အောက်တိုဘာ ၁၅၊ ၂၀၁၅
M-Media
– ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် အ၀တ်လဲခန်း၌ ချော်ကျကာ ခေါင်းကွဲမှုအတွက် အမေရိကန်တင်းနစ်မယ် ယူဂျီနီ ဘောက်ချာ့ဒ်မှာ အမေရိကန် တင်းနစ်အဖွဲ့ချုပ်ကို တာဝန်ပေါ့လျော့မှုဖြင့် တရားစွဲဆိုလိုက်သည်။
စတုတ္ထအဆင့် ပွဲစဉ်မတိုင်ခင် စက်တင်ဘာ ၄ ရက်နေ့က နှစ်ယောက်တွဲ ပွဲစဉ်အပြီး ဖြစ်ပွားခဲ့သည့် အဆိုပါ ချော်ကျမှုကြောင့် ဘောက်ချာ့ဒ်မှ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ယူအက်စ်အိုပင်းမှ နှုတ်ထွက်ခဲ့ရကာ ဂျပန်အိုးပင်း၊ ၀ူဟန်အိုးပင်း၊ ဟောင်ကောင်အိုးပင်း စသည့်ပြိုင်ပွဲများနှင့် လွဲချော်ခဲ့ရသည်။ ထို့ပြင် ကမ္ဘာ့အဆင့်တွင်လည်း ၁၃ ဆင့် ကျဆင်းခဲ့သည်။
ဘရွတ်ကလင်းရှိ နယူးယောက်အရှေ့ပိုင်းခရိုင် တရားရုံး၌ ဘောက်ချာ့ဒ်၏ စွဲဆိုမှုဖိုင်တွင် အမေရိကန်တင်းနစ်အဖွဲ့ချုပ်၏ ပေါ့လျော့မှုကြောင့် အ၀တ်လဲခန်းရှိ ကြမ်းပြင်မှာ ချောနေပြီး မိမိ ခြေချော်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြမ်းပြင် ထိုကဲ့သို့ အခြေအနေရှိသည်ကို မိမိအား အဖွဲ့ချုပ်က မပြောပြခဲ့ကြောင်း၊ မိမိ၏ ထိုခိုက်ဒဏ်ရာရမှုနှင့် ဆုံးရှုံးမှုများအတွက် တရားရုံးက ကြားနာပေးစေလိုကြောင်း ဖော်ပြထားသည်။
အမေရိကန်တင်းနစ်အဖွဲ့ချုပ်ကမူ ထိုကိစ္စအတွက် မည်သည့်မှတ်ချတ်မှ မပေးခဲ့ချေ။
Ref: Dailymail


Leave a Reply
You must be logged in to post a comment.