ဒီဇင်ဘာ ၂၆၊ ၂၀၁၅
M-Media

– မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသ၌ မြေစာပုံပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူဒါဇင်နှင့်ချီ၍ သေဆုံးမည့်အန္တရာယ် ရှိနေသည်ဟု မိုင်းလုပ်သားအချို့က ပြောကြားခဲ့သည်။
ယမန်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်လကျော်အတွင်း ဒုတိယမြောက် မြေစာပုံပြိုကျမှုလည်း ဖြစ်သည်။
“လူ ၅၀ လောက်မြုပ်သွားတယ်လို့ ကျွန်တော်တို့ ကြားပါတယ်။ ဒီနေ့မနက်မှာတော့ အလောင်း လေးငါးလောင်းလောက် ဖော်ယူရရှိခဲ့ပါတယ်” ဟု ဖားကန့်ဒေသရှိ ကျောက်စိမ်းကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ဆိုင်းလွန်က ပြောကြားခဲ့သည်။
မိုးညှင်းခရိုင် ဖားကန့်မြို့ရှိ ရဲတပ်ဖွဲ့ကမူ အဆိုပါ မြေစာပုံပြိုကျမှုမှာ ယမန်နေ့နေ့လည်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှုစာရင်းကို အတည်မပြုခဲ့ပေ။
“ကယ်ဆယ်ရေးအဖွဲ့ဆီက ဘာမှ ကျွန်တော်တို့ မကြားသေးပါဘူး” ဟု ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး အမည်ပြောရန် ငြင်းဆိုခဲ့သည်။ နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း အဆိုပါ ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုကြောင့် လူ ၁၁၄ ဦး သေဆုံးခဲ့သည်။
Ref: Channelnewsasia