Blog
-
မြောက်ကိုရီးယားက ခြိမ်းခြောက်သော်လည်း တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည်
နိုဝင်ဘာ ၂၃၊ ၂၀၁၅M-Media– တောင်ကိုရီးယားသည် တနင်္လာနေ့တွင် မြောက်ကိုရီးယားနှင့်အငြင်းပွားနေသော ပင်လယ်ရေကြောင်းနယ်နိမိတ်တွင် စစ်ရေးလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြော င်း ထုတ်ဖော်ပြောကြားလိုက်သည်။ မြောက်ကိုရီုးုယားက အကယ်၍ လူလေးဦးသေဆုံးစေခဲ့သော ၂၀၁၀ ဆိုးလ်မြို့ ဗုံးဖောက်ခွဲမှုနှစ်ပတ်လည်နေ့၌ ၎င်း၏ရေပိုင်နက်တွင် ပစ်ခတ်လေ့ကျင့်မှုများပြုလုပ်ပါက အညှအတာမဲ့ လက်တုန့်ပြန်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုထားသည်။ လွန်ခဲ့သော ငါးနှစ်ခန့်က မြောက်ကိုရီးယားသည် တောင်ကိုရီးယား၏ ယွမ်ပြုံးကျွန်းကို အမြောက်ဖြင့်ထုခဲ့သည်။ ၎င်းကျွန်း၏ တည်နေရာမှာ မြောက်ကိုးရီးယား အနောက်ဘက်ကမ်းရိုးတန်းရှိ မြောက်ပိုင်း ကန့်သတ်မျဉ်း၏တောင်ဘက်တွင် ဖြစ်သည်။ ဤသည်မှာ ၁၉၅၀-၅၃ ကိုးရီးယားစစ်ပွဲအပြီး မြောက်ကိုးရီးယား၏ တောင်ကိုးရီးယားမြေပေါ် ဦးဆုံးတိုက်ခိုက်မှုဖြစ်သည်။ မြောက်ကိုးရီးယားကမူ ၎င်း၏ရေပြင်နယ်နမိတ်များပေါ်သို့ တောင်ကိုးရီးယား စစ်ရေးလေ့ကျင့်များမှုများမှ ကျည်ဆံခွံများ ကျရောက်ခြင်းသည် ရန်စခြင်းသာဖြစ်သည်ဟု ပြောဆိုလိုက်သည်။တောင်ကိုးရီးယား၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆော့က မြောက်ကိုးရီးယားတပ်ဖွဲ့များကပြောသလို ထူးခြားဆောင်ရွက်မှုများမရှိကြော င်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ကင်မ်က ‘ပစ်ခတ်လေ့ကျင့်မှုများသည် ပုံမှန်လေ့ကျင့်မှုများသာဖြစ်ပြီး အကယ်၍ မြောက်ကိုးရီးယားသည် ရန်လိုသည့်အပြုအမှုများ ပြုလုပ်လာပါက ကျွန်ုပ်တို့သည် စစ်ဆင်ရေးများပြုလုပ်ပြီး ပြင်းထန်စွာ တုန့်ပြန်သွားမည်’ ဖြစ်ကြောင်း အသိပေးပြောကြားလိုက်သည်။ တနင်္ဂနွေနေ့တွင် မြောက်ကိုးရီးယားစစ်တပ်သည် တောင်ကိုးရီးယားအား ၎င်းပိုင်ရေပြင်ကိုဖြတ်၍ ပစ်ခတ်လေ့ကျင့်မှုများပြုလုပ်ခဲ့ပါက ကျွန်းငါးကျွန်းပေါ်တွင် မြောက်ကိုရီးယား၏ အနောက်တောင်ရှေ့တန်းတပ်ဖွဲ့များ ၏ အညှာအတာမဲ့ လက်တုံ့ပြန်ခြင်းကို ကြုံရမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ယွမ်ပြုံးအပါအ၀င် ကျွန်းငါးကျွန်းသည် အငြင်းပွားလျက်ရှိသော နယ်နိမိတ်နှင့် ကပ်လျက်တည်ရှိသည်။ သောကြာနေ့က ပြိုင်ဘက်များဖြစ်ကြသော ကိုးရီးယားနှစ်နိုင်ငံမှာ နိုဝင်ဘာ ၂၆ ရက်တွင် တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှုရရှိခဲ့သည်။ ယင်းတွေ့ဆုံမှုမှာ သြဂုတ်လတွင် လက်နက်အသုံးပြုခဲ့သည့် တင်းမာမှုများ ဖြစ်ပွားပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်အောင်ဆောင်ရွက်ရန် ကတိပြုခဲ့ပြီးကတည်းက နှစ်နိုင်ငံတင်းမာမှုများ လျှော့ချရေးကို အလေးပေးဆွေးနွေးမည့် ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် တွေ့ဆုံမှုတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ -
ယခုနှစ် အွမ္မရာဟ်အတွက် ပထမဆုံးအသုတ် ဆော်ဒီသို့ ရောက်ရှိ
နိုဝင်ဘာ ၂၃၊ ၂၀၁၅
M-Media– ယခုနှစ် အွမ္မရာဟ် ဘုရားဖူးရာသီအတွက် ပထမဆုံးအုပ်စုမှာ မလေးရှားနိုင်ငံမှ မဒီနာရှိ မင်းသား မိုဟာမက် ဘင် အဘ်ဒူလ်အဇစ်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်ဟု ဆော်ဒီ ဟဂ်ျရေးရာဝန်ကြီး ဘန်ဒါ ဟဂ်ျဂျာရ်က ပြောကြားလိုက်သည်။
အွမ္မရာဟ်ပြုရန် လာရောက်ကြသူများအတွက် နည်းပညာပိုင်းမှအစ အစစအရာရာ အဆင်ပြေအောင် ဆောင်ရွက်ထားပြီး၊ ၀န်ဆောင်မှုများကိုလည်း လုံလုံလောက်လောက် စီစဉ်ထားသည်ဟု ဟဂ်ျဂျာရ်က ထည့်သွင်း ပြောကြားခဲ့သည်။
ယခုနှစ် အွမ္မရာဟ်ရာသီမှာ ယခုလမှစတင်ကာ လာမည့်နှစ် ဇူလိုင်လတွင် ကုန်ဆုံးမည်ဖြစ်သည်။ ဆော်ဒီကမူ ယခုနှစ်အတွက် အွမ္မရာဟ်အစီအစဉ်ကို ပြည့်စုံကောင်းမွန်အောင် အစီအစဉ်စွဲထားပြီး အွမ္မရာလာရောက်နိုင်မည့် အရေအတွက်ကိုလည်း တိုးမြှင့်ပေးထားသည်။ ပြီးခဲ့သည့်နှစ် အွမ္မရာဟ် ရာသီတွင် ကမ္ဘာတစ်ဝှမ်းမှ ဘုရားဖူးခရီးသည် စုစုပေါင်း ၆ သန်းခန့် လာရောက်ခဲ့ကြသည်။
လက်ရှိအချိန်တွင် ဆော်ဒီ၏ ဟဂ်ျနှင့် အွမ္မရာဟ် ခရီးစဉ်အတွက် နိုင်ငံပေါင်း ၈၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၁ ခု အေးဂျင့်ပေါင်း ၃၅၀၀ ခန့်ဖြင့် ၀န်ဆောင်မှုများ ပြုလုပ်ပေးနေသည်။
Ref: Arabnews
-
မမလ ဌာနချုပ်မှ ကြီးမှူးတဲ့ (၁၉)ကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲ (ဓါတ်ပုံသတင်း)
မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး)အဖွဲ့ မမလ ဌာနချုပ်မှ ကြီးမှူး ကျင်းပသော (၁၉)ကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။၎ လ တကြိမ် ပုံမှန်ပြုလုပ်တဲ့ ၄င်းသွေးလှူပွဲဒါန်းမှုတွင် လူမျိုး/ဘာသာပေါင်းစုံမှ သွေးအလှူရှင်များ ပါဝင်လှူဒါန်းကြတယ်လို့ သိရှိရပါတယ်။ဓါတ်ပုံ- မ.မ.လ ဌာနချူပ် -
ကာကွယ်ရေး၊ ကုန်သွယ်ရေးတို့တွင် မလေးရှားနှင့် အိန္ဒိယတို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
ဝင်ဘာ ၂၃၊ ၂၀၁၅
M-Media– အိန္ဒိယသမ္မတ မိုဒီနှင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ်တို့မှာ ယနေ့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှု၌ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲစေရန်အတွက် ကတိပြုခဲ့ကြသည်ဟု သိရသည်။
ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုအတွင်း ၎င်းတို့နှစ်ဦးမှာ ရေကြောင်းလုံးခြုံရေး တိုးမြှင့်မှုနှင့် သဘာဝ ဘေးအန္တရာယ် တုန့်ပြန်ဆောင်ရွက်မှုတို့ အပါအ၀င် နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန် ဆွေးနွေးခဲ့ကြသည်။
မိုဒီကမူ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုကို အဆင့်မြှင့်တင်ရန်၊ လေ့ကျင့်ရေးနှင့် ကာကွယ်ရေး လက်နက်ကိရိယာများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းစေရန်အတွက် SU-30 ဖိုရမ်ကို ကျင်းပရန် သဘောတူညီခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် မလေးရှားနှင့် အိန္ဒိယတို့မှာ ဆိုက်ဘာလုံခြုံရေးတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးတွင်လည်း မိမိတို့နှစ်နိုင်ငံမှာ သိသိသာသာ တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်နှင့် အိန္ဒိယ-အာဆီယံ သဘောတူညီချက်တို့ကို အပြည့်အ၀ အသုံးချနိုင်ရန် ရည်ရွယ်ထားကြောင်း မိုဒီက ထည့်သွင်းပြောကြားခဲ့သည်။
Ref: Channelnewsasia
-
ဘတ်စကက်ဘော လက်ရွေးစင်ဟောင်း အဂျစ်ဘိုင်(ခ) ဦးခင်မောင် ကွယ်လွန်
နိုဝင်ဘာ ၂၃၊ ၂၀၁၅
M-Media
သတင်း-သီဟ
မြန်မာလက်ရွေးစင် ဘတ်စကက်ဘော လက်ရွေးစင်ဟောင်း အဂျစ်ဘိုင်(ခ) ဦးခင်မောင် အသက် (၇၀) နှစ် ဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ မန္တလေးမြို့မှာ ကွယ်လွန်သွားကြောင်း နှင့် ယင်းနေ့၌ပင် မန္တလေး အေးရိပ်ငြိမ် မွတ်စလင်မ် သုသာန် ဥယျာဉ်တော်တွင် မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ကြောင်း သိရပါတယ်။အဂျစ်ဘိုင်(ခ) ဦးခင်မောင် ကို ၁၉၄၅ ခုနှစ်မှာ မန္တလေးမြို့၌ ဦးဂျမီးလ်၊ ဒေါ်မြင့်တို့မှ မွေးဖွားခဲ့ပါတယ်။ မွေးချင်းလေးယောက် ရှိသည့် အနက်အကြီးသားဖြစ်ပြိး မန္တလေးမြို့ အ.ထ.က (၁) မှာ တက္ကသိုလ် ဝင်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။
ဘတ်စကက်ဘော ကစားရာတွင် ထူးချွန်၍ လက်ရွေးစင်ဖြစ်လာပြီး ၁၉၆၆ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ငါးကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
၁၉၆၇ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ကျင်းပခဲ့တဲ့ လေးကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ တတိယ ဆုရရှိခဲ့ပါတယ်။
၁၉၇၀ တွင် တရုတ်ပြည်သို့ ချစ်ကြည်ရေးပွဲ သွားရောက်ကစားခဲ့ပါတယ်။
မန္တလေးတိုင်း ဘတ်စကက်ဘောနည်းပြ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို အမှတ်(၄) အ.ထ.က ကျောင်းတွင်လည်း နည်းပြဆရာအဖြစ် တာဝန်ယူခဲ့ပါတယ်။
ကိုးကား- မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း