News @ M-Media

Blog

  • အာဏာပါးကွပ်သား ဂျီဟာဒီဂျွန် သေဆုံးကြောင်း IS အတည်ပြု

    အာဏာပါးကွပ်သား ဂျီဟာဒီဂျွန် သေဆုံးကြောင်း IS အတည်ပြု

    ဇန်န၀ါရီ ၂၀၊ ၂၀၁၅
    M-Media

    jihadd Jhon

    – IS အကြမ်းဖက်အဖွဲ့က ဓားစားခံများအား ခေါင်းဖြတ်သတ်ဖြတ်သည့် ဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်သော အာဏာပါးကွက်သား ဂျီဟာဒီ ဂျွန်မှာ သေဆုံးသွားပြီဟု IS အဖွဲ့နှင့်နွယ်သည့် ဒစ်ဂျစ်တယ် မဂ္ဂဇင်းက အတည်ပြုခဲ့သည်။

    Dabiq မဂ္ဂဇင်းဖြစ်ပြီး ဂျီဟာဒီဂျွန်၏ IS အဖွဲ့ဝင်အမည်ဖြစ်သော အဘူ မူဟာရစ်ဘ် အလ်-မူဟာဂျီရ် ဟူသော အမည်ကိုသုံး၍ ၎င်းအသက်ရှင်စဉ်က လုပ်ရပ်များကို ချီးကျူရေးသားခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကမူ ၎င်းတို့၏ ဒရုန်းတိုက်ခိုက်မှုအတွင်း ဂျီဟာဒီဂျွန် သေဆုံးသွားခဲ့သည်ဟု ပြီးခဲ့သည့်နိုဝင်ဘာလက သတင်းထုတ်ပြန်ခဲ့သည်။

    တရားဝင်အတည်ပြုမှုများ ပြုလုပ်ရအုံးမည်ဖြစ်သော်လည်း မိမိတို့၏ ဒရုန်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သူမှာ ဂျီဟာဒီဂျွန်ဖြစ်ကြောင်း ယုံကြည်ရသည်ဟု အမေရိကန်ဗိုလ်မှူးကြီး စတီဗင် ၀ါရန်မှ ထိုစဉ်အချိန်က ပြောကြားခဲ့သည်။ ထို့နောက် ၂ လအကြာတွင် ယခုကဲ့သို့ IS ၏ မဂ္ဂဇင်းတွင် ဂျီဟာဒီ ဂျွန်သေဆုံးကြောင်း ဖော်ပြချက် ပါဝင်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဘာကာမှလွဲ၍ မည်သည့်အသင်းမှမသွားဟု မက်ဆီပြော

    ဘာကာမှလွဲ၍ မည်သည့်အသင်းမှမသွားဟု မက်ဆီပြော

    ဇန်န၀ါရီ ၂၀၊ ၂၀၁၆
    M-Media

    mrssi

    – မန်စီးတီး သို့မဟုတ် ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေမှုကို ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ငြင်းဆိုလိုက်ပြီး ဘာစီလိုနာအသင်းတွင်သာ ဆက်လက်ကစားသွားမည်ဟု ပြောကြားလိုက်သည်။

    မက်ဆီကို ပရီးမီးယားလိဂ်သို့ခေါ်ယူရန် မန်စီးတီးအသင်းက အသည်းအသန်ကြိုးစားနေသည်ဟု သတင်းများက ဖော်ပြကြပြီး ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီကလည်း ခေါ်ယူရန် ကြိုးစားနေသည်ဟု ဆိုသည်။ သို့သော်လည်း မက်ဆီက မိမိမှာ ဥရောပ ဘောလုံးကစားသမားဘ၀ကို ဘာစီလိုနာတွင်သာ အဆုံးသတ်မည်ဖြစ်ပြီး ထို့နောက် အာဂျင်တီးနားသို့ ပြန်ကာ ဘောလုံးလောကမှ အနားယူသွားမည်ဟု ပြောကြားခဲ့သည်။

    “ဘာစီလိုနာဟာ ကျွန်တော့်ရဲ့အိမ်ဖြစ်တယ်ဆိုတာ ကျွန်တော် အမြဲ ပြောခဲ့ပါတယ်။ ဘာကာမှာပဲ ကျွန်တော် ကစားသမားဘ၀ကနေ အနားယူချင်ပါတယ်။ ဒါပေမယ့် ဒါဟာ ဥရောပ ဘောလုံးသမားဘ၀ကိုပြောတာပါ။ ဘာစီလိုနာထက် အခြား ဘယ်အသင်းမှာမှ ကစားလို့ရမှာ မဟုတ်ပါဘူး” ဟု မက်ဆီက ပြောကြားခဲ့သည်။

    သို့သော်လည်း အာဂျင်တီးနားတွင် ကစားသမားဘ၀ နောက်ဆုံးအချိန်ကို ကုန်ဆုံးသွားချင်သည်ဟု ၎င်းက ဆိုသည်။

    “ဒါပေမယ့် အာဂျင်တီးနားမှာတော့ ကျွန်တော် ကစားချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော် ငယ်ငယ်ကတည်းက ထွက်လာခဲ့လို့ပါ။ အာဂျင်တီးနားပွဲမှာ ပါဝင်ရတာ ဘယ်လိုဖြစ်မလဲဆိုတာကို ကျွန်တော် သိချင်ပါတယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တယ် ဆိုပေမယ့် ကျွန်တာ့်လိုလားချက်ဖြစ်တဲ့ ဘာစီလိုနာမှာဆက်ရှိဖို့အတွက်တော့ သံသယမရှိပါဘူး”

    Ref: Goal

  • အာဖရိကနှင့် ကာရစ်ဘီယံနိုင်ငံများ စွမ်းအင်ကဏ္ဍအတွက် ယူအေအီးက သန်း ၄၀ ကျော်ကူညီမည်

    အာဖရိကနှင့် ကာရစ်ဘီယံနိုင်ငံများ စွမ်းအင်ကဏ္ဍအတွက် ယူအေအီးက သန်း ၄၀ ကျော်ကူညီမည်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၆
    M-Media

    UAE

    – ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှု စီမံကိန်းလေးခုအတွက် ယူအအေအီးက အထူးချေးငွေ ကန်ဒေါ်လာ ၄၆ သန်းကို ကူညီသွားမယ်လို့ တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။

    အဘူဒါဘီရဲ့ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ (ADFD) က ဆောင်ရွက်မယ့် ဒီအစီအစဉ်ကို နိုင်ငံတကာ ပြည့်ဖြိုးမြဲစွမ်းအင်အေဂျင်စီ (IRENA) နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရေရှည်တည်တံ့တဲ့ စွမ်းအင်စီမံကိန်းတွေ ပိုအားကောင်းလာစေဖို့ကူညီနေတဲ့ ADFD ရဲ့ တတိယအကြိမ်မြောက် ရန်ပုံငွေလည်း ဖြစ်ပါတယ်။

    IRENA ရဲ့ ဆဌမအကြိမ်မြောက် ညီလာခံမှာ ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာရဲ့ စွမ်းအင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒါရိုက်တာ သာနီ အလ် ဇေယူဒီက ချေးငွေရရှိမယ့်နိုင်ငံတွေကို ချီးကျူးခဲ့ပြီး အာရဗ်စော်ဘွားများနိုင်ငံရဲ့ အနာဂတ်မှာ ရည်ရှည်တည်တံ့တဲ့ စွမ်းအင်ဆိုင်ရာအကူအညီတွေကို ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ ထိထိရောက်ရောက် ကူညီသွားဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ဖွံဖြိုးဆဲနိုင်ငံတွေမှာ ရေရှည်တည်တံ့တဲ့ စွမ်းအင်ရအောင် ဒေါ်လာ သန်း ၃၄၀ ကျော် ကို UAE ကသုံးစွဲခဲ့ပါတယ်၊ နု
ိင်ငံတကာဖွံ့ဖြိုးရေးမဟာဗျူဟာတွေ ဆောင်ရွက်ရာမှာ အကူအညီဖြစ်စေတဲ့အတွက် အင်မတန်ဂုဏ်ယူမိပါတယ်” လို့ ဇေယူဒီက ပြောကြားခဲ့ပါတယ်။

    IRENA နဲ့ ADFD တို့ ပူးပေါင်းစိုက်ထုတ်တဲ့ ချေးငွေဟာ အန်တီဂွာနှင့် ဘာဗျူဒါတို့တွင် လေစွမ်းအင်နှင့် နေစွမ်း
    အင်စီမံကိန်းများ၊ ဘူကီနာဖာဆိုတွင် နေစွမ်းအင်စီမံကိန်း၊ ကာဘိုဗာဒီတွင် နေနှင့် လေစွမ်းအင်စီမံကိန်း၊ ဆီနီဂေါတွင်
    နေစွမ်းအင်စီမံကိန်း စတဲ့စီမံကိန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

    အဆိုပါစီမံကိန်းတွေဟာ လျှပ်စစ်ဓာတ်အား ၁၂ မဂ္ဂါဝပ် နီးပါးလောက် ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုနည်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခြင်း၊ ခေတ်သစ်စွမ်းအင်ဝန်ဆောင်မှုများမလိုဘဲ ကျေးလက်ဒေသများတွင် လျှပ်စစ်ပေးနိုင်ခြင်းတို့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

    Ref: IINA

  • စာသင်ကျောင်းအကြမ်းဖက်မှုကို အခြေပြုသည့် ပါကစ္စတန်ဗီဒီယိုဂိမ်း ဝေဖန်မှုများကြောင့် ဖျက်သိမ်း

    စာသင်ကျောင်းအကြမ်းဖက်မှုကို အခြေပြုသည့် ပါကစ္စတန်ဗီဒီယိုဂိမ်း ဝေဖန်မှုများကြောင့် ဖျက်သိမ်း

    ဇန်ဝါရီ ၂၀၊ ၂၀၁၅
    M-Media

    paki

    – ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်ဝါရ်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ကျောင်းသား ၁၃၂ ဦးသေဆုံးခဲ့သည့် တာလီဘန်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုကို အခြေခံထားသည့် ဗီဒီယိုဂိမ်းတစ်ခုမှာ ဆိုရှယ်မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပြီးနောက် ပြန်လည်ဖျက်သိမ်းသွားခဲ့သည်ဟု သိရသည်။

    Pakistan Army Retribution ဟုအမည်ပေးထားသည့် အန်ဒရွိုက်ဂိမ်းဖြစ်ပြီး Punjab IT board အဖွဲ့က Google Play တွင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂိမ်းမှာ စစ်တပ်ကဖွင့်ထားသည့် ပုဂ္ဂလိက စာသင်ကျောင်း (APS) တွင် တာလီဘန် သေနတ်သမား ၇ ဦး၏ တိုက်ခိုက်မှုအား ပါကစ္စတန်စစ်သားများက နှိမ်နှင်းမှုကို သရုပ်ဖော်ထားခြင်းဖြစ်သည်။

    အဆိုပါ သေနတ်သမားများမှာ စာသင်ကျောင်းအတွင်းရှိ ဆရာများနှင့် ကျောင်းသားများကို သွေးအေးအေးဖြင့် ပစ်သတ်ခဲ့ပြီး ပါစ္စတန်စစ်တပ်က ၀င်ရောက်ပစ်ခတ် သုတ်သင်သည့်အချိန်အထိ ကျောင်းအား နာရီအနည်းငယ်ကြာ သိမ်းပိုက်ထားခဲ့သည်။

    ထိုအဖြစ်အပျက်မှာ ပါကစ္စတန်တစ်နိုင်ငံလုံးကိုပါ တုန်လှုပ်စေခဲ့ပြီး ပြီးခဲ့သည့်လကပင် တစ်နှစ်ပြည် အောက်မေ့ဖွယ်အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။

    Pakistan Army Retribution ကို လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်က လွှင့်တင်ထားခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန်သတင်းစာတစ်စောင်ဖြစ်သော Dawn တွင် တနင်္လာနေ့က ထိုဂိမ်းအကြောင်း ဆောင်းပါးတစ်ပုဒ် ပါလာပြီးနောက်ပိုင်း ဝေဖန်သံများ ညံသွားခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်ပြည်သူများကမူ ဂိမ်းထုတ်လုပ်သူမှာ ထိုဖြစ်ရပ်ဆိုးကြီးအား အမြတ်ထုတ်ခဲ့သည်ဟု ပြစ်တင်ခဲ့သည်။ တနင်္လာနေ့ နေ့လည်ပိုင်းမှစ၍ ထိုဂိမ်းကို Google Play တွင် မတွေ့ရတော့ပေ။

    အစိုးရအဖွဲ့အစည်းဖြစ်သည့် Punjab IT board အဖွဲ့၏ ဥက္ကဌဖြစ်သူ အူမာရ်စအစ်ဖ်က ထိုဂိမ်းကို ထပ်မံ၍ ကစားနိုင်တော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “APS ကိစ္စက ပါကစ္စတန်အတွက် ကြီးမားတဲ့အပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေး၊ သည်းခံနိုင်မှုနဲ့ သဟဇာတဖြစ်မှုကို မြှင့်တင်ဖို့အတွက် ဒါကိုအသုံးပြုဖို့ စိတ်ကူးရခဲ့တာပါ။ ရည်ရွယ်ချက်က အကောင်းဆုံးသောလက်နက်ဟာ စာအုပ်နဲ့ ခဲတံဖြစ်တယ်ဆိုတာကို ကလေးတွေသိလုပ်ဖို့ပါ” ဟု စအစ်ဖ်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လက ပါကစ္စတန်မှာ ထိုတိုက်ခိုက်မှုတွင် ပါဝင်သူ ၄ ဦးကို ကြိုးပေးကွပ်မျက်ခဲ့သည်။

    Ref : Aljazeera

  • ပြည်သူ့အကျိုးသယ်ပိုးရန် လက်ဝှေ့လောကမှအနားယူခြင်းဟု ပက်ကွီအိုပြော

    ပြည်သူ့အကျိုးသယ်ပိုးရန် လက်ဝှေ့လောကမှအနားယူခြင်းဟု ပက်ကွီအိုပြော

    ဇန်န၀ါရီ ၂၀၊ ၂၀၁၆
    M-Media

    box

    – တီမိုသီ ဘရက်ဒလေနှင့် ထိုးသတ်ပြီးနောက်ပိုင်း လက်ဝှေ့လောကကို ကျောခိုင်းရမည်မှာ ၀မ်းနည်းစရာဖြစ်သော်လည်း ပြည်သူ့အကျိုးသယ်ပိုးရန် ယခုအချိန်မှာ အချိန်ကောင်းဖြစ်သည်ဟု ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုက ပြောကြားလိုက်သည်။

    အသက် ၃၇ နှစ်အရွယ် ပက်ကွီအိုမှာ ဧပြီလ ၇ ရက်နေ့တွင် ဘရက်ဒလေနှင့် ထိုးသတ်ပြီးနောက် လက်ဝှေ့လောကမှ အနားယူမည်ဟု ကြေငြာခဲ့သည်။ ပက်ကွီအိုမှာ လက်ရှိအချိန်တွင် ဖိလစ်ပိုင်၌ အောက်လွှတ်တော်အမတ်ဖြစ်နေပြီး လာမည့် ရွေးကောက်ပွဲတွင် အထက်လွှတ်တော်အမတ်ဖြစ်ရန် ပစ်မှတ်ထားနေသည်။

    “လက်ဝှေ့လောကို စွန့်လွှတ်လိုက်ရမှာ ကျွန်တော် ၀မ်းနည်းမိပါတယ်။ ဒါပေမယ့် တစ်သက်လုံးတော့ ကြိုးဝိုင်းထဲမှာ ဘယ်နေလို့ရမလဲ။ ကျွန်တော့်မိသားစု၊ ကျွန်တော့်အမေကို ကူညီဖို့ လက်ဝှေ့စထိုးခဲ့ပြီး အဲဒီနှစ်တွေကို ကုန်ဆုံးခဲ့ပါတယ်။ အခုတော့ ကျွန်တော့်နှလုံးသားထဲက ဆန္ဒဟာ ကျွန်တာ့်တိုင်းပြည်နဲ့ ကျွန်တော့်ပြည်သူတွေကို ကူညီဖို့ ဖြစ်လာတာကြောင့် လက်ဝှေ့သမားဘ၀ကို အဆုံးသတ်ချင်ပါတယ်”

    “ဘ၀မှာ အကြီးအကျယ်ဆုံးအောင်မြင်မှုဆိုတာ ကိုယ့်အတွက် လုပ်နိုင်တာကို ပြောတာမဟုတ်ပါဘူး။ ပြည်သူ့အတွက် လုပ်ပေးနိုင်တာကို ပြောတာပါ။ ဘ၀ဆိုတာ တိုတိုလေးပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ဖို့၊ စည်းလုံးညီညွတ်မှုကိုပြကြဖို့ အရေးကြီးပါတယ်။ ဒီလို နောက်ဆုံးပွဲ ထိုးသတ်ခွင့်ရတာလည်း ကြီးမားတဲ့ အခွင့်အလမ်းပါပဲ” ဟု ပက်ကွီအိုက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် ဘရက်ဒလေနှင့် ပရိုမိုးရှင်းပွဲ၌ ပြောကြားခဲ့သည်။

    ပက်ကွီအိုနှင့် ဘရက်ဒလေတို့၏ တွေ့ဆုံမှုမှာ ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ပထမဆုံးတွေ့ဆုံမှုတွင် ဘရက်ဒလေက အနိုင်ရခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ် ထပ်မံတွေ့ဆုံမှုအတွက် ပက်ကွီအိုက ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့သည်။

    Ref: Dailymail