News @ M-Media

တိုက်စစ်မှူးသစ် မခေါ်ယူခဲ့သည့်လုပ်ရပ်က မှန်ကန်သည်ဟု ၀င်းဂါးပြော

ဒီဇင်ဘာ ၂၆၊ ၂၀၁၅
M-Media

winger

– မိမိတို့တွင် ကမ္ဘာ့အဆင့် တိုက်စစ်မှူး ၄ ဦး ရှိနေပြီး ပြီးခဲ့သည့်နွေရာသီက တိုက်စစ်မှူးသစ်တစ်ဦး မခေါ်ယူခဲ့သည့် လုပ်ရပ်မှာ မှန်ကန်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာမှာ ယခုနှစ်ဘောလုံးရာသီအစက အာဆင်နယ်သို့ ရောက်ရှိမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ဖူးပြီး အပြောင်းအရွှေ့မှာ အမှန်တကယ် ဖြစ်မလာခဲ့ပေ။

“ပရိတ်သတ်တွေရဲ့စိတ်ပျက်မှုကို ကျွန်တော်နားမလည်ပါဘူး။ ကျွန်တော်တို့မှာ ဂျရူးရှိတယ်။ သီယို ဝေါလ်ကော့လည်း ရှိပါတယ်။ သူတို့ဟာ ကမ္ဘာ့အဆင့်ကစားသမားတွေလို့ ကျွန်တော် ယုံကြည်ပါတယ်။ အလက်ဇစ်ဆန်းချက်ဇ်နဲ့ ၀ဲလ်ဘတ်တို့ကလည်း ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေပါပဲ။ အဲဒီကစားသမားတွေတိုးတက်ဖို့ ငွေကြေးအမြောက်အများ သုံးစွဲရပါတယ်။ ဂျရူးမှာလည်း ယုံကြည်မှုရှိနေတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် အကြိမ်တော်တော်များများ ပြောခဲ့ပါတယ်။ ဒီနေရာမှာကစားရတာ သူလည်းကျေနပ်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

ထို့ပြင် ၀င်းဂါးမှာ ၂၀၁၅ ခုနှစ်၏ ပထဆုံးနေ့တွင် ဆောက်သက်တမ်အား ၂ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့မှုက အသင်းအတွက် အလှည့်အပြောင်း ဖြစ်ခဲ့သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ အာဆင်နယ်မှာ ထိုပွဲနောက်ပိုင်းတွင် ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့ပြီး ယခုအချိန်အထိ ပရီးမီးယားလိဂ်တွင် ၅ ပွဲသာရှုံးနိမ့်ထားသည်။

Ref: Goal

Comments

Leave a Reply