News @ M-Media

Blog

  • နျူအရေးသဘောတူညီချက်ကို အီရန်ပါလီမန် အတည်ပြု

    နျူအရေးသဘောတူညီချက်ကို အီရန်ပါလီမန် အတည်ပြု

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    – နိုင်ငံ၏ စစ်ဖက်ဆိုင်ရာ အဆောက်အဦးများကို နိုင်ငံတကာ လေ့လာသူများက ကန့်သတ်ချက်ဖြင့်သာ ၀င်ရောက်ခွင့်ရမည်ဟူသော ခြွင်းချက်ဖြင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် ရရှိခဲ့သည့် နျူအရေးသဘောတူညီချက်ကို အီရန်အောက်လွှတ်တော် (မက်ဂ်ျလစ်) က ယနေ့တွင် အတည်ပြုလိုက်သည်ဟု နိုင်ငံပိုင်သတင်းဌာန IRNA က ကြေငြာခဲ့သည်။

    ထိုသဘောတူညီချက်ကို လက်မှတ်ထိုးထားသည့် အခြားအသော အဖွဲ့များမှ လက်မခံပါက တန်ပြန်ဆောင်ရွက်သွားမည့် ကိစ္စများကိုလည်း လွှတ်တော်အမတ်များက အတည်ပြုခဲ့ပြီး ပညာရှင်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ စောင့်ရှောက်ရေးကောင်စီက နျူသဘောတူညီချက်ကို အတည်ပြုခဲ့ပါက ဥပဒေတစ်ခု ဖြစ်လာမည်ဖြစ်ကာ အီရန်အစိုးရမှာ သဘောတူညီချက်အတိုင်း အကောင်အထည် ဖော်ရမည်ဖြစ်သည်။

    ထိုသဘောတူညီချက်ကို အမေရိကန် အထက်လွှတ်တော် ဆီးနိတ်မှ အတည်ပြုရန်လည်း လိုအပ်ပြီး ရီပက်ဘလစ်ကန်များကမူ အတည်မပြုရန် ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသည်။ သမ္မတအိုဘားမား အစိုးရကလည်း အတည်ပြုနိုင်ရန်အတွက် ကြိုးစားနေပြီး ထိရောက်မှုရှိနေသည်။

    Ref: RT

  • ဘရာဇီးလ်မှာ အသင်းလိုက် အလုပ်မဖြစ်ဟု ပီလီပြော

    ဘရာဇီးလ်မှာ အသင်းလိုက် အလုပ်မဖြစ်ဟု ပီလီပြော

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    pele

    – ဘရာဇီးလ်အသင်းတွင် တစ်ဦးကောင်းများသာရှိပြီး အသင်းလိုက်တွင် အလုပ်မဖြစ်ဟု ဂန္တ၀င်ကစားသမား ပီလီက ပြောကြားလိုက်သည်။

    အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်၌ ဂျာမနီအသင်းအား ၇ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဘရာဇီလ်းမှာ ပုံမှန်ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်း မရှိတော့ဘဲ ယခုနှစ် ကိုပါအမေရိကတွင်လည်း ကွာတားဖိုနယ်မှ ထွက်ခဲ့ရပြီး အသင်းမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    ယနေ့မနက်က ကစားခဲ့သည့် ချီလီအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဘရာဇီးလ်မှာ ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ပီလီကမူ အသင်းကျရှုံးခြင်းက ဘရာဇီးလ်နိုင်ငံမှာ ဘောလုံးကို ချစ်မြတ်နိုးမှု နည်းပါးခြင်းကြောင့် မဟုတ်ဟု ဆိုသည်။

    “ကျွန်တော်တို့ ဘောလုံးပေါ်မှာ အချစ်မလျော့ပါဘူး။ ဘရာဇီးလ်အတွက် အကောင်းဆုံးကစားသမားတွေ ရှိပါတယ်။ ကံမကောင်းတာက အသင်းကိုပြင်ဆင်ဖို့ ကျွန်တော်တို့မှာ အချိန်မရှိတာပါ။ တစ်ဦးချင်းစီကောင်းတာက အရေးကြီးပေမယ့် အသင်းကောင်းတစ်သင်းဖြစ်ဖို့တော့ အဖွဲ့လိုက် ကောင်းကောင်းကစားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါက ပြဿနာကြီးတစ်ခုပါပဲ။ တစ်ယောက်ချင်းဆီကြည့်ရင် ကျွန်တော်တို့မှာ အကောင်းဆုံးကစားသမားတွေရှိပါတယ်။ အသင်းလိုက်အနေနဲ့ဆိုရင်တော့
    ပြဿနာသိပ်များပါတယ်”

    Ref: Goal

  • အသင်းအတွက် ဂုဏ်ယူနေတဲ့ အင်္ဂလန်နည်းပြ ဟဒ်ဆန်

    အသင်းအတွက် ဂုဏ်ယူနေတဲ့ အင်္ဂလန်နည်းပြ ဟဒ်ဆန်

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    eng

    – ယူရိုခြေစစ်ပွဲတွင် ၁၀ ပွဲစလုံး အနိုင်ရရှိကာ ပြည့်ဝသည့် မှတ်တမ်းကောင်းကို ရရှိခဲ့ခြင်းအတွက် ဂုဏ်ယူမိသည်ဟု အင်္ဂလန်နည်းပြ ရွိုင်ဟဒ်ဆန်က ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် လစ်သူယေးနီးယားနှင့်ပွဲတွင် အင်္ဂလန်မှာ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ယူရိုခြေစစ်ပွဲ အုပ်စုများတွင် ရာနှုန်းပြည့် နိုင်ပွဲရသည့် တစ်သင်းတည်းသောအသင်းဖြစ်ကာ ယူရိုခြေစစ်ပွဲသမိုင်းတွင်လည်း ပွဲအားလုံးနိုင်သည့် ၆ သင်းမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

    “ဒါဟာ အအောင်မြင်မှုတစ်ခုပါ။ ကျွန်တော်ဟာ ကစားသမားတွရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူပါတယ်။ ၁၀ ပွဲမှာ ၁၀ ပွဲစလုံးနိုင်ဖို့ဆိုတာ ဒီလိုခြေစစ်ပွဲအုပ်စုမှာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကျေနပ်ရမှာဖြစ်သလို၊ နည်းနည်းတော့ ဂုဏ်ယူရပါလိမ့်မယ်” ဟု ဟဒ်ဆန်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • တောင်ကိုရီးယားအစိုးရ နိုင်ငံ၏သမိုင်းကို ပြောင်းရန် ကြိုးစား

    တောင်ကိုရီးယားအစိုးရ နိုင်ငံ၏သမိုင်းကို ပြောင်းရန် ကြိုးစား

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    korea

    – စာသင်ကျောင်းများတွင် သင်ကြားနေသည့် သမိုင်း ပြဌာန်းစာအုပ်များကို အချက်အလက်မှန်ကန်သော စာအုပ်များဖြင့် အစားထိုးသွားမည်ဟု တောင်ကိုရီးယား အစိုးရက ပြောကြားလိုက်သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပညာရေးဝန်ကြီး ၀မ် ၀ူ ယီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုသုံးစွဲနေသည့် စာအုပ်များမှာ သမိုင်းအချက်အလက်နှင့် အကြောင်းအရာအမှားများ ပါဝင်နေကာ အယူအဆဆိုင်ရာ ဘက်လိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

    “ဒါတွေက ကျောင်းသားတွေကြားထဲမှာ သမိုင်းရှုထောင့်တွေအပေါ် ရှုပ်ထွေးမှုကို ဖြစ်စေခဲ့ပါတယ်။ ပြီးတော့ တစ်နိုင်ငံလုံးနဲ့ချီပြီး အကျယ်တစ်ဝင့် ရေးသားဖော်ပြချက်မှာ ကွဲလွဲမှုတွေမှုနဲ့ လူမှုရေး ပဋိပက္ခတွေကိုလည်း ဖြစ်စေပါတယ်” ဟု ၀မ်က ပြောကြားခဲ့သည်။

    ဝေဖန်သူများကမူ အစိုးရ၏ သမိုင်းဆိုင်ရာပြောင်းလဲချင်သည့် ဆန္ဒတွင် လက်ရှိသမ္မတ ပက်ဂျုံဟေး၏ ဖခင်ဖြစ်ပြီး ၁၉၆၀နှင့် ၁၉၇၀ ပြည့်နှစ်များတွင် အာဏာရှင်ဖြစ်ခဲ့သူ ပက်ချုံဟီးအား ပိုအမွှမ်းတင်လိုသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    ထိုကဲ့သို့ သမိုင်းစာအုပ်များ ပြောင်းလဲခြင်းကို ဆန့်ကျင်သည့် စာတစ်စောင်ကို ပြည်သူ ၅၀၀၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ကြပြီး ထိုအထဲတွင် ကျောင်းဆရာများနှင့် ပညာရှင်များလည်း ပါဝင်သည်။

    Duksung အမျိုးသမီးတက္ကသိုလ်မှ သမိုင်းဆိုင်ရာ ပါမောက္ခဖြစ်သူ ဟန်ဖန်ကွန်ကမူ ထိုဆောင်ရွက်ချက်မှာ အစိုးရ၏ လိုချင်သည့်ပုံစံမျိုးဖြင့် သမိုင်းပြဌာန်းစာအုပ်များကို ပြောင်းလဲရမည်ဟု အဓိပ္ပါယ်ရကြောင်း ပြောကြားခဲ့သည်။

    “ခိုင်မာတဲ့ ပညာရပ်ဆိုင်ရာ တွေ့ရှိချက်တွေကို အဲဒီစာအုပ်တွေမှာ ရေးထားပေမယ့် အကြောင်းအရာတွေကို ပြောင်းလဲနိုင်ပြီး မှားယွင်းနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ၂၀၁၅ စီးပွားရေးနိုဘယ်ဆုကို ဗြိတိန်စီးပွားရေးပညာရှင်တစ်ဦး ရရှိ

    ၂၀၁၅ စီးပွားရေးနိုဘယ်ဆုကို ဗြိတိန်စီးပွားရေးပညာရှင်တစ်ဦး ရရှိ

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    – ၂၀၁၅ ခုနှစ်အတွက် စီးပွားရေး နိုဘယ်ဆုကို တစ်အိမ်ထောင်ချင်း သုံးစွဲမှု၊ ဆင်းရဲမွဲတေမှုနှင့် လူမှုဖူလှုံရေး ပေါ်လစီများ ပြောင်းလဲစေရန် ဆောင်ရွက်ခဲ့သော စီးပွားရေးပညာရှင် အန်ဂက်စ် ဒီယာတန်က ရရှိခဲ့သည်ဟု သိရသည်။

    ဗြိတိန်တွင်မွေးဖွားသည့် ဒီယာတန်၏ ဆောင်ရွက်မှုများမှာ အိမ်တောင်စု စစ်တမ်းကောက်ခြင်းနှင့် အခွန်များ ပြောင်းလဲခြင်းတို့ကဲ့သို့ နည်းလမ်းများမှ အစိုးရများ၏ လူမှုစီးပွားပေါ်လစီကို တိုးတက်စေရန် အကူအညီဖြစ်စေခဲ့သည်။

    နိုဘယ်ဆု ရွေးချယ်ချီးမြှင့်သည့် ဆွီဒင်တော်ဝင် သိပ္ပံအကယ်ဒမီကမူ ဒီယာတန်၏ ကြိုးပမ်းမှုများမှာ ပေါ်လစီရေးစွဲခြင်းလုပ်ငန်းတွင် အဓိကလွှမ်းမိုးမှုရှိခဲ့ပြီး အခွန်ကောက်ခံမှု ပြောင်းလဲခြင်းမှ လူ့အဖွဲ့အစည်း မည်မျှကို ထိခိုက်စေသည်နှင့် ပတ်သက်၍ ဆုံးဖြတ်ရန် အကူအညီဖြစ်စေခဲ့သည်ဟု ဆိုသည်။

    “လူမှုဖူလှုံရေးနဲ့ ဆင်းရဲမွတေမှုလျော့ချပေးတဲ့ စီးပွားရေး ပေါ်လစီတစ်ခုကို ဖန်တီးပေးဖို့အတွက် ကျွန်တော်တို့ဟာ ပထမဆုံး တစ်ဦးတစ်ယောက်ချင်းစီရဲ့ ရွေးချယ်သုံးစွဲမှုကို မဖြစ်မနေ နားလည်ရပါမယ်။ အခြားသူတွေထက်ပိုပြီးတော့ အန်ဂက်စ် ဒီယာတန်က ဒါကို ပိုပြီး နားလည်ခဲ့ပါတယ်” ဟု အကယ်ဒမီမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အသက် ၆၉ နှစ်အရွယ်ရှိ ဒီယာတန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူနေမှုအဆင့်အတန်းနှင့် ဆင်းရဲမွဲတေမှုကို တိုင်းတာရန် အိမ်ထောင်စု စစ်တမ်းကောက်ယူမှု၊ အထူးသဖြင့် တစ်အိမ်ထောင်ချင်းသုံးစွဲမှုအား လေ့လာခြင်းကို စွန့်ဦး လုပ်ဆောင်ခဲ့သူဖြစ်သည်။ ထို့ပြင် ၎င်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၀င်ငွေထက် ထွက်ငွေအပေါ်မူတည်၍ သုံးသပ်ခဲ့သူလည်း ဖြစ်သည်။

    နိုဘယ်ဆု ရရှိသည်ဟု သိရှိပြီးနောက် ပထမဆုံး ပြောကြားသည့် မှတ်ချက်တွင် ဒီယာတန်က အလွန်အမင်း ဆင်းရဲမွဲတေမှုမှာ လွန်ခဲ့သည့် နှစ် ၂၀ မှ ၃၀ အတွင်း သိသိသာသာ ကျသွားခဲ့ပြီး၊ ဆက်လက်၍လည်း ထိုကဲ့ပုံစံအတိုင်း သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    “ပိုကောင်းလာမယ်လို့ ကျွန်တော်က ထင်နေတဲ့အချိန်မှာ ခင်ဗျားတို့မှတ်ထားရမှာက ကျွန်တော်တို့ဟာ အန္တရာယ်တွေ မရှိတော့ဘူးဆိုတဲ့ အခြေအနေမျိုး မဟုတ်ဘူး ဆိုတာပါပဲ။ ကမ္ဘာပေါ်က လူတော်တော်များများအတွက် အခြေအနေက တကယ့်ကို ဆိုးရွားနေပါတယ်။ မညီမျှတဲ့ တိုးတက်မှုလားရာတွေဟာ ကမ္ဘာတစ်ဝှမ်းက ပြဿနာအများအပြားအတွက် အလွန်စိုးရိမ်စရာ ကောင်းပါတယ်”

    Ref: Reuters