အောက်တိုဘာ ၁၄၊ ၂၀၁၅
M-Media
– လီဗာပူးလ်အသင်းနှင့် ပထမဆုံး လေ့ကျင့်ခန်းဆင်းသည့် နည်းပြသစ် ကလော့ပ်မှာ ကစားမားများအား အာရုံစူးစိုက်မှုနှင့် နိုင်လိုစိတ် ပိုမိုထားရှိရန် တောင်းဆိုခဲ့သည်ဟု ကွင်းလယ်လူ လူးကပ်စ် လိုင်ဗာက ပြောကြားခဲ့သည်။
ကလော့ပ်မှာ ပြီးခဲ့သည့် တစ်ပတ်ကမှ လီဗာပူးလ်အသင်း၏ နည်းပြသစ် ဖြစ်လာခဲ့ပြီး ယနေ့တွင် ကစားသမားအားလုံးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၈ နှစ်က လီဗာပူးလ်သို့ ရောက်ရှိလာပြီး နည်းပြ ၅ ဦးအောက်တွင် အလုပ်လုပ်ခဲ့ဖူးသည့် လူးကပ်စ်ကမူ ကလော့ပ်၏ ခေါင်းဆောင်မှုမှာ ယခုအချိန်အထိ အပြစ်ပြောစရာမရှိဟု ဆိုသည်။
“အခြေအနေက သိပ်ကောင်းပါတယ်။ သူက ကရုဏာကြီးမယ့်ပုံပေါ်ပြီး သူ့မှာရှိသမျှ ပေးဆပ်မယ့် သူပါ။ ကစားသမားတွေကိုလည်း ဒီလိုပေးဆပ်ဖို့ သူက တောင်းဆိုခဲ့ပါတယ်။ အာရုံစူးစိုက်ဖို့၊ အနိုင်ရလိုစိတ်ပိုထားဖို့ စတာတွေကတော့ သူပြောတာတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ အမြဲတမ်းပိုကောင်းအောင် ကြိုးစားဖို့လည်း သူက ပြောခဲ့ပြီး ဒါက အောင်မြင်မှုသော့ချက်လို့ ဆိုပါတယ်” ဟု လူးကပ်စ်က ပြောကြားခဲ့သည်။
လီဗာပူးမှာ လာမည့် စနေနေ့တွင် စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Ref: Dailymail


Leave a Reply
You must be logged in to post a comment.