News @ M-Media

Blog

  • အာဆင်နယ်နှင် သရေပွဲက ထိုက်တန်သည်ဟု လီဗာပူးလ်နည်းပြ ပြော

    အာဆင်နယ်နှင် သရေပွဲက ထိုက်တန်သည်ဟု လီဗာပူးလ်နည်းပြ ပြော

    ဇန်န၀ါရီ ၁၄၊ ၂၀၁၆
    M-Media

    liver

    – မေ့ရန်ခက်ခဲမည့် အာဆင်နယ်အသင်းနှင့်ပွဲတွင် မိမိတို့၏ သရေတစ်မှတ်မှ ထိုက်တန်ခဲ့သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က အန်ဖီးလ်တွင်ကစားခဲ့သည့် အဆိုပါပဲတွင် လီဗာပူးလ်မှာ မိနစ် ၂၀ အတွင်းမှာပင် ရော်ဘတ်တို့ ဖာမီနို၏ ဂိုးများဖြင့် ၂ ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့သော်လည်း အာဆင်နယ်အား ၃ ဂိုးပြန်ပေးခဲ့ရသည်။ ထို့နောက် မိနစ် ၉၀ တွင် အလန်၏ ချေပဂိုးကြောင် ၃ ဂိုးစီသရေကျခဲ့ပြီး တစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်။ ကလော့ပ်ကမူ မိမိတို့အသင်းမှာ ခံစစ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်ဟု ၀န်ခံခဲ့သည်။

    “ခံစစ်ကို ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ရပါမယ်။ ပြောရတာတော့လွယ်တယ်ဗျ။ လုပ်ရတာ မလွယ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။ ဆန်းလည်း ဆန်းစစ်သွားမှာပါ။ ကျွန်တော်တို့ ပိုကောင်းအောင်လုပ်ဖို့ လိုပါတယ်” ဟု ကလော့ပ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အတွက် သရေမှာ ထိုက်တန်သည်ဟုလည်း ဆိုသည်။

    “ကံနည်းနည်းကောင်းဖို့ လိုတာပါ။ ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ ကစားသမားတွေကို ကျွန်တော်တို့ ပြောင်းလဲလိုက်တယ်။ ပြီးတော့ (တတိယဂိုးဟာ) ခရစ်ရှန် (ဘန်တီကီ) ရဲ့ ကောင်းမွန်တဲ့ ဘောလုံးဖန်တီးမှုဖြစ်ခဲ့ပြီး အမှားအယွင်းမရှိတဲ့ ခေါင်းတိုက်အဆုံးသတ်မှုလည်း ဖြစ်ခဲ့ပါတယ်။ သမိုင်းတ်တစ်လျှောက် ဖျော်ဖြေမှု ပေးစွမ်းနိုင်တဲ့ ဒီပွဲမှာ သရေဟာ ကောင်းကောင်းကြီးထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်”

    Ref: Goal

  • မွမ်ဘိုင်းရှိ နေရာ ၁၆ ခုကို Selfie ရိုက်ရန် အန္တရာယ်ရှိသည့်နေရာအဖြစ် ရဲတပ်ဖွဲ့ သတ်မှတ်

    မွမ်ဘိုင်းရှိ နေရာ ၁၆ ခုကို Selfie ရိုက်ရန် အန္တရာယ်ရှိသည့်နေရာအဖြစ် ရဲတပ်ဖွဲ့ သတ်မှတ်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    indai
    Dakar Rally ကားပြိုင်ပွဲတွင် Selfie ရိုက်ကူးနေပုံ

    – မွမ်ဘိုင်းမြို့ရှိ နေရာ ၁၆ နေရာကို Selfie ရိုက်ရန် အန္တရာယ်ရှိသောနေရာများအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ခဲ့ပြီး “Selfie မရိုက်ရဇုန်” အဖြစ် သတ်မှတ်ရန်သွားရန် ရှိနေသည်ဟု သိရသည်။

    ထိုဆောင်ရွက်မှုမှာ Selfie ရိုက်ရင်း အမျိုးသမီးငယ်တစ်ဦး ပင်လယ်ထဲပြုတ်ကျမှုကို ကယ်တင်ရန် ကြိုးစားစဉ် အမျိုးသားတစ်ဦး စနေနေ့က ရေနစ်သေဆုံးခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။ မွမ်ဘိုင်း ဘန်ဒရာ ဘန်စတန်ဒေသရှိ အာရေဗျပင်လယ်ကမ်းစပ် ကျောက်ဆောင်များတွင် အမျိုးသမီးငယ်နှင့် သူငယ်ချင်းနှစ်ဦးတို့မှာ Selfie ရိုက်ကူးနေစဉ် ပယ်လဲထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

    အနားတွင်ဖြတ်သွားသည့် အသက် ၃၇ နှစ်အရွယ် ရာမက်ရှ် ၀ါလန်ဂျူက မိန်းကလေးငယ်၏ သူငယ်ချင်းနှစ်ဦးကို ကယ်ဆယ်ခဲ့ပြီးနောက် ထိုအမျိုးသမီးငယ်အား ထပ်မံကယ်ဆယ်ရန် ကြိုးစားရာတွင် လှိုင်းဖြင့်ပါသွားကာ ၎င်း၏ ရုပ်အလောင်းကို တနင်္လာနေ့တွင် အနီးအနားရှိ ချောင်း၌ တွေ့ရှိခဲ့သည်။ အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်မှာမူ ပျောက်ဆုံးနေဆဲဖြစ်သည်။

    ရဲတပ်ဖွဲ့က selfie ရိုက်ကူးရန် အန္တရာယ်ရှိသောနေရာများကို သတ်မှတ်ရာတွင် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ ဂီရန်ဂေါမ် ချိုပတ္တီကမ်းခြေ၊ Marinde Drive ပင်လယ်ကမ်းစပ် လျှောက်လမ်းနှင့် အာရေဗျပင်လယ်တွင် အမျိုးသမီးငယ် ပြုတ်ကျခဲ့သော နေရာတို့ ပါဝင်သည်။

    “ကံဆိုးလှတဲ့ ဒီအဖြစ်အပျက်ပြီးတဲ့နောက်ပိုင်းမှာ နေရာ ၁၆ နေရာကို selfie ရိုက်ကူးဖို့အတွက် အန္တရာယ်ရှိတဲ့ နေရာတွေအဖြစ် သတ်မှတ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ထပ်ပြီး ပေါင်းထည့်သွားအုံးမှပါ။ အဲဒီနေရာတွေမှာ သတိပေးဆိုင်းဘုတ်တွေ ချိတ်ဆွဲထားဖို့အတွက် မြူနီစီပယ်ကိုလည်း စာရေးအကြောင်းကြားထားပြီးပါပြီ။ ပြီးတော့ အဲဒီမှာ သူတို့တွေအနေနဲ့ အသက်ကယ် လုံခြုံရေးသမားတွေ ထားရှိစေချင်ပါတယ်” ဟု မွမ်ဘိုင်းရဲတပ်ဖွဲ့၏ လက်ထောက်ကော်မရှင်နာမင်းကြီး ဒါနာဂျေ ကူလ်ကာရ်နီက ပြောကြားခဲ့သည်။

    ထိုဒေသများတွင် ပတ္တယောက်လှည့်သည့် ရဲတပ်ဖွဲ့ဝင်များကလည်း Selfie ရိုက်ကူးမှု မပြုလုပ်ရေးတွက် ပြည်သူများကို သတိပေးသွားမည်ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ကနဦး သတိပေးချက်များ အလုပ်မဖြစ်ပါက “Selfie မရိုက်ရ” နေရာများဖြစ် သတ်မှတ်သွားမည်ဟု ကူလ်ကာနီက ထည့်သွင်းပြေကြားခဲ့သည်။

    Selfie အန္တရာယ်

    Selfie ရိုက်ရင်း သေဆုံးမှု တစ်ဒါဇင်ကျော်၊ ဒဏ်ရာရရှိသူ ၁၀၀ ခန့် ရှိလာခဲ့ပြီးနောက် ရုရှားရဲတပ်ဖွဲ့က အန္တရာယ်ကင်းစွာ Selfie ရိုက်နိုင်ရေး ပြည်သူများအတွက် လမ်းညွှန်ချက်များကို ယမန်နှစ်က ထုတ်ဝေခဲ့သည်။

    ပြီးခဲ့သည့်နှစ်အတွင်း Selfie နှင့်ပတ်သက်သည့် ဖြစ်ရပ်များကြောင့် သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး ငါးမန်ကိုက်၍ သေဆုံးမှုထက်ပင် ပိုမိုများပြားခဲ့သည်။ အိန္ဒိယရှိ တဂ်ျမဟာလ်၏ လှေကားတွင် Selfie ရိုက်ရန် ကြိုးစားစဉ် ပြီးခဲ့သည့်နှစ်က အသက် ၆၆ နှစ်အရွယ် ဂျပန်ခရီးသွား အမျိုးသမီးတစ်ဦးမှာ ပြုတ်ကျသေဆုံးခဲ့ပြီး သူမနှင့် ခရီးသွားဖော်မှာ ဒဏ်ရာ ရရှိခဲ့သည်။

    ဒီဇင်ဘာလအတွင်းက ပါကစ္စတန်အမျိုးသားတစ်ဦးမှာ ရထားလမ်းပေါ်တွင် Selfie ရိုက်ရန် ကြိုးစားနေစဉ် ရထားတိုက်မှုကြောင့် သေဆုံးခဲ့သည်။ မေလကလည်း ရုရှားအမျိုးသမီး တစ်ဦးမှာ ပစ္စတိုဖြင့် ဦးခေါင်းအား ချိန်သည်ပုံကို Selfie ရိုက်စဉ် မတော်တစ်ဆ ပစ်ခတ်မိသောကြောင့် သေဆုံးခဲ့သည်။

    Ref: Aljazeera

  • လိမ်လည်မှုအတွက် နေးမာကို တရားရုံးက ဆင့်ခေါ်

    လိမ်လည်မှုအတွက် နေးမာကို တရားရုံးက ဆင့်ခေါ်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    neymar

    – ဘရာဇီးလ်ကလပ် ဆန်းတို့စ်မှ ဘာစီလိုနာသို့ပြောင်းရွှေ့စဉ် မသမာမှုများနှင့်ပတ်သက်၍ တရားရင်ဆိုင်ရန်အတွက် စပိန်တရားရုံးက နေးမာအား ဆင့်ခေါ်ခဲ့သည်ဟု သိရသည်။

    ၎င်းအားတရားစွဲဆိုထားသည့် လိမ်လည်မှုနှင့် ခြစားမှုစွဲချက်များအတွက် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် လာရောက်ရင်ဆိုင်ရန် တရားသူကြီး ဂျိုဆေး ဒီ ဘာ မာတာက ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ပ် ဘာတိုမြူကိုလည်း ထိုကြားနာမှုသို့ တက်ရောက်ရန် တရားရုံးက ဆင့်ခေါ်ခဲ့သည်။

    ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သည့် နေးမာ၏ အပြောင်းအရွှေ့တွင် မိမိတို့က ငွေကြေး ပိုမိုရသင့်သည်ဟု ဘရာဇီးလ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း DIS က တိုင်ကြားခဲ့ပြီးနောက်ပိုင်း စပိန်တရားရုံးက ထိုကိစ္စကို စုံစမ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ နေးမာ ဆန်းတို့စ်ကစားသမားအဖြစ် ရှိနေစဉ်အတွင်း DIS က ပိုင်ဆိုင်ခွင့် ၄၀ ရာခိုင်နှုန်း ရှိခဲ့သော်လည် အပြောင်း အရွှေ့တွင် မျှမျှတတ ရရှိခဲ့ခြင်းမရှိဟု ဆိုသည်။

    တရားရုံးမှ ယခင် စုံစမ်းစစ်ဆေးမှုအတွင်း ဘာစီလိုနာမှာ နေးမာအားခေါ်ယူမှုအတွက် ယူရို ၈၃ သန်း ပေးချေခဲ့သည်ဟု တွေ့ရှိခဲ့ရပြီး ဘာကာက ထုတ်ပြန်ခဲ့သည့် ပမာဏထက် အဆမတန် များပြားနေသည်။ DIS ကမူ ယူရို ၁၇ သန်း၏ ၄၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

    Ref: Goal

  • ထိုင်းငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံ မြန်မာလုပ်သားများကို အင်ဒိုက နေရပ်ပြန်ပို့

    ထိုင်းငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံ မြန်မာလုပ်သားများကို အင်ဒိုက နေရပ်ပြန်ပို့

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    myan
    ထိုင်းငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံခဲ့ရသည့် မြန်မာနိုင်ငံသားများကို ၂၀၁၅ ခုနှစ် မေလက ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်

    – ထိုင်းနိုင်ငံသားပိုင် ငါးဖမ်းလုပ်ငန်းများတွင် ကျွန်ပြု ခိုင်းစေခံထားရသည့် မြန်မာနိုင်ငံသား ၂၃ ဦးကို အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု Jakarta Post တွင် ယမန်နေ့ နေ့စွဲဖြင့်ဖော်ပြခဲ့သည်။

    ငါးဖမ်းကုမ္ပဏီများနှင့် ပြဿနာများကို ပြေလည်အောင် ဖြေရှင်းခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှား ငါးလုပ်ငန်းဝန်ကြီး ဆူစီ ပဒ်ဂျီယက်စ်တူတီက ကျွန်ပြုခံအလုပ်သမားများမှာ စုစုပေါင်း ၁၀၃ ဦးရှိပြီး ထိုအထဲမှ ၇၃ ဦးက ၎င်းတို့ ရရှိရန် ကျန်ရှိနေသည့် လုပ်ခလစာများကို ငါးဖမ်းကုမ္ပဏီက ပေးအပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ကျန်ရှိနေသည် ၃၀ မှာမူ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ၎င်းတို့အား မိမိတို့က နေရာထိုင်ခင်းပေးထားသည်ဟု ၀န်ကြီးက ဆိုသည်။

    ယခုပို့ဆောင်မှုမှာ ပထမအသုတ်ဖြစ်ပြီး ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ၁၄ ဦးပါ ဒုတိယအသုတ်ကို ထပ်မံ ပို့ဆောင်ပေးသွားမည်ဟု ဆိုသည်။ ကျန်ရှိသည့် ၂၄ ဦးအတွက် မြန်အစိုးရက နိုင်ငံသားဖြစ်ကြောင်း စစ်ဆေးမှုများ ပြုလုပ်နေပြီး လိုအပ်သည့်အထောက်အထားများ မရရှိသေးဟု ၀န်ကြီး၏ ပြောကြားမှုကို ကိုးကား၍ Jakatar Post က ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: Mizzima

  • ပိုင်နက်ကျူးကျော်မှုကြောင့် ထိန်းသိမ်းထားသည့် အမေရိကန် ရေတပ်သား ၁၀ ဦးကို အီရန် ပြန်လွှတ်ပေး

    ပိုင်နက်ကျူးကျော်မှုကြောင့် ထိန်းသိမ်းထားသည့် အမေရိကန် ရေတပ်သား ၁၀ ဦးကို အီရန် ပြန်လွှတ်ပေး

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    iran

    – ယမန်နေ့က အီရန်ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာမှုအတွက် ထိန်းသိမ်းထားသည့် အမေရိကန် ရေတပ်သား ၁၀ ဦးစလုံးကို ပြန်လွှတ်ပေးလိုက်ပြီဟု အီရန်နိုင်ငံက ပြောကြားလိုက်သည်။

    အမေရိကန်ရေတပ်ကလည်း ၎င်းတို့၏ တပ်သားများမှာ ဘေးအန္တရာယ်ကင်းစွာဖြင့် ပြန်ရောက်ခဲ့ပြီး ထိန်းသိမ်ထားစဉ်အတွင်း မည်သည့် ထိခိုက်မှုမှ မရှိခဲ့ဟု ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့တွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ပါဝင်ပြီး ယမန်နေ့က သင်္ဘောငယ် ၂ စီးဖြင့် ပါရှန်ပင်လယ်ကွေ့သို့ ၀င်ရောက်လာစဉ် အီရန်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

    အီရန် တော်လှန်ရေးအစောင့်တပ်၏ တရားဝင်ဝဘ်ဆိုက်တွင် ထိန်းသိမ်းထားသည့် အမေရိကန်စစ်သားများ အီရန် ရေတပ်စခန်းရှိ အခန်းတစ်ခုတွင် ထိုင်နေသည့်ပုံကို လွှင့်တင်ခဲ့သည်။

    “အီရန်ရဲ့ရေပိုင်နက်အတွင်းကို သူတို့ဝင်ရောက်လာတာဟာ တမင်ရည်ရွယ်တာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပြီး၊ သူတို့ကလည်း တောင်ပန်ခဲ့ပြီးတဲ့နောက်ပိုင်း ထိန်းသိမ်းထားတဲ့ အမေရိကန်သင်္ဘောသားတွေကို ပါရှန်ပင်လယ်ကွေ့က နိုင်ငံတကာ ရေပိုင်နက်အတွင်းကို ပြန်လွှတ်ပေးခဲ့ပါတယ်” ဟု အစောင့်တပ်မှ ယနေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    အမေရိကန်ရေတပ်ကမူ မိမိတို့ရေတပ်လေယာဉ်မှာ စစ်သားတစ်ချို့ကို ခေါ်ဆောင်သွားခဲ့ပြီး တစ်ချို့မှာ ၎င်းတို့၏ သင်္ဘောငယ်များကို မောင်းနှင်ကာ အမေရိကန်ရေတပ်စခန်း အခြေစိုက်ရာ ဘာရိန်းသို့ ပြန်သွားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ၎င်းတို့တပ်သားများ အီရန်တွင်ရောက်ရှိခြင်းအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်မည်ဟု ပြောကြားခဲ့သည်။

    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ် အလီ ဖာဒါဗီကမူ အမေရိကန်များမှာ ၎င်းတို့၏ သေင်္ဘောငယ်များ လမ်းကြောင်းပြစနစ် ချို့ယွင်းခဲ့ခြင်းကြောင့် အီရန်ရေပိုင်နက်အတွင်းသို့ မျောပါရောက်ရှိလာခြင်းဖြစ်သည်ဟု ယနေ့မနက်ပိုင်းတွင် ပြောကြားခဲ့သည်။

    Ref: Aljazeera