News @ M-Media

Blog

  • လက်စတာမှာ ပရီးမီးယားလိဂ် ရနိုင်သည်ဟု ဖာဂူဆန်ပြော

    လက်စတာမှာ ပရီးမီးယားလိဂ် ရနိုင်သည်ဟု ဖာဂူဆန်ပြော

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    les

    – ယခုနှစ်တွင် ခြေစွမ်းကောင်းများ ပြသနေသည့် လက်စတာအသင်းမှာ ပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးနိုင်သည်ဟု မန်ယူဂန္တ၀င်နည်းပြ ဖာဂူဆန်က ပြောကြားလိုက်သည်။

    ရာနီရေးရီ ကိုင်တွယ်သည့် လက်စတာမှာ ပရီးမီးယားလိဂ် ၁၅ ပွဲ ကစားပြီးချိန်တွင် ဒုတိယနေရာမှ အာဆင်နယ်ကို ၂ မှတ်ဖြတ်ကာ ဇယားအား ဦးဆောင်ထားသည်။ လက်စတာတိုက်စစ်မှူး ဂျာမီဗာဒီမှာလည်း ၁၁ ပွဲဆက်တိုက် ဂိုးသွင်းစံချိန်သစ်နှင့်အတူ ပရီးမီးယားလိဂ် ဂိုးအများဆုံးစာရင်းတွင် ဦးဆောင်နေသည်။

    “လက်စတာဟာ လျင်မြန်၊ ဖြတ်လတ်ပြီး အားကောင်းမောင်းသန် အသင်းပါ။ အခုအချိန်မှာတော့ ပရီးမီးယားလိဂ်မှာ လက်စတာဟာ အကောင်းဆုံးအသင်းဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမယ့် မေးခွန်းက ဘယ်လောက်ကြာကြာခံမလဲ ဆိုတာပါပဲ။ သူတို့ရဲ့ ဒီစွမ်းဆောင်ရည်တွေဟာ ရာသီတစ်လျှောက်လုံး ရှိနိုင်မလား။ ၁၉၉၂-၉၃ ကျွန်တော်တို့ ပရီးမီးယားလိဂ်ကို ပထမဆုံး ဗိုလ်စွဲတုန်းက နော်ဝစ်ခ်ျဟာ မတ်လလောက်အထိ ဇယားကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ရဲ့အိမ်ကွင်းမှာ အနိုင်ယူပြီး လိဂ်ချန်ပီယံဖြစ်ခဲ့တယ်။ ဒါ့ကြောင့် သမိုင်းတစ်လျှောက် အသင်းငယ်လေးဖြစ်ခဲ့တဲ့ လက်စတာဟာ စိန်ခေါ်မှုတစ်ခု ရှိနေပါတယ်။ လက်ရှိအနေအထားနဲ့ ဘယ်လောက်ဝေးဝေး သွားနိုင်မလဲဆိုတာနဲ့၊ တစ်ရာသီလုံး ခံနိုင်ပါ့မလားဆိုတာပါပဲ” ဟု ဖာဂူဆန်က ယမန်နေ့က
    ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။

    ထို့ပြင်လက်စတာမှာ ဇန်န၀ါရီလတွင် လူအင်အားဖြည့်တင်းပါက ပရီးမီးယားလိဂ်ကို ရရှိနိုင်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “တကယ်လို့ ကျွန်တော်သာ သူ့(ရာနီရေးရီ) နေရာမှာဆိုရင် ဇန်န၀ါရီမှာ ရင်းနှီးမြှုပ်နှံမှု လုပ်မှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါက ကြီးမားတဲ့ အခွင့်အရေးကြီးပါပဲ။ သူတို့ ဒီလိုကစားပုံမျိုး၊ ဒီလိုဂိုးသွင်းပုံမျိုးနဲ့ဆိုရင် ပရီးမီးယားလိဂ်ကို ရနိုင်ပါတယ်”

    Ref: Goal

  • အိန္ဒိယရှိ ရေဘေးသင့်ဒေသမှ ဟိန္ဒူဘုရားကျောင်းများကို မွတ်စလင်များက သန့်ရှင်းပေး

    အိန္ဒိယရှိ ရေဘေးသင့်ဒေသမှ ဟိန္ဒူဘုရားကျောင်းများကို မွတ်စလင်များက သန့်ရှင်းပေး

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ရက်တွေက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ခဲ့တဲ့ တမီလ်နန်ဒူးပြည်နယ် မြို့တော် ချန်နိုင်းက ဟိန္ဒူဘုရားကျောင်းတွေကို မွတ်စလင်လူငယ်အဖွဲ့က သန့်ရှင်းရေးတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

    အိန္ဒိယရဲ့နာမည်ကြီး The Hindu သတင်းစာက သူတို့ရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပြီး မွတ်စလင်အဖွဲ့အစည်း “ဂျမာအသ် အီ အစ္စလာမီ ဟင်ဒ်” က အဖွဲ့ဝင် ငါးဆယ်လောက်ပါဝင်တဲ့ ဒီအုပ်စုဟာ ရေးဘေးသင့်ခဲ့တဲ့ ချန်နိုင်းက ဟိန္ဒူဘုရားကျောင်းတွေ ဗလီဝတ်ကျောင်းတော်တွေအားလုံးကို သန့်ရှင်ရေး လိုက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    “တစ်ချို့နေရာတွေမှာ ရေလွှမ်းမိုးမှုဒဏ်ကို တော်တော်လေး ခံစားခဲ့ရတာကြောင့် ဟိန္ဒူတွေဟာ ဘုရားကျောင်းမှာ ဘုရားမရှစ်ခိုးနိုင်တာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဟိန္ဒူဘုရားကျောင်းတွေ၊ ဗလီဝတ်ကျောင်းတော်တွေနဲ့ ဆိုးဆိုးဝါးဝါးပျက်ဆီးနေတဲ့ လမ်းတွေကို သန့်ရှင်းပေးခဲ့ပါတယ်။ လာမယ့်တစ်ပတ်မှာလည်း မြို့ရဲ့ အခြားနေရာတွေမှာ ဒီလို သန့်ရှင်းရေးတွေ ဆက်လုပ်သွားဖို့ ရှိပါတယ်” လို့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး “ဂျမာအသ် အီ အစ္စလာမီ ဟင်ဒ်” အဖွဲ့က ကျောင်းသားများ အဖွဲ့ခွဲရဲ့ အတွင်းရေးမှူးဖြစ်သူ ပီယာ မိုဟာမက်က ပြောကြားခဲ့ပါတယ်။

    “ဒီလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ အဲဒီကလူတွေက ကျွန်တော်တို့ကို ကူညီခဲ့ပြီး သန့်ရှင်းရေးတွေ အကုန်လုပ်ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်” လို့ သူက ပီတိတစ်ပိုင်းနဲ့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    တမီလ်နန်ဒူးက အာရ်ကော့တ်ဒေသရဲ့ အိမ်ရှေ့မင်းသား မိုဟာမက် အဘ်ဒူလ် အလီ နေထိုင်တဲ့ အိမ်ယာကြီးကိုလည်း မင်းသားက ကယ်ဆယ်ရေးပစ္စည်းတွေ ထားရှိဖြန့်ဖြူးဖို့ ပေးအပ်ခဲ့ပြီး ချန်နိုင်းပြည်သူတွေအနေနဲ့ ဇာတ်တွေ၊ လူမျိုးတွေ၊ ဘာသာတာတွေ မခွဲခြားဘဲ ရေဘေးသင့်ပြည်သူတွေကို ကူညီခဲ့ဖေးမပေးခဲ့ကြတဲ့ ချန်နိုင်းပြည်သူတွေကိုလည်း မင်းသားက ချီးကျူးခဲ့ပါတယ်။

    Ref: The Hindu

  • အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်သို့ သွားရောက်မည်

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်သို့ သွားရောက်မည်

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယ၏နိုင်ငံခြားရေးဝန်ကြီး ဆူရှ်မား ဆွာရဂ်ျသည် အာဖန်ဂန်နစ္စတန်နိုင်ငံနှင့် ပတ်သက်၍ ပြုလုပ်မည့် နိုင်ငံတကာ ညီလာခံကို တက်ရောက်ရန်အတွက် ပါကစ္စတန်သို့ သွားရောက်မည်ဟု သိရသည်။

    “ဆူရှ်မားဆွာရဂ်ျ ဦးဆောင်တဲ့ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၉ ရက်နေ့ အစ္စလာမ်မာဘက်မှာပြုလုပ်မယ့် အာဖဂန်နစ္စတန်ဆိုင်ရာ ၅ ကြိမ်မြောက် အာရှဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာပါ’ ဟု နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗွီကပ်စ်ဆွာရပ်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ဆွာရဂ်ျမှာ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဆာတက်ဂ်ျ အဇစ်နှင့် အစည်းအဝေးပြင်ပတွင် တွေ့ဆုံသွားဖွယ် ရှိနေပြီး ထိုတွေ့ဆုံမှုမှာ နှစ်နိုင်ငံတင်းမာမှုများအတွက် အဓိကတိုးတက်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ တနင်္ဂနွေနေ့ကလည်း ဘန်ကောက်တွင် အိန္ဒိယ-ပါကစ္စတန် အမျိုးသားလုံခြုံရေး အကြံပေးအဆင့် ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။

    အိန္ဒိယမှ အဂျစ် ဒိုဗဲလ်နှင့် ပါကစ္စတန်မှ နစီးရ်းခန်းတို့၏ အဆိုပါဆွေးနွေးပွဲအပြီး ထုတ်ပြန်သော ကြေငြာချက်၌ မိမိတို့မှာ ငြိမ်းချမ်းရေးအကြောင်း၊ လုံခြုံရေးအကြောင်း၊ အကြမ်းဖက်မှုများအကြောင်း၊ ဂျမ်မူးနှင့် ကရှ်မီးယားအကြောင်း၊ LoC (ထိန်းချုပ်ရေးလမ်းကြောင်း) တစ်လျှောက် တည်ငြိမ်အေးချမ်းမှုများ ရှိရေး အပါအ၀င် အခြားကိစ္စများလည်း ပါဝင်ကြောင်း ဖော်ပြခဲ့သည်။

    အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီက ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရီးဖ်နှင့် ပဲရစ်တွင်ကျင်းပခဲ့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် တွေ့ဆုံခဲ့ပြီးနောက် အမျိုးသားလုံခြုံရေး အကြံပေးအဆင့် ဆွေးနွေးမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်

    Ref: Xinhua

  • မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့ထားမှုကို အမေရိကန် ယာယီပြန်ဖွင့်ပေး

    မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့ထားမှုကို အမေရိကန် ယာယီပြန်ဖွင့်ပေး

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    yangon

    – မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသည့် ကုန်သွယ်ရေး ပိတ်ဆို့မှုများကို ယာယီဖွင့်ပေးလိုက်ပြီဟု အမေရိကန်ပြည်ထောင်စု နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာန၏ ငွေတိုက်ဌာနခွဲမှ ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ယခင် စစ်အာဏာရှင်ဟောင်းလက်ထက်တွင် ကြွယ်ဝလာခဲ့သည့် ခရိုနီများ ပိုင်ဆိုင်သော ဆိပ်ကမ်းလုပ်ငန်းများ၊ အခြားသော အခြေခံအဆောက်အဦးများနှင့် ဆက်သွယ်၍ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်မှုကို ဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယာယီဖွင့်ပေးမှုမှာ ၆ လတာ ကြာမြင့်မည် ဖြစ်သည်။

    အမေရိကန် ဘဏ်လုပ်ငန်းများက ၎င်းတို့မှာ မူယစ်လုပ်ငန်းများနှင့် ဆက်နွယ်နေသည်ဟူသော သတင်းများကြောင့် အမည်ပျက်စာရင်းသွင်းထားသည့် စတီဗင်လော၏ ကုမ္ပဏီက ဆောင်ရွက်နေသော ရန်ကုန်မြို့ အဓိကဆိပ်ကမ်းကြီးကို ဖြတ်၍ ကုန်သွယ်မှုများကို လုပ်၍မရဟု စောဒတက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်က ယခုကဲ့သို့ ပိတ်ဆို့မှုကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။

    အမေရိကန်အစိုးရ တာဝန်ရှိသူများကမူ ထိုကဲ့သို့ ပိတ်ဆို့မှုများကို ဖြေလျော့ပေးလိုက်ခြင်းက အမေရိကန်ဘဏ်များ၏ လုပ်ရကိုင်ရခက်မှုကို ရှင်းလင်းပေးလိုက်ဖြင်းဖြစ်ပြီး၊ ပိတ်ဆို့မှုအား ချိုးဖောက်မိမည်ကို စိုးရိမ်ခြင်းနှင့် မလိုအပ်သော ကုန်ကျစားရိတ်များ ဖြစ်လာမည်ကို ကြောက်ရွံ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် လုပ်ငန်း လုပ်ကိုင်ခြင်း မရှိမှုကို တားဆီးရန်အတွက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့များကမူ ထိုကဲ့သို့ ဖယ်ရှားခြင်းမှာ နောက်ပြန်ဆုတ်ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

    စစ်အာဏာရှင်လက်ထက်တွင် ပြုလုပ်ခဲ့သည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချင်အများအပြားကို ၂၀၁၂ ခုနှစ်တွင် အမေရိကန်က ဖြေလျော့ပေးခဲ့သော်လည်း စစ်အာဏာရှင်နှင့် ဆက်နွယ်နေသည့် အကြီးတန်းတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများကို အမည်ပျက်စာရင်းထဲတွင် ဆက်လက် ထည့်သွင်းထားခဲ့ကာ အမေရိကန်၏ ဘဏ္ဍာရေးစနစ်အတွင်း ပိုင်ဆိုင်မှုများမရှိရန် ဟန့်တားခြင်း၊ အမေရိကန်ကုမ္ပဏီများနှင့် အလုပ်လုပ်ကိုင်မှုအား တားမြစ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    ထိုကဲ့သို့ ပိတ်ဆို့ခြင်းခံထားရသော ကုမ္ပဏီများနှင့် စစ်တပ်ပိုင် ကုမ္ပဏီများမှာ မဖွံ့ဖြိုးသေးသည့် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် လမ်းတံတားလုပ်ငန်းများကို အဓိက ထိန်းချုပ်ထားကြသည်။

    Ref: AP

  • ဘာကာ နိုင်ပွဲရပ်တန့်သွားခဲ့ပြီး ထိပ်ဆုံးနေရာ အကြိတ်အနယ်ရှိလာတဲ့ လာလီဂါပွဲစဉ် ၁၄

    ဘာကာ နိုင်ပွဲရပ်တန့်သွားခဲ့ပြီး ထိပ်ဆုံးနေရာ အကြိတ်အနယ်ရှိလာတဲ့ လာလီဂါပွဲစဉ် ၁၄

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    laliga

    – ဒီတစ်ပတ်လာလီဂါမှာတော့ ဘာစီလိုနာက ဆွာရက်ဇ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုး ပြန်ပေးလိုက်ရတာကြောင့် နိုင်ပွဲရပ်တန့်သွားခဲ့ပါတယ်။

    နောက်ဆုံး ၅ ပွဲ ၁၆ ဂိုးအထိ သွင်းထားနိုင်တဲ့ ဘာကာတိုက်စစ်ဟာ ဗလင်စီယာရဲ့ ခံစစ်ကားပုံ ညက်ညောမှုကြောင့် ထိထိရောက်ရာက် ထိုးဖောက်နိုင်ခြင်းမရှိခဲ့ဘဲ ၅၉ မိနစ်မှာမှ ဧည့်သည်တို့ ဦးဆောင်ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၈၆ မိနစ်မှာ ဆန်တီ မီနာက ချေပဂိုး သွင်းပေးခဲ့တာကြောင့် အိမ်ရှင်တို့ အဖိုးတန် ၁ မှတ် ရရှိခဲ့ပါတယ်။

    ဘကာရဲ့ အမှတ်ဆုံးရှုံးမှုကို ရီးယဲလ်နဲ့ အက်သလက်တီကိုတို့က အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ အဝေးကွင်းမှာ နိုင်ပွဲမရသေးတဲ့ ဂီတာဖေးကို ဘာနေဗျူးမှာ ရီးယဲလ်တို့ BBC အတွဲရဲ့ ၄ ဂိုးနဲ့ နှိပ်ကွပ်ပြခဲ့ပါတယ်။ ဘန်ဇီမာက ၂ ဂိုး သွင်းခဲ့ပါတယ်။

    ဘာစီလိုနာကို တောက်လျှောက် ဖိအားလိုက်ပေးနေတဲ့ အက်သလက်တီကိုက ဂေါ့ဒင်နဲ့ ဂရီဇ်မန်းတို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၃ မှတ်ရအောင် ယူနိုLaliga 2င်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ သရေပွဲ ၅ ပွဲအထိရှိခဲ့ပြီး တန်းဆင်းဇုန်မှာတော့ အပြောင်းအလဲ သိပ်မရှိပါဘူး။
    ဒီတစ်ပတ်လာလီဂါ ပွဲစဉ် ၁၄ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ရီးယဲလ် ၄-၁ ဂီတာဖေး
    ဂရန်နာဒါ ၀-၂ အက်သလက်တီကို
    ဗလင်စီယာ ၁-၁ ဘာစီလိုနာ
    ဒီပို့တီဗို ၁-၁ ဆီးဗီးလား
    ဘက်တစ် ၁-၁ ဆဲလ်တာဗီဂို
    ဆိုစီဒက် ၂-၁ အိုက်ဘာ
    ဗီလာရီးယဲလ် ၂-၁ ဗယ်လက်ကာနို
    စပို့တင်းဂီဂျွန် ၃-၁ လက်စ်ပါးလ်မက်စ်
    ဘီဘာအို ၀-၀ မာလာဂါ
    အက်စပန်ညို ၁-၁ လီဗန်တေး