နိုဝင်ဘာ ၅၊ ၂၀၁၅
M-Media
– ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲဝင် Williams အသင်းမှ အစမ်းမောင်းသည့် အမျိုးသမီး ကားမောင်းသမားဖြစ်သူ ဆူဇီ ၀ုလ်ဖ်က ယခုရာသီကုန်လျှင် ကားမောင်းသမားဘ၀မှ အနားယူတော့မည်ဟု ကြေငြာခဲ့ပြီး ဖော်မြူလာဝမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အမျိုးသမီးများ အဆင်သင့်မဖြစ်သေးဟု ပြာကြားခဲ့သည်။
အသင်း၏ နည်းစနစ်အသစ်များနှင့် လမ်းကြောင်းများကို စမ်းသပ်မောင်းနှင်ရသည့် စကော့တလန်နိုင်ငံသူ ဆူဇီမှာ ပြီးခဲ့သည့်နှစ် ဗြိတိန် ဂရင်းပရီ ကားမောင်းပြိုင်ပွဲတွင် လေ့ကျင့်မောင်းနှင့်ခွင့် ရခဲ့ပြီး နှစ် ၂၀ ကျော်အတွင်း ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ၌ ပထမဆုံး ယှဉ်ပြိုင်ခွင့်ရခဲ့သည့် အမျိုးသမီး ကားမောင်းသမားလည်း ဖြစ်ခဲ့သည်။
“ဖော်မြူလာဝမ်းကား မောင်းချင်းတဲ့ ကျွန်မရဲ့ အိပ်မက်ကို ခွင့်ပြုခဲ့တာ အပါအ၀င် ပြီးခဲ့တဲ့နှစ်တွေမှာ ပေးခဲ့တဲ့ အခွင့်အလမ်းတွေအတွက် Williams အသင်းကို ကျွန်မ ကျေးဇူးတင်ပါတယ်။ အသင်းက လူတိုင်းနဲ့ အလုပ်လုပ်ရတာ သိပ်ကောင်းပါတယ်။ အသင်းမှာ ကုန်ဆုံးခဲ့တဲ့ ကျွန်မရဲ့ ဘ၀ခရီးမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သူတိုင်းကိုလည်း ကျွန်မ ကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီမှာ တစ်ခန်းရပ်ပေမယ့် အနာဂတ်မှာ စိန်ခေါ်မှု အသစ်တွေကို ရှာဖွေသွားမှာပါ” ဟု ဆူဇီက အနားယူကြောင်း ထုတ်ပြန်သည့် ကြောငြာချက်တွင် ရေးသားဖော်ပြခဲ့သည်။
Ref: Dailymail