News @ M-Media

Blog

  • ပါလက်စတိုင်းများ၏ နေအိမ်များကို အစ္စရေး ဖြိုချဖျက်ဆီး

    ပါလက်စတိုင်းများ၏ နေအိမ်များကို အစ္စရေး ဖြိုချဖျက်ဆီး

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    pla

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းတို့၏ နေအိမ်နှစ်လုံးကို အစ္စရေးစစ်တပ်က ယမန်နေ့ နှောင်းပိုင်းတွင် ဖြိုချဖျက်ဆီးခဲ့သည်ဟု သိရသည်။

    အိမ်တစ်လုံးမှာ နဘ်လုစ်မြို့ရှိ ပါလက်စတိုင်းမိသားစု ၃ ဦးပိုင် အိမ်ဖြစ်ပြီး ၎င်းတို့မှာ ပြီးခဲ့သည့်လက အစ္စရေး စုံတွဲကို သတ်ဖြတ်သည်ဟု စွပ်စွဲခံခဲ့ရသည်။ အခြားတစ်လုံးမှာမူ ရာမာလာ အရှေ့မြောက်ဖက် စီလ်ဝဒ်ရှိ အိမ်တစ်လုံးဖြစ်ပြီး ဇွန်လက အစ္စရေးတစ်ဦးအား သတ်ဖြတ်သည်ဟု စွပ်စွဲခံရသူ၏ အိမ်ဖြစ်သည်။

    ထိုကဲ့သို့ အိမ်များ ဖြိုချဖျက်ဆီးခြင်းကြောင့် ပါလက်စတိုင်းများနှင့် အစ္စရေးစစ်တပ်အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်း ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆေးဘက်ဆိုင်ရာ ရင်းမြစ်များက ပြောကြားခဲ့သည်။

    အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပိုင်နက်များရှိ တရားမ၀င် အခြေချအိမ်ယာများတွင် နေုထိုင်သည့် ဂျူးများမှာ ပါလက်စတိုင်းများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို မကြာခဏ ဖျက်ဆီးလေ့ရှိပြီး ပါလက်စတိုင်းများအကြား တင်းမာမှုများ မြင့်တက်လာကာ တရားမ၀င်အိမ်ယာများရှိ ဂျူးများကို တိုက်ခိုက်မှုများ ပြုလုပ်ကြသည်။ ထိုအချိန်တွင် အစ္စရေးစစ်တပ်က ပါလက်စတိုင်းများ၏ အိမ်ကို ဖြိုချဖျက်ဆီးလေ့ ရှိသည်။

    Ref: PressTV

  • တောင်ကိုရီးယားပြည်သူများ အစိုးရကို ဆန့်ကျင်ဆန္ဒပြ

    တောင်ကိုရီးယားပြည်သူများ အစိုးရကို ဆန့်ကျင်ဆန္ဒပြ

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    south

    – တိုင်းပြည်အတွင်း အလုပ်သမားရေးကိစ္စ အပါအ၀င် စီးပွားရေး ပြုပြင်ပြောင်းလဲမှုအချို့ကို မကျေနပ်သည့်အတွက် တောင်ကိုရီးယားပြည်သူ ၈ သောင်းခန့်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို မြို့တော်ဆိုးလ်၌ ယနေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ထိုကဲ့သို့ ဆန္ဒပြမှုမှာ တောင်ကိုရီးယားနိုင်ငံသမိုင်းတွင် ပထမဆုံးနှင့် အကြီးဆုံး ဆန္ဒပြမှုလည်း ဖြစ်ခဲ့သည်။ အစိုးရမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွက် အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ လယ်ယာထွက်ကုန်အချို့အတွက် အခွန်မြှင့်ထားသည့် ဈေးများ ဖွင့်လှစ်ခြင်းနှင် သမိုင်းကြောင်းများကို အစိုးရပေါ်လစီနှင့်အညီ ပြောင်းလဲမှုများ ပြုလုပ်ခြင်း စသည့် ပေါ်လစီများကို ဆန္ဒပြသူများက ဆန့်ကျင် ရှုတ်ချခဲ့ကြသည်။

    ဆန္ဒပြသူများမှာ ဆိုလ်းမြို့လယ်ကောင်ကို သိမ်းပိုက်ခဲ့ပြီး သမ္မတအိမ်တော်ကို ချီတက်ခဲ့ကြသော်လည်း အစိုးရက လမ်းများပိတ်ဆို့ထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း တားဆီးခဲ့ကြသည်။ ဆန္ဒပြမှုမှာ ယေဘူယျအားဖြင့် ငြိမ်းချမ်းသည်ဟု ယူဆ၍ ရသော်လည်း ဥပဒေစိုးမိုးရေးတပ်ဖွဲ့များနှင့် ဆန္ဒပြမှုကို စီစဉ်သူများထဲမှ တစ်ဦးတို့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။

    Ref: PressTV

  • ကမ္ဘာကျော် မွတ်စလင်မ် ပညာရှင်များ ပါရီမြို့ အကြမ်းဖက်မှု အား ရှုတ်ချ၊ ပါရီမြို့သူမြို့သားများနှင့် အတူရပ်တည်

    ကမ္ဘာကျော် မွတ်စလင်မ် ပညာရှင်များ ပါရီမြို့ အကြမ်းဖက်မှု အား ရှုတ်ချ၊ ပါရီမြို့သူမြို့သားများနှင့် အတူရပ်တည်

    နိုဝင်ဘာ ၁၄ ၊ ၂၀၁၅
    M-Media
    ခေတ်လူ စုဆောင်းတင်ပြသည်။

    ပြင်သစ်နိုင်ငံ မြို့တော်ပါရီတွင် လူတစ်ရာကျော်သေဆုံးခဲ့ရသည့် လတ်တလောဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို ကမ္ဘာကျော် အစ္စလာမ့်ပညာရှင်နှင့် လူမှုရေး တက်ကြွလှုပ်ရှားသူများမှ မိမိတို့ တရားဝင် ဆိုရှယ်မီဒီယာ စာမျက်နှာများမှ ချက်ချင်း တုန့်ပြန် ရှုတ်ချခဲ့ပြီး ဝမ်းနည်းကြေကွဲရကြောင်းနှင့် ပါရီမြို့သူမြို့သားများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ရေးသားခဲ့ကြပါတယ်။

    အမေရိကန်မှ ကမ္ဘာကျော် နာမ်ပိုင်းရေးရာနှင့် အစ္စလာမ့်ပညာရှင် ဟမ်ဇာယူစွဖ် (Hamza Yusuf) က စာဖတ်သူနောက်လိုက်ပေါင်း သိန်းချီရှိသော မိမိ၏ တရားဝင် Facebook စာမျက်နှာတွင် –

    12243273_1937055913185252_706212238578233826_n

    “ကျွန်တော့်တို့ရဲ့ ဆုတောင်းဝတ်ပြုခြင်းတွေဟာ ကမ္ဘာအနှံ့က အကြမ်းဖက်ခံနေရသူတွေနဲ့အတူ ရှိပါတယ်။”

    ဟု ယနေ့ ရေးသားခဲ့ပါတယ်။

    ဟမ်ဇာယူစွဖ်ဟာ အသက်ဆယ့်ခုနစ်နှစ်မှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်လာပြီး ကမ္ဘာအနှံ့ခရီးထွက်ကာ အစ္စလာမ်ပညာရေး နယ်ပယ်မှာ ထင်ရှားလှတဲ့ ဝါကြီး ပညာရှင်ကြီး များစွာထံမှာ နှစ်များစွာ ပညာဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ ယခုအခါ အမေရိကားတွင် ကောလိပ်တစ်ခု တည်ထောင်ထားပါတယ်။ အစ္စလာမ့်အနှစ်သာရနဲ့ သူရဲ့ အနောက်ကမ္ဘာရဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး ဟောပြော တင်ပြမှုတွေဟာ ကမ္ဘာကျော်လှပါတယ်။

    ကမ္ဘာ့မွတ်စလင်မ်လူငယ်များ အကြားတွင် နာမည်ကျော်လှသည့် ဇင်ဘာဘွေနိုင်ငံမှ အစ္စလာမ့်ဓမ္မသတ် ပညာရှင် အစ်မေးလ်မင့်ခ် (Mufti Ismail Menk) ကလည်း လူသန်းချီနောက်လိုက်ရှိနေသော သူ၏ တရားဝင် Facebook စာမျက်နှာမှာ ‪#‎ParisAttack‬ ဟုအစပြုပြီး

    12249789_1937056109851899_2603596960533030856_n

    “အကြမ်းဖက်ခြင်းမှာ ဘာသာတရားမရှိပါ၊ ပြီးတော့ နယ်မြေကန့်သတ်ချက်တွေရှိမနေပါ။ ကျွန်တော်တို့ရဲ့ အတွေးတွေဟာ အကြမ်းဖက်ခံတွေနဲ့ (သူတို့ရဲ့) ချစ်တဲ့သူတွေနဲ့ အတူရှိပါတယ်”

    ဟု အကြမ်းဖက်ခြင်းနဲ့ ဘာသာတရားဟာ လုံးဝ မဆိုင်ကြောင်းကို ထောက်ပြထားပြီး ပါရီမြို့အကြမ်းဖက်ခံရသူများနှင့် သူတို့ရဲ့ မိဘဆွေမျိုးချစ်ရသူအပေါင်းအသင်းများနဲ့ အတူရပ်တည်နေကြောင်းကို သူ့ရေးသားနေကြဟန်အတိုင်း တိုတိုရှင်းရှင်းနှင့် ထိထိရောက်ရောက် ရေးသားထားခဲ့ပါတယ်။

    ယူအေအီးသို့ ခေတ္တရောက်ရှိနေသော အမေရိကန်လူမျိုး အစ္စလာမ့်အေးရိပ်ဆာယာသို့ ဖိတ်ခေါ်သူကြီး ယူစွဖ်အက်စ်တေ့စ် (Yusuf Estes) က
    သူတို့လေယာဉ်လွတ်သွားကြောင်းနဲ့ မွတ်စလင်မ်များအနေဖြင့် အစ္စလာမ်က သင်ကြားသည်ကို နာယူရမည်ဖြစ်ကြောင်း မီဒီယာကပြောတာတွေကို နာယူရမှာမဟုတ်ကြောင်း သတိပေးထားပြီး

    12243371_1937056306518546_8075277339802245218_n

    “လူငယ်အများစုဟာ လူလိမ်တွေရဲ့ လှည့်ဖြားမှုကို ခံကြရပြီး မကောင်းဆိုးဝါး (ရှိုက်တွာန်)တွေရဲ့ သိမ်းသွင်းမှုကို ခံနေကြရတယ်။ ပါရီတိုက်ခိုက်မှုဟာ ရှိုက်တွာန်ဘက်က လာတာပဲ။”

    ဟု ပါရီမြို့အကြမ်းဖက်မှုဟာ မကောင်းဆိုးဝါးတို့ရဲ့ လုပ်ရပ်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဆိုရှယ်မီဒီယာတွင် ထောက်ပြရေးသား ထားပါတယ်။

    ယူစွဖ်အက်စ်တေ့စ်သည် အသက် ၄၇နှစ်တွင် အစ္စလာမ့်အေးရိပ်ဆာယာသို့ ဝင်ရောက်ခဲ့ပြီး အစ္စလာမ့်သတင်းစကားဖြန့်ချီရေးလုပ်ငန်းတွင် တက်ကြွစွာ လှုပ်ရှားနေသူဖြစ် ပါတယ်။ သူ၏ ဖော်ရွေမှုနဲ့ အရွှန်းဖောက်ဟောပြောသည့်ဟန်ကြောင့် ကလေးငယ်များနှင့် မိသားစုများကြားတွင် နာမည်ရသည့် အစ္စလာမ့်တရားဟောဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

    ထို့ကဲ့သို့ပင် အမေရိကန်မှ ပါကစ္စတန်နွယ်ဖွား ကမ္ဘာကျော် အစ္စလာမ့်ပညာရှင်နှင့် သုတေသနပြုသူ ဒေါက်တာ ယာစီးရ်ကာဒီ (Yasir Qadhi)က

    ပြင်သစ်မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး
    ပါလက်စတိုင်းနဲ့ ဆီးရီးယားက ပြည်သူတွေရဲ့ အင်မတန်မှကို အခြေအနေဆိုးပြီး တုန်လှုပ်ဖွယ်ပုံတွေကို တလောကပဲ မြင်တွေ့ရခဲ့ပြီးဖြစ်ကြောင်း၊ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ကျူးကျော်စစ်ရဲ့ အလုံးစုံပျက်ဆီးခြင်းတွေကို အီရတ်မှ ကိုယ်တွေ့ကြုံနေကြရပြီဖြစ်ကြောင်း၊ အခြေအနေတွေကို ပိုဆိုးရွားစေလိုက်တဲ့အခါ အဲ့လိုတိုက်ခိုက်မှုတွေကနေ ထွက်ပေါ်လာတဲ့ ဒေါသတွေဟာ မလွဲမရှောင်သာကို ပြန်သက်ရောက်လာမှာဖြစ်ကြောင်းနဲ့ တိုက်ခိုက်မှု အကြမ်းဖက်မှုတွေဟာ တိုက်ခိုက်မှု အကြမ်းဖက်မှုတွေကိုပဲ မွေးဖွားပေးမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။

    “…As the situation exacerbates, inevitably the rising anger from such attacks will circle back. Violence only begets violence.”

    ဒေါက်တာ ယာစီးရ်ကာဒီက ဆက်လက်ပြီး

    ပါရီအကြမ်းဖက်မှုကို အသိဥာဏ်မဲ့လုပ်ရပ်လို့ သုံးနှုန်းထားပြီး ဒီလိုတိုက်ခိုက်မှုတွေကနေ ဘာကောင်းတာများ ရနိုင်ပါ့မလဲဟု ဝေဖန်ထားပါတယ်။

    “So what possible good will come of these senseless attacks?

    ဒီအကြမ်းဖက်အုပ်စုတွေရဲ့ လုပ်ရပ်နည်းသေသျတွေမှာ အကောင်းဆိုလို့ တစ်ခုလေးတောင် မတွေ့မြင်နိုင်ကြောင်းနဲ့ ဒီတိုက်ခိုက်မှုတွေရဲ့ ဆိုးကျိုးကတော့ နောက်ဆက်တွဲအနေနဲ့ အကြမ်းဖက်မှုကို တိုက်ရမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ပွဲတွေ ထပ်ပေါ်ပေါက်လာမှာသာဖြစ်ကြောင်းရေးသားထားပြီး သုတေသန ပညာရှင်ပီသစွာ ထိုစစ်ပွဲတွေကနေ တိုက်ခိုက်ခြင်းနဲ့ အကြမ်းဖက်မှု သံသရာသာ ဆက်လည်နေပြီး ကမ္ဘာကြီး အေးချမ်းဖို့ မရှိကြောင်းကို ခွဲခြမ်းသုံးသပ်ပြက မွတ်စလင်မ်များ ထိုသို့ အကြမ်းဖက်မှုများတွင် လုံးဝမပါရမည်ဖြစ်ကြောင်း ပညာပေးထားပါတယ်။

    “…The fact of that matter is that I cannot see a single tangible positive that the tactics of such groups bring (again, with the caveat that this attack in France is coming from such groups). Yet, the harms from such attacks only increases as a result, and the consequences are that the ‘War Against Terror’ is bolstered, leading to a war of terror.”

    အွစ်ဖို့(Oxford)တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ ကမ္ဘာကျော် အစ္စလာမ့်ပညာရှင် ဒေါက်တာ သွာရစ်က်ရမဒွန် (Tariq Ramadan)ကလည်း

    12241698_1937056383185205_443718260795515174_n

    “ပါရီ တိုက်ခိုက်မှုများ…
    ဒီထိတ်လန့်ဖွယ် မျက် ကန်းအကြမ်းဖက်မှု သတ်ဖြတ်မှုတွေနဲ့ လူအမြောက်အများသေဆုံးမှုတွေကို ပြင်သစ်နိုင်ငံမြို့တော် လမ်းတွေပေါ်မှ မြင့်လိုက်ရတဲ့အခါ ကျွန်တော်တို့ရဲ့ ပထမဆုံးတွေးမိတာက အကြမ်းဖက်ခံတွေ၊ ဒဏ်ရာရတဲ့သူတွေ၊ သူတို့ မိသားစုတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုပါ။ ကျွန်တော်တို့ သူတို့နဲ့အတူ အားလုံးနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။”

    ဟု fanပေါင်း သန်းချီရှိ မိမိ၏ တရားဝင် Facebook စာမျက်နှာမှ အစချီရေးသားထားပြီး

    ဒီအကြမ်းဖက် လုပ်ရပ်ကို လုံးဝနဲ့ ချက်ချင်းရှုတ်ချကြောင်းနဲ့ အစ္စလာမ်နဲ့ ဒီလိုအစွန်းရောက်အကြမ်းဖက်ခြင်းတွေနဲ့ လူမဆန်တဲ့ ရူးနှမ်းတဲ့ သတ်ဖြတ်ခြင်းတွေနဲ့ လုံးလုံး မဆီဆိုင်ကြောင်း ပြတ်ပြတ်သားသားပြောကြားထားပြီး ဒီဖြစ်ရပ်ကို ပြင်သစ်နိုင်ငံအနေနဲ့ ညီညွတ်ကြဖို့အကြံပြုထားပါတယ်။ အစိုးရ၊ အဖွဲ့အစည်းအားလုံးနဲ့ ပြင်သစ် မွတ်စလင်မ်တွေပါ တစည်းတလုံးတည်း ပါဝင်ရင်ဆိုင်ကြဖို့လည်း ဆော်သြထားပါတယ်။

    သွာရစ်က်ရမဒွန်မှာ အီဂျစ်နိုင်ငံရဲ့ ပထမဆုံးဒီမိုကရေစီနည်းကျ အာဏာရ ပါတီ ညီအစ်ကိုတော်များ အဖွဲ့ရဲ့ တည်ထောင်သူ ကျောင်းဆရာ ဟာစန်အလ်ဘန်နာရဲ့ မြေးအရင်းဖြစ်ကာ ဥရောပတွင် နာမည်ကြီး အစ္စလာမ့်ပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ စာအုပ်များမှာ ကမ္ဘာကျော်လှပါတယ်။

    ယူစွဖ်အက်စ်တေ့စ်မှလွဲ၍ ကျန်ပညာရှင်များမှာ ဂျော်ဒန်နိုင်ငံ RSSC သုတေသနစင်တာမှ နှစ်စဉ်ပြုစုသော ကမ္ဘာသြဇာအကြီးဆုံး မွတ်စလင်မ်၅၀၀တွင် ထိပ်ဆုံးစာရင်းတွင် ဖော်ပြခံရသူများဖြစ်ကြပါတယ်။

  • ပဲရစ် အကြမ်းဖက်တိုက်ခိုက်မှုက ၎င်းတို့လက်ချက်ဟု IS ပြော

    ပဲရစ် အကြမ်းဖက်တိုက်ခိုက်မှုက ၎င်းတို့လက်ချက်ဟု IS ပြော

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    paris

    – လူ ၁၅၀ ကျော် သေဆုံးခဲ့သည့် ပြသစ်နိုင်ငံပဲရစ်မြို့ရှိ တိုက်ခိုက်မှုများအတွက် IS အကြမ်းဖက်အဖွဲ့က တာဝန်ယူခဲ့သည်ဟု ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးက ပြောကြားလိုက်သည်။

    အွန်လိုင်းတွင် ထုတ်ပြန်သည့် ကြေငြာချက်တွင် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု တာဝန်ယူခဲ့ခြင်းဖြစ်ပြီး အသေခံဗုံးများ၊ စက်သေနတ်များ တပ်ဆင်ထားသည့် ၎င်းတို့အဖွဲ့ဝင် ၈ ဦးမှာ သတ်မှတ်ထားသည့် ပစ်မှတ်အတိအကျကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ဟော်လန်ဒေးကမူ ထိုစီစဉ်ထားသည့် တိုက်ခိုက်မှုမှာ “စစ်တိုက်သည့် လုပ်ရပ်” ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ပဲရစ်တိုက်ခိုက်မှုမှာ လူပေါင်း ၁၉၁ ဦးသေဆုံးခဲ့သည့် ၂၀၀၄ ခုနှစ် မက်ဒရစ် ရထားဗုံးကွဲမှုနောက်ပိုင်း ဥရောပမြေတွင် အဆိုးဝါးဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။

    အမေရိကန်၏ အီရတ်အား ကျူးကျော်တိုက်ခိုက်မှုနှင့် ဆီးရီးယား ပြည်တွင်းစစ်တို့ကြောင့် ကြီးထွားလာခဲ့သည့် IS အကြမ်းဖက်အဖွဲ့ကြောင့် အရှေ့အလယ်ပိုင်းတွင် မွတ်စလင်အများစု အပါအ၀င် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့သည်။

    Ref: CNN

  • ဖာဂူဆန်က မိမိလက်တွဲခဲ့သမျှတွင် အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရော်နယ်ဒို ဖွင့်ဟ

    ဖာဂူဆန်က မိမိလက်တွဲခဲ့သမျှတွင် အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရော်နယ်ဒို ဖွင့်ဟ

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    fergi

    – မိမိအလုပ်တွဲလုပ်ဖူးခဲ့သမျှ နည်းပြထဲတွင် မန်ယူဂန္တ၀င်နည်းပြ ဆာ အဲလက်စ်ဖာဂူဆန်က အကောင်းဆုံးနည်းပြ ဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၁၈ နှစ်အရွယ် ရော်နယ်ဒိုကို ၂၀၀၃ ခုနှစ်က စပို့တင်းလစ္စဘွန်းမှနေ၍ ဖာဂူဆန်က ပေါင် ၁၂.၂သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရော်နယ်ဒိုကလည်း အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ ၎င်းကစားခဲ့သည့် ၆ ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား ၃ လုံးနှင့် ချန်ပီယံလိဂ်ဖလား ၁ လုံး ရရှိခဲ့သည်။

    ရော်နယ်ဒိုမှာ မော်ရင်ဟိုနှင့် အန်ဆယ်လော့တီတို့ကဲ့သို့ ၀ါရင့် နည်းပြများလက်အောက်တွင်လည်း ကစားခဲ့ပြီး ဖာဂူဆန်အား မည်သည့်အတွက်ကြောင့် ပို၍နှစ်သက်ကြောင်းကို ရှင်းပြခဲ့သည်။

    “(ဖာဂူဆန်) ကျွန်တော့်အပေါ်မှာ ကောင်းမွန်ခဲ့တာတွေအတွက် ကျွန်တော် ကျေးဇူးတင်ရမှာပါ။ ချန်ပီယံလိဂ်ရဲ့ အရေးကြီးပွဲတစ်ခုမှာ ကျွန်တော်က “နည်းပြကြီးခင်ဗျာ။ ကျွန်တော့်အဖေကို ကျွန်တော် သွားတွေ့ဖို့ လိုအပ်နေတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ အဓိကကစားသမားဖြစ်ပြီး အရေးပါသူတစ်ဦးလည်း ဖြစ်ပါတယ်”

    “ဖာဂူဆန်က “နားထောင် မင်းရဲ့ ကိုယ်ပိုင်ဘ၀မှာ မိသားစုဟာ မင်းဘ၀ရဲ့ အရေးပါတဲ့အရာတစ်ခုပဲ။ ဒါ့ကြောင့် ၃ ရက်၊ လေးရက်၊  ၅ ရက် မင်းကြိုက်သလောက် သွားနိုင်တယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ဒီကိစ္စကို ကျွန်တော့် ရင်ထဲမှာ သိမ်းထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော့်ဘ၀မှာ အရေးအကြီးဆုံးအချိန်ဖြစ်ခဲ့ပြီး သူ (ဖာဂူဆန်) က ကျွန်တော့်နဲ့အတူ မျှဝေခံစားခဲ့တယ်လေ။ ဒါ့ကြောင့် ကျွန်တော့်ဟာ သူ့ကို လေးစားရတာဖြစ်ပြီး သူကတော့ ကျွန်တော် တွေ့ဆုံဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံး နည်းပြပါပဲ” ဟု ရော်နယ်ဒိုက ယမန်နေ့တွင်ပြုလုပ်သည့် ITV ရုပ်သံနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

    Ref: Goal