News @ M-Media

Blog

  • အရည်အချင်းနဲ့ ပြောင်းလဲမယ်ဆိုတဲ့ စိတ်ရှိရင်ဖြစ် ပါပြီဆိုတဲ့ အင်းစိန်က တသီး ပုဂ္ဂလ အမတ်လောင်း ဦးလှထွန်း

    အရည်အချင်းနဲ့ ပြောင်းလဲမယ်ဆိုတဲ့ စိတ်ရှိရင်ဖြစ် ပါပြီဆိုတဲ့ အင်းစိန်က တသီး ပုဂ္ဂလ အမတ်လောင်း ဦးလှထွန်း

    အောက်တိုဘာ ၁၂ ၊ ၂၀၁၅
    M-Media
    မိုးစက် တွေ့ဆုံမေးမြန်းသည်။
    U Hla Tun pp size
    ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်း အင်းစိန်မဲဆန္ဒနယ်မှနေ၍ အခြားပါတီများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၈) ဦးနှင့်  တစ်သီးပုဂ္ဂအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှထွန်းအား M-Media မှတွေ့ဆုံ မေးမြန်းထားပါသည်။

    M-Media။    ။ အန်ကယ့်အနေနဲ့ ဒီရွေးကောက်ပွဲမှာ ဘာကြောင့်တစ်သီးပုဂ္ဂ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာလဲ။
    ဖြေ။    ။ အန်ကယ်ကအရင်က NLD ကပါ။ NLD ကနေအဆိုတင်တယ်။တင်တော့သူတို့က ပယ်လိုက်တယ်။ အန်ကယ်ကလည်း နိုင်ငံရေးဆက်လုပ်ချင်တော့ NLD ကနေနှုတ်ထွက်ခဲ့ပြီး တစ်သီးပုဂ္ဂအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

    M-Media။    ။  ဒီအင်းစိန်မြို့နယ်ကိုရွေးချယ်ရတဲ့အကြောင်းကရော ဘာကြောင့်ပါလဲ။
    ဖြေ။    ။ အန်ကယ်က အင်းစိန်သားပါ။ အင်းစိန်မှာမွေးပြီး အင်းစိန်မှာကြီးတော့ အန်ကယ်ဒီမြို့ကပဲ ဝင်ပြိုင်ဖြစ်တာပါ။

    M-Media။    ။ ခုစည်းရုံးရေးအလုပ်တွေရော စတင်လုပ်ဆောင်နေပြီလား။
    ဖြေ။    ။  လုပ်နေပါပြီ။ အန်ကယ့် မဲဆန္ဒနယ်ကလူတွေဆီကို ကိုယ်တိုင်သွားပြီး တစ်အိမ်တက်ဆင်း သူတို့နဲ့တွေ့ သူတို့အခက်အခဲတွေမေးပြီးဆွေးနွေးတာတွေ လုပ်ပါတယ်။ အန်ကယ့် လက်ကမ်းစာစောင်တွေကိုလည်း သူတို့ကိုဝေပြီး သူတို့နားလည်အောင် သေချာရှင်းပြပါတယ်။

    M-Media။    ။ အန်ကယ်မဲဆွယ်တဲ့အခါမှာရော လူထုရဲ့တုံ့ပြန်မှုက ဘယ်လိုရှိသလဲ။
    ဖြေ။    ။ စိတ်ဝင်စားမှုရှိပါတယ်။ လူတွေက ခုရွေးကောက်ပွဲကိုလည်း စိတ်ဝင်တစားရှိနေကြတာဆိုတော့ သူတို့ကို ပြောပြရှင်းပြရတာက ကောင်းပါတယ်။ စိတ်ဝင်စားကြတယ်။

    M-Media။    ။ အန်ကယ့်ရဲ့မြို့နယ်မဲဆန္ဒရှင်တွေအပေါ်မှာရော ဘာတွေလုပ်ဆောင်ပေးဖို့ရှိသလဲ။
    ဖြေ။    ။ အင်းစိန်သားတစ်ယောက်အနေနဲ့တော့ အင်းစိန်မြို့နယ် ဖွံ့ဖြိုးရေးကို အဓိကထားလုပ်မှာပါ။

    M-Media။    ။ လွှတ်တော်ထဲရောက်သွားရင်ရော အန်ကယ့်အနေနဲ့ ဘာတွေလုပ်ဆောင်ဖို့ရှိလဲ။
    ဖြေ။    ။ ကိုယ့်မြို့နယ်က မဲဆန္ဒရှင်တွေ အတွက် လုပ်ပြီးရင်တော့ အန်ကယ်က လျှပ်စစ် သဘောင်္အင်ဂျီနီယာတစ်ယောက်ဖြစ်တော့ အန်ကယ့်မှာနိုင်ငံတကာ အတွေ့အကြုံတွေလည်း အများကြီးရှိတယ်။ လျှပ်စစ် မဖွံ့ဖြိုးသေးသမျှတော့ နိုင်ငံတစ်နိုင်ငံဟာ စက်မှုနိုင်ငံ မဖြစ်နိုင်ဘူးလေ။သူများနိုင်ငံတွေနဲ့ ရင်ဘောင်တန်းပြီး လိုက်နိုင်ဖို့ လိုတယ်။ နောက်အန်ကယ်တို့နိုင်ငံမှာ ပင်လယ် ဆိပ်ကမ်းတွေနည်းနေတယ်။ ပင်လယ်ဆိပ်ကမ်းတွေရှိမှ ဒေသဖွံ့ဖြိုးရော ကုန်သွယ်မှုတွေရော တိုးတက်မှာပါ။ ပြီးတော့ လူနည်းစု အခွင့်အရေးတွေပေါ့။ ဥပဒေမှာသာရှိပြီး လက်တွေ့အကောင်အထည်မဖော်သေးတာတွေ ရှိနေတယ်။ အဲဒါတွေကိုလည်း တခြားပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေး ရအောင်ပေါ့။ အန်ကယ်တို့က ငြိမ်းချမ်းရေးကိုရဖို့ လက်တက်ကမ်းပဲ လိုတော့တာပါ။ မရှိမဖြစ်လိုအပ်တာတွေကို အဓိက ဦးစားပေးလုပ်ဆောင်သွားမှာပါ။
    U Hla Tun

    M-Media။    ။ လွှတ်တော်ထဲရောက်ရင်ရော ဘယ်သူတွေနဲ့ ပူးပေါင်းဖို့ရှိသလဲ။
    ဖြေ။    ။ အန်ကယ်က ဒီမိုကရေစီဘက်တော်သားဆိုတော့ ဒီမိုကရေစီကို ဖော်ဆောင်မဲ့သူတွေနဲ့ပဲ ပူးပေါင်းမှာပါ။ အထူးသဖြင့် NLD နဲ့ပူးပေါင်းမှာပါ။

    M-Media။    ။ ယှဉ်ပြိုင်ရမဲ့ ပါတီတွေအပေါ်မှာရော စိုးရိမ်တာမျိုးရှိလား။
    ဖြေ။    ။ စိုးရိမ်တာမရှိပါဘူး သမ္မတကြီး အင်ဗရာဟင်လီကွန်းဟာ ဘယ်ပါတီမှမဝင်ပဲ သမ္မတဖြစ်ခဲ့တာလေ။နိုင်ငံတစ်နိုင်ငံကို တိုးတက်ပြောင်းလဲပေးခဲ့တာ။ အန်ကယ်မြင်တာကတော့ အရည်အချင်းရှိပြီး တိုင်းပြည်ကိုတိုးတက်ပြောင်းလဲချင်တဲ့စိတ်ရှိရင်တော့ ရပီထင်တယ်။ ။ အန်ကယ်က ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်အဝရှိပါတယ်။

    M-Media။    ။ အန်ကယ့်မှာစိန်ခေါ်မှုတွေ အခက်အခဲတွေရော ရှိလား။
    ဖြေ။    ။ စိန်ခေါ်မှုတွေကတော့ များတာပေါ့။ ဒါပေမယ့် အန်ကယ်ကမစိုးရိမ်ပါဘူး။ ကျော်လွှားသွားနိုင်မယ် ထင်ပါတယ်။ ရှိတဲ့အင်အားလေးနဲ့ အန်ကယ်လုပ်ဆောင်နေတာဆိုတော့ အရမ်းအခက်အခဲတော့ မရှိပါဘူး။

    M-Media။    ။ လာမယ့်ရွေးကောက်ပွဲကရော တရားမျှတမယ်လို့ ထင်မိလား။
    ဖြေ။    ။ စောင့်ကြည့်ရမဲ့အနေအထားမှာရှိတယ်။ အန်ကယ်ထင်တာကတော့ မမျှတဘူးလို့ပဲထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲစာရင်းတွေ မှားတာတွေ တချို့အပြင်မှာကြားနေရတာတွေ ရှိနေတာပေါ့နော်။

    M-Media။    ။ အန်ကယ့်ရဲ့ နိုင်ငံရေးအတွေ့အကြုံလေးလည်း သိပါရစေ။
    ဖြေ။    ။ ၁၉၉၉ ခုနှစ်မှစပြီး NLD ကိုဝင်ရောက်ခဲ့တယ်။ NLD ဗဟိုတာဝန်ကနေ တာဝန်ပေးတဲ့ ရနကုန်တိုင်း လူမှုအထောက် အကူပြုအဖွဲ့(ယာယီ)မှာ အတွင်းရေးမှူးအဖြစ် ၂၀၁၂ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မှာလည်းေ န့စဉ်ပါဝင်ချီတက်လှုပ်ရှားခဲ့တယ်။

    12048490_736488403123189_2028083801_n

     

  • ကယားပြည်နယ်အတွင်း မြေပြိုမှု လူ ၈ ဦးသေဆုံး

    ကယားပြည်နယ်အတွင်း မြေပြိုမှု လူ ၈ ဦးသေဆုံး

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    Untitled

    – ကာယားပြည်နယ်ရှိ ရွာနှစ်ရွာတွင် မြေပြိုမှုကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများကို ယနေ့တွင် ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေသည်ဟု Xinhu သတင်းဌာနက ဖော်ပြခဲ့သည်။

    ယမန်နေ့ နေ့လည်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့စဉ်အတွင်း ကယားပြည်နယ်အတွင်းရှိ တောင်တန်းများထူထပ်ရာ ရွာနှစ်ရွာတွင် နေအိမ်ပေါင်း အလုံး ၃၀ ခန့် နစ်မြုပ်ခဲ့သည်။

    ကယ်ဆယ်ရေးလုပ်ငန်းများကိုမူ ဆက်လက်လုပ်ဆောင်နေပြီး ကျောင်းများနှင့် ဆေးရုံများတွင် ကယ်ဆယ်ရေးစခန်းများဖွင့်ထားကာ ဘေးသင့်သည့် ပြည်သူများအတွက် နေရာချပေးထားသည်။

    Ref: Times of India

  • မြန်မာနိုင်ငံ၏ ပထမဆုံး စွန့်ပစ်ပစ္စည်း ဓာတ်အားပေးစက်ရုံ မကြာမီလည်ပတ်မည်

    မြန်မာနိုင်ငံ၏ ပထမဆုံး စွန့်ပစ်ပစ္စည်း ဓာတ်အားပေးစက်ရုံ မကြာမီလည်ပတ်မည်

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    waste
    စွန့်ပစ်ပစ္စည်းဓာတ်အားပေးစက်ရုံ ဒီဇိုင်းတစ်ခု

    – မြန်မာနိုင်ငံ၏ ပထမဆုံး စွန့်ပစ်ပစ္စည်းသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို စတင်လည်ပတ်တော့မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လတွင် လျှပ်စစ်ဓာတ်အားများ ထုတ်ပေးနိုင်တော့မည်ဟု နိုင်ငံပိုင် New Light of Myanmar က ယနေ့တွင် ဖော်ပြခဲ့သည်။

    ရန်ကုန်မြို့၌ ဆောက်လုပ်ထားသည့် အဆိုပါ ဓာတ်အားပေးစက်ရုံမှာ ကန်ဒေါ်လာ ၁၆.၂ သန်း ကုန်ကျခဲ့ပြီး ဂျပန်နိုင်ငံမှ JFE အင်ဂျင်နီယာ ကုမ္ပဏီက ကန်ဒေါ်လာ ၈.၂ သန်း ထောက်ပံ့ခဲ့ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၈ သန်းထည့်ဝင်၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ နေ့စဉ် စွန့်ပစ်ပစ္စည်း တန် ၆၀ ကို အသုံးပြု၍ ဓာတ်အားပေးစက်ရုံမှာ လျှပ်စစ်ဓာတ်အား ၁၀၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။

    ရန်ကုန်မြို့တွင် တစ်နေ့လျှင် စွန့်ပစ်ပစ္စည်းပေါင်း တန် ၁၇၀ ခန့် ထွက်ရှိနေပြီး ထိုဓာတ်အားပေးစက်ရုံက စွန့်ပစ်ပစ္စည်းများမှ မီသိန်းနှင့် ကာဘွန်ဒိုင်အောက်ဆိုက်များ လေထုအတွင်းသို့ ထုတ်လွှတ်မှုကို လျော့ချပေးနိုင်မည်ဖြစ်သည်။

    Ref: Business-standard

  • စက်ဘီး/ဆိုင်ကယ် ထားရန် အမိုးလုပ်သည်ကို ဗလီ ခိုးဆောက်သည်ဟု သွေးထိုး လှုံဆော် ဝါဒဖြန့်

    စက်ဘီး/ဆိုင်ကယ် ထားရန် အမိုးလုပ်သည်ကို ဗလီ ခိုးဆောက်သည်ဟု သွေးထိုး လှုံဆော် ဝါဒဖြန့်

    အောက်တိုဘာ ၁၂၊၂၀၁၅
    M-Media
    ဇာဏီ
    Shwe Bo
    ရွှေဘို။    ။ စစ်ကိုင်းတိုင်ဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ရှိ  ဗလီဘေးတွင် စက်ဘီး/ဆိုင်ကယ်ထားရန် အမိုးဆောက်သည်ကို ဗလီခိုးဆောက်သည်ဟုဆိုကာ မတည်ငြိမ်မှုများ ဖြစ်ပေါ်စေမည့် သွေးထိုးလှုံဆော်သည့် ရေးသားမှုများ လွန်ခဲ့တဲ့ ရက်အတွင်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာတာကို တွေ့ရပါတယ်။

    အဆိုပါဖြစ်ရပ်ဖြစ်စဉ်မှာ ထိုဗလီသည် ဗလီ၏ ဘေးမြေကွက်လပ်နေရာတွင် လမ်းကို စက်ဘီး၊ ဆိုင်ကယ်များထားရန်အတွက် အမိုးမိုးသည်ကို မြို့နယ်စည်ပင်က ပြန်ပြီးဖျက်ခိုင်းခဲ့ခြင်းသာ ဖြစ်ကြောင်း သိရှိရပါတယ်။

    “ကျွန်တော်တို့က မိုးတွင်းမိုးရွာလို့ ဘေးမှာအမိုးလေးမိုးတာပါ။ စက်ဘီး၊ ဆိုင်ကယ်တွေထားရတာ အဆင်ပြေအောင်လို့။ အဲဒါကို စည်ပင်ကနေ လာပြီးတော့ သူတို့ကို မပြောဘဲနဲ့ လုပ်လို့ အဲဒါကို ပြန်ဖျက်ပေးရမယ်ပြောတယ်” ဟုအဆိုပါ ဒေသခံတစ်ဦးက M-Media ကိုပြောပါတယ်။

    စက်ဘီး၊ ဆိုင်ကယ်များထားရန် ပြုသည့် အမိုးကို အောက်တိုဘာလ ၁၉ ရက်နေ့ နောက်ဆုံးထားကာ ဖျက်ပေးရမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ရွှေဘိုမြို့သူမြို့သားများမှာလည်း မကျေမနပ်ခြင်း၊ ပဋိပက္ခတစ်စုံ တစ်ရာမျှ မရှိခြင်းနှင့် အားလုံး အေးအေးချမ်းချမ်းနှင့် ရှိနေကြောင်းလည်း ဒေသခံများပြော ဆိုမှု အရ သိရပါတယ်။

    ဗလီခိုးဆောက်သည့်ဟု သုံးနှုန်းပြီး ဗလီအားဖျက်ပစ်ရန် လှုံ့ဆော်ရေးသားမှုအား Soe Naing အမည်အသုံးပြုသည့် FB အကောင့်တွင် ရေးသားထားခြင်းဖြစ်ပြီး တရက်အတွင်း ထပ်ဆင့်ဖြန့်ချိမှုပေါင်း ၃၀၀၀ ကျော်ရှိခဲ့ပြီး မှတ်ချက်များတွင်လည်း အမုန်းတရား ပြန့်ပွားစေမည့် အသုံးအနှုန်းများ ဖြင့် ဝင်ရောက်ရေးသားမှု အများအပြား တွေ့ရှိရပါတယ်။

  • တရုတ်နိုင်ငံမှ ဗောက်စ်ဝဂွန်ကားတစ်ချို့ ပြန်သိမ်းမည်

    တရုတ်နိုင်ငံမှ ဗောက်စ်ဝဂွန်ကားတစ်ချို့ ပြန်သိမ်းမည်

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    vw

    – ကားများ၏ ကာဘွန်ထုတ်လွှတ်မှုအား လိမ်ညာခဲ့သည့်အတွက် ပြဿနာများနှင့် ရင်ဆိုင်နေရသည့် ဂျာမနီမှ ဗောက်စ်ဝဂွန် ကားထုတ်လုပ်ရေးမှာ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ရှိသည့် တရုတ်နိုင်ငံမှ ကားပေါင်း ၂၀၀၀ နီးပါးကို ပြန်သိမ်းသွားမည်ဟု ယနေ့တွင် ကြေငြာလိုက်သည်။

    ဗောက်စ်ဝဂွန်မှ ထုတ်လုပ်သည့် ဒီဇယ်ကားများ၏ ကာဗွန်ထုတ်လုပ်မှုကို စမ်းသပ်ရာတွင် ကုမ္ပဏီက ဆော့ဖ်ဝဲတစ်ခုသုံး၍ လိမ်ညာခဲ့ပြီး တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီကလည်း နိုင်ငံအတွင်းသို့ တင်သွင်းသော သို့မဟုတ် နိုင်ငံအတွင်း ထုတ်လုပ်သော ဗောက်စ်ဝဂွန်ကားများတွင် ထိုသို့ လိမ်ညာထားခြင်း ရှိမရှိကို စစ်ဆေးနေသည်။

    တရုတ်နိုင်ငံသို့ ဗောက်စ်ဝဂွန်က ပြီးခဲ့သည့်နှစ်အတွင်း ကားပေါင်း ၃.၆၇ သန်းကို တင်သွင်းခဲ့ပြီး ယခုပြန်သိမ်းမည့် ကားများမှာ ဒီဇယ်ကားများဖြစ်သည်။ ဗောက်စ်ဝဂွန်နှင့် ဖက်စက်လုပ်ကိုင်သည့် တရုတ်နိုင်ငံမှ အဓိက ကုမ္ပဏီကြီး ၂ ခုက ၎င်းတို့၏ ထုတ်လုပ်မှုတွင် ထိုကဲ့သို့ လိမ်ညာထားခြင်းမရှိဟု စောစောပိုင်းက ကြေငြာချက် ထုတ်ပြန်ထားသည်။

    Ref: Channelnewsasia