News @ M-Media

အာဖဂန်မှဆုတ်ခွာရေး အမေရိကန် ထပ်မံရွှေ့ဆိုင်း

အောက်တိုဘာ ၁၅၊ ၂၀၁၅
M-Media

us

– အာဖဂန်မှ ယခုနှစ်အကုန်တွင် ကန်စစ်သားများ လျော့ချမည့်အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီး ယခုရှိနေသည့် အရေအတွက် ၉၈၀၀ အတိုင်းသာ လာမည့်နှစ်ကုန်အထိ ထားရှိရန် အမေရိကန်က ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

ယခု ဆုံးဖြတ်ချက်မှာ ၁၄ နှစ်တာကြာမြင့်နေသည့် ကျူးကျော်စစ်ပွဲအား အဆုံးသတ်ရေးအတွက် အမေရိကန်အစိုးရက ဒုတိအကြိမ် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။ ယခင်က ၂၀၁၅ အကုန်တွင် အာဖဂန်၌ စစ်သား ၅၅၀၀ ထားရှိပြီး နောက်ပိုင်းတွင် မြို့ကဘူးလ်၌ အမေရိကန်သံရုံးသာ တည်ရှိရန် စီစဉ်ထားခြင်းဖြစ်သည်။

အစီအစဉ်အသစ်အရ အိုဘားမားအလွန် ၂၀၁၇ ခုနှစ် အစောပိုင်းတွင်မှ အမေရိကန်စစ်သားအရေအတွက်ကို ၅၅၀၀ အထိ လျော့မည်ဖြစ်သည်။ ထို့ပြင် စစ်အခြေစိုက်စခန်းအား ကဘူးလ်တွင် ထားရှိမည်ဖြစ်ပြီး ဘာဂရမ်၊ ဂျလာလာဘတ်နှင့် ကန်ဒါဟာတို့တွင် စစ်စခန်းများ ထားရှိသွားမည်ဖြစ်သည်။ ယခုအစီအစဉ်အသစ်ကို အိုဘားမားက ၀ါရှင်တန်စံတော်ချိန် အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၁၁ နာရီတွင် အိမ်ဖြူတော်၌ ကြေငြာဖြစ်သည်။

Ref: CNN

Comments

Leave a Reply