News @ M-Media

Blog

  • “မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းစေရေး” ဘာသာပေါင်းစုံ ဆုတောင်းပွဲ မန္တလေး ပန်းသေးဗလီမှာ ပြုလုပ်

    “မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းစေရေး” ဘာသာပေါင်းစုံ ဆုတောင်းပွဲ မန္တလေး ပန်းသေးဗလီမှာ ပြုလုပ်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    သတင်း – ဖြူလေး
    12366454_1183146581714158_7390582729284254773_n
    မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းငြိမ်းချမ်းသာယာဝပြောရေး အတွက် ပညာရှင်များ၏ ဟောပြောပွဲများနှင့် ဆရာတော်ကြီးများ၏ ဆုတောင်းပွဲကို မန္တလေးမြို့ ပန်းသေးဗလီတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့သည်။

    ဒီဇင်ဘာလ ၁၆ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်မယ့် ဟိန္ဒူဘာသာဝင်များ၏ ကျေးဇူးရှင်ဆရာတော် သျှရီလ သျှရီပါဒ အရှင်မြတ်၏ ပွင့်တော်မူနေ့ ပူဇော်ပွဲနှင့် ဟိန္ဒူဘာသာဝင်တို့၏ အထွဋ်အမြတ်ဆည်းကပ် ကိုးကွယ်ရာဖြစ်သော သျှရီမဒ်ဘဂဝတ်ဂီတာ ကျမ်းမြတ်ပူဇော်ပွဲအထိမ်းအမှတ်ဖြင့် ဘာသာပေါင်းစုံ ပါဝင်တဲ့ ဆုတောင်းပွဲကြီးကို မန္တလေးမြို့ရှိ ဘာသာရေး အဆောက်အအုံများမှာ ကျင်းပပြုလုပ်တဲ့ အစီအစဉ်များအနက်မှ တခု ဖြစ်ပါသည်။

    10169172_1183146558380827_5364947868825158754_n
    “ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်အနေနဲ့ တခြားဘာသာတစ်ခုရဲ့ နေ့ထူးနေ့မြတ်မှာ တစ်စိတ်တစ်ဒေသအနေနဲ့ ပါဝင်တာပါ။ ဗလီခန်းမထဲမှာ ကျွန်တော်တို့ရဲ့ ဘာသာအတိုင်း မြန်မာနိုင်ငံနဲ့ ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် ဆုတောင်းတယ်။ သူတို့တွေက ကျွန်တော်တို့ရဲ့ ဆုတောင်းမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်” ဟု မန္တလေးမြို့ ပန်းသေးဗလီမှ ဂေါပကအဖွဲ့ဝင် ဦးဝင်းအောင်က ဟိန္ဒူဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တွင် ပူးပေါင်းပါဝင်ခဲ့ရခြင်းနှင့် ပတ်သတ်ပြီး M-Media ကိုပြောသည်။

    10429503_1183146298380853_3873522605940816519_n

    ငြိမ်းချမ်းရေးကို လူတိုင်းကချစ်မြတ်နိုးကြပြီး မြန်မာနိုင်ငံကြီးငြိမ်းချမ်းဖို့၊ ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် ဘာသာကြီးများထဲကမှ တစ်ခုဖြစ်သည့် အစ္စလာမ်ဘာသာဝင်များကိုယ်စား ပူးပေါင်းပြီး တစ်စိတ်တစ်ဒေသပါဝင်ရခြင်း ဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

    အဆိုပါအခမ်းအနားတွင် ဘာသာပေါင်းစုံမှ ဆရာတော်ကြီးများက “ကိုယ်ကျင့်တရားနှင့် ယနေ့ခေတ်လူငယ်” ခေါင်းစဉ်ဖြင့် ဟောပြော ခဲ့ကြသည်။

    အဆိုပါ ဘာသာပေါင်းစုံ ဆုတောင်းပွဲကြီးကို မန္တလေးမြို့ရှိ ဘာသာရေး အဆောက်အအုံများဖြစ်သည့် သျှရီအမ်ဘီကာ မယ်တော်ကြီးကျောင်း၊ ပန်းသေး ဗလီ၊ စိန်ဂျိုးဇက် (ဖာသာလဖုန်း)၊ မဟာမြတ်မုနိဘုရား၊ သဟာအီဌာန တို့တွင် ပြုလုပ်ကျင်းပခဲ့ကြသည်။

    ဓါတ်ပုံ- ပန်းသေးဗလီ FB

  • ကင်ညာအရှေ့ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွင် မွတ်စလင်များက ခရစ်ယာန်များကို ကာကွယ်ပေးခဲ့

    ကင်ညာအရှေ့ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွင် မွတ်စလင်များက ခရစ်ယာန်များကို ကာကွယ်ပေးခဲ့

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    kenya

    – မနေ့က ကင်ညာနိုင်ငံအရှေ့မြောက်ပိုင်း မန်ဒီရာဒေသက ဘတ်စ်ကားတစ်စီး အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ကားပေါ်ပါလာတဲ့ မွတ်စလင်တွေဟာ ခရစ်ယာန်တွေကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးခဲ့ကြပါတယ်။

    လူ ၂ ဦးသေဆုံးခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကို ဆိုမာလီအခြေစိုက် အလ်-ရှာဘတ်အကြမ်းဖက်အဖွဲ့က သူတို့ရဲ့လက်ချက်လို့ ပြောကြားခဲ့ပါတယ်။

    မြို့တော်နိုင်ရိုဘီကနေ မန်ဒီရာကိုသွားတဲ့ အဲဒီကားပေါ်မှာပါလာတဲ့ မွတ်စလင်ခရီးသည်တစ်ဦးဖြစ်တဲ့ အဘ်ဒီ မိုဟာမွဒ် အဘ်ဒီက စစ်သွေးကြွ ၁၀ ယောက်လောက်ဟာ ဘတ်စ်ကားကို သေနတ်ပစ်ကာ ကားပ်ါတက်လာပြီး မွတ်စလင်တွေကို သပ်သပ်စုခိုင်းခဲ့ပေမယ့် မိမိတို့မွတ်စလင်တွေက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။

    “စစ်သွေးကြွတွေက သူတို့ခိုင်းတဲ့အတိုင်း မလုပ်ရင် ကျွန်တ်ာတို့ကို ပစ်သတ်မယ်လို့ ခြိမ်းခြောက်တယ်။ ဒါပေမယ့်ကျွန်တော်တို့က သူတို့ပြောသလိုမလုပ်ဘဲ ကျွန်တော်တို့ရဲ့ ခရစ်ယာန်ညီအစ်ကိုမောင်နှမတွေကို ကာကွယ်ပေးခဲ့ပါတယ်။ နောက်ဆုံး သူတို့လည်း လက်လျော့ပြီး ပြန်လှည့်ခဲ့ကြပေမယ့် သူတို့ပြန်လာမယ်လို့ သတိပေးခဲ့တယ်” လို့ အဘ်ဒီက ပြောကြားခဲ့ပါတယ်။

    ကင်ညာရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး မစ္စတာ ဂျူလီယက်စ် အိုတီနိုကလည်း အဲဒီအဖြစ်အပျက်ကို အတည်ပြုခဲ့ပြီး စစ်သွေးကြွတွေက ဘယ်သူတွေဟာ မွတ်စလင်တွေလဲ၊ ဘယ်သူတွေက ခရစ်ယာန်တွေလည်းဆိုတာ ခွဲခြားဖို့ကြိုးစားခဲ့ကာ မွတ်စလင်ခရီးသည်တွေက လက်မခံခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    မန်ဒီရာ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ အလီရိုဘာက “မွတ်စလင်တွေဟာ ခရစ်ယာန်တွေနဲ့အတူ ရှိနေခဲ့ပြီး သတ်ချင်ရင် တို့အကုန်လုံးကိုသတ်၊ မဟုတ်ရင်ထွက်သွားတော့ဆိုတဲ့ ပုံစံမျိုးပါ။ ဒီလုပ်ရပ်ကြောင့် စစ်သွေးကြွတွေက ပတ်ဝန်းကျင်က ရွာသားတွေ သူတို့ကို လာရောက်လက်စားချေမှာကို ကြောက်ပြီး အမြန်ပဲ ထွက်ပြေးသွားခဲ့ကြပါတယ်” လို့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဖွင့်ဟခဲ့ပါတယ်။

    ကင်ညာနိုင်ငံအရှေ့မြောက်ပိုင်းက မွတ်စလင်အများစုရှိတဲ့ ဒေသဖြစ်ပြီး အလ်-ရှာဘတ်ရဲ့ တိုက်ခိုက်မှုကို ခါးစီးခံရတဲ့ဒေသလည်း ဖြစ်ပါတယ်။

    “ဒေသခံတွေက တိုင်းချစ်ပြည်ချစ်စိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် စည်းလုံးညီညွတ်မှုကို ပြသခဲ့ကြပါတယ်” လို့ အုပ်ချုပ်ရေးမှူးအလီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ဆိုမာလီက အလ်-ရှာဘတ်အဖွဲ့ကို နှိမ်နှင်းမှုအတွင်း ကင်ညာတပ်ဖွဲ့တွေ ပါဝင်ခဲ့ပြီးနောက်ပိုင်း အဲဒီအကြမ်းဖက်အဖွဲ့က ကင်ညာနိုင်ငံကို စစ်ကြေငြာခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလကနေ၊ ယခုနှစ် ဧပြီလအထိ ကင်ညာနိုင်ငံမှာ အလ်-ရှာဘတ်က အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၅ ခု ပြုလုပ်ခဲ့ပြီး မွတ်စလင်တွေအပါအ၀င် လူပေါင်း ၃၂၇ ဦး သေဆုံးခဲ့ကြရပါတယ်။

    Ref: BBC, Independent, Straitstimes

  • အာဆင်နယ်မှာ ပရီးမီးယားလိဂ်ကိုရရှိနိုင်သည့် အခွင့်အရေး ရှိနေပြီဟု ၀င်းဂါးပြော

    အာဆင်နယ်မှာ ပရီးမီးယားလိဂ်ကိုရရှိနိုင်သည့် အခွင့်အရေး ရှိနေပြီဟု ၀င်းဂါးပြော

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    winger

    – မိမိတို့အသင်းမှာ ရင့်ကျက်လာခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလားရရှိရန် အခွင့်အရေးရှိနေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယနေ့မနက်က အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အာဆင်နယ်မှာ ဝေါလ်ကော့နှင့် ဂျရူးတို့၏ ဂိုးများဖြင့် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရကာ ထိပ်ဆုံးမှ လက်စတာနှင့် ၂ မှတ်အကွာ ဒုတိယနေရာတွင်ရှိနေပြီး တတိယနေရာမှ မန်စီးတီးအား ၄ မှတ် ဖြတ်ထားနိုင်သည်။

    “ကျွန်တော်တို့ ပျော်ရွှင်မှုနဲ့ အဆုံးသတ်ခဲ့တဲ့ပွဲပါပဲ။ ဒါပေမယ့် တော်တော်လေး ခက်ခဲခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မာစေခဲ့ပါတယ်။ ပွဲတိုင်းမှာ ကျွန်တော်တို့ ဒီလိုမျိုး တိုက်ပွဲဝင်သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အရင်ကထက် ရင့်ကျက်လာခဲ့ပြီး ဒါကို ဖိအားတွေရှိတဲ့ ပွဲတွေမှာ ကျွန်တော်တို့ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အရမ်း ရည်မှန်းချက်ကြီးပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ဟာ အရမ်းကိုခက်ခဲတယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ တော်တော်ကို နိုးနိုးကြားကြားနဲ့ ရှိနေတာပါ” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • မိမိတို့၏ အကျိုးစီးပွားကို လေးစားရန် တရုတ်က အမေရိကန်ကို တောင်းဆို

    မိမိတို့၏ အကျိုးစီးပွားကို လေးစားရန် တရုတ်က အမေရိကန်ကို တောင်းဆို

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    chi

    – အမေရိကန်အနေဖြင့် မိမိတို့နိုင်ငံ၏ အဓိကကျသော အကျိုးစီးပွားများကို လေးစားရန် တရုတ်က တောင်းဆိုလိုက်ပြီး တောင်တရုတ်ပင်လယ်ရှိ မိမိတို့၏ ကျွန်းစုများအနီး အင်အားပြခြင်းကိုလည်း ရှောင်ကျဉ်ရန် ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ယမန်နေ့က တယ်လီဖုန်းပြောဆိုရာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်အနေဖြင့် ထိုင်ဝမ်သို့ စစ်လက်နက်ကရိယာများ ရောင်းချမှုကို ရပ်တန့်ရန်နှင့် (တရုတ်က နန်ရှာကျွန်းစုဟုခေါ်သော) စပရက်တလေကျွန်းစုအနီးတွင် ကင်းထောက်လေယာဉ်များ ပျံသန်းမှုကို အဆုံးသတ်ပေးရန် လိုအပ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန်က အဆိုပါကျွန်းများမှာ တရုတ်နိုင်ငံက ဖန်တီးနေသည့် ကျွန်းတုများဟု ပြောကြားထားသည်။

    “အမေရိကန်က တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိတယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားတွေကို လေးစားမှုရှိရမှာဖြစ်ပါတယ်” ဟု ၀မ်ယီက ထည့်သွင်းပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်နေ့က အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ် ၂ စင်းမှာ စပရက်တလေကျွန်းစု၏ အလွန်နီးကပ်သည့်နေရာမှ ပျံသန်းသွားခဲ့ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးကမူ အမေရိကန်မှာ ဒေသအတွင်း တင်းမာမှုများ မြင့်တက်စေရန် တမင်တကာ ဆောင်ရွက်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

    အမေရိကန်မှာ ထိုင်ဝမ်နှင့် ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းဝယ်ရေး သဘောတူညီမှုကို ပြီးခဲ့သည့်တစ်ပတ်က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါသဘောတူညီချက်အရ ထိုင်ဝမ်သည် စစ်ရေယာဉ်နှစ်စီးကို လက်ခံရရှိမည်ဖြစ်ပြီး မြေပြင်နှင့် အဏ္ဏ၀ါ နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် တိုက်ခိုက်ရေးယာဉ်များ၊ ဒုံးကျည်များကို ရရှိမည်ဖြစ်သည်။ အဆိုပါ လက်နက်ကိရိယာမျာမှာ ၁၉၇၀ ပြည့်နှစ်များက ထုတ်လုပ်ထားသည်များ ဖြစ်သည်။

    “အမေရိကန်က ထိုင်ဝမ်နဲ့ လက်နက်သဘောတူညီမှုဟာ အလွန် ထိလွယ်ရှလွယ်ပြီး အန္တရာယ်ကြီးတဲ့အတွက် အထူးသတိထားသင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟွမ်လီ က ပြောကြားခဲ့သည်။

    တရုတ်မှာ ထိုင်ဝမ်ကို ၎င်း၏ နယ်မြေအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပြီး တောင်တရုတ်ပင်လယ်အငြင်းပွားမှုတွင် ထိုင်ဝမ်နိုင်ငံသည်လည်း ရပိုင်ခွင့် တောင်းဆိုထားသူဖြစ်သည်။

    အမေရိကန်မှာ နယ်မြေဆိုင်ရာ အငြင်းပွားမှုတွင် တရုတ်၏ပြိုင်ဘက်များကို အားပေးထောက်ခံမှုများ ပြုလုပ်လျက်ရှိပြီး တရုတ်ကမူ အမေရိကန်မှာ တောင်တရုတ်ပင်လယ်တွင် တင်းမာမှုမြင့်တက်စေရန် ဒေသတွင်းပြဿနာများကို မီးထိုးပေးနေသည်ဟု စွပ်စွဲပြောဆိုထားသည်။

    Ref: Presstv

  • ရန်ကုန်ရောက် ကမန် ၂ဝ နေရပ်ရင်းပြန်ရန် ဆန္ဒမရှိ

    ရန်ကုန်ရောက် ကမန် ၂ဝ နေရပ်ရင်းပြန်ရန် ဆန္ဒမရှိ

    Kaman2
    ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို.နယ်သို့ရောက်ရှိနေသော ကမန်တိုင်းရင်းသားအချို.။ (ဓာတ်ပုံ- ကေဇွန်နွေး/Myanmar Now)

    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၅

    မင်္ဂလာဒုံ (Myanmar Now)  — မကြာသေးမီက ရန်ကုန်မြို့သို့ရောက်လာသော ရခိုင်ပြည်နယ်မှ ကမန်တိုင်းရင်းသားတချို့သည် နေရပ်ရင်းပြန်ရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသော်လည်း  နေရာသစ်တွင်သာ ဆက်လက်နေထိုင်ကြမည်ဟု တနင်္လာနေ့တွင် ပြောလိုက်သည်။

    ဒုက္ခသည်စခန်းမှ အသိမပေးဘဲ ထွက်ခွာလာသော ၎င်းတို့ကို နေရပ်ပြန်ရန် အာဏာပိုင်တို့က ကမန်နိုင်ငံရေးပါတီတစ်ခုမှတစ်ဆင့် ပြောကြားခဲ့သည်ဟု မင်္ဂလာဒုံမြို့နယ်၊ စိန်ရွှေကုန်းရပ်ကွက်တွင် နေထိုင်နေသူ မတင်ဇာနှင်းကပြောသည်။

    “ကျွန်မတို့ကတော့ ဖမ်းချင်ဖမ်းပလေ့စေ။ မပြန်ဘူး။ ကျွန်မတို့ကနို င်ငံသားလက်မှတ်လဲ ရှိပြီးသား။ ဖမ်းချင်တိုင်း ဖမ်းလို့တော့မရဘူးလို့ ယူဆတယ်”ဟု အသက် ၂၂ နှစ်အရွယ် မတင်ဇာနှင်းက Myanmar Now ကို ပြောသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တည်းခိုရာနေအိမ်သို့ အာဏာပိုင်တို့ရောက်လာပြီး ဧည့်စာရင်း စစ်ခဲ့သေးသည်ဟု သူက ဆက်ပြောသည်။ ရန်ကုန်သို့ ရောက်လာသူများထဲတွင် အစ္စလမ်ဘာသာဝင်၂ဝ၊ ရခိုင်ဗုဒ္ဓဘာသာဝင် ၂ ဦး ပါဝင်ကြောင်း ကမန်လူမှုကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းငွေက ရှင်းပြသည်။

    ဆေးကုသရန်၊ အလုပ်လုပ်ကိုင်ရန်၊ ရန်ကုန်ရောက် မိသားစုများနှင့် ပြန်လည်ပေါင်းစည်းရန် စသည့် ရည်ရွယ်ချက် အသီးသီး ရှိကြသော ၎င်းတို့ထဲတွင် တက္ကသိုလ်တက်ရမည့်သူတချို့လည်း ပါဝင်ကြောင်း သူက ဆက်ပြောသည်။

    “အားလုံးက မှတ်ပုံတင်ရှိပြီးသား။ အကြောင်းမရှိ အကြောင်းရှာဖမ်းရင်ဥပဒေကြောင်းအရ ကျွန်တော်တို့ရင်ဆိုင်မယ်” ဟု ဦးထွန်းငွေက ပြောသည်။

    ရန်ကုန်၊ မရမ်းကုန်းမြို့နယ်တွင်လည်း ကမန်တိုင်းရင်းသား ၂ ဦးရောက်ရှိနေကြောင်း ကမန်ပါတီတစ်ခုက ဆက်သွယ် ပြောကြားလာသဖြင့် သိရသည်ဟု မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှအရာရှိတစ်ဦးဖြစ်သော ဦးမြင့်အောင်ကို ကိုးကားပြီး ဧရာဝတီ သတင်းဌာန၏သတင်းတစ်ပုဒ်တွင် စနေနေ့က ဖော်ပြထားသည်။

    “သူတို့ နေရပ် ပြန်တာရော၊ ဘာရော အကုန်လုံးကို ပါတီက တာဝန်ယူပါမယ်လို့ကျနော်တို့ကို ပြောထားပါတယ်။ ဘယ်တော့ ပြန်မယ်ဆိုတာကိုတော့ ကျနော်တို့လည်း မသိပါဘူး”ဟု ဦးမြင့်အောင်က ဧရာဝတီကို ပြောသည်။

    ကမန်ဆိုတာ ဘယ်သူတွေလဲ
    ————————–
    ကမန်တို့သည် ရခိုင်ပြည်နယ်ရှိ  ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာမွတ်စလင်တို့နှင့် ကိုးကွယ်သည့် ဘာသာ တူညီသည်ကလွဲ၍ ကွဲပြားသည့်အခြေအနေရှိသူများ ဖြစ်သည်။

    သူတို့သည် ဗုဒ္ဓဘာသာအများစု နေထိုင်သည့် မြန်မာနိုင်ငံတွင်တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုးစုများတွင်ပါဝင်သည်။

    လွန်ခဲ့သော ခြောက်ရာစုနှစ်ကျော်က ကမန်တိုင်းရင်းသားတို့သည်အစ္စလာမ်ဘာသာသို့ပြောင်းလဲ ကိုးကွယ်ခဲ့ကြသော်လည်း ရခိုင်တို့၏ လူမှုရေးထုံးတမ်း အစဉ်အလာများကို ဆက်လက် ကျင့်သုံးနေကြသည်။ ၎င်းတို့အများစုမှာ ပြည်နယ်တွင်း ကမ်းရိုးတမ်းမြို့များဖြစ်သော သံတွဲ၊ေ ကျာက်ဖြူ၊ စစ်တွေ၊ ရမ်းဗြဲတို့တွင် နေထိုင်ကြသည်။

    ၂ဝ၁၂ ရခိုင်ပြည်နယ်တွင် ဘာသာရေးလူမျိုးရေးအခြေခံသောပဋိပက္ခများဖြစ်ပြီးနောက်ပိုင်း အစ္စလာမ်ဘာသာကိုးကွယ်မှုကိုအကြောင်းခံ၍ အာဏာပိုင်တို့၏ ခွဲခြားဆက်ဆံမှုများကို ခံနေရပြီး ၎င်းတို့၏နို င်ငံသားအခွင့်အရေးများပါ ချိုးဖောက်ခံနေရသည်။

    ကမန်တိုင်းရင်းသားခေါင်းဆောင်တို့က ၎င်းတို့နှင့် ဘာသာတူသည့်ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာတို့နှင့် မဟာမိတ်ပြုမည့်အစား သူတို့သည် ရိုဟင်ဂျာမဟုတ်ကြောင်း ကွဲပြား ထင်ရှားအောင် ကြိုးစားနေကြသည်။၂ဝ၁၅  ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့မှုသည် ၎င်းတို့၏ ကံကြမ္မာကို အကောင်းဘက်သို့ ပြန်လည်ရောက်ရှိစေမည်ဟု မျှော်လင့်နေကြသည်။

    ရခိုင်ဒေသမှ ရန်ကုန်သို့
    ————————
    မကြာသေးမီက ရခိုင်ဒေသမှ ထွက်ခွာခဲ့သူ ၂ဝ ခန့်သည် ဒုက္ခသည်စခန်းတွင် ဘဝတိုးတက်လမ်း မရှိသည့်အတွက် ရန်ကုန်သို့ ရောက်လာခြင်း ဖြစ်သည်ဟု

    ကမန်လူမှုကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းငွေက သုံးသပ်သည်။ ရမ်းဗြဲမှ ရန်ကုန်သို့ မတူညီသည့် လမ်းကြောင်းမှ ရောက်လာခြင်း ဖြစ်ကြောင်း

    မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်လျက်ရှိသော မဖြူဖြူမွန်က ပြောပြသည်။ “သံတွဲလေဆိပ်မှာရော၊ ရန်ကုန်လေဆိပ်မှာရော ဘာမှ အစစ်အဆေးလည်းမရှိခဲ့ဘူး။

    မှတ်ပုံတင် တရားဝင်ရထားတဲ့သူဆိုတော့ ဘယ်သူကမှလည်း အနှောက်အယှက်မပေးခဲ့ဘူး” ဟု မဖြူဖြူမွန်က ရှင်းပြသည်။

    သို့သော်လည်း ကိုပြည့်ဖြိုးအောင်ဟု အမည်ရသော လူငယ်တစ်ဦးကမူ ရခိုင်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် သူ၏ နိုင်ငံသား စိစစ်ရေးကတ်ကို

    မိနစ် ၂ဝ ကြာ စစ်ဆေးခံခဲ့ရသည်ဟု ပြောသည်။ ယခုအခါ ၂၄ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်လျက်ရှိပြီးေ နရာသစ်သည်  ၎င်းတို့အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်စရာလမ်းကြောင်း ဖော်ဆောင်ပေးနိုင်သည့် ဒေသ ဖြစ်မည်ဟုမျှော်လင့်လျက်ရှိသည်။

    သူ့နည်းတူ မင်္ဂလာဒုံသို့ ရောက်နေသော  ၃၉နှစ်အရွယ် မစိပ်က ၂ဝ၁၂ ခုနှစ် ရခိုင်ဒေသ ပဋိပက္ခများ ဖြစ်ပွားချိန်မှ စတင်ပြီး ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်ခဲ့ရသည်ဟု Myanmar Now ကို ပြောသည်။

    (ထက်ခေါင်လင်း၊ ဖြိုးသီဟချိုတို့ ပူးပေါင်း ရေးသားသည်)

    Myanmar Now မှ ကူးယူဖော်ပြသည်။

    မူရင်းသတင်းလင်ခ်- http://www.myanmar-now.org/my/news/i/?id=d7e3fab5-93eb-4ada-891d-f339ed89c932

    ဆက်စပ်သတင်းများ ဖတ်၇န်
    ——————————
    ရန်ကုန်ရောက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားသူ ၂၀ ကို ရခိုင်သို့ ပြန်ရန် လဝက ညွန်ကြား
    http://www.m-mediagroup.com/news/50125

    ကမန်ဒုက္ခသည်များကို နေရပ်ရင်း အတင်းပြန်ခိုင်း
    www.m-mediagroup.com/news/50190