News @ M-Media

Blog

  • ကာတာမှာ အာရပ်နိုင်ငံများအနက် လူစွမ်းအားဖွံ့ဖြိုးမှု အမြင့်ဆုံးဖြစ်နေ

    ကာတာမှာ အာရပ်နိုင်ငံများအနက် လူစွမ်းအားဖွံ့ဖြိုးမှု အမြင့်ဆုံးဖြစ်နေ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    qatar

    – ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ၏ လူစွမ်းအားဖွံ့ဖြိုးမှု အစီရင်ခံစာတွင် ကာတာမှာ အာရပ်နိုင်ငံများအနက် အဆင့်အမြင့်ဆုံးတွင် ရပ်တည်နေပြီး ကမ္ဘာ့အဆင့်တွင် ၃၂ ခုမြောက်နိုင်ငံ အဖြစ် ရှိနေသည်ဟု သိရသည်။

    ကာတာနိုင်ငံ၏ GNI မှာ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၁၁၉၀၂၉ ရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၁၂၃၁၂၄ သို့မြင့်တက်သွားခြင်းကြောင့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းသည် ၀.၈၄၉ မှ ၀.၈၅ သို့ ခုန်တက်သွားသည်။ အမျိုးသား၊ အမျိုးသမီး နှစ်ခုလုံး၏ စာတတ်မြောက်မှုနှုန်းမှာလည်း ၉၆.၃ ရာခိုင်နှုန်းမှ ၉၆.၇ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့သည်။

    ကာတာနိုင်ငံမှာ အသက် ၁၅ နှစ်အထက်ရှိသူများ အလုပ်အကိုင်ရရှိမှုနှုန်း ၈၆.၇ ရာခိုင်နှုန်းရှိသော ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ အသက် ၁၅ မှ ၂၄ နှစ်အတွင်း အလုပ်လက်မဲ့နှုန်းသည် ယခင်နှစ်တွင် ၁.၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅ တွင် ၁.၁ ရာခိုင်နှုန်းသာ ရှိတော့သည်။

    Ref: IINA

  • ဖာဂူဆန်နှင့် ဗန်ဂါးလ်ကို နှိုင်းယှဉ်ခြင်းမပြုရန် မန်ယူနောက်ခံလူဟောင်း တိုက်တွန်း

    ဖာဂူဆန်နှင့် ဗန်ဂါးလ်ကို နှိုင်းယှဉ်ခြင်းမပြုရန် မန်ယူနောက်ခံလူဟောင်း တိုက်တွန်း

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    vna

    – ဖာဂူဆန်လက်ထက်က အသင်း၏ အခြေအနေများနှင့် လက်ရှိ အသင်းအခြေအနေအား နှိုင်းယှဉ်မှုမပြုရန် မန်ယူနောက်ခံလူဟောင်း ဖီးလ်နဗီးလ်က ပြောဆိုလိုက်ပြီး နည်းပြ လူးဝစ်ဗန်ဂါးလ်အား ထောက်ခံအားပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

    ခြေစွမ်းပြနိုင်ခြင်းမရှိသည့်မန်ယူမှာ နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲရရှိခြင်းမရှိဘဲ၊ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားသည်။ ထို့ကြောင့် နည်းပြဗန်ဂါးလ်မှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ထုတ်ပယ်ခံရမည့်သတင်းများလည်း ထွက်ပေါ်နေသည်။ အကယ်၍ မန်ယူနည်းပြ အပြောင်းအလဲဖြစ်ပါက ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် နည်းပြ မော်ရင်ဟိုက မန်ယူနည်းပြဖြစ်ရန် ရေပန်းစားနေသည်။

    “အခုက ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မဟုတ်တော့ဘူးဗျ။ အဲဒီအချိန်တွေက ပြီးပြီ။ လက်တွေ့အခြေအနေကို ဆန်းစစ်ဖို့လိုပါတယ်။ အခုဟာက ဗန်ဂါးလ်ခေတ်ပါ။ ချင်းခြင်းပြောင်းလဲတာဟာ အဖြေမဟုတ်ပါဘူး” ဟု နဗီးလ်က BBC သို့ ပြောကြားခဲ့သည်။

    မန်ယူအသင်း ခြေစွမ်းမပြနိုင်မှုနှင့် ပတ်သက်၍လည်း ၎င်းက “ကျွန်တော်မန်ယူကစားသမားအဖြစ် ၉ နှစ်ကစားခဲ့တယ်။ သီတင်းပတ်တိုင်းက အမြဲတမ်းမကောင်းပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ပါလက်စတိုင်းနိုင်ငံကူးလက်မှတ်တွင် “ပါလက်စတိုင်းနိုင်ငံတော်” ဟူသည့် စာသားအား အသုံးပြုတော့မည်

    ပါလက်စတိုင်းနိုင်ငံကူးလက်မှတ်တွင် “ပါလက်စတိုင်းနိုင်ငံတော်” ဟူသည့် စာသားအား အသုံးပြုတော့မည်

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    pass

    – လက်ရှိ ပါလက်စတိုင်းမှထုတ်ပေးသော နိုင်ငံကူးလက်မှတ်တွင် “ပါလက်စတိုင်းအာဏာပိုင်အဖွဲ့” ဟု ရေးသားထားမှုအား “ပါလက်စတိုင်းနိုင်ငံတော်” ဟု ပြောင်းလဲရေးသားကာ ထုတ်ဝေသွားမည်ဟု သမ္မတ မဟ်မူးဒ် အဘတ်စ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ဂရိဝန်ကြီးချုပ် အလက်ဇစ် တီစီပရက်စ်နှင့် တွေ့ဆုံပြီးနောက်ပိုင်း ပါလက်စတိုင်းသမ္မတက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုလုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရန်အတွက် အများဆုံး အချိန်တစ်နှစ်သာ ကြာမြင့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “၀န်ကြီးဌာနတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုဌာနတွေက ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေအားလုံးမှာ ကျွန်တော်တို့ အားလုံးပြောင်းပြီးပါပြီ။ သူတို့အားလုံး “ပါလက်စတိုင်းနိုင်ငံတော်” ဆိုတဲ့စကားလုံးကို အသုံးပြုနေကြပါပြီ။ “ပါလက်စတိုင်းအာဏာပိုင်အဖွဲ့” လို့ ဘယ်သူကပဲသုံးနှုန်းသုံးနှုန်း လက်မခံတော့ပါဘူး” ဟု အဘတ်စ်က ဆိုသည်။

    ဂရိမှာ ယနေ့နှောင်းပိုင်းတွင်ပြုလုပ်မည့် လွှတ်တော်အစည်းအဝေး၌ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသွားမည်ဖြစ်သည်။

    ပြီးခဲ့သည့်လများအတွင်း ယူကေ၊ ပြင်သစ်၊ စပိန်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီတို့အပါအ၀င် အခြားသော ဥရောပနိုင်ငံများမှ လွှတ်တော်များကလည်း ပါလက်စတိုင်းအား အသိအမှတ်ပြုခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဥရောပပါလီမန်၌ ပါလက်စတိုင်းအား အသိအမှတ်ပြုရန် နိုင်ငံအများစုက ထောက်ခံခဲ့ကြသည်။

    Ref: PressTV

  • ဆေးလိပ်ကုမ္ပဏီများ၏အလှူကို လက်မခံရန် တက်ကြွလှုပ်ရှားသူများ တောင်းဆို

    ဆေးလိပ်ကုမ္ပဏီများ၏အလှူကို လက်မခံရန် တက်ကြွလှုပ်ရှားသူများ တောင်းဆို

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    smok

    – တရုတ်နိုင်ငံ၏ ဆေးလိပ်ဆန့်ကျင်ရေး လှုပ်ရှားသူများက ဆေးလိပ်ကုမ္ပဏီများမှ ထောက်ပံ့ထားသော အလှူအတန်း သို့မဟုတ် အခြားသော လှုပ်ရှားမှုများကို ပိတ်ပင်ပေးရန် အလှူဒါနဆိုင်ရာ ဥပဒေကြမ်းတစ်ခုရေးဆွဲကာ တောင်းဆိုထားသည်ဟု သိရသည်။

    အဆိုပါ ဥပေဒကြမ်းကို မှတ်ချက်များရရှိရန်အတွက် ပြီးခဲ့သည့် နိုဝင်ဘာလက အွန်လိုင်း၌ ဖြန့်ဝေခဲ့ပြီး ဆေးလိပ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများအကြား အပြင်းအထန်ဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့သည်။

    တရုတ်ဆေးရွက်ကြီးထိန်းချုပ်ရေးအသင်းမှ ဇူဂွီဟွာကမူ ဆေးလိပ်ကြော်ငြာများကို ပိတ်ပင်ရန်အဆိုပြုချက်ကို လက်ခံခဲ့သော်လည်း ဆေးလိပ်ကုမ္ပဏီများက လှူဒါန်းမှုများဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းအရောင်းမြှင့်တင်မှုများကို ရပ်တန့်ရန် ပိုမိုတင်းကျပ်သည့် လုပ်ထုံးလုပ်နည်းများ လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

    ဥပဒေကြမ်းအရ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ လှူဒါန်းပေးကမ်းမှုများမှတစ်ဆင့် ဆေးလိပ်ကုမ္ပဏီ သို့မဟုတ် ဆေးလိပ်ထုတ်ကုန်များကို အရောင်းမြှင့်တင်ကြော်ငြာခြင်းများ ပြုလုပ်နိုင်မည်မဟုတ်ပေ။ သို့သော်လည်းအလှုအတန်းမှာ ပုံစံအမျိုးမျိုးဖြင့် ဖြစ်လာနိုင်သည့်အတွက် ဆေးလိပ်ကုမ္ပဏီများမှာ ရံပုံငွေမြှင့်တင်ရေးကဲ့သို့ ပွဲများတွင် စပွန်ဆာပေးခြင်းများ ပြုလုပ်နိုင်သည်ဟု ဇူက ပြောကြားခဲ့သည်။

    တရုတ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်ညီလာခံတွင် ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာသဘောတူညီချက်ကို ၂၀၀၃ တွင် လက်မှတ်ရေးထိုးခဲ့ပြီး “ဆေးလိပ်ကြော်ငြာများ၊ အရောင်းမြှင့်တင်ရေးများ၊ စပွန်ဆာပေးခြင်းများကို တားမြစ်သည့် လက်မှတ်အားလုံးကိုမူ ၂၀၀၆ ခုနှစ်တွင် ရေးထိုးခဲ့သည်။

    ဥပဒေကြမ်းတွင် ဥပေဒချိုးဖောက်သည့်အတွက် ပြစ်ဒဏ်ခံစားရမှုများ မပြဌာန်းထားသဖြင့် ဆေးလိပ်ကုမ္ပဏီများအနေဖြင့် ဤအခြေအနေပေါ် အမြတ်ထုတ်မှုများ ရှိလာနိုင်သည်ဟု တရုတ်ဥပဒေအဖွဲ့အစည်းရှိ လွီကျင်းက ပြောဆိုခဲ့သည်။

    တရုတ်တွင် ဆေးလိပ်သောက်သူ သန်း ၃၀၀ ကျော်ရှိပြီး အစိုးရအနေဖြင့် ထိုအခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်လျက်ရှိသည်။ တရုတ်မှာ ဆေးလိပ်အရောင်းမြှင့်တင်ခြင်းနှင့် စပွန်ဆာပေးခြင်း စသည့် ပုံစံအမျိုးမျိုးတို့ကို တားမြစ်သွားမည့် ဥပေဒလုပ်ထုံးလုပ်နည်းများကို ဇွန်လ ၁ ရက်မှစ၍ အသက်ဝင်စေမည်ဖြစ်သည်။ အဆိုပါစည်းမျဉ်းများသည် အများပြည်သူများနှင့် ဆိုင်သည့် အဆောက်အဦးများတွင်ဆေးလိပ်သောက်ခြင်းကိုလည်း တားမြစ်ထားသည်။

    Ref: Xinhua

  • “မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းစေရေး” ဘာသာပေါင်းစုံ ဆုတောင်းပွဲ မန္တလေး ပန်းသေးဗလီမှာ ပြုလုပ်

    “မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းစေရေး” ဘာသာပေါင်းစုံ ဆုတောင်းပွဲ မန္တလေး ပန်းသေးဗလီမှာ ပြုလုပ်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    သတင်း – ဖြူလေး
    12366454_1183146581714158_7390582729284254773_n
    မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းငြိမ်းချမ်းသာယာဝပြောရေး အတွက် ပညာရှင်များ၏ ဟောပြောပွဲများနှင့် ဆရာတော်ကြီးများ၏ ဆုတောင်းပွဲကို မန္တလေးမြို့ ပန်းသေးဗလီတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့သည်။

    ဒီဇင်ဘာလ ၁၆ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်မယ့် ဟိန္ဒူဘာသာဝင်များ၏ ကျေးဇူးရှင်ဆရာတော် သျှရီလ သျှရီပါဒ အရှင်မြတ်၏ ပွင့်တော်မူနေ့ ပူဇော်ပွဲနှင့် ဟိန္ဒူဘာသာဝင်တို့၏ အထွဋ်အမြတ်ဆည်းကပ် ကိုးကွယ်ရာဖြစ်သော သျှရီမဒ်ဘဂဝတ်ဂီတာ ကျမ်းမြတ်ပူဇော်ပွဲအထိမ်းအမှတ်ဖြင့် ဘာသာပေါင်းစုံ ပါဝင်တဲ့ ဆုတောင်းပွဲကြီးကို မန္တလေးမြို့ရှိ ဘာသာရေး အဆောက်အအုံများမှာ ကျင်းပပြုလုပ်တဲ့ အစီအစဉ်များအနက်မှ တခု ဖြစ်ပါသည်။

    10169172_1183146558380827_5364947868825158754_n
    “ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်အနေနဲ့ တခြားဘာသာတစ်ခုရဲ့ နေ့ထူးနေ့မြတ်မှာ တစ်စိတ်တစ်ဒေသအနေနဲ့ ပါဝင်တာပါ။ ဗလီခန်းမထဲမှာ ကျွန်တော်တို့ရဲ့ ဘာသာအတိုင်း မြန်မာနိုင်ငံနဲ့ ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် ဆုတောင်းတယ်။ သူတို့တွေက ကျွန်တော်တို့ရဲ့ ဆုတောင်းမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်” ဟု မန္တလေးမြို့ ပန်းသေးဗလီမှ ဂေါပကအဖွဲ့ဝင် ဦးဝင်းအောင်က ဟိန္ဒူဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တွင် ပူးပေါင်းပါဝင်ခဲ့ရခြင်းနှင့် ပတ်သတ်ပြီး M-Media ကိုပြောသည်။

    10429503_1183146298380853_3873522605940816519_n

    ငြိမ်းချမ်းရေးကို လူတိုင်းကချစ်မြတ်နိုးကြပြီး မြန်မာနိုင်ငံကြီးငြိမ်းချမ်းဖို့၊ ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် ဘာသာကြီးများထဲကမှ တစ်ခုဖြစ်သည့် အစ္စလာမ်ဘာသာဝင်များကိုယ်စား ပူးပေါင်းပြီး တစ်စိတ်တစ်ဒေသပါဝင်ရခြင်း ဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

    အဆိုပါအခမ်းအနားတွင် ဘာသာပေါင်းစုံမှ ဆရာတော်ကြီးများက “ကိုယ်ကျင့်တရားနှင့် ယနေ့ခေတ်လူငယ်” ခေါင်းစဉ်ဖြင့် ဟောပြော ခဲ့ကြသည်။

    အဆိုပါ ဘာသာပေါင်းစုံ ဆုတောင်းပွဲကြီးကို မန္တလေးမြို့ရှိ ဘာသာရေး အဆောက်အအုံများဖြစ်သည့် သျှရီအမ်ဘီကာ မယ်တော်ကြီးကျောင်း၊ ပန်းသေး ဗလီ၊ စိန်ဂျိုးဇက် (ဖာသာလဖုန်း)၊ မဟာမြတ်မုနိဘုရား၊ သဟာအီဌာန တို့တွင် ပြုလုပ်ကျင်းပခဲ့ကြသည်။

    ဓါတ်ပုံ- ပန်းသေးဗလီ FB