နိုဝင်ဘာ ၁၈၊ ၂၀၁၅
M-Media
– ပြင်သစ်အား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ယမန်နေ့ခြေစမ်းပွဲတွင် ရူနီမှာ ၎င်း၏ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်ဟု အင်္ဂလန်လက်ရွေးစင်ဟောင်း ပေါလ်စခိုးလ်က ချီျးကျူး ပြောဆိုလိုက်သည်။
ယခုနှစ်တွင် ကလပ်အသင်းနှင့် နိုင်ငံအသင်း ၂ ခုစလုံးအတွက် ကောင်းမွန်စွာ ခြေစွမ်းမပြနိုင်သောကြောင့် ရူနီမှာ ဝေဖန်မှုများကို ခံနေရသည်။ သို့သော်လည်း ၀င်ဘလေတွင် ကစားခဲ့သည့် ပြင်သစ်နှစ်ပွဲတွင် ခြေတွေ့ခဲ့ကာ အသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
“(အင်္ဂလန်အသင်းမှာ) သူ့အတွက် တစ်နေရာ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီရာသီမှာ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်လို့ သတ်မှတ်လို့ရတဲ့ စွမ်းရည်ကိုလည်း ဒီညမှာ ပြသခဲ့ပါတယ်။ သူ့ရဲ့ ဖြတ်တင်ဘောတွေက တော်တော်လေး ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ လှုပ်ရှားမှုလည်းကောင်းတယ်။ ပြီးတော့ ဒီညမှာ ဂိုးပေါက်ကိုလည်း သူ ကောင်းကောင်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူဟာ နံပါတ် ၁၀ နေရာမှာ ကစားခဲ့ပြီး အဲဒီနေရာက သူ့အတွက် အကောင်းဆုံးနေရာလို့ ကျွန်တော် ထင်ပါတယ်” ဟု ပေါလ်စခိုးလ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.