၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၁)
အမည် – ဦးကျော်ငြိမ်း
ကိုယ်စားပြုပါတီ – ကမန်အမျိုးသား တိုးတက်ရေးပါတီ
မဲဆန္ဒနယ် – ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊မဲဆန္ဒအမှတ်(၂)
လွှတ်တော် -ပြည်နယ်လွှတ်တော်
အောက်တိုဘာ၊ ၁၂ ၊ ၂၀၁၅
M-Media
ဓါတ်ပုံ- မိုးစက်
အမျိုးသားညီညွတ်ရေး ကွန်ဂရက်မှ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဆန်းတင်ကျော်၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံခန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၁ ရက်နေ့က မင်္ဂလာတောင်ညွှန့်မြို့နယ် ဒေါ်သိန်းတင်လမ်း လမ်း(၉၀) ထောင့်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဆရာတော် ဦးမုနိန္ဒ ၊ ဟိန္ဒူသာသနာတော်မှ ဆရာတော် စရီဦးမောင်မြင့် နှင့် ၈၈ မျိုးဆက်များ၊ မင်္ဂလာတောင်ညွန့် မဲဆန္ဒရှင် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် မင်္ဂလာတောင်ညွှန့်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဆန်းတင်ကျော်နှင့် တိုင်းဒေကြီးလွှတ်တော်မှ ကိုယ်စားလှယ် ကိုခင်မောင်ရွှေတို့က မင်္ဂတောင်ညွှန့်မှ ပြည်သူများကို လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဆန်းတင်ကျော်မှာ ဂျပန်ခေတ် တော်လှန်ရေးသမား တစ်ဦးလည်းဖြစ်၊ ကန်တော့ခံ သက်ကြီး စာပေပညာရှင်၊ လွတ်လပ်ရေး မော်ကွန်းဝင် (ဒု)အဆင့်၊ နိုင်ငံဂုဏ်ရည် (ဒု) အဆင့်၊ အတ္ထုပ္ပတိ စာပေဆုရှင် (၂၀၀၈) ရရှိခဲ့သူ ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်( ကွယ်လွန်) ၏ သားဖြစ်ကြောင်း သိရှိရသည်။
အောက်တိုဘာ ၁၂၊ ၂၀၁၅
M-Media
– ကမ္ဘာ့ဟာလာ အစားအသောက်နှင့် နေထိုင်မှုပုံစံ စီးပွားရေးလုပ်ငန်းများမှာ ၂၀၂၀ ခုနှစ်အရောက်တွင် ၆ ရာခိုင်နှုန်း တိုးတက်လာမည်ဟု စက်တင်ဘာ လကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ၂၀၁၅/၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့လုံးဆိုင်ရာ အစ္စလာမ့်စီးပွားရေး အခြေအနေ အစီအရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာကို ဒူဘိုင်းအစ္စလာမ့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုစင်တာ DIEDC က Thomson Reuters နှင့် မိတ်ဖက်ပြု၍ Dinar Standard နှင့် ပူးပေါင်ကာ လေ့လာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ DIEDC နှင့် Thomson Reuters တို့မှာ ကမ္ဘာ့လုံးဆိုင်ရာ အစ္စလာမ့်စီးပွားရေး ညီလာခံကိုလည်း အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ စီးပွားရေးသမား ၂၀၀၀ ကျော် တက်ရောက်ခဲ့ကာ တိုးတက်လာသော အစ္စလာမ့်စီးပွားရေး အခွင့်အလမ်းများ၊ ပြဿနာများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
၂၀၁၄ ခုနှစ်က ခရီးသွားလာရေးကဏ္ဍတွင် ကမ္ဘာ့မွတ်စလင်ဈေးကွက်ကြီးမှာ ကန်ဒေါ်လာ ၁၄၂ ဘီလီယံ သုံးစွဲခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ၂၃၃ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ဟာလာခရီးသွားလာရေး တိုးတက်ရန်အတွက် Hallabooking.com ကဲ့သို့ ဘိုကင်ဝဘ်ဆိုက်များကိုလည်း ဖန်တီးခဲ့ကြလေသည်။ ၂၀၂၀ ခုနှစ်တွင် ဟာလာ ခရီးသွားလာရေးလုပ်ငန်းမှာ ၈.၆ ရာခိုင်နှုန်း တက်လာမည်ဟု ခန့်မှန်းထားသော်လည်း မွတ်စလင်များအတွက် အဆင်ပြေမည့် ဟိုတယ်များ ဖန်တီးရေး ရင်းနှီးမြှုပ်နှံသူများက တွန့်ဆုတ်နေကြကာ အရက်ရောင်းချ၍ မရသည့်အတွက် အကျိုးအမြတ် နည်းပါးမည်ကိုလည်း ကြောက်ရွံ့နေကြလေသည်။
ဟာလာအစားအသောက်လုပ်ငန်းမှာ ၂၀၂၀ ခုနှစ်တွင် ၅.၈ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ မွတ်စလင်မီဒီယာနှင့် အပန်းဖြေကဏ္ဍတွင်လည်း ရုပ်သံလိုင်းများ မြင့်တက်လာမှုနှင့်အတူ တောင်းဆိုမှုမှာလည်း မြင့်တက်လာခဲ့လေသည်။ မွတ်စလင်လူငယ်များကို တစ်နေရာတည်းတွင် စုစည်းနိုင်ရန် ရည်ရွယ်၍ မွတ်စလင် စွန့်ဦးတီထွင်သူများ ဖန်တီးထားသည့် ၀ဘ်ဆိုက်အသစ် Muslim Face အပေါ် စိတ်ဝင်စားမှု မြင့်တက်လာခြင်းက မီဒီယာကဏ္ဍ တိုးတက်လာမှု၏ သာဓကတစ်ခုလည်းဖြစ်သည်။
၂၀၂၀ ခုနှစ်တွင် မွတ်စလင်မီဒီယာကဏ္ဍမှာ ၅.၅ ရာခိုင်နှုန်း တိုးတက်လာမည်ဟု မျှော်လင့်ထားပြီး အစ္စလာမ်၏ သွန်သင်မှုများမှာ ဘာသာရးနှင့် ပညာရေးဆိုင်ရာ ကဏ္ဍကို ကန့်သတ်ထားသည်ဟူသော အများ၏ အမြင်ကြောင့် ထိုကဏ္ဍတွင် စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်နေရသည်။
ကမ္ဘာတစ်ဝှမ်းတွင် စီးပွားရေးကျဆင်မှုကြောင့် ဖက်ရှင်လောကမှာ ဘဏ္ဍာရေးဆိုင်ရာ ဖိအားများနှင့် ရင်ဆိုင်နေရသော်လည်း အိနြေ္ဒသိက္ခာရှိပြီး လုံခြုံသည့် အစ္စလာမ့်ဖက်ရှင်ကဏ္ဍမှာ ဆက်လက်၍ တိုးတက်လာနေသည်။ လက်ရှိအချိန်တွင် အစ္စလာမ့်ဖက်ရှင်ကဏ္ဍမှာ ကမ္ဘာ့ဖက်ရှင်လုပ်ငန်း၏ ၁၁ ရာခိုင်နှုန်း ရှိနေပြီး ၂၀၂၀ ခုနှစ်တွင် နောက်ထက် ၆ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့မွတ်စလင်များမှာ ဆေးဘက်ဆိုင်ရာကဏ္ဍ၌ ကန်ဒေါ်လာ ၇၂ ဘီလီယံ သုံးစွဲခဲ့ကြပြီး ၂၀၁၉ ခုနှစ်တွင် ၁၀၃ ဘီလီယံအထိ တိုးတက်မည်ဟု မျှော်လင့်ထားလေသည်။ ထိုကဏ္ဍတွင် ရင်ဆိုင်နေရသည့် အဓိကပြဿနာမှာ ရန်ပုံငွေနှင့် သုတေသနလုပ်ငန်းများ နည်းပါးခြင်းပင် ဖြစ်လေသည်။
Ref: Aquila
အောက်တိုဘာ ၁၂၊ ၂၀၁၅
M-Media
– ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ သူကစားတဲ့ နံပါတ် ၁၀ နေရာကို ဂုဏ်ပြုတဲ့အနေနဲ့ Adidas ကုမ္ပဏီက Messi 10/10 ဆိုတဲ့ ဖိနပ်ကို ထုတ်လုပ်လိုက်ပါတယ်။
မက်ဆီရဲ့ ဖိနပ်ဆိုက်အရွယ်အစား အတိအကျအတိုင်း အရေအတွက် ၁၀၀ သာ အထူးထုတ်လုပ်ထားတဲ့ ဒီဖိနပ်ကို ဘာစီလိုနာက Adidas ဆိုင်မှာပဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ပန်းပွင့်တွေဖော်ထားတဲ့ လယ်သာအကောင်းစားနဲ့ ချုပ်ထားတဲ့ အဲဒီဖိနပ်ရဲ့ အပေါ်ပိုင်းအဟာ အနက်ရောင်ဖြစ်ပြီး ခြေပခုံမှာ Team Messi လိုဂိုတံဆိပ် ပါဝင်ပါတယ်။
ဖိနပ်ရဲ့ခွာတွေကိုတော့ ရွှေအစစ်နဲ့ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဖိနပ်အရံ ၁၀၀ ထဲက တစ်ရံကို မက်ဆီ ရရှိခဲ့ပြီး၊ ၁၀ ရံကို Chosen by Messi လို့ခေါ်တဲ့ မက်ဆီရဲ့လှုပ်ရှားမှုမှာ စပွန်ဆာပေးသွားမှာပါ။ ကျန်ရှိတဲ့ ၈၉ ရံကိုတော့ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။
Ref: Goal
အောက်တိုဘာ ၁၂၊ ၂၀၁၅
M-Media
– မက္ကဆီကန်များအား လူမျိုးရေးခွဲခြားသော စကားများဖြင့် စော်ကားခဲ့သည့် အမေရိကန်သူဌေးကြီး ဒေါ်နယ် ထရမ့်ပ်မှာ အမေရိကန်သမ္မ ဖြစ်မလာနိုင်ဟု လက်ရှိသမ္မ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။
ထရမ့်ပ်မှာ လာမည့် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအတွက် ရီပက်ဘလစ်ကန်ကိုယ်စားပြု သမ္မလောင်းဖြစ်လာမည်ဟု ရေပန်းစားနေပြီး ၎င်း၏ မိန့်ခွန်းများတွင် ပြောင်းရွှေ့အခြေချသူများကိစ္စ၊ သေနတ်ထိန်းချုပ်ရေးကို လက်မခံမှုတို့ အပါအ၀င် အငြင်းပွားဖွယ် မှတ်ချက်များစွားကို ပြောကြားခဲ့သူဖြစ်သည်။
“လူအာရုံစိုက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူသိပါတယ်။ ဒီလို အစောကြီးရှိနေတဲ့အချိန် သူက ရှေးဟောင်း တီဗီသရုပ်ဆောင် ပုံစံမျိုးပါပဲ။ သူ အာရုံစိုက်မှု တော်တော်များများရတာဟာ သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ သူဟာ အမေရိကန်သမ္မတတစ်ယောက်အဖြစ် အဆုံးသတ်မယ်လို့ မထင်ဘူး” ဟု ယမန်နေ့က ထုတ်လွှင့်ခဲ့သည့် CBS ၏ 60 Minutes အစီအစဉ်တွင် အိုဘားမားက ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်ပ်၏ ပြဿနာဖြစ်နိုင်သည့် စကားများအတွက်လည်း အိုဘားမားက ဝေဖန်ခဲ့သည်။
“ခေါင်းဆောင်ဆိုတာ သည်းမခံမှု မီးတောက်ကို လေပင့်ပေးပြီး ဒီမီးတောက်ကြီး ကြီးထွားလာတဲ့အခါ လူတွေ အံ့သြအောင် သရုပ်ဆောင်ပြတာမျိုး မဟုတ်ပါဘူး”
Ref: Channelnewsasia