News @ M-Media

Blog

  • ရွေးကောက်ပွဲ အနိုင်ရသည့် စာရင်း UEC တတိယအကြိမ် ကြေညာ ၁၆ ယောက်တွင် USDP ၂ ယောက်နိုင်

    ရွေးကောက်ပွဲ အနိုင်ရသည့် စာရင်း UEC တတိယအကြိမ် ကြေညာ ၁၆ ယောက်တွင် USDP ၂ ယောက်နိုင်

    နိုဝင်ဘာ ၉ ၊၂၀၁၅
    M-Media
    .UEC 3rd
    ၂၀၁၅ ရွေးကောက်ပွဲ  အနိုင်ရရှိသည့် စာရင်း  နိုဝင်ဘာ ၉ ရက် ည ၉ နာရီ  တွင် တတိယအကြိမ်ကြေညာသွားခဲ့သည်။

    စာရင်းတွင် အနိုင်ရရှိသည့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၆ ယောက်စာရင်းကြေညာသွားပါသည်။

    အဆိုပါ ၁၆ ယောက်တွင် အမျိုးသားဒီမိုကရေအဖွဲ့ချူပ်မှ ၁၃ ဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၂ ဦး  ၊ ဝ ဒီမိုကရက်တစ်ပါတီ တဦးဖြစ်ပါသည်။

    UEC မှ ယခုအချိန်ထိ ထုတ်ပြန်ကြေညာထားသည့် စာရင်း ၃ ကြိမ် တွင် အနိုင်ရရှိသည့် စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
    ပြည်သူ့လွှတ်တော်
    ——————
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်- ၂၅ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၂ ဦး ၊
    ဝ ဒီမိုကရက်တစ်ပါတီ ၁ဦး

    တိုင်း/ပြည်နယ် လွှတ်တော်
    —————————-
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်- ၂၃ ဦး
    ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၁ ဦး ၊

    တို့ဖြစ်ပါသည်။

  • မက္ကာ ကရိန်းပြုကျမှုအတွက် စုံစမ်းစစ်ဆေးခြင်း နောက်ဆုံးအဆင့်ရောက်နေ

    မက္ကာ ကရိန်းပြုကျမှုအတွက် စုံစမ်းစစ်ဆေးခြင်း နောက်ဆုံးအဆင့်ရောက်နေ

    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media

    saudi

    – ပြီးခဲ့သည့် စက်တင်ဘာလက ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ကရိန်းပြုတ်ကျမှုအတွက် စုံစမ်းစစ်ဆေးမှုများမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး တာဝန်ရှိသူများကိုလည်း ဥပဒေအတိုင်း အရေးယူသွားတော့မည်ဟု ဆော်ဒီအာဏာပိုင်များက ပြောကြားလိုက်သည်။

    ကမ္ဘာတစ်ဝှမ်းမှ ဘုရားဖူးခရီးသည်ပေါင်း ၁၁၁ ဦး သေဆုံးခဲ့ပြီး ၂၃၈ ဦး ဒဏ်ရာရရှိခဲ့သည့် အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်၍ ကရိန်းပိုင်ဆိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းမှာ ဘင်လာဒင်အုပ်စု ကုမ္ပဏီဖြစ်ပြီး ၎င်းတို့၏ တာဝန်ရှိသူများ၊ အင်ဂျင်နီယာများ၊ စီမံကိန်း မန်နေဂျာများနှင့် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အား အုပ်ချုပ်သူများကို အာဏာပိုင်များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

    ထိုပြင် အမှုအား စစ်ဆေးနေသည့် တရားသူကြီးကမူ အပြစ်ရှိသူများကို တရားစွဲဆိုရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။ ထိုအဖြစ်အပျက်အတွင်း ထိခိုက်ဒဏ်ရာရသူများအတွက် ဆော်ဒီဘုရင်ကြီး ဆလ်မန်က ဂရုဏာကြေး အမြောက်အများ ပေးအပ်ခဲ့ပြီး၊ နစ်နာကြေးရရှိရန် တရားစွဲဆိုနိုင်သည်ဟုလည်း ပြောကြားခဲ့သည်။

    ကနဦးစစ်ဆေးမှုများအရ ကရိန်းပြုတ်ကျမှုမှာ လေပြင်းတိုက်ခတ်ခြင်းနှင့် ကရိန်းအနေအထား မမှန်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

    Ref: Arab News

  • ရာသီဥတုပြောင်းလဲခြင်းကြောင့် အလွန်အမင်းဆင်းရဲမွဲတေမှု မြင့်တက်လာနိုင်

    ရာသီဥတုပြောင်းလဲခြင်းကြောင့် အလွန်အမင်းဆင်းရဲမွဲတေမှု မြင့်တက်လာနိုင်

    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media

    – ရာသီဥတု ဆိုးဝါးခြင်းနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းတို့အား တားဆီးရန် မှန်ကန်သည့် ပေါ်လစီကို ချမှတ်နိုင်ခြင်းမရှိပါက ကမ္ဘာတစ်ဝှမ်း အလွန်အမင်း ဆင်းရဲမွဲတေမှု ပမာဏမှာ မြင့်တက်လာနိုင်ပြီး ၂၀၃၀ ခုနှစ်တွင် သန်း ၁၀၀ အထိ ရောက်ရှိသွားနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ယမန်နေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    စက်တင်ဘာလ၌ ကုလက သတ်မှတ်ထားသည့် ရည်မှန်းချက် ၁၇ ခုတွင် ပါဝင်သော ဆင်းရဲမွဲတေမှု ပပျောက်ရေးမှာ ဆင်းရဲသားများအပေါ် သက်ရောက်သည့် ရာသီဥတုပြောင်းလဲမှုကို မတားဆီးနိုင်သ၍ အထမြောက်မည်မဟုတ်ဟုလည်း အဆိုပါအစီရင်ခံစာတွင် ထည့်သွင်းပြောကြားခဲ့သည်။

    “ရာသီဥတုပြောင်းလဲမှုက ဆင်းရဲမွဲတေဆုံးနဲ့ ခက်ခဲကြမ်းတမ်းဆုံး ဘ၀တွေကို ရင်ဆိုင်နေရသူတွေကို ထိခိုက်စေပါတယ်။ အခုအချိန် ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုကတော့ ဒီပြဿနာကြောင့် သန်းပေါင်းများစွာသော ပြည်သူတွေကို ဆင်းရဲတွင်းထဲ ထပ်မနစ်အောင် ကာကွယ်ဖို့ပါပဲ” ဟု ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်မ်ယုံကင်က ပြောကြားခဲ့သည်။

    ဖွံ့ဖြိုးရေးလုပ်ငန်းများ နှေးကွေးပါက ၂၀၃၀ တွင် မြင့်တက်လာမည့်ဟု ခန့်မှန်းထားသည့် သန်း ၁၀၀ မှာ အလွန်အမင်းဆင်းရဲမွဲတေသူ ပမာဏဖြစ်ြပြီး စုစုပေါင်း ဆင်းရဲမွဲတေသူ အရေအတွက်မှာ သန်း ၉၀၀ ရှိမည်ဟုဆိုသည်။ ၂၀၁၅ ခုနှစ်တွင် ဆင်းရဲမွဲတေသူ စုစုပေါင်း အရေအတွက်မှာ ၇၀၂ သန်း ရှိနေသည်။

    ရာသီဥတု ပြောင်းလဲခြင်းကြောင့် လက်ရှိအချိန်တွင် သီးနှံထွက်တိုးနှုန်းများ လျော့ကျခြင်း၊ ရေကြီးခြင်းနှင့် ငှက်ဖျားကဲ့သို့ အန္တရာယ်ရှိသော ရောဂါများ၏ ခြိမ်းခြောက်မှုမှာလည်း မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ဘဏ်မှ အကြီးတန်း ဒါရိုက်တာဖြစ်သူ ဂျွန်ရိုမီကမူ ဆင်းရဲမွဲတေမှု အဆုံးသတ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုအား တိုက်ဖျက်ရေးမှာ မိမိတို့မျိုးဆက်၏ သတ်မှတ်ထားသော ပြဿနာဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    “အကောင်းဆုံး ရှေ့ဆက်သွားဖို့ကတော့ ဆင်းရဲမွဲတေမှုကို အဆုံးသတ်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို ပြီးပြည့်စုံနဲ့ မဟာဗျူဟာနဲ့ ရင်ဆိုင်ဖို့ပဲဖြစ်ပါတယ်”

    Ref: Reuters

  • တောင်ပံကစားသမား ၀ယ်ရမည်ဟု ဗန်ဂါးလ်ပြော

    တောင်ပံကစားသမား ၀ယ်ရမည်ဟု ဗန်ဂါးလ်ပြော

    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media

    mu

    – လက်ရှိ ရှိနေသည့် တောင်ပံကစားသမားများမှာ လျင်မြင်မှုအားနည်းခြင်းကြောင့် လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် တောင်ပံကစားသမားတစ်ဦး ခေါ်ယူချင်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဗန်ဂါးလ်မှာ အသင်း၏ တောင်ပံနှစ်ဖက်အတွက် လင်ဂါ့တ်နှင့် မာတာတို့ကို ပွဲထုတ်ခဲ့သော်လည်း ကျေနပ်လောက်စရာ ခြေစွမ်းကို ပြသနိုင်ခြင်း မရှိပေ။ အခြား ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သူ ဒီပိုင်းမှာလည်း ပုံမှန်ခြေစွမ်းကို ပြသနိုင်ခြင်းမရှိသောကြောင့် အသင်းတွင် နေရာမရပေ။

    “ကျွန်တော်တို့ဟာ တောင်ပံတွေမှာ လျင်မြန်မှုနဲ့ ဖန်တီးနိုင်စွမ်း လိုအပ်တယ်လို့ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ဒါ့ကြောင့် ဒီပြဿနာကို ကျွန်တော်တို့ ပထမဆုံး ဖြေရှင်းရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ဘယ်လိုကစားလဲ၊ လျင်မြန်တဲ့ တောင်ပံကစားသမားတွေနဲ့ အသင်းဟန်ချက် ဘယ်လိုရှိလဲဆိုတာကို ကြည့်ရပါမယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ရွေးကောက်ပွဲ ရလဒ် များစတင်ကြေညာ

    ရွေးကောက်ပွဲ ရလဒ် များစတင်ကြေညာ

    နိုဝင်ဘာ ၉ ၊ ၂၀၁၅
    M-Media

    1
    ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တရားဝင် ထုတ်ပြန်မည့် ရလာဒ်များ  ကြေငြာမည့် မီဒီယာ စင်တာဖွင့်ပွဲအခမ်းအနားကို  UEC ဥက္ကဌ ဦးတင်အေးအမှာစကားပြောကြားပြီး   ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် ၁၄နေရာနှင့် တိုင်းဒေသကြီး ၄ နေရာ တို့တွင် အနိင်ရ ရှိသူများကို ကြေညာပေးခဲ့သည်။

    ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြိး အမတ် ၁ နေရာသာ ကြံခိုင်ဖွံဖြိုးရေးပါတီနိုင်ပြိး ကျန် ၁၃ ဦး NLD အနိုင်ရရှိခဲ့သည်။

    စုစုပေါင်း ဖွင့်ပွဲအခမ်းအနား နှင့် ကြေညာချိန် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ကြောင်း တွေ့ရပါသည်။

    အနိုင်ရလဒ်များကို နေစဉ် မီဒီယာ စင်တာများမှာ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

    ပြည်သူလွှတ်တော် ၁၂ နေရာ

    ရန်ကုန်တိုင်း
    ————
    ၁။ လသာ – ဒေါ်ခင်မို့မို့အောင် (NLD)-၉၉၀၅
    ၂။ ဆိပ်ကမ်း ဥိးတင်မောင်ဝင်း (NLD)-၇၂၆
    ၃။ အင်းစိန်- ဦးမောင်မောင်ဦး (NLD)-၉၉၇၀၂
    ၄။ ရန်ကင်း – ဒေါ်ဇင်မာအောင်(NLD)-၂၇၃၉၂
    ၅။ သာကေတ- ဒေါက်တာဝေဖြိုးအောင် (NLD)-၈၀၅၂၃
    ၆။ ဒေါ်ပုံ- ဦးဌေးဝင်းအောင်(ခ) ပြုံးချို (NLD)- 22769
    ၇။ တာမွေ – ဦးဝင်းမြင့် (NLD-၆၀၄၀၈ မဲ
    ၈။ ပုဇွန်တောင်- ဥိးမြင့်လွင်(NLD -၁၉၁၁၃
    ၉။ အလုံ – ဥိးရဲလွင်(NLD- ၁၉၂၂၆
    ၁၀။လမ်းမတော် ဥိးခင်မောင်ဝင်း (NLD)- ၁၇၁၇၇
    ၁၁။ ကမာရွတ်-ဥိးကျော်မင်း (NLD)-၂၉၄၁၈
    ၁၂။ ဒဂုံ-ဒေါက်တာသက်သက်ခိုင်(NLD -၈၃၁၁

    တိုင်း ဒေသကြီး ၄ နေရာ
    ————————–
    ၁။လသာ ၁ ဥိးဇော်ဝင်းနိုင်(NLD)- ၅၀၈၃
    ၂။လသာ၂ ဦးကျော်မင်းဟန် (NLD)- ၄၆၇၀
    ၃။ ဆိပ်ကမ်း ၁- ဦးစံကျော် (USDP)-၁၇၀
    ၄။ ဆိပ်ကမ်း ၂၊ ဦးမောင်မောင်သန်း (NLD)- ၅၄၈