News @ M-Media

Blog

  • ပါလက်စတိုင်းတို့ ငြှင်းပမ်းနှိပ်စက်ခံရသည့် ဗီဒီယိုများကို ဆင်ဆာဖြတ်ရန် အစ္စရေးက Google၊ YouTube တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့

    ပါလက်စတိုင်းတို့ ငြှင်းပမ်းနှိပ်စက်ခံရသည့် ဗီဒီယိုများကို ဆင်ဆာဖြတ်ရန် အစ္စရေးက Google၊ YouTube တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    pla

    – အစ္စရေးလွှတ်တော်မှ အဖွဲ့ဝင်ဖြစ်ပြီး ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ တီဇီပီ ဟိုတိုဗီလီမှာ ယခုသီတင်းပတ်အတွင်း YouTube နှင့် Goolge တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကာ အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားသော ပါလက်စတိုင်း ပိုင်နက်များမှ ပါလက်စတိုင်းများ ရိုက်ကူးလွှင့်တင်သည့် ဗီဒီယိုများကို ဆင်ဆာဖြတ်ရန်ကိစ္စအတွက် ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများကို ရှာဖွေရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    အစ္စရေးနေ့စဉ်သတင်းစာဖြစ်သော Maariv က ဟိုတိုဗီလီမှာ Google နှင့် YoutTube တို့မှ တာဝန်ရှိသူများ ပါဝင်ကာ လှုံ့ဆော်သည်ဟု အစ္စရေးကသတ်မှတ်သော ပါလက်စတိုင်းတို့၏ ဖော်ပြမှုများကို “စောင့်ကြည့်၊ တားဆီးခြင်း” ပူးပေါင်းလုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့သည်။ ပါလက်စတိုင်းတို့အား အစ္စရေးက ဖိနှိပ်ချုပ်ချယ်မှု၊ ငြှင်းပမ်းနှိပ်စက်မှုများ ဗီဒီယိုမှတ်တမ်းများကို ဟိုတိုဗီလီက “တိုက်ခိုက်မှုနှင့် အကြမ်းဖက်ဝါဒ” ကို လှုံ့ဆော်သည့် အရာများဟု သမုတ်ခဲ့သည်။

    ဟီဘရူးဘာသာဖြင့် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဟိုတိုဗီလီက သူမမှာ YouTube စီအီးအို ဆူဆန် ၀ူဂ်ျစစ်ကီ၊ Google ၏ ပြည်သူ့ပေါ်လစီဒါရိုက်တာ ဂျနီဖာ အော့ဇစ်စကီးတို့နှင့် ဆီလီကွန်တောင်ကြားရှိ ဂူးလ်ဂဲလ်၏ ရုံးခန်းတွင် တွေ့ဆုံခဲ့သည်ဟု ကြေငြာခဲ့သည်။

    ထိုတွေ့ဆုံမှုအတွင်း ပါလက်စတိုင်းများ၏ ဗီဒီယိုများအား အဆိုပါကုမ္ပဏီများက စောင့်ကြည့်ရန်အတွက် လုပ်ငန်းစဉ်တစ်ခုကို သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။ ပါလက်စတိုင်းများကို အစ္စရေးက ငြှမ်းပမ်းနှိပ်စက်သည့် ဗီဒီယိုများမှာ ပါလက်စတိုင်းလူငယ်များ အုံကြွကာ ဓားဖြင့် တိုက်ခိုက်မှုများကို ဖြစ်စေသည်ဟု သူမက ဆိုသည်။

    Google ကမူ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနှင့် အပြန်အလှန် ဆက်ဆံရေးကို အားကောင်းစေရန်နှင့် လွှင့်တင်ထားသည့် ဗီဒီယိုများကို စောင့်ကြည့်ရေးနှင့် ဆင်ဆာဖြတ်ရေးတွင် နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များ ပါဝင်ကာ ဆောင်ရွက်နိုင်မည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ကို တည်ဆောက်ရန် သဘောတူညီခဲ့သည်ဟု ဟိုတိုဗီလီက ထည့်သွင်းပြောကြားခဲ့သည်။

    စက်တင်ဘာလက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ အစ္စရေးစစ်သားများနှင့် ဂျူးအခြေချနေထိုင်သူများက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းဝတ်ပြုသူများကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင်နက်များတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

    ထိုဆန္ဒပြမှုအတွင်း အစ္စရေးစစ်သားများနှင့် အရာရှိများက ပါလက်စတိုင်းများအား ဒဏ်ရာအနာတရ ဖြစ်အောင်လုပ်ကာ ရားလက်လွတ် သတ်ဖြတ်မှုများအပါအ၀င် ပါလက်စတိုင်းတို့အပေါ် အစ္စရေးက ကျူးလွန်မှုများကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုများအပြားမှာ အင်တာနက်စာမျက်နှာတွင် ပေါ်ထွက်လာခဲ့ပြီးနောက် အစ္စရေးက ယခုကဲ့သို့ ဆင်ဆာဖြတ်ရန် ကြိုးစားခြင်းဖြစ်သည်။

    အစ္စရေးက Google၊ YouTube တို့နှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်စိုးရိမ်စကာကောင်းသည့် ကိစ္စတစ်ခုဖြစ်ပြီး ဂျာနယ်လစ်များကလည်း ထိုဆောင်ရွက်မှုမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို တိုက်ရိုက် ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကာ ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြသည်။

    အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင်နက်များတွင် ၀င်ရောက်သတင်းရယူလိုသည့် နိုင်ငံခြားသတင်းထောက်များမှာ အစ္စရေးစစ်တပ်တွင် မှတ်ပုံတင်ကြရပြီး၊ ၎င်းတို့ရိုက်ကူးသမျှကိုလည်း အစ္စရေးစစ်တပ်၏ ဆင်ဆာဌာနတွင် စစ်ဆေးဖြတ်တောက်ပြီးမှ ထုတ်လွှင့်ခွင့် ရကြသည်။

    သို့သော်လည်း နည်းပညာများ တိုးတက်လာပြီး ဆိုရှယ်မီဒီယာများ ခေတ်စားလာချိန်တွင် ပါလက်စတိုင်းများနှင့် အခြားသောပြည်သူများမှာ အစ္စရေး၏ ငြှင်းပမ်းနှိပ်စက် တိုက်ခိုက်မှုများကို အရှိအတိုင်း တင်ပြခွင့်ရလာကြသည်။

    အစ္စရေးကမူ ၎င်းတို့၏ ကျူးလွန်ချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုများကို ဆင်ဆာဖြတ်ရန် နည်းလမ်းများကို ရှာဖွေနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

    Ref: IMEMC

  • မာလီအကြမ်းဖက်တိုက်ခိုက်မှု သံသယရှိသူများကို အာဏာပိုင်များ ဖမ်းဆီး

    မာလီအကြမ်းဖက်တိုက်ခိုက်မှု သံသယရှိသူများကို အာဏာပိုင်များ ဖမ်းဆီး

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    mali

    – ယခုလအစောပိုင်းက မာလီနိုင်ငံ မြို့တော် ဘာမာကိုရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုကို ၀င်ရောက်စီးနင်းကာ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူ ၂ ဦးကို ဖမ်းဆီးလိုက်သည်ဟု မာလီ လုံခြုံရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    သို့သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုကမူ တိုက်ခိုက်သူတစ်ဦး၏ မိုဘိုင်းဖုန်းများမှ ရရှိသော အချက်အလက်များကို အခြေခံကာ အဆိုပါသံသယရှိသူများကို စစ်ကြောရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။

    ၎င်းတို့ထဲမှတစ်ဦးမှာ တိုက်ခိုက်သူများနှင့် သြဂုတ်လကတည်းက အဆက်အသွယ်ရှိပြီး အခြားတစ်ဦးကမူ ဖုန်းငွေဖြည့်ပေးခဲ့သည်ဟု သိရသည်။ ဧည်သည့်ပေါင်း ၁၇၀ ခန့်ကို ဓားစာခံလုပ်ကာ စီးနင်းခဲ့သည့် ထိုတိုက်ခိုက်မှုအတွင်း နိုင်ငံခြားသား ၁၄ ဦး၊ တိုက်ခိုက်သူ ၂ ဦးတို့ အပါအ၀င် လူပေါင်း ၂၀ သေဆုံးခဲ့သည်။

    Ref: Aljazeera

  • အကူညီ ဖြတ်တောက်မည့် UNHCR အား  နီပေါတွင် ခိုလှုံနေသည့်  ဒုက္ခသည်များ ဆန္ဒပြ

    အကူညီ ဖြတ်တောက်မည့် UNHCR အား နီပေါတွင် ခိုလှုံနေသည့် ဒုက္ခသည်များ ဆန္ဒပြ

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    c22ad182677f4507afa695e088705574_18

    နီပေါနိုင်ငံ၏မြို့တော် ခသ်မန္ဒူတွင် ဒုက္ခသည်များဆိုင်ရာ ကုလအေဂျင်စီဖြစ်သော UNHCR ကို လာမည့်လမှစ၍ လစဉ် ခံစားခွင့်ရုပ်သိမ်းမည့် အဆိုအားပယ်ဖျက်ရေး အတွက် ဖိအားပေးနိုင်ရန် လူပေါင်း ၁၀၀ ကျော်မှ ထိုင်သပိတ်ကို စုရုံးဆင်နွှဲနေကြသည်။

    UNHCR ရုံးဝင်ပေါက်ရှေ့ ဆင်ဝင်အမိုးကြီးအောက်တွင် လွန်ခဲ့သည့် သုံးပတ်မှစပြီး မြို့ပြနေဒုက္ခသည်ပေါင်း ၁၀၀ ကျော် စုရုံးရောက်ရှိ ဆန္ဒပြကြခြင်းဖြစ်သည်။ ခသ်မန္ဒူမြို့သည် ဆန္ဒပြမှု မရှိသလောက် နည်းပါးသည့်မြို့ဖြစ်သည်။ မြို့ပြနေဒုက္ခသည်များသည် ဒုက္ခသည်စခန်းနေသူများကဲ့သို့မဟုတ်ဘဲ ဆင်ခြေဖုံးဒေသများ၌ ခိုလှုံခွင့်ကြိုးပမ်းမှုနှင့်တစ်ကွ ကိုယ်ပိုင် အခန်းများဖြင့် နေထိုင်နေကြသည်။ ထိုဒုက္ခသည်များ အတွင်း ပါကစ္စတန်မှ ထွက်ပြေးလာကြသည့် အဟ်မဒီယာများ၊ သီရိလင်္ကာ၊ မြန်မာ စသည်ဖြင့် ပါဝင်ကြသည်။ ၎င်းတို့အားလုံးမှာ စစ်ဘေး၊ မျိုးနွယ်ရှင်းလင်းရေး၊ နိုင်ငံရေးနှင့်ဘာသာရေးအရ ဖိနှိပ်မှုမှ အလွတ် ရုန်းရှောင်ပြေးလာကြသူများဖြစ်သည်။ UNHCR အရ နီပေါတွင် ဒုက္ခသည်ဦးရေမှာ ၄၈၇ ဦးအထိ ရောက်ရှိနေပြီး အများဆုံးမှာ အဟ်မဒီယာ(ပါကစ္စတန်) ၂၅၄ ဦး၊ ဒုတိယမှာ ရိုဟင်ဂျာ(မြန်မာ) ၁၀၀ ဦးဖြစ်ကြောင်း သိရသည်။

    “UNHCR ထောက်ပံ့မှုမပေးတော့ဘူးဆိုရင် ကျွန်တော်တို့က မိမိရဲ့မိသားစုကို ဘယ်လိုကျွေးမွေးရတော့မလဲ။ ဆီးရီးယားနဲ့ အနီးဝန်ကျင်နိုင်ငံက လူတွေ ကျည်ဆံတွေကြား အသက်ငင်နေတြတယ်။ ကျွန်တော်တို့ရော ငတ်မွတ်မှုနဲ့ သေကြရမှာလား ခင်ဗျာ။ ပိတ်သည်ဖြစ်စေ ဖွင့်သည်ဖြစ်စေ ကျွန်တော်တို့အဖို့ ကုလသမဂ္ဂဆိုတဲ့ တံခါးတစ်ပေါက်တည်းသာ ရှိနေပါတယ်” ဟု ၂၀၁၂ အရေးအခင်းနောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ အသက် ၂၃ အရွယ်ရှိ ရိုဟင်ဂျာလူမျိုး ဟတ်စာန်ဟတ်စာန်က အလ်ဂျဇီးရားသို့ ပြောကြားသည်။ ထိုသူသည် လက်ရှိဆန္ဒပြမှုအား ဦးဆောင်သူဖြစ်သည်။

    လွန်ခဲ့သည့်အင်္ဂါနေ့က ဆန္ဒပြမှုရှင်းလင်းရန် ရဲတပ်ဖွဲ့ဝင်များက သီရိလင်္ကာသာား စစ်ပြေးဒုက္ခသည်နှစ်ဦးကို ရိုက်နှက်ခဲ့ကြသည်။

    နီပေါသည် ၁၉၅၁ ကုလပဋိညာဉ်အား လက်မှတ်ထိုးထားခြင်းမရှိသဖြင့် ၎င်းတို့ကို ဒုက္ခသည်များအဖြစ် အသိအမှတ်မပြုချေ။ အနောက်နိုင်ငံများသို့ ခိုလှုံခွင့်နှင့် အခြေချနိုင်ခွင့်အတွက် ကြိုးစားနေသောထိုသူများကို တရားမ၀င်ရွှေ့ပြောင်းသူများအဖြစ် သတ်မှတ်ပြီး နေ့စဉ် ဒဏ်ငွေ ၆ ဒေါ်လာ ဆောင်စေလျက်ရှိသည်။

    ပြီးခဲ့သောဒီဇင်ဘာလက လစဉ်ထောက်ပံ့ငွေ ဒေါ်လာ ၅၀ အနက် ၂၅ ရာခိုင်နှုန်းကို လျှော့ချရန် ဆုံးဖြတ်ခဲ့ပြီး၊ လာမည့်နှစ်ကစတင်၍ ရောဂါသည်၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးငယ်များမှအပ  ဒုက္ခသည်များအားပေး အပ်ထားသည့်ခံစားခွင့်ကို ရပ်တန့်တော့မည်ဟု UNHCR မှ ဆိုသည်။

    ယခုနှစ်အစောပိုင်း အင်အားကြီးငလျင်နှင့် နယ်စပ်အရှုပ်အထွေးများကြောင့် နှစ်လတာ လမ်းကြောင်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာ နေ့စဉ်သုံး ပစ္စည်းများပြတ်လပ်ခြင်း၊ ဈေးနှုန်းအဆမတန်ကြီးမြင့်ခြင်းတို့ ကြုံတွေ့နေရသည်ဟု ဟတ်စာန်က ပြောပြသည်။

    ခသ်မန္ဒူဆန္ဒပြမှုသည် နိုင်ငံအရှေ့တောင်ပိုင်းလွင်ပြင်ရှိ အရေးအခင်းနှင့် တိုက်ဆိုင်နေသည်။ ထိုအရေးအခင်း၌ ရဲတပ်ဖွဲ့ဝင်တို့၏ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူအနည်းဆုံးသုံးဦး သေဆုံးခဲ့သည်။ ၎င်းက လွတ်လပ်သော နယ်နမိတ် ပြန်လည်သတ်မှတ်ရန်နှင့် နိုင်ငံအတွက် ထိရောက်သောကိုယ်စားပြုခွင့်ရရန် အိန္ဒိယနယ်စပ် တစ်လျှောက်နေထိုင်နေကြသူတို့အကြား အမျက်ထွက်စေလျက်ရှိသည်။

    ပြည်သူအများပါဝင်သော ပထမဆုံးဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲနိုင်ရေးအတွက် ပါတီအများစုမှ မီးစိမ်းပြခဲ့သည့်နောက်ပိုင်း အဓိကရုဏ်းများမှာ သြဂုတ်လမှစတင်ဖြစ်လာခဲ့သည်။ ထိုအဓိကရုဏ်းများအတွင်း နီပေါလူမျိုးရဲတပ်သား ကိုးဦးနှင့် အိန္ဒိယလူမျိုးအပါအ၀င် ပြည်သူ ၅၀ ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီးဖြစ်သည်။

    Ref : Al Jazeera

  • ရူနီကို မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ပြင်းပြင်းထန်ထန် ဝေဖန်

    ရူနီကို မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ပြင်းပြင်းထန်ထန် ဝေဖန်

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    rooney

    – အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရသည့် မန်ယူတိုက်စစ်မှူး ရူနီမှာ ခေါင်းဆောင်မှုစွမ်းရည်မရှိဟု အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ရှုတ်ချလိုက်ပြီး WWE နပန်းပွဲတွင် နပန်းသမားအား ပါးရိုက်ခဲ့သည့်အတွက်လည်း ဝေဖန်လိုက်သည်။

    ယနေ့မနက်တွင် ပီအက်စ်ဗီအသင်းအား ဂိုးမရှိသရေ ကျခဲ့ပြီးနောက် ဗန်ဂါးလ်၏မန်ယူမှာ အုပ်စုအဆင့်မှ တက်ရေးအတွက် မသေချာတော့ပေ။ ရူနီမှာလည်း ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ မန်ယူအတွက် နောက်ဆုံးကစားခဲ့သည့် ၁၀ ပွဲတွင် ၂ ဂိုးသာ သွင်းယူထားနိုင်သည်။

    “၀ိန်းဟာ စိတ်တည်ငြိမ်မှုမရှိသလို၊ ခေါင်းဆောင်မှု အရည်အချင်းလည်း မရှိပါဘူး။ ဒါပေမယ့် သူတစ်ယောက်တည်း အပြစ်ရှိတာတော့ မဟုတ်ပါဘူး။ အိုးထရက်ဖို့ဒ်မှာ ၀ိန်းရဲ့ သမိုင်းကိုကြည့်ရင်တော့ မယုံနိုင်စရာပါပဲ။ ဂိုးသွင်းနှုန်းကလည်း သိပ်ကောင်းပါတယ်။ ဒါပေမယ့် အခုတော့ သူက အသင်းခေါင်းဆောင်ဖြစ်နေပြီး တာဝန်ခံနိုင်မှု ပိုရှိရပါမယ်။ ပြီးတော့ သူဟာ တော်တော်လေး ပိုလုပ်ရမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ကိန်းက ပြောကြားခဲ့သည်။

    ထို့ပြင် နပန်းသမားတစ်ဦးအား ပါးရိုက်မှုနှင့် ပတ်သက်၍လည်း ရွိုင်ကိန်းက “ကွင်းပြင်ပမှာ ဘာတွေလုပ်လဲ ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် ကစားသမားအချို့ကိုလောက်ပဲ မေးခွန်းထုတ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က သူ (ရူနီ) ဟာ နပန်းသမားတစ်ယောက်ပို ပါးရိုက်လိုက်တယ်။ ‘ဘာ့ကြောင့် သူ ဒီလို အဓိပ္ပါယ်မရှိတဲ့အလုပ်တွေလုပ်လဲ’ ဆိုပြီး ကျွန်တော် စဉ်းစားပါတယ်။ သူ့အတွက် ဘာမှ အကျိုးမရှိဘူးလေ” ဟု ဝေဖန်ပြောကြားခဲ့သည်။

    Ref: Goal

  • အမေရိကန်သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားသူ ဒေါ်နယ်ထရမ့် မသန်းစွမ်းသူတစ်ဦးကို ပြောင်လှောင် ပြက်ရယ်ပြုပြန်

    အမေရိကန်သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားသူ ဒေါ်နယ်ထရမ့် မသန်းစွမ်းသူတစ်ဦးကို ပြောင်လှောင် ပြက်ရယ်ပြုပြန်

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ရှိ မက္ကဆီကန်များ၊ အာဖရိကန်-အမေရိကန်များအား လူမျိုးရေး ခွဲခြားစော်ကားမှုများ ပြုလုပ်သောကြောင့် မကောင်းသတင်းဖြင့် ကျော်ဇောကာ ရီပက်ဘလစ်ကန်မှ သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသူ ဒေါ်နယ် ထရမ့်မှာ နယူးယောက်တိုင်းမ်စ် သတင်းဌာနမှ သတင်းထောက်တစ်ဦးအား ၎င်း၏ မသန်စွမ်းမှုကို ပြက်ရယ်ပြုခဲ့သောကြောင့် ဝေဖန်မှုများကို ပြင်းပြင်းထန်ထန် ခံနေရသည်ဟု သိရသည်။

    အင်္ဂါနေ့ညပိုင်းက ၎င်းအား ထောက်ခံသူများကို ပြောကြားသည့် မိန့်ခွန်းတွင် ထရမ့်က ၎င်း၏လက်များဖြင့် မသန်စွမ်းသူတစ်ယောက်ပုံစံ ဖန်တီးကာ နယူးယောက်တိုင်းမ်စ် သတင်းစာမှ သတင်းထောက် ဆာဂျီ ကိုဗာလက်စကီ၏ မသန်စွမ်းမှုကို လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။

    ကိုဗာလက်စကီမှာ မွေးရာပါ မသန်စွမ်းရောဂါကို ခံစားနေရသူဖြစ်ပြီး နယူးဂျာစီရှိ မွတ်စလင်များမှာ ၉/၁၁ တိုက်ခိုက်မှုအတွက် အောင်ပွဲခံခဲ့ကြသည်ဆိုသော ထရမ့်၏ စွပ်စွဲမှုကို မဟုတ်မှန်ကြောင်း ပြန်လည်ချေပခဲ့သူ ဖြစ်သည်။

    ၂၀၀၁ ခုနှစ်က ကိုဗာလက်စကီမှာ ၀ါရှန်တန်ပို့စ်သတင်းစာ၏ သတင်းထောက်တစ်ဦးဖြစ်ပြီး ထရမ့်၏ ထိုပြောကြားမှုအား သတင်းရေးသားခဲ့သူများမှ တစ်ဦးလည်း ဖြစ်သည်။ အဆိုပါ သတင်းဖော်ပြချက်တွင် ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီး ပြိုကျခဲ့ပြီးနောက် ထိုတိုက်ခိုက်မှုကို အောင်ပွဲခံခဲ့ကြသည့် နယူးဂျာစီမှ လူများကို ဖမ်းဆီး စစ်ဆေးခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ထိုအကြောင်းကို ထရမ့်က ပြီးခဲ့သည့်တစ်ပတ်တွင် ထပ်မံပြောကြားခဲ့သည်။ ၂၀၀၁ ခုနှစ်က ထိုသတင်းဖော်ပြမှုနှင့် ပတ်သက်၍ CNN က ကိုဗာလက်စကီကို မေးမြန်းရာ မိမိအနေဖြင့် ထိုကဲ့သို့ မည်သူက ပြောကြားသည်ကို မမှတ်မိတော့ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့ကြောင့် တောင်ကယ်ရိုလိုင်းနားတွင် ပြောကြားခဲ့သောမိန့်ခွန်း၌ ထရမ့်က ကိုဗာလက်စကီ၏ ထိုငြင်းဆိုမှုကို ရည်ညွှန်း၍  လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။

    နယူးယောက်တိုမ်းစ်သတင်စာကမူ ၎င်းတို့၏ သတင်းထောက်အား ထိုကဲ့သို့ လှောင်ပြောင်ကဲ့ရဲမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ထို့ပြင် ဆိုရှယ်မီဒီယာများတွင်လည်း ထရမ့်အား ဝေဖန်ပြောဆိုမှုများ မြင့်တက်လာခဲ့သည်။

    လာမည့် ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်လာမည်ဟု ရေးပန်းစားနေသည့် ထရမ့်မှာ ယခင်ကလည်း လူမျိုးရေးခွဲခြားစော်ကားမှုများ ပြုလုပ်ခဲ့ပြီး မက္ကဆီကန်များကို မူးယစ်ရာဇာများ၊ မုဒိမ်းကောင်များဟု သိမ်းကျုံးပြောဆိုခဲ့သည်။ ထို့ပြင် ၎င်း၏ မိန့်ခွန်းတစ်ခု၌ အာဖရိကန်-အမေရိကန်များကိုလည်း မျောက်ဖြင့်နှိုင်းကာ စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

    Ref: The Guardian