News @ M-Media

Blog

  • နေမျိုးဝေအား တရားစွဲထားသည့် ရွေးကောက်ပွဲဝင် တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်အား မွတ်စလင်မ် ဆန့်ကျင်ရေးသမားများ လုပ်ကြံရေးသား တိုက်ခိုက်

    နေမျိုးဝေအား တရားစွဲထားသည့် ရွေးကောက်ပွဲဝင် တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်အား မွတ်စလင်မ် ဆန့်ကျင်ရေးသမားများ လုပ်ကြံရေးသား တိုက်ခိုက်

    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၅
    M-Media
    သီဟ
    U Yan Naing
    ၂၀၁၅ ရွေးကောက်ပွဲတွင်  သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်  အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC) မှ  တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်၏ ဓါတ်ပုံကို မုဒိန်းမှု သတင်းတခုနှင့် ယှဉ်တွဲပြီး ပြစ်မှု ကျူးလွန်သူဟု “အောင်မျိုးကျော်” အမည်ဖြင့် Facebook အကောင့်တခုမှ လုပ်ကြံဝါဒဖြန့် ရေးသားထားတာကိုတွေ့ရပါတယ်။

    အဆိုပါ လုပ်ကြံသတင်းအား လွန်ခဲ့တဲ့ ၃ နာရီက Facebook စာမျက်နှာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။

    အဆိုပါ “အောင်မျိုးကျော်” အကောင့်မှာ အစ္စလာမ်ဆန့်ကျင်ရေးလှုံ့ဆော်သည့် ပိုစ်များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ရိုင်းစိုင်းစွာ စော်ကားထားသည့် ပိုစ်အများအပြား တင်ထားတာ ကိုလည်း ၄င်းရဲ့ အကောင့်မှာတွေ့ရပါတယ်။
    U-Yan-Naing-2
    တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်မှာ အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ နှင့် အစ္စလာမ်ဘာသာဝင်တို့အား ယုတ်ညံ့တဲ့ အသုံးအနှုန်းများဖြင့် စော်ကားရေးသားခဲသည့် ဦးနေမျိုးဝေအား ပြီးခဲ့သည့် စက်တင်ဘာလက တရားစွဲဆိုခဲ့သူဖြစ်ပါတယ်။
    .
    ဆိုရှယ် မီဒီယာတွင် အမုန်းတရားများ နှစ်ချီရေးသား လှုံဆော်ရေးသားနေသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ အား တရားစွဲဆိုမှုကြောင့် အမျိုးသားရေး အမည်ခံ အစ္စလာမ် ဆန့်ကျင်ေ၇း အုပ်စုများမှ လုပ်ကြံ တိုက်ခိုက်တာ ဖြစ်ကြောင်း ဦးရန်နိုင်၏ မိတ်ဆွေတစ်ဦးမှ သုံးသပ်ပြောဆိုပါတယ်။

    ဝါဒဖြန့်နေသည့် လင့်ခ်
    https://www.facebook.com/myochit.thitser/posts/1730216407212847

    ဆက်စပ်သတင်းများဖတ်ရန်
    ————————–
    ဘာသာရေး လူမျိုးရေး စော်ကား လှုံ့ဆော်နေသည့် နေမျိုးဝေအား UNC ပါတီမှ တရားစွဲ အမှုဖွင့်ပြီ
    http://www.m-mediagroup.com/news/48262

    စစ်ကျန် ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း ဦးရန်နိုင်
    http://www.m-mediagroup.com/news/46444

  • ဂြိုဟ်တုလွှတ်တင်သည့် ဒုံးပျံ ပြန်လည်ဆင်းသက်မှု အောင်မြင်၊ အာကာသလုပ်ငန်း၌ သမိုင်းဝင်အောင်မြင်မှုဖြစ်

    ဂြိုဟ်တုလွှတ်တင်သည့် ဒုံးပျံ ပြန်လည်ဆင်းသက်မှု အောင်မြင်၊ အာကာသလုပ်ငန်း၌ သမိုင်းဝင်အောင်မြင်မှုဖြစ်

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    space

     

    – အမေရိကန် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော SpaceX မှာ ၎င်းတို့၏ Falcon 9 ဒုံးပျံအား လွှတ်တင်ပြီးနောက် ပြန်လည်ဆင်းသက်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး အာကာသခရီးစဉ်များတွင် ဒုံးပျံများအား ပြန်လည်အသုံးပြုနိုင်ရန်အတွက် သမိုင်းဝင်အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်။

    အဆိုပါ ဒုံးပျံမှာ ORBCOMM ဂြိုဟ်တု ၁၁ ခုကို တင်ဆောင်ကာ ဖလော်ရီဒါရှိ ကိပ် ကာနာဗီရဲလ် အာကာသစခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ဂြိုဟ်တုများအား ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ပို့ဆောင်ခဲ့ပြီးနောက်ပိုင်း ဒုံးပျံမှာ ဒေါင်လိုက်အနေအထားအတိုင်း အာကာသစခန်းသို့ ပြန်လည်ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

    “Falcon ရဲ့ပထမအဆင့်ဆင်းသက်မှုကို အတည်ပြုပါတယ်။ ORBCOMM ဂြိုဟ်တု ၁၁ ခုစလုံး သတ်မှတ်ထားတဲ့ ပတ်လမ်းတွေကို ရောက်ရှိခဲ့ပါပြီ” ဟု SpaceX က ၎င်းတို့၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    အမေရိကန်အာrocketကသအေဂျင်စီ နာဆာကလည်း ထိုအောင်မြင်မှုအား ချီးကျူးခဲ့သည်။

    “ကမ္ဘာကို ပထမဆင့် ဒေါင်လိုက် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့အတွက် SpaceX ကို ဂုဏ်ပြုပါတယ်” ဟု နာဆာက Twitter စာမျက်နှာတွင် ရေးသားဂုဏ်ပြုခဲ့သည်။

    လက်ရှိအချိန်တွင် ဒုံးပျံလုပ်ငန်း၌ နောက်ဆုံးပေါ်နည်းပညာများကို တီထွင်စမ်းသပ်အသုံးပြုနေသော်လည်း တစ်ကြိမ်လွှတ်တင်ပြီးပါက ဖျက်ဆီးပစ်ရသောကြောင့် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးနေပြီး ယခုကဲ့သို့ ပြန်လည်အသုံးပြုနိုင်သည့်စနစ်က ကုန်ကျစားရိတ်များကို လျော့ချနိုင်မည်ဖြစ်ကာ အာကာသစူးစမ်းရှာဖွေရေးနယ်ပယ်အတွက် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ခဲ့သည်။

    Falcon 9 ဒုံးပျံအား ထိုကဲ့သို့ ပြန်လည်ဆင်းသက်နိုင်ရန်အတွက် အင်တာနက်ကုမ္ပဏီတစ်ခုဖြစ်သော Elon Musk ဦးဆောင်သည့် SpaceX ကုမ္ပဏီမှာ အကြိမ်ကြိမ်ကြိုးစားခဲ့ရသည်။

    Ref: Channelnewsasia

  • ကာတာမှာ အာရပ်နိုင်ငံများအနက် လူစွမ်းအားဖွံ့ဖြိုးမှု အမြင့်ဆုံးဖြစ်နေ

    ကာတာမှာ အာရပ်နိုင်ငံများအနက် လူစွမ်းအားဖွံ့ဖြိုးမှု အမြင့်ဆုံးဖြစ်နေ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    qatar

    – ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ၏ လူစွမ်းအားဖွံ့ဖြိုးမှု အစီရင်ခံစာတွင် ကာတာမှာ အာရပ်နိုင်ငံများအနက် အဆင့်အမြင့်ဆုံးတွင် ရပ်တည်နေပြီး ကမ္ဘာ့အဆင့်တွင် ၃၂ ခုမြောက်နိုင်ငံ အဖြစ် ရှိနေသည်ဟု သိရသည်။

    ကာတာနိုင်ငံ၏ GNI မှာ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၁၁၉၀၂၉ ရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၁၂၃၁၂၄ သို့မြင့်တက်သွားခြင်းကြောင့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းသည် ၀.၈၄၉ မှ ၀.၈၅ သို့ ခုန်တက်သွားသည်။ အမျိုးသား၊ အမျိုးသမီး နှစ်ခုလုံး၏ စာတတ်မြောက်မှုနှုန်းမှာလည်း ၉၆.၃ ရာခိုင်နှုန်းမှ ၉၆.၇ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့သည်။

    ကာတာနိုင်ငံမှာ အသက် ၁၅ နှစ်အထက်ရှိသူများ အလုပ်အကိုင်ရရှိမှုနှုန်း ၈၆.၇ ရာခိုင်နှုန်းရှိသော ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ အသက် ၁၅ မှ ၂၄ နှစ်အတွင်း အလုပ်လက်မဲ့နှုန်းသည် ယခင်နှစ်တွင် ၁.၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅ တွင် ၁.၁ ရာခိုင်နှုန်းသာ ရှိတော့သည်။

    Ref: IINA

  • ဖာဂူဆန်နှင့် ဗန်ဂါးလ်ကို နှိုင်းယှဉ်ခြင်းမပြုရန် မန်ယူနောက်ခံလူဟောင်း တိုက်တွန်း

    ဖာဂူဆန်နှင့် ဗန်ဂါးလ်ကို နှိုင်းယှဉ်ခြင်းမပြုရန် မန်ယူနောက်ခံလူဟောင်း တိုက်တွန်း

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    vna

    – ဖာဂူဆန်လက်ထက်က အသင်း၏ အခြေအနေများနှင့် လက်ရှိ အသင်းအခြေအနေအား နှိုင်းယှဉ်မှုမပြုရန် မန်ယူနောက်ခံလူဟောင်း ဖီးလ်နဗီးလ်က ပြောဆိုလိုက်ပြီး နည်းပြ လူးဝစ်ဗန်ဂါးလ်အား ထောက်ခံအားပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

    ခြေစွမ်းပြနိုင်ခြင်းမရှိသည့်မန်ယူမှာ နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲရရှိခြင်းမရှိဘဲ၊ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားသည်။ ထို့ကြောင့် နည်းပြဗန်ဂါးလ်မှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ထုတ်ပယ်ခံရမည့်သတင်းများလည်း ထွက်ပေါ်နေသည်။ အကယ်၍ မန်ယူနည်းပြ အပြောင်းအလဲဖြစ်ပါက ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် နည်းပြ မော်ရင်ဟိုက မန်ယူနည်းပြဖြစ်ရန် ရေပန်းစားနေသည်။

    “အခုက ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မဟုတ်တော့ဘူးဗျ။ အဲဒီအချိန်တွေက ပြီးပြီ။ လက်တွေ့အခြေအနေကို ဆန်းစစ်ဖို့လိုပါတယ်။ အခုဟာက ဗန်ဂါးလ်ခေတ်ပါ။ ချင်းခြင်းပြောင်းလဲတာဟာ အဖြေမဟုတ်ပါဘူး” ဟု နဗီးလ်က BBC သို့ ပြောကြားခဲ့သည်။

    မန်ယူအသင်း ခြေစွမ်းမပြနိုင်မှုနှင့် ပတ်သက်၍လည်း ၎င်းက “ကျွန်တော်မန်ယူကစားသမားအဖြစ် ၉ နှစ်ကစားခဲ့တယ်။ သီတင်းပတ်တိုင်းက အမြဲတမ်းမကောင်းပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ပါလက်စတိုင်းနိုင်ငံကူးလက်မှတ်တွင် “ပါလက်စတိုင်းနိုင်ငံတော်” ဟူသည့် စာသားအား အသုံးပြုတော့မည်

    ပါလက်စတိုင်းနိုင်ငံကူးလက်မှတ်တွင် “ပါလက်စတိုင်းနိုင်ငံတော်” ဟူသည့် စာသားအား အသုံးပြုတော့မည်

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    pass

    – လက်ရှိ ပါလက်စတိုင်းမှထုတ်ပေးသော နိုင်ငံကူးလက်မှတ်တွင် “ပါလက်စတိုင်းအာဏာပိုင်အဖွဲ့” ဟု ရေးသားထားမှုအား “ပါလက်စတိုင်းနိုင်ငံတော်” ဟု ပြောင်းလဲရေးသားကာ ထုတ်ဝေသွားမည်ဟု သမ္မတ မဟ်မူးဒ် အဘတ်စ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ဂရိဝန်ကြီးချုပ် အလက်ဇစ် တီစီပရက်စ်နှင့် တွေ့ဆုံပြီးနောက်ပိုင်း ပါလက်စတိုင်းသမ္မတက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုလုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရန်အတွက် အများဆုံး အချိန်တစ်နှစ်သာ ကြာမြင့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “၀န်ကြီးဌာနတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုဌာနတွေက ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေအားလုံးမှာ ကျွန်တော်တို့ အားလုံးပြောင်းပြီးပါပြီ။ သူတို့အားလုံး “ပါလက်စတိုင်းနိုင်ငံတော်” ဆိုတဲ့စကားလုံးကို အသုံးပြုနေကြပါပြီ။ “ပါလက်စတိုင်းအာဏာပိုင်အဖွဲ့” လို့ ဘယ်သူကပဲသုံးနှုန်းသုံးနှုန်း လက်မခံတော့ပါဘူး” ဟု အဘတ်စ်က ဆိုသည်။

    ဂရိမှာ ယနေ့နှောင်းပိုင်းတွင်ပြုလုပ်မည့် လွှတ်တော်အစည်းအဝေး၌ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသွားမည်ဖြစ်သည်။

    ပြီးခဲ့သည့်လများအတွင်း ယူကေ၊ ပြင်သစ်၊ စပိန်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီတို့အပါအ၀င် အခြားသော ဥရောပနိုင်ငံများမှ လွှတ်တော်များကလည်း ပါလက်စတိုင်းအား အသိအမှတ်ပြုခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဥရောပပါလီမန်၌ ပါလက်စတိုင်းအား အသိအမှတ်ပြုရန် နိုင်ငံအများစုက ထောက်ခံခဲ့ကြသည်။

    Ref: PressTV