News @ M-Media

Blog

  • ဒေါ်စုရဲ့ ရခိုင်မဲဆွယ် ခရီးစဉ် ဖျက်သိမ်းဖို့ အမျိုးသားရေးဝါဒီ မ.ဘ.သ ရခိုင်ဘုန်းကြီးတပါး ပြော

    ဒေါ်စုရဲ့ ရခိုင်မဲဆွယ် ခရီးစဉ် ဖျက်သိမ်းဖို့ အမျိုးသားရေးဝါဒီ မ.ဘ.သ ရခိုင်ဘုန်းကြီးတပါး ပြော

    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media

    12140665_775303642591590_8644166327547080417_n
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲမွန်တပ်မြို့ မဲဆွယ်ခရီးစဉ် ဓါတ်ပုံ (NLD)

    ယခုရက်သတ္တပတ်အတွင်း လာရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ဘာသာရေးတင်းမာမှုနဲ့ ဆန္ဒပြမှုတွေဖြစ်လာအောင် လှုံ့ဆော်ချက်တစ်ခု ဖြစ်သွားဖွယ်ရာရှိတယ်လို့ ဆိုပြီး Arakan Natonal Party – ANP ပါတီကို ထောက်ခံအားပေးတဲ့ အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီးတစ်ပါးက ဒ်ီခရီးစဉ်ကို ဖျက်သိမ်းလိုက်ဖို့ ပြောကြား လိုက်ပါတယ်။

    “NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်ကို မလာသင့်ဘူး။ သူလာရင် ပြဿနာတက်လိမ့်မယ်။ တကယ်လို့ သူမ မလာခဲ့ရင် ပြည်သူတွေက ခါတိုင်းလို ပိုနေမြဲ ကျားနေမြဲ အေးချမ်းနေမှာဖြစ်တယ်”။

    ဆရာတော် ဦးအိန္ဒြာသာရက ငပလီကမ်းခြေအနီးမှာရှိတဲ့ သူ့ရဲ့ပုလဲရတနာကျောင်းတိုက်မှာ မြန်မာတိုင်းမ်ကို ပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ သဘောထား တင်းမာတဲ့ သံဃာများအဖွဲ့ မဘသရဲ့ အမာခံ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ခရီးစဉ်အပေါ် ကန့်ကွက်ဆန္ဒပြဖို့ လူတွေရဲ့ပြောဆိုမှုများကို ကြားသိရကြောင်း၊ ဒီကိစ္စ ဖြစ်လာနိုင်စရာရှိကြောင်း၊ သို့သော် သံဃာတော်များက ပါဝင်ပူးပေါင်းမှာ မဟုတ်ဘူးလို့ မိမိမျှော်လင့်ပါကြောင်း ထပ်တိုးဖြည့်စွက်ခဲ့ပါသေးတယ်။

    အဲ့ဒီလို ဆန္ဒပြမှုများက အကြမ်းဖက်မှု ဖြစ်ပေါ်သွားစေနိုင်ပါသလားလို့ မေးမြန်းတဲ့အခါ သူက မိမိမသိကြောင်း ဖြေဆိုပါတယ်။ ယမန်နေ့ကအထိ ဒေသတွင်း နိုင်ငံရေးပါတီများဟာ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှု မရှိကြပါဘူး။ ဒါပေမယ့် မြန်မာ့နိုင်ငံရေး သုတေသီများက ဒေါ်စုကြည်ရဲ့ခရီးစဉ်ဟာ အန္တရာယ်ရှိနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားကြပါတယ်။

    “ရခိုင်ပြည်နယ်အတွက် တစ်ခုတည်းသော အကောင်းဆုံးပါတီက ANP ပါပဲ။ ရခိုင်သားတွေ တစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်ကြဘူး” လို့ ဦးအိန္ဒြာသာရက ဆိုပါတယ်။

    ရိုဟင်ဂျာလူနည်းစုဝင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့တဲ့ အတွက် နိုင်ငံတကာ က ဒေါ်စုကြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ သို့ပင်သို့ငြားလည်း မြန်မာပြည်က လူတွေ အများစုကတော့ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းကို ထောက်ခံသူအဖြစ် သူမအပေါ် အမြင်ရှိနေကြပါတယ်။ ဒီလိုနှုတ်ဆိတ်နေခဲ့မှုကြောင့် အသက် ၇၀ အရွယ် နိုဘယ်ဆုရှင်ကို ရိုဟင်ဂျာလူ့အဖွဲ့အစည်းဝင်အများအပြားကလည်း ဗမာလူမျိုးကြီးဝါဒီအဖြစ် သံသယရှိနေပါတယ်။ သူမဟာ ရခိုင်ပြည်နယ်ထဲက တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့တွေဆီ အောက်တိုဘာ ၁၆ မှ ၁၈ ရက်အတွင်း သွားရောက်ဖို့ လျာထားပါတယ်။

    “သူမဟာ ရခိုင်ကို လုံးဝ စိတ်မ၀င်စားခဲ့ဖူးပါဘူး။ အခုမှ ဘာဖြစ်လို့ လာချင်ရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ မွတ်စ်လင်မ်တွေဖက် ရပ်တည်လို့ပဲဖြစ်တယ်။ ဒီကို ပြဿနာလာရှာဖို့သက်သက် လာတာပါ။ ဒီနယ်က သံဃာအားလုံး မဘသတွေချည်းပါပဲ။ လူတွေကလည်း သံဃာ့သြ၀ါဒအတိုင်းပဲ လိုက်နာပါတယ်” လို့ ဦးအိန္ဒြာသာရက ထပ်လောင်းပြောကြားပါတယ်။

    ၂၀၁၂ ခုနှစ်ကတည်းက စလာတဲ့ ဘာသာရေး လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာ လူပေါင်း ၂၀၀ ကျော် သေဆုံးပြီး တစ်သိန်းလေးသောင်းအထက် အိုးမဲ့အိမ်မဲ့ဘ၀ ဆိုက်ရောက်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခြမ်းလုံးမှာ အကြမ်းဖက်မှုတွေ တင်းမာမှုတွေ ဖြစ်နေခဲ့သလို တောင်ဖက်ခြမ်းမှာလည်း ဘာသာရေးပဋိပက္ခတွေကို တွေ့မြင်ရပါတယ်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း သံတွဲမြို့နယ်ထဲ မတည်ငြိမ်မှုကူးစက်လာပြီး ရခိုင်ရွာသားများက ကမန် မွတ်စ်လင်မ်ရွာများကို တိုက်ခိုက်ခဲ့ကြတယ်။ ကမန်လူမျိုး ၅ ဦး သတ်ဖြတ်ခံရပြီး ပြန်လည်ခုခံမှုကြောင့် ရခိုင်လူမျိုး ၄ ဦး ဒဏ်ရာရသွားတယ်လို့ သတင်းများက ဆိုကြပါတယ်။

    မဘသဟာ ဘာသာရေးဝိနည်းနဲ့ မလျော်ညီတာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ကျောထောက်နောက်ခံပြုချက် ရှိနေတာ စတဲ့ အငြင်းပွားဖွယ်စကားတွေအကြားက ANP ကို ဦးအိန္ဒြာသာရရဲ့ လူမြင်သူမြင်ထောက်ခံရပ်တည်ကြွေးကြော်မှု ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

    အခြားသော မဘသဘုန်းတော်ကြီးတွေက USDP ကို တိုက်ရိုက်/သွယ်ဝိုက် ထောက်ခံနေကြပေမယ့်လည်း ဘာကြောင့် တိုင်းရင်းသားပါတီတစ်ခုကိုမှ ရပ်တည်အားပေးရတာလဲ၊ အခြားမဘသခေါင်းဆောင်တွေနဲ့ တိုင်ပင်ထားခြင်း ရှိမရှိ ဆိုပြီး မေးမြန်းလျှောက် ထားပါတယ်။ နိုင်ငံရေးဆိုတာ အဖွဲ့ဝင်ဘုန်းတော်ကြီးတွေအကြား ဆွေးနွေးစရာမလိုအပ်တဲ့အရာပါ။ NLD ရော USDP ပါ ရခိုင်များရဲ့ လိုအပ်ချက်နဲ့ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်မှာ မဟုတ်ဘူး၊ ဘယ်သူ့ကို မဲပေးရမလဲလို့ လူတွေမေးလာရင် ANP  ကိုသာ ရွေးချယ်ပါဆိုပြီး ပြောပါမယ်၊ အစိုးရဖက်ကို မရပ်တည်ဘူး၊ ရခိုင်လူထုဖက်ကိုသာ ရပ်တည်ပါမယ်လို့ ဖြေကြားခဲ့ပါတယ်။

    မည်သို့ဆိုစေ သံတွဲမြို့ ANP ပါတီဒုဥက္ကဋ္ဌ ကိုမောင်မောင်ဖြူကတော့ ပါတီနဲ့ ဘာသာရေးအဖွဲ့ အကြား ဆက်နွှယ်ချက်အပေါ် အထူးတလည် သဘောမထားဘဲ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကြောင့် ပြဿနာတက်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး” လို့ ပြောကြားပါတယ်။

    သံတွဲမြို့ USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းမောင်မောင်သိန်းကလည်း “ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး။ သူမဟာ လူထုကြားထဲ ဘေးကင်း စွာ သွားလာနိုင်ပါလိမ့်မယ်” ဆိုပြီး အဆိုပါအမြင်အတိုင်း ပြောပါတယ်။
    ရာပေါင်း များစွာသော လူတွေဟာ ယမန်နေ့က သံတွဲမြို့ပေါ် NLD ထောက်ခံပွဲပြုလုပ်ရာမှာ မွတ်စ်လင်မ်များလည်းပါဝင်ခဲ့ကြပါတယ်။ ဘာအတားအဆီးမှ မရှိခဲ့ကြပါဘူး။

    “အရှင် အိန္ဒြာသာရနဲ့ ကျွန်တော် တွေ့ဆုံခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံရေးအကြောင်း မဆွေးနွေးခဲ့ပါဘူး။ သူ့ရဲ့ ပါတီထောက်ခံမှုဟာ သူ့ကိုယ်ပိုင်အမြင်သာဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ကိုမောင်မောင်ဖြူက ဆိုပါတယ်။
    သို့သော် သံဃာအဖွဲ့အစည်းရဲ့ထောက်ခံအားပေးမှုက ဗုဒ္ဓဘာသာဝင်အများစုကို ကိုင်လှုပ်နိုင်အောင် သြဇာကြီးမားပြီး ပါတီကို အကျိုးအမြတ်ဖြစ်ထွန်းစေကြောင်း သူက လက်ခံထားပါတယ်။ ဒါ့အပြင် ANP ဟာ ရခိုင်ပြည်နယ်မှာ အောင်ပွဲ ရမယ်လို့ မျှော်လင့်ထားကြောင်း၊ ရခိုင်ကို ဒေါ်အောင်ဆန်းစုကြည် မလာစေချင်တဲ့ ဘုန်းတော်ကြီးရဲ့စကားကိုတော့ မထောက်ခံကြောင်း၊ လူထုဟာ မည်သည့်နိုင်ငံရေးသမားရဲ့ပြောကြားချက်ကိုမဆို သွားရောက် နားထောင်ပြီး မိမိဖာသာ ဆုံးဖြတ်ဖို့ အလေးအနက် တိုက်တွန်းလိုပါကြောင်း၊ သို့သော် မိမိအနေနဲ့ NLD မဲဆွယ်ပွဲတက်ရောက်ဖို့ အားလပ်မှာမဟုတ်ကြောင်း သူက ပြောပြပါတယ်။

    ရန်ကုန်က NLD ဗဟိုကော်မတီအဖွဲ့ဝင် ဦးဝင်းထိန် က “ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ မည်သည့်နေရာကိုမဆို သွားရောက်နိုင်ခွင့် ရှိပါတယ်။ အဲ့ဒီဆရာတော်ရဲ့ စကားကို တုန့်ပြန်ဖို့ ဆန္ဒ မရှိပါဘူး။ ရခိုင်ပြည်နယ်ခရီးစဉ်အတွက် အသေအချာ စီမံထားပြီးဖြစ်လို့ စိုးရိမ်ပူပန်စရာ မရှိပါဘူး” လို့ ပြောကြားလိုက်ပါတယ်။

    Xxxxxxxxxxxxxxxxxxxxxx
    The Myanmar Times မှ Piona Macgregor ရေးသားသည့် Nationalist Monk tells NLD leader to avoid Rakhine သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုသည်။

  • အကြမ်းဖက် ဆန့်ကျင်မှု တူရကီပြည်သူများနှင့် တစ်သားတည်း ရှိကြောင်း Muslim Brotherhood အဖွဲ့ထုတ်ပြန်

    အကြမ်းဖက် ဆန့်ကျင်မှု တူရကီပြည်သူများနှင့် တစ်သားတည်း ရှိကြောင်း Muslim Brotherhood အဖွဲ့ထုတ်ပြန်

    အောက်တိုဘာ ၁၄ ၊ ၂၀၁၅
    M-Media

    Image processed by CodeCarvings Piczard ### FREE Community Edition ### on 2015-10-10 16:09:50Z | http://piczard.com | http://codecarvings.com
    ပြီးခဲ့သည့်စနေနေ့က တူရကီနိုင်ငံမြို့တော် အန်ကာရာတွင် ပြည်သူ့လုံခြုံရေးအပေါ် အကြမ်းဖက်သည့် တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားရာ လူ ၉၇ ဦးအထိ သေဆုံးပြီး ရာဂဏန်း အထိ ထိခိုက်ဒဏ်ရာရခဲ့သည်။

    အဆိုပါ အပြစ်မဲ့သူများ အသက်ဆုံးရှုံးစေသော ရက်စက် ယုတ်မာမှုများ အပေါ် ဆန့်ကျင်ရာ၌ မိမိတို့သည် နှစ်နိုင်ငံအစိုးရနှင့်အတူ တူရကီပြည်သူများနှင့် တစ်သားတည်းရှိကြောင်း အီဂျစ်နိုင်ငံမှ မွတ်စ်လင်မ် ညီနောင်များအဖွဲ့မှ စာနာဝမ်းနည်းစကား ပြောကြားခဲ့သည်။

    “ထိခိုက်ဒဏ်ရာရသူများ အပြည့်အ၀ ပြန်လည် ကျန်းမာလာစေဖို့ ဘုရားသခင်ထံမှာ ကျွန်တော်တို့ ဆုမွန်းတောင်းပါတယ်။ တူရကီပြည်သူများအနေနဲ့ ဒီအကြပ်အတည်းကို အနိုင်ယူကျော်လွှား သွားနိုင်မယ်၊ ဒီအကြမ်းဖက်သမားတွေရဲ့ နည်းလမ်း လုပ်ရပ်တွေကို  ညီညီညွတ်ညွတ်နဲ့ ကြံ့ကြံ့ခံရပ်တည် ရင်ဆိုင်သွားနိုင်မယ်လို့ ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါတယ်” ဟုလည်း မွတ်စ်လင်မ်ညီနောင်များအဖွဲ့ဒုဥက္ကဋ္ဌ အီဗရာဟင်မ် မိုနီးရ်မှ အားပေးစကားဆိုလိုက်သည်။

    Ref : World Bulletin

  • ပြင်သစ်နှင့် ဆော်ဒီတို့ စီးပွားရေးနှင့် နိုင်ငံရေး သဘောတူညီချက်များစွာ ရရှိ

    ပြင်သစ်နှင့် ဆော်ဒီတို့ စီးပွားရေးနှင့် နိုင်ငံရေး သဘောတူညီချက်များစွာ ရရှိ

    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media

    france

    – ပြင်သစ်ဝန်ကြီးချုပ် မန်နျူယဲလ် ဗောလ်စ် ဆော်ဒီအာရေဗျသို့ သွားရောက်လည်ပတ်စဉ်အတွင်း ယမန်နေ့က ၂ နိုင်ငံ ကန်ဒေါ်လာ ၁၁.၄ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်ရေးနှင့် အခြားသော သဘောတူညီချက်များစွာ ရရှိခဲ့သည်ဟု နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းမှာ နှစ်နိုင်ငံ မိတ်ဖက်ဖြစ်မှုနှင့် ယုံကြည်မှုကို တိုးမြှင့်စေရန်ဖြစ်သည်ဟု ဆိုပြီး ဆော်ဒီစစ်တပ်အတွက် ကင်းလှည့်ရေယာဉ်များ ပေးပို့ရန် ဆွေးနွေးမှုများကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်သွားမည်ဟု ပြောကြားခဲ့သည်။ ဆော်ဒီ ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုနှင့် အလတ်တန်းစား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြင်သစ် ရင်းနှီးမြှုပ်နှံသူများသို့ ကန်ဒေါ်လာ ၂ ဘီလီယံ ပေးအပ်ရန်ကိစ္စလည်း ၎င်းတို့၏ ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည်။

    နွားရူးရောဂါကြောင့် ပြင်သစ်မှ အမဲသားတင်သွင်းမှု ပိတ်ပင်ထားခြင်းကို ဆော်ဒီက ပြန်လည်ဖွင့်ပေးခဲ့ပြီး အမဲသားလုပ်ငန်း ၃၇ ခုမှ အသားများ ပြန်လည်တင်သွင်းရန် ခွင့်ပြုခဲ့သည်။ အခြားသော သဘောတူညီချက်များတွင် တယ်လီဖုန်းဆက်သွယ်ရေး၊ ထောက်လှမ်းရေးဂြိုဟ်တုများ လွှတ်တင်ခြင်း၊ မြို့ပြပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍများလည်း ပါဝင်ခဲ့သည်။

    ပြင်သစ်နှင့် ဆော်ဒီတို့၏ စီးပွားရေးနှင့် နိုင်ငံရေး ဆက်ဆံမှုများမှာ ပြင်သစ်သမ္မတ ဟော်လန်ဒေး၏ လက်ထက်တွင် ပိုမိုတိုးတက်လာခဲ့သည်။

    Ref: Channelnewsasia

  • နယ်သာလန်အသင်းမှ အနားယူသွားမည်မဟုတ်ဟု ဗန်ပါစီပြော

    နယ်သာလန်အသင်းမှ အနားယူသွားမည်မဟုတ်ဟု ဗန်ပါစီပြော

    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media

    vps

    – နယ်သာလန်အသင်းမှာ စိတ်ပျက်ဖွယ်အရှုံးနှင့် ယူရို ၂၀၁၆ မှ ထွက်ခဲ့ရသော်လည်း မိမိအနေဖြင့် နိုင်ငံတကာ ဘောလုံးလောကမှ အနားယူသွားမည်မဟုတ်ဟု တိုက်စစ်မှူး ဗန်ပါစီက ပြောကြားလိုက်သည်။

    ယူရိုခြေစစ်ပွဲတွင် ရုန်းကန်နေရသည့် နယ်သာလန်မှာ ယနေ့မနက်က အိမ်ကွင်း၌ ချက်အသင်းအား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ယူရိုခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရရှိတော့ဘဲ ထိုပွဲတွင် လူစားဝင်ကစားသမား ဗန်ပါစီမှာလည်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သည်။

    “ခက်ခဲနေတဲ့အခြေအနေမျိုးမှာ ကျွန်တော်က ကိုယ်လွတ်ရုန်းတတ်တဲ့လူစားမျိုး မဟုတ်ပါဘူး။ အခုလည်း ဒီလိုမလုပ်ပါဘူး။ တစ်နှစ်လောက်တော့ ကျွန်တော်တို့ အနေရအထိုင်ရ ခက်နေမှာပါ။ ကျွန်တော်တို့ မဖြစ်မနေကို ဖြတ်ကျော်ရပါမယ်။ ကစားသမားတွေ၊ ပရိတ်သတ်တွေ၊ မီဒီယာနဲ့ လူတိုင်းပါပဲ” ဟု ဗန်ပါစီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုပွဲတွင် နယ်သာလန်မှာ ချက်အသင်းအား နိုင်ရခဲ့သော်လည်း တူရကီက အိုက်စလန်အား ရှုံးနိမ့်မှသာလျှင် ယူရို ၂၀၁၆ ခြေစစ်ပွဲကို အောင်မြင်ရန် မျှော်လင့်နိုင်မည် ဖြစ်သည်။ တူရကီမှာ အိုက်စလန်အား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ နယ်သာလန်မှာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဓိက ပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပထမဆုံး ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

    Ref: Goal

  • ဦးဇော်ဝင်း – ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၃)

    ဦးဇော်ဝင်း – ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၃)

    U Zaw Win1
    အမည် – ဦးဇော်ဝင်း
    ကိုယ်စားပြုပါတီ – ကမန်အမျိုးသား တိုးတက်ရေးပါတီ
    မဲဆန္ဒနယ် – ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၄)
    လွှတ်တော် -အမျိုးသားလွှတ်တော်