နိုဝင်ဘာ ၂၄၊ ၂၀၁၅
M-Media
– ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိ့က္ခများနှင့် စပ်လျဉ်း၍ အမေရိကန်၏ ပေါ်လစီများက တတိယ ကမ္ဘာစစ်အား ဦးတည်သွားစေနိုင်သည်ဟု အမေရိကန်နိုင်ငံရေး လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားလိုက်သည်။
“ယူကရိန်းတပ်ဖွဲ့များ၏ ရုရှားအပေါ် တိုက်ခိုက်မှုများကို လေ့ကျင့်မှုများပြုလုပ်ပေးရန် ပန်တဂွန်စစ်ဌာနချုပ်က ဒေါ်လာ သန်း၂၅၀ ထောက်ပံ့သုံးစွဲခဲ့သည်ဆိုသော အမေရိကန်အစိုးရ၏ အခန်းကဏ္ဍကို ကြားလိုက်ရတာ တော်တော်လေး စိတ်သောကရောက်ရပါတယ်” ဟု တင်မ်ကင်က ပရက်စ်တီဗွီကို အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်သည် ရုရှားကို စစ်ဆင်နွှဲရန်နှင့် တတိယကမ္ဘာစစ်ဖြစ်စေရန် လုပ်ဆောင်နိုင်သမျှ အကုန်လုပ်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ကင်မ်သည် ကမ္ဘာလုံးဆိုင်ရာသတင်းစင်တာကို တည်ထောင်သူ ဖြစ်သည်။
မကြာသေးမီ ရက်သတ္တပတ်များက ယူကရိန်းအရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သော ယူကရိန်းစစ်တပ်နှင့် ရုရှားထောက်ခံသူတပ်ဖွဲ့များကြား တိုက်ခိုက်မှုများ တိုးမြှင့်လြာ ပီးနောက် ပင်တဂွန်က သင်တန်းပေးလေ့ကျင့်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ဂျက်ဖ်ဒေးဗစ်က ၂၀၁၄ ခုနှစ်တွင် ၀ါရှင်တန်မှာ ယူကရိန်းတပ်ဖွဲ့များကို လက်နက်တပ်ဆင်ထားသည့် ဘက်စုံသုံးစစ်ကားများ၊ ရေဒါသုံးစက်သေနတ်များ၊ ညကြည့်မျက်မှန်များ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ ထောက်ပံ့ရန် ဒေါ်လာ ၂၆၅ သန်း သုံးစွဲခဲ့သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်သည် ယူကရိန်းအစိုးရကို ထောက်ပံ့မှုများ ထပ်ခါထပ်ခါ ကူညီခဲ့ပြီးဖြစ်သော် လည်း ရုရှားနှင့် စစ်ဘက်ဆိုင်ရာ ထိပ်တိုက်မတွေ့ဆုံ မိစေရန် အထူးသတိထားလျက်ရှိသည်။
Ref : PressTV
Leave a Reply
You must be logged in to post a comment.