင်ကြားမှ ကန္တာရထဲတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အီဂျစ်အစိုးရက လုံခြုံရေးအများအပြား ချထားသည်။

    ၂၀၁၁ ခုနှစ်တွင် အာဏာရှင် ဟိုစနီမူဘာရက်အား ပြည်သူများက ဆန္ဒပြခဲ့ရာမှ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ခဲ့ရသည့် အီဂျစ်တွင် အရေးပါသည့် ခရီးသွားလာရေးလုပ်ငန်းမှာ ဆုတ်ယုတ်ခဲ့ရသည်။

    အဆိုပါပြတိုက်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၇ သန်းက တည်ရှိခဲ့သည်ဟု ယုံကြည်ရသည့် ခြေထောက်ပါသော ဝေလငါးတစ်ကောင်လုံး၏ အရိုးရုပ်ကြွင်းကို ပြသထားသည်။ မီတာ ၂၀ ရှည်လျားသော အဆိုပါရုပ်ကြွင်းက ဝေလငါးများမှာ ကုန်းနေ နို့တိုက်သတ္တ၀ါမှ ယနေ့ခေတ် ရေနေနို့တိုက်သတ္တ၀ါအဖြစ် ပြောင်းလဲမှုဖြစ်စဉ်၏ သက်သေဖြစ်ကြောင်း သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။

    ထို့ပြင် ရှေးခေတ်လူများ အသုံးပြုခဲ့သည့် သမိုင်းမတိုင်ခင်က ပစ္စည်းများ၊ အခြားကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ဝေလငါးများမှာ ကုန်းနေသတ္တ၀ါမှ ရေနေသတ္တ၀ါအဖြစ်သို့ အဆင့်ဆင့် ဆင့်ကဲပြောင်းလဲမှုများကိုလည်း ဖော်ပြထားသည်။

    Ref : IINA

  • စတုတ်နှင့် မိမိတို့အကြား တင်းမာမှုမှာ စပါးထက်ပိုဆိုးသည်ဟု ၀င်းဂါးပြော

    စတုတ်နှင့် မိမိတို့အကြား တင်းမာမှုမှာ စပါးထက်ပိုဆိုးသည်ဟု ၀င်းဂါးပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media

    arsen

    – စတုတ်အသင်းနှင့် မိမိတို့ကြား တင်းမာမှုမှာ ခါးသီးသော မြို့ခံပြိုင်ဘက် စပါးအသင်းထက်ပင် ပို၍ပြင်းထန်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြေကြားလိုက်သည်။

    ၂၀၁၀ ခုနှစ်တွင် စတုတ်ကစားသမား ရိုင်ယန် ရှောခရော့စ်၏ ကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့် အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး ခြေထောက်ကျိုးသွားခဲ့ပြီးနောက် ၎င်းတို့နှစ်သင်းအကြား တင်းမာမှု စတင်ခဲ့ခြင်းဖြစ်သည်။ နောက်ခံလူ ခရော့စ်နှင့် ၎င်း၏တွဲဘက် ရောဘတ်ဟုသ်တို့၏ ဖြတ်ထုတ်မှုများကို ၀င်းဂါးက ရဘ်ဘီကစားနည်းထက် ပိုမိုကြမ်းတမ်းသည်ဟု ဝေဖန်ခဲ့ပြီး စတုတ်ပရိတ်သတ်များ အာဆင်နယ်အပေါ် မလိုလားမှုမှာ မြင့်တက်လာခဲ့သည်။

    “ဟုတ်ပါတယ်။ စတုတ်ပရိတ်သတ်တွေက အာဆင်နယ်အပေါ် ဘာ့ကြောင့် ဒီလောက် မနှစ်မြို့ဖြစ်နေရလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့ကို ခင်ဗျားတို့သွားမေးသင့်တယ်။ ကျွန်တော်က သူတို့ကို ဘာမှလုပ်ထားတာ မရှိပါဘူး။ စပါးထက်တောင် ပိုပြီး ဆိုးဝါးပါတယ်။ အဓိကကိစ္စကတော့ ရမ်ဆေးကိစ္စ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီကနေ စခဲ့တာပါပဲ” ဟို ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်က စတုတ်အား အာဆင်နယ်က ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲပြီးနောက် အာဆင်နယ်ပရိတ်သတ် အနည်းငယ်မှာ စတုတ်စီးတီးအား ရန်စသည့်စကားများကို ဟစ်အော်ခဲ့ဖူးသည်။ အာဆယ်နယ်မှာ ယနေ့တွင် စတုတ်စီးတီးအသင်း၏ ကွင်းတွင် သွားရောက်၍ ပရီးမီးယားလိဂ်ပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    Ref: Goal