News @ M-Media

Blog

  • ကက်ရှ်မီးယားမှ ရာနှင့်ချီသော တက်ကြွလှုပ်ရှားသူများကို အိန္ဒိယ ဖမ်းဆီး

    ကက်ရှ်မီးယားမှ ရာနှင့်ချီသော တက်ကြွလှုပ်ရှားသူများကို အိန္ဒိယ ဖမ်းဆီး

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    kas

    – အိန္ဒိယသမ္မတ မိုဒီ လာရောက်ခြင်းမပြုမီ ကက်ရှ်မီးယားဒေသရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လွတ်လပ်ရေး လှုပ်ရှားသူ ခေါင်းဆောင် ရာပေါင်းများစွာကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးထိန်သိမ်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    မိုဒီမှာ နိုဝင်ဘာ ၇ ရက်နေ့တွင် ကက်ရှ်မီးယားသို့ လာရောက်ရန် ရှိနေပြီး ဒေသရှိ သူပုန်များနှင့် လွတ်မြောက်ရေး လှုပ်ရှားသူများမှာ မိုဒီအား ဆန့်ကျင်သည့်အနေဖြင့် “သန်းချီ ချီတက်မှု” အစီအစဉ်ကို ဆောင်ရွက်ရန် စီစဉ်နေသည်။

    “ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမှု အစီအစဉ်ကို အိန္ဒိယက အင်အားသုံးပြီး ပြင်းပြင်းထန်ထန် နှိမ်နှင်းနေပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့နေရာကို လူတစ်သန်းနဲ့ ရောက်အောင်သွားမှာပါ” ဟု ကက်ရှ်မီးယားဒေသရှိ လွတ်မြောက်ရေးအဖွဲ့မှ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဆယဒ် အလီ ရှားဟ် ဂီလာနီက ပြောကြားခဲ့သည်။

    ဂီလာနီကို အိန္ဒိယအာဏာပိုင်များက အကျယ်ချုပ် ချထားပြီး ၎င်းက ထိုကဲ့သို့ ချီတက်ဆန္ဒပြရန် တိုက်တွန်းဆော်သြခဲ့ခြင်းဖြစ်ကာ ဒေသအတွင်းရှိ လွတ်မြောက်ရေးလိုလားသည့် ပါတီများနှင့် လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသော လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော်တို့က ထောက်ခံခဲ့ကြသည်။

    သို့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အိန္ဒိယရဲတပ်ဖွဲ့မှာ ကက်ရှ်မီးယာဒေသအတွင်း စီးနင်းမှု အမြောက်အများ ပြုလုပ်ခဲ့ပြီး တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

    ထို့ပြင် မိုဒီအား ဆန့်ကျင်ဆန္ဒပြမှု ပြုလုပ်ရေးကို အားပေးသော ဆိုရှယ်မီဒီယာ စာမျက်နှာများနှင့် ၀ဘ်ဆိုက် ဒါဇင်ပေါင်းများစွာကိုလည်း ပိတ်ပစ်ခဲ့ပြီး အင်တာနက်မှ ဖုန်းခေါ်ဆိုမှုများကိုလည်း ပိတ်ပင်ထားသည်။ ထို့ပြင် ကားလမ်းများနှင့် အဝေးပြေးလမ်းများကိုလည်း အိန္ဒိအစိုးရက ပိတ်ဆို့ထားသည်။

    မိုဒီအား ဆန့်ကျင်သည့် အဆိုပါ ချီတက်ဆန္ဒပြမှုက ၂၀၀၈ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များတွင် ဖြစ်ပွားခဲ့ပြီး လပေါင်းများစွာကြာမြင့်ခဲ့သော အိန္ဒိယဆန့်ကျင်သည့် ဆန္ဒပြမှုများကဲ့သို့ ဖြစ်လာမည်ကို အိန္ဒိယအစိုးရက ကြောက်ရွံ့နေသည်။

    Ref: Aljazeera

  • မေ၀ယ်သာနှင့် ပက်ကွီအို မကျေပွဲပြန်ဖြစ်မည်ဟု လက်ဝှေ့နည်းပြပြော

    မေ၀ယ်သာနှင့် ပက်ကွီအို မကျေပွဲပြန်ဖြစ်မည်ဟု လက်ဝှေ့နည်းပြပြော

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    may

    – လက်ဝှေ့လောကမှ အနားယူသွားခဲ့သည့် အမေရိကန်လက်ဝှေ့ကျော် ဖလွိုက်မေ၀ယ်သာနှင့် ပက်ကွီအိုတို့မှာ မကျေပွဲအဖြစ် ပြန်လည်ထိုးသတ်ကြလိမ့်မည်ဟု ပက်ကွီအို၏ လက်ဝှေ့နည်းပြ ဖရက်ဒီ ရိုအာ့ခ်ျက ပြောကြားလိုက်သည်။

    ၎င်းတို့နှစ်ဦးမှာ ပြီးခဲ့သည့်မေလက ထိုးသတ်ခဲ့ပြီး ရာစုနှစ်၏ အကောင်းဆုံးပွဲအဖြစ် သတ်မှတ်ခံခဲ့ရသည့် ထိုပွဲတွင် ပက်ကွီအိုက အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း ပက်ကွီအိုကမူ ၎င်းမှာ လေ့ကျင့်စဉ် ပုခုံး၌ ဒဏ်ရာရရှိခဲ့သောကြောင့် စွမ်းဆောင်ရည် အပြည့်အ၀ ပြသနိုင်ခြင်းမရှိခဲ့ဟု ပွဲအပြီး၌ ပြောကြားခဲ့သည်။

    ထိုဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရသည့် ပက်ကွီအိုမှာ လာမည့်နှစ်ဆန်းပိုင်းတွင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ရှိနေပြီး၊ အနားယူသွားခဲ့သည့် မေ၀ယ်သာ လက်ဝှေ့ပြန်ထိုးပါက မကျေပွဲနွှဲချင်သည်ဟု မကြာခဏ ပြောကြားခဲ့သည်။

    “ပုခုံးဒဏ်ရာ မရခဲ့ဘူးဆိုရင် ပက်ကွီအိုက လက်ဝှေ့သမားကောင်းဖြစ်ပြီး ပွဲကလည်း ကြည့်လို့လှမှာပါ။ ကျွန်တော်ကတော့ ဖလွိုက်မေ၀ယ်သာဟာ နောက်ထပ်တစ်ကြိမ် ပြန်ထိုးမယ်လို့ ထင်ပါတယ်။ ရပေါက်ရလမ်းက သိပ်များတယ်လေ။ သူတို့ ဘယ်အလွတ်ခံလိမ့်မလဲ” ဟု ရိုအာ့ခ်ျက ပြောကြားခဲ့သည်။

    ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းကလည်း ပက်ကွီအိုနှင့် ထိုးသတ်ရန် ကြိုးစားနေသည်။

    Ref: Dailymail

  • အီဂျစ်တွင်ပျက်ကျသည့် ရုရှားလေယာဉ် IS ကြောင့်ဖြစ်နိုင်သည်ဟု အမေရိကန်ပြော

    အီဂျစ်တွင်ပျက်ကျသည့် ရုရှားလေယာဉ် IS ကြောင့်ဖြစ်နိုင်သည်ဟု အမေရိကန်ပြော

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    russia

    – အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင် စနေနေ့က ပေါက်ကွဲပျက်ကျသွားခဲ့သည့် ရုရှား ခရီးသည်တင်လေယာဉ်ပေါ်တွင် IS သို့မဟုတ် ၎င်းတို့အား သစ္စာခံသည့်အဖွဲ့က ဗုံးထောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အမေရိကန် ထောက်လှမ်းရေးက ပြောကြားလိုက်သည်။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဟမ်မွန်းက လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့သည့် Metrojet Flight 9268 ပျက်ကျမှုမှာ ပေါက်ကွဲစေတတ်သော ပစ္စည်းကြောင့် ဖြစ်သည်ဟု မိမိတို့အစိုးရက ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး အရှေ့အလယ်ပိုင်းမှ ရရှိခဲ့သည့် ထောက်လှမ်းရေးမှတ်တမ်းများကလည်း တစ်ဦးဦးက ထိုလေယာဉ်တွင် ဗုံးထောင်ထားခဲ့သည့် ဖြစ်နိုင်ချေကို ပြသနေသည်ဟု ဆိုသည်။

    Black Box မှမ်းတမ်းအရ ရေဒါမှ မပျောက်ခင် လေယာဉ်မှူးအခန်းထဲ၌ ပုံမှန်မဟုတ်သည့် အသံများကို ကြားခဲ့ရသည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့ပြီး၊ အမေရိကန် မီဒီယာများကလည်း ထိုလေယာဉ် ပျက်ကျသည့်အချိန်တွင် အမေရိကန် ဂြိုဟ်တုတစ်ခုက အပူလုံးကြီးတစ်ခုကို တွေ့ခဲ့ရသည်ဟု ပြောကြားမှုများလည်း ရှိနေသည်။

    လေယာဉ်ပျက်ကျပြီးနောက် IS အဖွဲ့က ထိုလေယာဉ်ကို မိမိတို့ ပစ်ချခဲ့သည်ဟု ပြောကြားခဲ့ပြီး အီဂျစ်နှင့် ရုရှားအာဏာပိုင်များကမူ ငြင်းဆိုထားသည်။

    အမေရိကန်၏ ထောက်လှမ်းရေး ရင်းမြစ်များကလည်း လေယာဉ်ပေါက်ကွဲမှု အကြောင်းအရင်းမှာ IS သို့မဟုတ် ၎င်းတို့အား သစ္စာခံသည့်အဖွဲ့က လေယာဉ်ပေါ်တွင် ဗုံေးထာင်ခဲ့ခြင်း ဖြစ်နိုင်သည့် အလားအလာရှိသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ထိုဗုံးအား လေယာဉ်ပေါ်သို့ တင်ဆောင်ရာတွင် ပျက်ကျသွားသည့်နေရာဖြစ်သော ရှမ် အလ်-ရှိခ် လေဆိပ်မှ တစ်ဦးဦးကလည်း ကူညီခဲ့သည်ဟု ထောက်လှမ်းရေးက ဆိုသည်။ သို့သော်လည်း နောက်ဆုံး ကောက်ချက်ချ၍ မရသေးဘဲ အမေရိကန်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များကလည်း အခင်းဖြစ်ပွားရာ နေရာမှ အထောက်အထားများကို ကြည့်ရှုရခြင်း မရှိသေးပေ။

    Ref: CNN

  • ချန်ပီယံလိဂ်နိုင်ပွဲက လူငယ်ပရိတ်သတ်များအတွက်ဖြစ်သည်ဟု မော်ရင်ဟို

    ချန်ပီယံလိဂ်နိုင်ပွဲက လူငယ်ပရိတ်သတ်များအတွက်ဖြစ်သည်ဟု မော်ရင်ဟို

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    chelsea

    – ချန်ပီယံလိဂ်တွင် ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အား အနိုင်ရခဲ့သည့်ပွဲက အားမလိုအားမရ ဖြစ်နေကြသည့် အသင်း၏ လူငယ် ပရိတ်သတ်များအတွက် ဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ထိုပွဲတွင် ချယ်ဆီးမှာ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲပေါင်းစုံ ၉ ပွဲတွင် ဒုတိယမြောက်အနိုင်ရသည့်ပွဲ ဖြစ်သည်။ မော်ရင်ဟိုကမူ ကစားသမားများကို ချီးကျူးပြောဆိုခဲ့သည်။

    “အသင်းနိုင်နေတဲ့အချိန်မှာတော့ ကျောင်းကို ချယ်ဆီးအင်္ကျီဝတ်သွားတာဟာ အသက် ၁၀ နှစ် ၁၂ နှစ်အရွယ် လူငယ်လေးတွေအတွက် ဘာပြဿနာမှ မရှိပေမယ့် အသင်းရှုံးတဲ့အခါကျရင်တော့ အသင်းအင်္ကျီဝတ် ကျောင်းသွားဖို့ သူတို့အတွက် ခက်ခဲပါတယ်။ နိုင်ပွဲတွေရနေတဲ့ အခြားအသင်းတွေရဲ့ ပရိတ်သတ်တွေက သူတို့ကို မခံချင်အောင် စတာနောက်တာတွေ လုပ်ကောင်းလုပ်နိုင်ပါတယ်။ အသင်း ကောင်းမွန်နေတဲ့အချိန်မှာရာ၊ ရှုံးနိမ့်နေတဲ့ အချိန်မှာပါ ပရိသတ်တွေက တစ်စိုက်မတ်မတ် အားပေးနေတယ်ဆိုတာကို မြင်ရတာ သိပ်ကို အံ့သြစရာကောင်းပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • အစိုးရယန္တရားတွင် ခြစားမှုအဆုံးသတ်ရေး ရိုမေးနီးယားပြည်သူများ ဆန္ဒပြ

    အစိုးရယန္တရားတွင် ခြစားမှုအဆုံးသတ်ရေး ရိုမေးနီးယားပြည်သူများ ဆန္ဒပြ

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    rmna

    – အင်္ဂါနေ့ ဆန္ဒပြမှုများကြောင့် ၀န်ကြီးချုပ် ဗစ်တာ ပွန်တာ ယမန်နေ့က နှုတ်ထွက်ခဲ့သော်လည်း အစိုးရအဖွဲ့အတွင်း လာဘ်စားမှုများကို အဆုံးသတ်ရေးအတွက် ယမန်နေ့က နိုင်ငံတစ်ဝှမ်းတွင် ရိုမေးနီးယားပြည်သူများက ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    မြို့တော်ဘူခါရက်တွင် ပြုလုပ်သည့် ဆန္ဒပြမှုအတွင်း ပြည်သူ ၃ သောင်းကျော် ပါဝင်ခဲ့ကြပြီး နိုင်ငံအတွင်းရှိ အခြားသော အဓိကမြို့ကြီးများတွင်လည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ယခုတစ်ပတ် အစောပိုင်းက ဘူခါရက်ရှိ နိုက်ကလပ်တစ်ခုတွင် မီးလောင်ကာ လူ ၃၂ ဦး သေဆုံးခဲ့သည့် အဖြစ်အပျက်ကို မကျေနပ်သည့်အတွက် အင်္ဂါနေ့က ပြုလုပ်ခဲ့သော ဆန္ဒပြမှုများကြောင့် ၀န်ကြီးချုပ်ပွန်တာ ဦးဆောင်သည့် အစိုးရက နှုတ်ထွက်ပေးခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ထိုနှုတ်ထွက်ခြင်းမှာ နိုင်ငံရေးအခြေအနေ ပြုပြင်ပြောင်းလဲမှု စတင်ခြင်းသာဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရားတွင် အလွန်အမင်း လာဘ်စားမှုများ ရှိနေသည်ဟု ရိုမေးနီးယားပြည်သူများက မှတ်ယူနေကြသည်။

    “ကျွန်တော်တို့ဟာ ခြစားမှု၊ ခြစားသူတွေနဲ့ သူတို့တွေကို ကာကွယ်ပေးနေတဲ့ စနစ်ကြီးကို ပထမဆုံး ဆန့်ကျင် ဆန္ဒပြကြတပါ။ အဲဒီစနစ်က ခြစားသူတွေကို သူတို့ဟာသူတို့ မဖယ်ရှားဘူးဆိုရင် ပြည်သူတွေက သူတို့ရဲ့လက်နဲ့ တရားမျှတမှုကို ရှာဖွေရပါလိမ့်မယ်” ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။

    Ref: Aljazeera