News @ M-Media

Blog

  • မက်ဆီအတွက် အထူးထုတ်တဲ့ Messi 10/10 ဖိနပ်

    မက်ဆီအတွက် အထူးထုတ်တဲ့ Messi 10/10 ဖိနပ်

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    messi

    – ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ သူကစားတဲ့ နံပါတ် ၁၀ နေရာကို ဂုဏ်ပြုတဲ့အနေနဲ့ Adidas ကုမ္ပဏီက Messi 10/10 ဆိုတဲ့ ဖိနပ်ကို ထုတ်လုပ်လိုက်ပါတယ်။

    မက်ဆီရဲ့ ဖိနပ်ဆိုက်အရွယ်အစား အတိအကျအတိုင်း အရေအတွက် ၁၀၀ သာ အထူးထုတ်လုပ်ထားတဲ့ ဒီဖိနပ်ကို ဘာစီလိုနာက Adidas ဆိုင်မှာပဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ပန်းပွင့်တွေဖော်ထားတဲ့ လယ်သာအကောင်းစားနဲ့ ချုပ်ထားတဲ့ အဲဒီဖိနပ်ရဲ့ အပေါ်ပိုင်းအဟာ အနက်ရောင်ဖြစ်ပြီး ခြေပခုံမှာ Team Messi လိုဂိုတံဆိပ် ပါဝင်ပါတယ်။

    ဖိနပ်ရဲ့ခွာတွေကိုတော့ ရွှေအစစ်နဲ့ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဖိနပ်အရံ ၁၀၀ ထဲက တစ်ရံကို မက်ဆီ ရရှိခဲ့ပြီး၊ ၁၀ ရံကို Chosen by Messi လို့ခေါ်တဲ့ မက်ဆီရဲ့လှုပ်ရှားမှုမှာ စပွန်ဆာပေးသွားမှာပါ။ ကျန်ရှိတဲ့ ၈၉ ရံကိုတော့ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

    Ref: Goal

  • အငြင်းပွားဖွယ်စကားများ ပြောခဲ့သည့် ဒေါ်နယ် ထရမ့်ပ် သမ္မတမဖြစ်နိုင်ဟု အိုဘားမားပြော

    အငြင်းပွားဖွယ်စကားများ ပြောခဲ့သည့် ဒေါ်နယ် ထရမ့်ပ် သမ္မတမဖြစ်နိုင်ဟု အိုဘားမားပြော

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    us

    – မက္ကဆီကန်များအား လူမျိုးရေးခွဲခြားသော စကားများဖြင့် စော်ကားခဲ့သည့် အမေရိကန်သူဌေးကြီး ဒေါ်နယ် ထရမ့်ပ်မှာ အမေရိကန်သမ္မ ဖြစ်မလာနိုင်ဟု လက်ရှိသမ္မ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    ထရမ့်ပ်မှာ လာမည့် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအတွက် ရီပက်ဘလစ်ကန်ကိုယ်စားပြု သမ္မလောင်းဖြစ်လာမည်ဟု ရေပန်းစားနေပြီး ၎င်း၏ မိန့်ခွန်းများတွင် ပြောင်းရွှေ့အခြေချသူများကိစ္စ၊ သေနတ်ထိန်းချုပ်ရေးကို လက်မခံမှုတို့ အပါအ၀င် အငြင်းပွားဖွယ် မှတ်ချက်များစွားကို ပြောကြားခဲ့သူဖြစ်သည်။

    “လူအာရုံစိုက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူသိပါတယ်။ ဒီလို အစောကြီးရှိနေတဲ့အချိန် သူက ရှေးဟောင်း တီဗီသရုပ်ဆောင် ပုံစံမျိုးပါပဲ။ သူ အာရုံစိုက်မှု တော်တော်များများရတာဟာ သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ သူဟာ အမေရိကန်သမ္မတတစ်ယောက်အဖြစ် အဆုံးသတ်မယ်လို့ မထင်ဘူး” ဟု ယမန်နေ့က ထုတ်လွှင့်ခဲ့သည့် CBS ၏ 60 Minutes အစီအစဉ်တွင် အိုဘားမားက ပြောကြားခဲ့သည်။

    ထို့ပြင် ထရမ့်ပ်၏ ပြဿနာဖြစ်နိုင်သည့် စကားများအတွက်လည်း အိုဘားမားက ဝေဖန်ခဲ့သည်။

    “ခေါင်းဆောင်ဆိုတာ သည်းမခံမှု မီးတောက်ကို လေပင့်ပေးပြီး ဒီမီးတောက်ကြီး ကြီးထွားလာတဲ့အခါ လူတွေ အံ့သြအောင် သရုပ်ဆောင်ပြတာမျိုး မဟုတ်ပါဘူး”

    Ref: Channelnewsasia

  • လီဗာပူးလ်အောင်မြင်မှုအတွက် အချိန်ယူရမည်ဟု နည်းပြသစ်ပြော

    လီဗာပူးလ်အောင်မြင်မှုအတွက် အချိန်ယူရမည်ဟု နည်းပြသစ်ပြော

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    liver

    – လီဗားပူးလ်အသင်း၌ ထူးခြားမှုများ ပြုလုပ်နိုင်မည်ဟု မိမိအနေဖြင့် မျှော်လင့်ထားသော်လည်း ပရိသတ်များ စိတ်ရှည်ကြရန် နည်းပြသစ် ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    “ကျွန်တော် ဒီအခွင့်အရေးရတဲ့အတွက် ဘ၀မမြင့်ပါဘူး။ ဂျာမန်နည်းပြ တော်တော်များများဟာ အောင်မြင်ခဲ့ကြပေမယ့် ဒီကိုလာတဲ့သူ သိပ်မရှိပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်နည်းပြအဖွဲ့အတွက်တော့ ဒါဟာ စိန်ခေါ်မှုကြီး တစ်ခုပါပဲ။ နည်းပြတွေ အပြောင်းအလဲများပြီး အောင်မြင်မှုမရတဲ့အချိန်ကို လီဗာပူးလ်က ဖြတ်သန်းခဲ့ရပါတယ်။ အခုတော့ ထူးခြားမှုအတွက် မျှော်လင့်ချက်ရှိလာပါပြီ။ ဒါပေမယ့် တိုးတက်မှုအတွက် အချိန်ယူရပါမယ်” ဟု ကလော့ပ်က ဂျာမန်သတင်းစာ Blid သို့ ပြောကြားခဲ့သည်။

    ယမန်နေ့က ကလော့ပ်၏ မိသားစုမှာ ရော်ဂျာနေထိုင်ခဲ့သည့် ပေါင် ၁.၂ သန်းတန် ဇိမ်ခံအိမ်ကို သွားရောက်ကြည့်ရှုကာ တစ်လ ပေါင် ၄၀၀၀ ဖြင့် ငှားရမ်းရန် သဘောတူညီခဲ့သည်။

    Ref: Dailymail

  • ကျိုလီယာမွတ်စလင်မ် သာသနာသနာရန်ပုံငွေအဖွဲ့မှ ၁၃-ကြိမ်မြောက် ပညာဒါန သင်တန်းများ ဖွင့်မည်

    ကျိုလီယာမွတ်စလင်မ် သာသနာသနာရန်ပုံငွေအဖွဲ့မှ ၁၃-ကြိမ်မြောက် ပညာဒါန သင်တန်းများ ဖွင့်မည်

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    cholia
    ၂၀၁၃ ခုနှစ် ပညာဒါန သင်တန်းဆင်းပွဲမှ ပုံရိပ်တစ်ခု

    – ကျိုလီယာမွတ်စလင်မ် သာသနာ့ရန်ပုံငွေအဖွဲ့က ဦးစီးပြီး ၁၃-ကြိမ်မြောက် ပညာဒါန သင်တန်းတွေကို လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာ ဖွင့်လှစ်တော့မှာဖြစ်ပြီး လူမျိုး၊ ဘာသာမရွေး တက်ရောက်နိုင်တယ်လို့ သိရပါတယ်။

    နိုဝင်ဘာ ၂ ရက်နေ့မှာ ဖွင့်လှစ်မယ့် အဲဒီ ပညာဒါနသင်တန်းတွေထဲမှာ ကွန်ပျူတာ၊ အင်္ဂလိပ်စာနဲ့ စက်ချုပ်သင်တန်းတွေ ပါဝင်မှာဖြစ်ပါတယ်။

    ကွန်ပျူတာသင်တန်းတွေမှာတော့ အခြေခံ၊ စာစီစာရိုက်၊ ဒီဇိုင်း၊ A+ Hardware နဲ့ အင်တာနက်အသုံးပြုနည်း သင်တန်းတွေ ပါဝင်မှာဖြစ်ပြီး၊ အင်္ဂလိပ်စာ သင်တန်းတွေမှာတော့ အခြေခံ အင်္ဂလိပ်စာ Level 1,2၊ အင်္ဂလိပ် 4 Skills၊ IELTS (Preparation Course)၊ အင်္ဂလိပ်သဒ္ဒါနဲ့ စီးပွားရေးသုံး အင်္ဂလိပ်စာသင်တန်းတွေ ပါဝင်မှာဖြစ်ပါတယ်။ စက်ချုပ်သင်တန်းကိုလည်း လုပ်ငန်းခွင်ဝင်လို့ရတဲ့အထိ သင်ပေးသွားမှာ ဖြစ်ပါတယ်။

    ကျိုလီယာမွတ်စလင်မ် သာသနာ့ရန်ပုံငွေအဖွဲ့က အဲဒီ ပညာဒါန သင်တန်းတွေကိုတော့ အမှတ် (၁)၊ သုခလမ်း၊ ခ ရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့မှာ သင်ကြားပေးသွားမှာဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

    ဖုန်း – ၅၇၇၄၇၃၊ ၈၅၅၁၁၉၁၊ ၀၉-၇၃၁၃၇၅၃၊ ၀၉-၇၉၇၅၄၂၅၉၀၊ ၀၉-၇၉၇၅၄၂၅၉၁

  • ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသူများအတွက် တူရကီပြည်သူများ ချီတက်ဆန္ဒပြ

    ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသူများအတွက် တူရကီပြည်သူများ ချီတက်ဆန္ဒပြ

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    turkey

    – တူရကီမြို့တော် အန်ကာရာတွင် ယမန်နေ့မနက် စစ်ဆန့်ကျင်ရေး ချီတက်မှု၌ ပေါက်ကွဲမှုတွင် သေဆုံးသွားသူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ထောင်ပေါင်းများစွာသော ပြည်သူများမှာ ယမန်နေ့ညနေပိုင်းတွင် ချီတက်ကာ ဆန္ဒပြခဲ့ကြသည်။

    ကာ့ဒ်လက်နက်ကိုင်များနှင့် အစိုးရတို့၏ တိုက်ခိုက်မှု ငြိမ်းချမ်းစေရေး ထိုချီတက်မှုအတွင်း ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၉၇ ဦး သေဆုံးခဲ့ကာ ၂၄၆ ဦး ဒဏ်ရာရရှိခဲ့သည်။ တူရကီအကြီးတန်း တာဝန်ရှိသူ ၂ ဦးက ထိုတိုက်ခိုက်မှုကို IS အဖွဲ့က ပြုလုပ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဆန္ဒပြသူများက တူရကီ သမ္မတ အာဒိုဂန်ကို အပြစ်တင်ခဲ့ကြပြီး ဆန္ဒပြမှုအတွင်း “အာဒိုဂန် လူသတ်သမား” “အစိုးရ နှုတ်ထွက်ပေး” စသည့် ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။ သေဆုံးသွားသူများအတွက် ၀မ်းနည်ကြောင်း ပြုလုပ်သည့် အဆိုပါ ဆန္ဒပြမှုအတွင်း အလုပ်သမားသမဂ္ဂများ၊ လက်ဝဲအဖွဲ့များ၊ အန်ဂျီအိုများနှင့် ကာ့ဒ်ပြည်သူ့ ဒီမိုကရက်တစ်ပါတီ HDP တို့ ပါဝင်ခဲ့သည်။

    Ref: Aljazeera