ဒီဇင်ဘာ ၃၁၊ ၂၀၁၅
M-Media
– အသင်းရှိခြေစွမ်းပြနေသော တိုက်စစ်မှူးများဖြစ်သည့် ဂျာမီ ဗာဒီနှင့် ရီယဒ် မဟ်ရက်ဇ်တို့အား အသင်းတွင် ဆက်လက်ထိန်းသိမ်းထားရန် မျှော်လင့်နေသည်ဟု လက်စတာစီးတီးအသင်းနည်းပြ ကလော်ဒီယို ရာနီရေးရီက ပြောကြားလိုက်သည်။
ယခုနှစ်ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးအထိရောက်ရှိအောင် ခြေစွမ်းကောင်းများ ပြသခဲ့သည့် လက်စတာစီးတီးအသင်းတွင် ဗာဒီနှင့် မဟ်ရက်ဇ်တို့မှာ အဓိကကျသည့် တိုက်စစ်မှူးများ ဖြစ်ခဲ့ပြီး ၎င်းတို့နှစ်ဦးပေါင်း ၂၈ ဂိုးအထိ သွင်းယူပေးထားသည်။ ၎င်းတို့၏ စွမ်းဆောင်ရည်ကြောင့် အသင်းကြီးများကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။
”ကျွန်တော့်ရဲ့အာရုံစိုက်မှုက (စနေနေ့) ဘုန်းမောက်နဲ့ပွဲပါ။ ဒါပေမယ့် (ဇန်န၀ါရီအပြောင်းအရွှေ့မှာ) ဘယ်သူမှ အသင်းကနေ မထွက်ခွာဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကောလဟာလတွေကတော့ တော်တော်များပါတယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်ချင်ပါတယ်။ “ဆုဖလားရဖို့ စတင်နေတယ်” လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အလုပ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အလုပ်က နောက်ပွဲကို နိုင်ဖို့ပါ။ ရာသီဝက်ကို လက်ဖျားခါ လောက်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ မယုံကြည်နိုင်လောက်စရာပါပဲ။ ထိပ်ဆုံးမှာ ရှိဖို့ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်ရမှာပါ” ဟု ရာနီရေးရီက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.