အောက်တိုဘာ ၇၊ ၂၀၁၅
M-Media
– အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် IS တပ်ဖွဲ့ထံသို့ တိုယိုတာကားများ မည်ကဲ့သို့ ရောက်ရှိသည်ဆိုသည်နှင့် ပတ်သက်၍ အမေရိကန်ငွေတိုက်ဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တိုယာတာမှ ယနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ထိုစစ်ဆေးမှုတွင် မိမိတို့ကလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပူးပေါင်းဆောင်ရွက်နေပြီး မိမိတို့မှာ နိုင်ငံတစ်ခုချင်းစီ၏ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ဆုံးဖြတ်ထားပြီး တစ်ဆင့်ဖြန့်ချီသူများကလည်း လိုက်နာရန် လိုအပ်ကြောင်း၊ အရှေ့အလယ်ပိုင်းသို့ ငွေကြေးနှင့် ကုန်ပစ္စည်းများ စီးဆင်းမှုအတွက် အမေရိကန် ငွေတိုက်ဌာန၏ စုံစမ်းစစ်ဆေးမှုကို ထောက်ခံကြောင်း တိုယာတာမှ ပြောရေးဆိုခွင့်ရှိသူ အဒ် လူးဝစ်က ပြောကြားခဲ့သည်။
IS မှာ ၎င်းတို့၏ စစ်ရေးလုပ်ငန်းများအတွက် တိုယိုတာကားများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီး လူးဝစ်ကမူ မိမိတို့မှာ အားလုံးကိုလိုက်၍ ထိန်းချုပ်ရန် မဖြစ်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: CNN


Leave a Reply
You must be logged in to post a comment.