News @ M-Media

Blog

  • ဂျော်ဒန်ရဲတပ်ဖွဲ့ လေ့ကျင်ရေးစင်တာတွင် ပစ်ခတ်မှုဖြစ်ပွား

    ဂျော်ဒန်ရဲတပ်ဖွဲ့ လေ့ကျင်ရေးစင်တာတွင် ပစ်ခတ်မှုဖြစ်ပွား

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    jordan

    – ဂျော်ဒန်ရဲတပ်ဖွဲ့မှ ဗိုလ်ကြီးတစ်ဦးမှာ မြို့တော် အမ်နန်ရှိ ရဲတပ်ဖွဲ့ လေ့ကျင့်ရေးစခန်းတစ်ခုတွင် အမေရိကန်နှင့် တောင်အာဖရိကတို့မှ လေ့ကျင့်ရေးသင်တန်းဆရာ ၃ ဦးအား ယမန်နေ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု သိရသည်။

    အမေရိကန်မှ ၂ ဦးဖြစ်ပြီး ၎င်းတို့ ၃ ဦးစလုံးမှာ ဂျော်ဒန်ရဲတပ်ဖွဲ့အတွက် စာချုပ်နှင့် လာရောက် လေ့ကျင့်ပေးနေသူများ ဖြစ်သည်။ ထို့ပြင် ထိုပစ်ခတ်မှုအတွင်း ဂျော်ဒန် ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း သေဆုံးခဲ့သည်။ သေနတ်ဖြင့် ပစ်သူကို ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ပြန်လည် ပစ်သတ်ခဲ့သည်။

    အမေရိကန်သမ္မတ ဘာရက်အိုဘားမားကမူ ထိုအဖြစ်အပျက်အတွက် ပြည့်ဝသည့် စုံစမ်းစစ်ဆေးမှုကို ပြုလုပ်သွားမည်ဖြစ်ပြီး အမေရိကန်မှာ ဂျော်ဒန်အစိုးရနှင့် အနီးကပ် ဆောင်ရွက်မှုများကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ရွေးကောက်ပွဲ ရလဒ် စတုထ္ထအကြိမ် ကြေညာ၊ ပြည်သူ့လွှတ်တော် ၂၆ နေရာတွင် NLD ၂၄ နိုင်

    ရွေးကောက်ပွဲ ရလဒ် စတုထ္ထအကြိမ် ကြေညာ၊ ပြည်သူ့လွှတ်တော် ၂၆ နေရာတွင် NLD ၂၄ နိုင်

    နိုဝင်ဘာ ၉ ၊၂၀၁၅
    M-Media
    .4rd UEC
    ၂၀၁၅ ရွေးကောက်ပွဲ  အနိုင်ရရှိသည့် စာရင်း  နိုဝင်ဘာ ၉ ရက် ည ၉ နာရီ  တွင်  စတုထ္ထအကြိမ် ကြေညာသွားခဲ့သည်။

    စာရင်းတွင် အနိုင်ရရှိသည့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ ယောက်စာရင်းကြေညာသွားပါသည်။

    အဆိုပါ ၂၆ ယောက်တွင် အမျိုးသားဒီမိုကရေအဖွဲ့ချူပ်မှ ၂၄ ဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၁ ဦး  ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီတဦးဖြစ်ပါသည်။

    အလားတူ ပြည်နယ်/တိုင်းဒေသကြီး အနိုင်ရရှိသူ ၂၈ ဦးတွင်   ဝ ဒီမိုကရက်တစ်ပါတီ မှ ၂ ဦး၊  ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၂ ဦး ၊ အမျိုးသားဒီမိုကရေအဖွဲ့ချူပ်မှ ၂၄ ဦးမှ အသီးသီးအနိုင်ရရှိသွားပါတယ်။

    UEC မှ ယခုအချိန်ထိ ထုတ်ပြန်ကြေညာထားသည့် အနိုင်ရရှိသည့် စာရင်း ၄  ကြိမ် တွင် အနိုင်ရရှိသည့် စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

    ပြည်သူ့လွှတ်တော် ( ၅၄ ဦး) တွင်
    ——————
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်-  ၄၉ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၃ ဦး ၊
    ဝ ဒီမိုကရက်တစ်ပါတီ ၁ ဦး
    ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ၁ ဦး

    တိုင်း/ပြည်နယ် လွှတ်တော် (၅၂) ဦးတွင်
    —————————-
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်- ၄၇  ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၃ ဦး ၊
    ဝ ဒီမိုကရက်တစ်ပါတီ ၂ ဦး
    တို့ဖြစ်ပါသည်။

    12063473_787307828063752_9136395911417601582_n 12189027_787307801397088_5860021125473065414_n 12191587_787307924730409_7804062370638476712_n 12191659_787307688063766_3382573500814484515_n 12195843_787307704730431_4665145965576521776_n 12196082_787307684730433_3284102618575965242_n

     

  • ရွေးကောက်ပွဲ အနိုင်ရသည့် စာရင်း UEC တတိယအကြိမ် ကြေညာ ၁၆ ယောက်တွင် USDP ၂ ယောက်နိုင်

    ရွေးကောက်ပွဲ အနိုင်ရသည့် စာရင်း UEC တတိယအကြိမ် ကြေညာ ၁၆ ယောက်တွင် USDP ၂ ယောက်နိုင်

    နိုဝင်ဘာ ၉ ၊၂၀၁၅
    M-Media
    .UEC 3rd
    ၂၀၁၅ ရွေးကောက်ပွဲ  အနိုင်ရရှိသည့် စာရင်း  နိုဝင်ဘာ ၉ ရက် ည ၉ နာရီ  တွင် တတိယအကြိမ်ကြေညာသွားခဲ့သည်။

    စာရင်းတွင် အနိုင်ရရှိသည့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၆ ယောက်စာရင်းကြေညာသွားပါသည်။

    အဆိုပါ ၁၆ ယောက်တွင် အမျိုးသားဒီမိုကရေအဖွဲ့ချူပ်မှ ၁၃ ဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၂ ဦး  ၊ ဝ ဒီမိုကရက်တစ်ပါတီ တဦးဖြစ်ပါသည်။

    UEC မှ ယခုအချိန်ထိ ထုတ်ပြန်ကြေညာထားသည့် စာရင်း ၃ ကြိမ် တွင် အနိုင်ရရှိသည့် စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
    ပြည်သူ့လွှတ်တော်
    ——————
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်- ၂၅ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၂ ဦး ၊
    ဝ ဒီမိုကရက်တစ်ပါတီ ၁ဦး

    တိုင်း/ပြည်နယ် လွှတ်တော်
    —————————-
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်- ၂၃ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၁ ဦး ၊

    တို့ဖြစ်ပါသည်။

  • မက္ကာ ကရိန်းပြုကျမှုအတွက် စုံစမ်းစစ်ဆေးခြင်း နောက်ဆုံးအဆင့်ရောက်နေ

    မက္ကာ ကရိန်းပြုကျမှုအတွက် စုံစမ်းစစ်ဆေးခြင်း နောက်ဆုံးအဆင့်ရောက်နေ

    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media

    saudi

    – ပြီးခဲ့သည့် စက်တင်ဘာလက ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ကရိန်းပြုတ်ကျမှုအတွက် စုံစမ်းစစ်ဆေးမှုများမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး တာဝန်ရှိသူများကိုလည်း ဥပဒေအတိုင်း အရေးယူသွားတော့မည်ဟု ဆော်ဒီအာဏာပိုင်များက ပြောကြားလိုက်သည်။

    ကမ္ဘာတစ်ဝှမ်းမှ ဘုရားဖူးခရီးသည်ပေါင်း ၁၁၁ ဦး သေဆုံးခဲ့ပြီး ၂၃၈ ဦး ဒဏ်ရာရရှိခဲ့သည့် အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်၍ ကရိန်းပိုင်ဆိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းမှာ ဘင်လာဒင်အုပ်စု ကုမ္ပဏီဖြစ်ပြီး ၎င်းတို့၏ တာဝန်ရှိသူများ၊ အင်ဂျင်နီယာများ၊ စီမံကိန်း မန်နေဂျာများနှင့် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အား အုပ်ချုပ်သူများကို အာဏာပိုင်များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

    ထိုပြင် အမှုအား စစ်ဆေးနေသည့် တရားသူကြီးကမူ အပြစ်ရှိသူများကို တရားစွဲဆိုရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။ ထိုအဖြစ်အပျက်အတွင်း ထိခိုက်ဒဏ်ရာရသူများအတွက် ဆော်ဒီဘုရင်ကြီး ဆလ်မန်က ဂရုဏာကြေး အမြောက်အများ ပေးအပ်ခဲ့ပြီး၊ နစ်နာကြေးရရှိရန် တရားစွဲဆိုနိုင်သည်ဟုလည်း ပြောကြားခဲ့သည်။

    ကနဦးစစ်ဆေးမှုများအရ ကရိန်းပြုတ်ကျမှုမှာ လေပြင်းတိုက်ခတ်ခြင်းနှင့် ကရိန်းအနေအထား မမှန်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

    Ref: Arab News

  • ရာသီဥတုပြောင်းလဲခြင်းကြောင့် အလွန်အမင်းဆင်းရဲမွဲတေမှု မြင့်တက်လာနိုင်

    ရာသီဥတုပြောင်းလဲခြင်းကြောင့် အလွန်အမင်းဆင်းရဲမွဲတေမှု မြင့်တက်လာနိုင်

    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media

    – ရာသီဥတု ဆိုးဝါးခြင်းနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းတို့အား တားဆီးရန် မှန်ကန်သည့် ပေါ်လစီကို ချမှတ်နိုင်ခြင်းမရှိပါက ကမ္ဘာတစ်ဝှမ်း အလွန်အမင်း ဆင်းရဲမွဲတေမှု ပမာဏမှာ မြင့်တက်လာနိုင်ပြီး ၂၀၃၀ ခုနှစ်တွင် သန်း ၁၀၀ အထိ ရောက်ရှိသွားနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ယမန်နေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    စက်တင်ဘာလ၌ ကုလက သတ်မှတ်ထားသည့် ရည်မှန်းချက် ၁၇ ခုတွင် ပါဝင်သော ဆင်းရဲမွဲတေမှု ပပျောက်ရေးမှာ ဆင်းရဲသားများအပေါ် သက်ရောက်သည့် ရာသီဥတုပြောင်းလဲမှုကို မတားဆီးနိုင်သ၍ အထမြောက်မည်မဟုတ်ဟုလည်း အဆိုပါအစီရင်ခံစာတွင် ထည့်သွင်းပြောကြားခဲ့သည်။

    “ရာသီဥတုပြောင်းလဲမှုက ဆင်းရဲမွဲတေဆုံးနဲ့ ခက်ခဲကြမ်းတမ်းဆုံး ဘ၀တွေကို ရင်ဆိုင်နေရသူတွေကို ထိခိုက်စေပါတယ်။ အခုအချိန် ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုကတော့ ဒီပြဿနာကြောင့် သန်းပေါင်းများစွာသော ပြည်သူတွေကို ဆင်းရဲတွင်းထဲ ထပ်မနစ်အောင် ကာကွယ်ဖို့ပါပဲ” ဟု ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်မ်ယုံကင်က ပြောကြားခဲ့သည်။

    ဖွံ့ဖြိုးရေးလုပ်ငန်းများ နှေးကွေးပါက ၂၀၃၀ တွင် မြင့်တက်လာမည့်ဟု ခန့်မှန်းထားသည့် သန်း ၁၀၀ မှာ အလွန်အမင်းဆင်းရဲမွဲတေသူ ပမာဏဖြစ်ြပြီး စုစုပေါင်း ဆင်းရဲမွဲတေသူ အရေအတွက်မှာ သန်း ၉၀၀ ရှိမည်ဟုဆိုသည်။ ၂၀၁၅ ခုနှစ်တွင် ဆင်းရဲမွဲတေသူ စုစုပေါင်း အရေအတွက်မှာ ၇၀၂ သန်း ရှိနေသည်။

    ရာသီဥတု ပြောင်းလဲခြင်းကြောင့် လက်ရှိအချိန်တွင် သီးနှံထွက်တိုးနှုန်းများ လျော့ကျခြင်း၊ ရေကြီးခြင်းနှင့် ငှက်ဖျားကဲ့သို့ အန္တရာယ်ရှိသော ရောဂါများ၏ ခြိမ်းခြောက်မှုမှာလည်း မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ဘဏ်မှ အကြီးတန်း ဒါရိုက်တာဖြစ်သူ ဂျွန်ရိုမီကမူ ဆင်းရဲမွဲတေမှု အဆုံးသတ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုအား တိုက်ဖျက်ရေးမှာ မိမိတို့မျိုးဆက်၏ သတ်မှတ်ထားသော ပြဿနာဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    “အကောင်းဆုံး ရှေ့ဆက်သွားဖို့ကတော့ ဆင်းရဲမွဲတေမှုကို အဆုံးသတ်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို ပြီးပြည့်စုံနဲ့ မဟာဗျူဟာနဲ့ ရင်ဆိုင်ဖို့ပဲဖြစ်ပါတယ်”

    Ref: Reuters