News @ M-Media

Blog

  • မလေးရှား Maybank မြန်မာနိုင်ငံတွင် ဖွင့်ပြီ

    မလေးရှား Maybank မြန်မာနိုင်ငံတွင် ဖွင့်ပြီ

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    may

    – မလေးရှားအခြေစိုက် Malayan Banking Bhd (Maybank) ၏ မြန်မာနိုင်ငံ ဘဏ်ခွဲကို ယနေ့တွင် ရန်ကုန်မြို့၌ တရားဝင် ဖွင့်လှစ်လိုက်ပြီး ဘဏ်လုပ်ငန်းများ၊ ငွေချေးလုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများကို ပေးအပ်သွာမည်ဟု သိရသည်။

    အဆိုပါဘဏ်ခွဲကို အသားတင်ငွေသားပမာဏ ကန်ဒေါ်လာ ၇၅ သန်းဖြင့် စတင်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစက်အောင်နှင့် မလေးရှားဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး ဒါတွတ် မိုဟာမက် အီဘရာဟင်မ်တို့ တက်ရောက်ခဲ့ကြသည်။

    ထို့ပြင် Maybank ဥက္ကဌ တန်ဆရီ မီဂတ် ဇာဟာရူဒင် မီဂတ် မိုဟာမက် နူရ်၊ စီအီးအို ပိုလီဆင်းမ်၊ မြန်မာ့စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် မိုဟာမက် ဟာနစ်ဖ် အဘ်ဒူလ် ရဟ်မန်တို့လည်း တက်ရောက်ခဲ့သည်။

    မီဂတ် ဇာရာရူဒင်က မိမိတို့မှာ မြန်မာနိုင်ငံနှင့် ဒေသတွင်းအလားအလာများကို ယုံကြည်သည်ဟု ပြောကြားခဲ့သည်။ Maybank မှာ အဆီယံဒေသ ၁၀ နိုင်ငံစလုံးတွင် ဖွင့်လှစ်ထားပြီး၊ ဒေသအတွင်း ဈေးကွက်တန်ဖိုးနှင့် ပိုင်ဆိုင်မှုအမြင့်ဆုံး ထိပ်တန်းဘဏ်လုပ်ငန်းလေးခုတွင် တစ်ခုအပါအ၀င်လည်း ဖြစ်သည်။

    ၁၉၉၄ ခုနှစ်မှစ၍ ကိုယ်စားလှယ်ရုံးခန်းတစ်ခုကို မြန်မာနိုင်ငံတွင် Maybank က ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးမှုအတွက် ကူညီပံ့ပိုးပေးရာတွင် မိမိတို့မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု စီအီးအို အမျိုးသမီး ပိုလီဆင်းမ်က ပြောကြားခဲ့သည်။

    Ref: Thestar

  • ကစားသမားများက မယုံလျှင် မော်ရင်ဟို ချယ်ဆီးမှထွက်မည်

    ကစားသမားများက မယုံလျှင် မော်ရင်ဟို ချယ်ဆီးမှထွက်မည်

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    mrh

    – အသင်းက ထုတ်ပယ်ရန် အစီအစဉ်မရှိသော်လည်း ကစားသမားများထံမှ ယုံကြည်မှု ဆုံးရှုံးသွားပါက မိမိအနေဖြင့် ထွက်ခွာသွားမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    စနေနေ့က ဆောက်သက်တမ်အသင်းအား ရှုံးနိမ့်ခဲ့သောပွဲမှာ ယခုနှစ် ပရီးမီးယားလိဂ်၌ ချယ်ဆီး၏ စတုတ္ထမြောက် ရှုံးပွဲဖြစ်ပြီး အသင်းမှာလည်း အဆင့် ၁၆ သို့ ရောက်ရှိနေသည်။ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျက ထိုရလဒ်များအတွက် အလွန်အမင်း စိတ်ပျက်နေသော်လည်း မော်ရင်ဟိုအား ထုတ်ပယ်ရန် အလားအလာမရှိပေ။

    “ကစားသမားတွေဆီကို ဒဲ့သွားလိုက်ပါ။ တကယ်လို့များ သူတို့က ကျွန်တော့်ကို မယုံကြည်တော့ဘူးလို့ ပြောလာရင် ကျွန်တော်တစ်ခုတည်းသော လုပ်ရမှာက နှုတ်ထွက်ဖို့ပါပဲ။ ကစားသမားတွေကိုမေးပါ။ အလိမ်အညာသတင်းတွေနောက်ကို မလိုက်ပါနဲ့။ ကစားသမားက သူ့သူငယ်ချင်းကိုပြောတယ်။ သူ့သူငယ်ချင်းက အေးဂျင့်ကိုပြောမယ်။ ကျွန်တော်က သူ့ကစားသမားကိုမသုံးလို့ အေးဂျင့်က စိတ်မချမ်းမသာဖြစ်တယ်။ ဒါမျိုးတွေပေါ့” ဟု ၎င်း၏ ရာထူးနေရာနှင့်ပတ်သက်၍ မော်ရင်ဟိုက ဆောက်သက်တမ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Dailymail

  • ပထမ မြန်မာမွတ်စလင်မ်များ

    ပထမ မြန်မာမွတ်စလင်မ်များ

    အောက်တိုဘာ ၅ ၊ ၂၀၁၅
    M-Media

    photo-collage-1024x640
    ၁။ စာဆိုတော် ရွှေတောင်သာဂသူ သခင်ကြီး ဦးနု (ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်)
    မြန်မာစာပေနယ်ပယ်တွင် မှတ်တမ်းတစ်စောင်တစ်ဖွဲ့အနေဖြင့် အစောဆုံးခရီးသွားမှတ်တမ်းရေးသူ၊
    ကျမ်းမြတ်ကုရ်အာန်ကို အစောဆုံးမြန်မာပြန်သူ၊
    အစ္စလာမ်ဘာသာရေးအယူအဆကို မြန်မာစာပေသို့ စတင်မိတ်ဆက်ပေးသူ၊

    ၂။အမရပူရမြို့ စာရေးဦးပိန်
    မြန်မာ့အရှည်ဆုံး အကြီးဆုံး သစ်သားတံတား ဦးပိန်တံတား တည်ဆောက်သူ –

    ၃။  အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ် (၂၀ ဇန်နဝါရီ ၁၈၉၈- ၁၉ ဇူလိုင် ၁၉၄၇)
    အမျိုးသားကောလိပ်မှ ပထမဆုံး ဝိဇ္ဇာဘွဲ့ရသူ

    ၄။လွတ်လပ်ရေးခေါင်းဆောင် ဦးရာရှစ် (B.Sc., B.L)
    ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌ (၁၉၃၆)
    ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်၊

    ၅။သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင်   (၂၇ ဩဂုတ် ၁၉၁၂- ၂၅ ဖေဖော်ဝါရီ ၂၀ဝ၄)
    ပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူ    (နိုင်ငံ့ဂုဏ်ရည် ပထမ အဆင့်)

    ၆။ကိုထွန်းစိန်
    ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ကျောင်းသားသမဂ္ဂ ဥက္ကဌ

    ၇။ကာတွန်းဆရာကြီး ဦးဘကလေး(ခ) ရွှေတလေး (၉ ဖေဖော်ဝါရီ ၁၈၉၃ – ၅ ဇွန် ၁၉၄၅)
    မြန်မာရုပ်ရှင်လောကတွင် ပထဆုံးလူရွှင်တော် ဟာသသရုပ်ဆောင်
    ဦးရွှေရိုးအက ကို စတင်တီထွင်ခဲ့သူ၊
    မြန်မာကာတွန်းလောက၌ ရုပ်ပြောင်ပုံတူရေးနည်း (Caricature) စတင်ခဲ့သူ၊

    ၈။ဒေါက်တာ ရှိတ် အဗ္ဗဒူရာမန် (ခေါ်) ဦးဘိုးသာဇံ     (၁ ဇန်နဝါရီ ၁၈၇၀ – ၂၉ ဇူလိုင် ၁၉၁၆) L.R.C.P & L.R.C.S (Edin) L.F.P.S ( Glas)
    ဗြိတိသျှနိုင်ငံမှ ဆေးပညာဒီဂရီကို ပထမဆုံးသွားရောက်ဆွတ်ခူးခဲ့သူ
    တစ်ထောင့်တစ်ည ပသီပုံပြင်ဝတ္ထုကြီး ကို ပထမဆုံး ဘာသာပြန်သူ

    ၉။ပါဋ္ဌိပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်မ်(B.A., B.Es.) (၁၈၈၉-၂၂ နိုဝင်ဘာ ၁၉၅၄)
    တက္ကသိုလ်သုံးဝေါဟာရများကို ပထမဆုံး မြန်မာပြန်ဆိုသူများအနက် ပါဝင်ခဲ့သူ၊

    ၁၀။ မြန်မာနိုင်ငံ၏ ပထမဆုံး သကြားစက် (၁၉၆၁)

    ၁၁။ ပဉ္စရူပံ ဦးခ (ဖေဖော်ဝါရီ ၁၈၈၅-၁၀ စက်တင်ဘာ ၁၉၆၀)
    မြန်မာစာပေလောက၌ ခေတ်မီစာအုပ်ထုတ်မှုကို အစောဆုံး စတင်သူ
    နံရံကပ်ဆောင်ပုဒ်ကတ်ပြားများကို တီထွင် ပုံနှိပ်ထုပ်ဝေခဲ့သူ

    ၁၂။ ဗုံတီးဆရာ အဗ္ဗဒူလာ
    မြန်မာ့ရုပ်ရှင်သမိုင်းတွင် အသံထွက်အပြော စတင်သူ

    ၁၃။ ဟာဂျီမ ပျဉ်းမနားဒေါ်ပု (လူမှု ထူးချွန် ပထမဆင့်)  (၁၉၀၆- ၁ ဖေဖေါ်ဝါရီ ၁၉၈၂)
    လူမှုထုးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး

    ၁၄။ဇေယျကျော်ထင် ဗိုလ်မှူးဘရှင် (၂၇ ဒီဇင်ဘာ ၁၉၁၅ – ၇ ဇန်နဝါရီ ၁၉၇၀)
    မြန်မာရာဇဝင်ဟူသော ဝေါဟာရအစား မြန်မာသမိုင်းဟူသော စကားကို ပထမဆုံးအသုံးပြုသည့် သမိုင်းပညာရပ်စာအုပ် ပြုစုသူ
    လောကထိပ်ပန်မင်စာကို ရှာဖွေဖော်ထုတ် သုတေသနပြုတင်ပြသူ

    ၁၅။ ပါမောက္ခဦးအောင်ခင်   ( ၂၁ ဧပြီ ၁၉၁၈- ၈ မေ ၁၉၈၇ )
    ရန်ကုန်တက္ကသိုလ်တွင် ကုန်ထုတ်ဓာတုဗေဒဌာနပေါ်ပေါက်လာအောင် ဦးဆောင်ကြိုးပမ်းခဲ့သူ

    ၁၆။ဒေါက်တာတင်မောင် (၁ ဖေဖော်ဝါရီ ၁၉၃၄ – ၁၄ နိုဝင်ဘာ ၂၀ဝ၁)
    ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ်

    ၁၇။ ဆရာဝန်ကြီး ဝဏ္ဏကျော်ထင် ဒေါက်တာဦးဘခက်  (ဆမ-၃၅) ( ၂၉ မေ ၁၉၀၈- ၂၂ ဇန်နဝါရီ ၂၀ဝ၄ )
    ကျန်းမာရေးမှူးသင်တန်းကျောင်း    စတင်တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်

    ၁၈။ ဒေါ်နီနီအေး (၂၅ မတ် ၁၉၆၄- )
    မြန်မာနိုင်ငံ၏ ခြေလျင်နှင့် တောင်တက်အားကစားသမိုင်းတစ်လျှောက်တွင် ပထမဆုံး ရေခဲတောင်တက်အမျိုးသမီးအဖွဲ့ခေါင်းဆောင်

    ၁၉။တက္ကသိုလ်နန္ဒမိတ်
    အစောဆုံး စစ်မှတ်တမ်းဘာသာပြန်စာအုပ်ရေးသူ တက္ကသိုလ်နန္ဒမိတ်၏ မြန်မာပြည်စစ်မြေပြင် (၁၉၆၅)

    ၂၀။စာရေးဆရာ တက္ကသိုလ်မောင်မောင်ခင်
    အမျိုးသားစာပေဆု ပထမဆုံး ပြဇာတ်စာပေဆုရသူ

    ၂၁။ စာရေးဆရာချစ်ညို(ခ) ဦးဘသိန်း (ကျားဘညိမ်း၏ညီ)
    ကျားကစားနည်းစာအုပ်ကို ပထမဆုံးရေးခဲ့သူ

    ၂၂။ မင်းသား၊ ဒါရိုက်တာ၊ ဗိုလ်ကြီး ဒေါက်တာ မောင်မောင်တာ (Ph.d ,M.A.,FDMU(Dublin) ,DJ(Yangon)
    ပထမဆုံး မြင်ကွင်းကျယ် ရုပ်ရှင်ကားမှ ရုပ်ရှင်မင်းသား

    ၂၃။ ဦးဘရှင် (သံတွဲ) ဘီအက်စ်စီ အထက်တန်း
    ပထမကျောင်းသား သပိတ်ခေါင်းဆောင်

    ၂၄။ ကိုအောင်ထွန်း (ကျောင်းသားခေါင်းဆောင်ဟောင်း)
    မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း စာအုပ်ရေးခဲ့သူ

    ၂၅။ မောင်လူငယ်(DVB)
    မြန်မာနိုင်ငံတွင် TV ၌ လက်ဟန်ဖြင့် ပထမဆုံး သတင်း တင်ဆက်သူ

    ဆက်စပ် ဓါတ်ပုံများ http://www.m-mediagroup.com/news/2340 တွင် ကြည့်ရှုနိုင်ပါသည်။

    ကိုးကား
    ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ်) B.A.(Honours), M.A., H.G.P., Ph.D. ပြုစုသော အစ္စလာမ်ဓမ္မဗိမာန် သင်ခန်းစာများစာအုပ်

    M-Media  သတင်းအချက်အလက်စုဆောင်းရေး အဖွဲ့မှ ရရှိသော သမိုင်းအချက်အလက်များကို စုစည်းတင်ပြသည်။

  • ပစိဖိတ် ကုန်သွယ်ရေးဇုန်ကိစ္စ အဖွဲ့ဝင်နိုင်ငံများ မူအားဖြင့် သဘောတူညီ

    ပစိဖိတ် ကုန်သွယ်ရေးဇုန်ကိစ္စ အဖွဲ့ဝင်နိုင်ငံများ မူအားဖြင့် သဘောတူညီ

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    japan

    – ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်သွယ်ရေးဇုန် ဖြစ်လာမည့် ပစိဖိတ် ကုန်သွယ်ရေး သဘောတူညီချက်ကို မူအားဖြင့် သဘောတူညီခဲ့ပြီဟု ဂျပန်စီးပွားရေးဝန်ကြီး အာကီရာ အေမာရီက ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားလိုက်သည်။

    ပစိဖိတ်ဒေသ အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံမှာ နောက်ဆုံးကွဲလွဲမှုများအတွက် သဘောတူညီချက်ရရန် ဆွေးနွေးမှုကို ပြီးခဲ့သည့် ရက်ပိုင်းကတည်းက အပြင်းအထန်ပြုလုပ်နေခြင်းဖြစ်ပြီး ယမန်နေ့ မနက်ပိုင်း ဆွေးနွေးမှုများတွင် တိုးတက်မှုများ ရရှိခဲ့သည်ဟု အေမာရီက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ပစိဖိတ်ကုန်သွယ်ရေးဇုန် ဖြစ်လာပါက ကမ္ဘာ့စီပွားရေး၏ ၄၀ ရာခိုင်နှုန်းရှိသော ဒေသတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ပြည့်ဝသော သဘောတူညီချက်ရရှိ အဖွဲ့ဝင်နိုင်ငံများက ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

    Ref: channelnewsasia

  • ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးပစ်သတ်၊ ရာနှင့်ချီ၍ ဒဏ်ရာရ

    ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးပစ်သတ်၊ ရာနှင့်ချီ၍ ဒဏ်ရာရ

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    pla

    – ဂျူများ အသတ်ခံရပြီးနောက် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ဂျေရုစလင်မြို့ဟောင်းအတွင်းသို့ ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကို အစ္စရေးက ပိတ်ပင်ခဲ့သောကြောင့် ဒေသခံများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ဆယ်ကျော်သက် ပါလက်စတိုင်းလူငယ်တစ်ဦး သေဆုံးခဲ့ကာ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။

    ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပါလက်စတိုင်းများ၏ ဆန္ဒပြမှုအတွင်း အစ္စရေးမှာ ကျည်ဆံအစစ်များ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ပြီး တူလ်ကာမ် စစ်ဆေးရေးဂိတ်တွင် ရေနံဆီဗုံး ပစ်သည်ဟုဆိုကာ အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းလူငယ် ဟူသိုင်ဖာ ဆူလေမန်ကို အစ္စရေးစစ်တပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    ဆန္ဒပြမှုအတွင်း ပါလက်စတိုင်းပြည်သူ ၄၀၀ နီးပါးခန့် ဒဏ်ရာရခဲ့ပြီး ထိုအထဲမှ ၁၅၀ ခန့်မှာ သေနတ်ဒဏ်ရာများ ဖြစ်သည်။ ၂၀၀ ကျော်မှာလည်း မျက်ရည်ယိုဗုံးဒဏ်ကြောင့် ဆေးကုသမှု ခံခဲ့ရသည်။

    Ref: Aljazeera