နိုဝင်ဘာ ၂၇၊ ၂၀၁၅
M-Media
– ၂၀၁၃ ခုနှစ်က ဆာဘားပြည်နယ်သို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် လက်နက်ကိုင်များထဲမှ တစ်ဦး၏ သမီးဖြစ်သူနှင့် တွဲရိုက်ထားသော ပုံတစ်ပုံမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံခဲ့ပြီးနောက်ပိုင်း မလေးရှားအတိုက်အခံ ခေါင်းဆောင်ဟောင်း အန်န၀ါရ် အီဗရာဟင်မ်၏ သမီးဖြစ်သူကို ယနေ့တွင် မလေးရှား အာဏာပိုင်များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
နူရူလ် အစ်ဇာဟ် အန်ဝါရ်ဖြစ်ပြီး ထိုဓာတ်ပုံကြောင့် နိုင်ငံတော်သစ္စာဖောက်မှုနှင့် စွပ်စွဲခံထားရကာ၊ ၎င်းတို့၏ တွေ့ဆုံမှုအတွက်လည်း ပြည်သူများက ဝေဖန်မှုများ ရှိနေသည်။
အတိုက်အခံ PKR ပါတီ၏ ဒုတိယဥက္ကဌဖြစ်ပြီး လက်ရှိလွှတ်တော်အမတ်လည်းဖြစ်သူ အစ်ဇာဟ်က ထိုဓာတ်ပုံမှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ အခမ်းအနားတစ်ခုတွင် တွေ့ဆုံမှုဖြစ်ပြီး သူမက တွေ့ဆုံရမည့် ဧည့်သည်များစာရင်းကို စွက်ဖက်ပိုင်ခွင့်မရှိခဲ့ဟု ပြန်လည် တုန့်ပြန် ပြောဆိုခဲ့သည်။
သူမမှာ မလေးရှားရဲတပ်ဖွဲ့ဌာနချုပ်တွင် ၂ နာရီကြာ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရပြီး အဘယ့်ကြောင့် ထိုကဲ့သို့ စစ်ဆေးခံခဲ့ရသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ သို့သော်လည်း သူမကမူ ရဲတပ်ဖွဲ့ထံ တိုင်ကြားမှု၏ ၉၀ ရာခိုင်နှုန်းမှာ ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့ခဲ့သည့် ဓာတ်ပုံကြောင့်ဟု ပြောကြားခဲ့သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.