အောက်တိုဘာ ၁၂၊ ၂၀၁၅
M-Media
– မိမိအနေဖြင့် နည်းပြလောကမှ အနားမယူခင် ပရီးမီးယားလိဂ်သို့ ထပ်မံလာရောက်၍ နည်းပြချင်သည်ဟု ကာလို
အန်ဆယ်လော့တီက ပြောကြားလိုက်သည်။
ချယ်ဆီးနည်းပြအဖြစ် ၂၀၀၉-၂၀၁၀ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်နှင့် FA ဖလားတို့ကို ရယူနိုင်ခဲ့သည့် အန်ဆယ်လော့တီမှာ နောက်ရာသီတွင် ဆုဖလားများ ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် အသင်းမှ ထွက်ခွာခဲ့ရကာ ပီအက်စ်ဂျီ၊ ရီးယဲလ်တို့တွင် နည်းပြအဖြစ်ဆောင်ရွက်ခဲ့သည်။ လီဗာပူးလ်အသင်းက ကလော့ပ်အား မခန့်အပ်ခင် ၎င်းကို ဆက်သွယ်ခဲ့သေးသည်။
“ပရီးမီးယားလိဂ်အတွေ့အကြုံကို ကျွန်တော် အိပ်မက်မက်နေတုန်းပါ။ အဲဒီနေရာဟာ မှန်ကန်တဲ့ဖိအားနဲ့အတူ ဘောလုံးအတွက် အလုပ်လုပ်ရတဲ့ နေရာပါပဲ။ ပထမဆုံးအနေနဲ့ ကျွန်တော် အဲဒီမှာ နည်းပြချင်တယ်။ ဒါပေမယ့် ဘယ်အချိန်အနားယူရမလဲ ဆိုတာလည်း ကျွန်တော် စဉ်းစားရပါမယ်” ဟု အန်ဆယ်လော့တီက ၎င်း၏ဆန္ဒနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.