News @ M-Media

Blog

  • ယခုနှစ် ဆေးဘက်ဆိုင်ရာနိုဘယ်ဆု သုတေသနပညာရှင် ၃ ဦး ရရှိ

    ယခုနှစ် ဆေးဘက်ဆိုင်ရာနိုဘယ်ဆု သုတေသနပညာရှင် ၃ ဦး ရရှိ

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    medi

    – ယခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရောဂါဘယများအား တွန်းလှန်ရာ၌ အရေးပါသည့် ကူညီမှုများကို ပြုလုပ်ပေးခဲ့သော သုတေသနပညာရှင် ၃ ဦးအား ချီးမြှင့်လိုက်သည်ဟု သိရသည်။

    ၎င်းတို့မှာ ၀ီလီယံ ကမ်းဘဲလ်၊ ဆာတိုရှီ အိုမူရာနှင့် ယူယူတူးတို့ ဖြစ်ကြသည်။ ကမ်းဘဲလ်နှင့် အိုမူရာတို့မှာ အူလမ်းကြောင်းရှိ အညစ်အကြေးစွန့်ရာ အပိုင်းတွင် တည်ရှိတတ်ပြီး ရောဂါဖြစ်စေတတ်သော ပိုးမွှားများအား ကုသနိုင်သည့် နည်းလမ်းနှင့် လူသားများတွင် ပါရာဆိုက်ပိုးမွှားများကို တိုက်ဖျက်ရေး ကြိုးပမ်းမှုများအတွက် အဆိုပါ နိုဘယ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

    ဆာတိုရှီ အိုမူရာမှာ ဂျပန်တွင် မြေဆီနမူနာများမှ ဘက်တီးရီးယားများကို သီးသန့်ဖယ်ထုတ်ခဲ့ပြီး အနုဇီဝပိုးမွှားများကို တိုက်ဖျက်ရာတွင် ထိရောက်မှုအရှိဆုံး နည်းလမ်းကို ရှာဖွေခဲ့သည်။ ထိုဘက်တီးရီးယားများ၏ ထိရောက်မှုကို ကမ်းဘဲလ်က နောက်ပိုင်းတွင် စမ်းသပ်နိုင်ခဲ့သည်။

    ထို့နောက် အဆိုပါ ဘက်တီးရီးယားများမှ တစ်ခုမှာ အိမ်တွင်းသုံးနှင့် လယ်ယာသုံး တိရစ္ဆာန်များတွင် ရှိနေသည့် ပါရာဆိုက်ပိုးမွှားများကို ထိထိရောက်ရောက် နှိမ်နင်းနိုင်စွမ်းရှိသည်ကို တွေ့ရှိခဲ့သည်။ ထိုရလဒ်ဖြင့် အဗာမက်တင်း (Avermectin) ဆေးဝါးကို ထုတ်လုပ်နိုင်ခဲ့သည်။

    တရုတ်နိုင်ငံရှိ တရုတ်တိုင်းရင်းဆေး အကယ်ဒမီမှ ပါမောက္ခချုပ်ဖြစ်သော ယူယူတူးမှာ တရုတ်တိုင်းရင်းဆေးနယ်ပယ်တွင် ကာလရှည်ကြာစွာ အသုံးပြုခဲ့သော ဒေါနပင်၏အရွက်မှ ထူးခြားသည့် ဒြပ်ပေါင်းတစ်ခုကို တွေ့ရှိခဲ့သည်။

    ထိုဒြပ်ပေါင်းမှ အာတီမီစီနင်း (Artemisinin) ဆေးဝါးကို ထုတ်လုပ်နိုင်ခဲ့ပြီး ငှက်ဖျားတိုက်ဖျက်ရေးဆေးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရကာ ကမ္ဘာတစ်ဝှမ်း အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သန်းနှင့်ချီသောလူများ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။

    “ဒီတွေ့ရှိမှုနှစ်ခုဟာ နှစ်စဉ် လူသန်းရာနဲ့ချီကို ထိခိုက်စေတဲ့ ဆိုးရွားတဲ့ရောဂါတွေ တိုက်ဖျက်ဖို့ လူသားတွေကို အကျိုးကျေးဇူးများတဲ့ နည်းလမ်းနှစ်ခု ရရှိစေခဲ့ပါတယ်။ လူသားတွေရဲ့ ကျန်းမာရေးတိုးတက်လာမှု၊ ခံစားရတာတွေ လျော့ကျလာမှုဆိုတဲ့ နောက်ဆက်တွဲ ကောင်းကျိုးတွေက ဖော်မပြနိုင်လောက်အောင်ပါပဲ” ဟု နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    Ref: Aljazeera

     

  • ဘက်သလီဟမ်တွင် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို အစ္စရေး ပစ်သတ်ပြန်

    ဘက်သလီဟမ်တွင် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို အစ္စရေး ပစ်သတ်ပြန်

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    plas

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်း ဘက်သလီဟမ်ဒေသရှိ ဒုက္ခသည်စခန်းအနီးတွင် ယမန်နေ့က ဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှုများအတွင်း အစ္စရေးစစ်တပ်က အသက် ၁၃ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်တစ်ဦးကို ပစ်သတ်လိုက်သည်ဟု သိရသည်။

    အဘ်ဒဲလ်ရဟ်မန် အဘ်ဒူလာဟ်ဆိုသူ လူငယ်လေးဖြစ်ပြီး ရင်ဘတ်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးက တည်ဆောက်ထားသော တရားမ၀င်အိမ်ယာများ၌ နေထိုင်သူ ဂျူးများ ဂျေရုစလင်တွင် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော တင်းမာမှုများအတွင်း အစ္စရေးစစ်တပ်က ပစ်ခတ် သတ်ဖြတ်ခဲ့သည့် ဒုတိယမြောက် ပါလက်စတိုင်း ပြည်သူလည်း ဖြစ်လာခဲ့သည်။ တနင်္ဂနွေနေ့က တူလ်ကာမ်မြို့တွင် အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်း လူငယ်တစ်ဦးကို အစ္စရေး စစ်တပ်က ပစ်သတ်ခဲ့သည်။

    နိုင်ငံတကာကလေးငယ်များ ကာကွယ်ရေးအဖွဲ့မှ ပါလက်စတိုင်းဆိုင်ရာ ဒါရိုက်တာတစ်ဦးဖြစ်သူ အေယဒ် အဘူ တာအစ်ရှ်က ပါလက်စတိုင်း ကလေးငယ်များကို ပစ်သတ်ရန်အတွက် အစ္စရေးစစ်သားများကို အထက်က ခွင့်ပြုထားသောကြောင့် မည်သည့်အရေးယူမှုမှ ခံရခြင်းမရှိဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ကံကောင်းခဲ့တဲ့ရီးယဲလ်၊ ဘာကာရှုံးပြီး၊ ဗီလာရီးယဲလ် ဆက်လက်ဦးဆောင်နေတဲ့ လာလီဂါ ပွဲစဉ် ၇

    ကံကောင်းခဲ့တဲ့ရီးယဲလ်၊ ဘာကာရှုံးပြီး၊ ဗီလာရီးယဲလ် ဆက်လက်ဦးဆောင်နေတဲ့ လာလီဂါ ပွဲစဉ် ၇

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    laliga 2

    – ဒီတစ်ပတ် လာလီဂါမှာတော့ ထိပ်ဆုံးက ဆီးဗီးလား ရှုံးပွဲတွေ့သွားခဲ့ပြီး၊ ဘာစီလိုနာကလည်း အဓိကစားသမားဖြစ်တဲ့ မက်ဆီမပါတဲ့ဒဏ်ကို ခံခဲ့ရပါတယ်။

    မက်ဒရစ်ဒါဘီပွဲမှာ ဧည်သည့် ရီးယဲလ်တို့ ဘန်ဇီမာရဲ့ ၉ မိနစ်ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ခွင့်ရခဲ့ပေမယ့် နောက်ပိုင်း တိုက်စစ်မြှင့်လာတဲ့ အက်သလက်တီကို ကို ၈၃ မိနစ်မှာ ချေပဂိုး ပြန်ပေးလိုက်ပါတယ်။ ၂၂ မိနစ်မှာ အိမ်ရှင်တို့ရတဲ့ ပင်နယ်တီကို ဂိုးသမား ကီလာနာဗက်စ် ကာကွယ်နိုင်ခဲ့တာကလည်း ရီးယဲလ်ကို အသက်ရှူချောင်စေခဲ့ပါတယ်။

    ထိပ်ဆုံးက ဗီလာရီးယဲလ် အဝေးကွင်းမှာ တစ်ယောက်လျော့အနေအထားနဲ့ လီဗန်တေးကို အရှုံးပေးလိုက်ရပါတယ်။ အိမ်ရှင်တို့ရဲ့ ခံစစ်ကောင်းမွန်မှုကလည်း ဗီလာရီးယဲလ်တိုက်စစ်မှူးတွေကို အခက်တွေ့စေခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကမှ လာလီဂါပထမဆုံးနိုင်ပွဲရခဲ့တဲ့ ဆီးဗီးလား ဒီတစ်ပတ်မှာလည်း ဘာကာကို ဒုတိယပိုင်း ဦးဆောင်ဂိုး ၂ ဂိုးသွင်းပြီး အနိုင်ရခဲ့ပါတယ်။ ဘာကာက ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် အိမ်ရှင်ဂိုးသမား လက်စွမ်းပြနိုင်တာကြောင့် ၇၄ မိနစ် ပင်နယ်တီတစ်လုံးနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

    ခုနောက်ပိုlaliga 1င်းမှာ ခြေကျလာတဲ့ ဗလင်စီယာဟာ ဒီတစ်ပတ်မှာလည်း မိနစ် ၂၀ မှာ ဦးဆောင်ဂိုး ရခဲ့ပေမယ့် ၃ ဂိုးပြန်ပေးခဲ့ရပြီး ဘီဘာအိုကို ရှုံးနိမ့်ခဲ့ပါတယ်။
    လာလီဂါပွဲစဉ် ၇ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဆဲလ်တာဗီဂို ၀-၀ ဂီတာဖေး
    ဆီးဗီးလား ၂-၁ ဘာစီလိုနာ
    ဂရာနာဒါ ၁-၁ ဒီပို့တီဗို
    အက်စပန်ညို ၁-၂ စပို့တင်းဂီဂျွန်
    လက်စ် ပါးလ်မက်စ် ၀-၂ အိုက်ဘာ
    မာလာဂါ ၃-၁ ဆိုဆီဒက်
    ဗယ်လက်ကာနို ၀-၂ ဘက်တစ်
    ဘီလ်ဘာအို ၃-၁ ဗလင်စီယာ
    လီဗန်တေး ၁-၀ ဗီလာရီးယဲလ်
    အက်သလက်တီကို ၁-၁ ရီးယဲလ်

  • အမေရိကန်လေယာဉ်မှူးတစ်ဦး လေပေါ်တွင်သေဆုံး

    အမေရိကန်လေယာဉ်မှူးတစ်ဦး လေပေါ်တွင်သေဆုံး

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဖီးနစ်မြို့မှ အရှေ့ပိုင်း ဘော်စတွန်မြို့သို့ ယမန်နေ့က ပျံသန်းလာသည့် American Airlines မှ လေယာဉ်တစ်စင်းပေါ်တွင် လေယာဉ်မှူး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

    ခရီးသည် ၁၄၇ ဦးနှင့် လေယာဉ်အမှူထမ်း ၅ ဦးကို တင်ဆောင်ကာ ဒေသစံတော်ချိန် ယမန်နေ့ည သန်းခေါင်ယံအချိန်တွင် စတင်ထွက်ခွာလာသည့် အဆိုပါ Aribus A320 လေယာဉ် ပျံသန်းနေခိုက် လေယာဉ်မှူးမှာ လဲကျသွားသောကြောင့် နယူးယောက်ရှိ လေယာဉ်ကွင်းတစ်ခုတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။

    ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများကမူ လေယာဉ်မှူး၏အလောင်းအား ကနဦးစစ်ဆေးချက်အရ အဆိပ်အတောက်ဖြစ်မှုကို တွေ့ရှိခဲ့ရပြီး သာမန်ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ လေယာဉ်မှူးများ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေမှာ ဖြစ်ခဲပြီး သေဆုံးမှုမှာမူ မရှိသလောက် ရှားပါးသည်။

    Ref: CNN

  • ဘာသာရေးကို အသုံးချပြီး မဲမဆွယ်ဘူးလို့ ဆိုလာတဲ့ ပန်းဘဲတန်း တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးခင်မောင်ချို

    ဘာသာရေးကို အသုံးချပြီး မဲမဆွယ်ဘူးလို့ ဆိုလာတဲ့ ပန်းဘဲတန်း တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးခင်မောင်ချို

    အောက်တိုဘာ ၆ ၊ ၂၀၁၅
    M-Media
    မိုးစက်တွေ့ဆုံမေးမြန်းသည်။
    panflag
    2015 ရွေးကောက်ပွဲတွင် ပန်းပဲတန်းမြို့နယ်မှနေ၍ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် M-Media မှတွေ့ဆုံမေးမြန်းခဲ့ပါသည်။

    M-Media။    ။ အန်ကယ့်အနေနဲ့ ဘာကြောင့် တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့တာပါသလဲ။

    ဖြေ။    ။ မြန်မာနိုင်ငံမှာ ပါတီကြီးနှစ်ခုရှိတယ်။ အဲ့ပါတီကြီးတွေကနေ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အခါမှာ အစ္စလာမ်ဘာသာဝင်တွေ မပါတာကို တွေ့ရတယ်။ သူတို့ကိုတော့ ဘာမှမပြောလိုပါဘူး။ အဲ့လိုသူတို့ဆီမှာ ဝင်လို့မရတော့ ကိုယ့်ဟာကိုပဲ လုပ်မယ်ဆိုတာရယ် နောက်တစ်ခုက ပါတီတစ်ခုဆိုရင် ပါတီအတွင်းမှာ အချင်းချင်း အတွင်းကိစ္စတွေပေါ့။ အဲဒါတွေကိုရှောင်ရှားချင်လို့ အခုလို တစ်သီးပုဂ္ဂလကို ရွေးချယ်ခဲ့တာပါ။

    M-Media။    ။ တစ်သီးပုဂ္ဂလအနေနဲ့ ရပ်တည်ရတော့ အခက်အခဲရော ရှိပါသလား။
    ဖြေ။    ။အဲ့လိုအခက်အခဲတော့ မရှိပါဘူး။ ငွေရေးကြေးရေးကအစပေါ့နော်။ အန်ကယ့်ကို အစစအရာရာ ဝိုင်းဝန်းကူညီပံ့ပိုးသူတွေ များပါတယ်။

    M-Media။    ။ အခုလိုတစ်သီးပုဂ္ဂအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတော့ စိန်ခေါ်မှုတွေက ဘာတွေများဖြစ်မလဲ။
    ဖြေ။    ။ဘယ်အလုပ်မဆိုတာတော့ စိန်ခေါ်မှုတွေရှိတာပေါ့နော်။ အန်ကယ်က ခွင့်ပြုချက်ရတာကိုက သူများတွေထက်နောက်ကျပါတယ်။ ပြင်ဆင်စရာတွေအတွက် ဆယ်ရက်လောက်နာသွားတာပေါ့။ အဲ့အတွက် ပိုလုပ်နေရပါတယ်။

    M-Media။    ။ ပန်းဘဲတန်းမြို့နယ်မှာလည်း အင်အားကြီးပါတီတွေရှိနေတော့ အန်ကယ်အနေနဲ့က တစ်သီးပုဂ္ဂလဆိုတော့ စိုးရိမ်စိတ်တွေများရှိပါသလား။
    ဖြေ။    ။အန်ကယ်ကတော့ ဘာလုပ်လုပ် ဥပဒေဘောင်ထဲကပဲ လုပ်ပါတယ်။ မဲဆွယ်တဲ့အခါမှာလည်း စည်းကမ်းမှုတွေကို ကိုယ့်ဘာသာချထားပါတယ်။ အန်ကယ့် မူတွေက ဘာသာရေးကိုနိုင်ငံရေးမှာ အသုံးမချဘူး၊ နောက်ရွေးကောက်ပွဲအတွက် ချမှတ်ထားတဲ့ တည်ဆဲဥပဒေတွေကို မချိုးဖောက်ဘူး၊ ဥပဒေအတိုင်းပဲ လုပ်ဆောင်မယ်၊ နောက်တစ်ခါ ဘယ်နိုင်ငံရေးပါတီကိုမှ ပုတ်ခတ်ပြောဆိုတာမျိုး မလုပ်ဘူးပေါ့နော်။ အဲဒီအန်ကယ့်မှုသုံးချက်ကို အန်ကယ့်ကို ဒီကာလမှာ လိုက်လံကူညီမဲ့သူတွေကိုလည်း မလုပ်ဖို့ပြောထားတယ်။ အဲ့ဒီ မူတွေနဲ့ပဲ လုပ်ဆောင်သွားမယ်ဆိုတော့ ဘာမှစိုးရိမ်စရာမရှိပါဘူး။

    M-Media။    ။ ပန်းဘဲတန်းမြို့နယ်မှာရော မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေပြီလား။
    ဖြေ။    ။လက်ကမ်းစာစောင်လေးတွေကို အိမ်တွေလိုက်ပေး၊ သူတို့တွေနဲ့တွေ့ပြီး မိသားစုနဲ့ တစ်အိမ်ချင်းပေါ့ သူတို့အခက်အခဲတွေကိုမေးပြီး ဆွေးနွေးတာမျိုးတွေတော့ လုပ်ပါတယ်။

    M-Media။    ။ ဒီပန်းဘဲတန်းကမဲဆန္ဒရှင်တွေအတွက် ဘာတွေလုပ်ဆောင်ပေးမလဲ။
    ဖြေ။    ။သူတို့နဲ့စည်းရုံးရေးဆင်းပြီး သေချာတွေ့မယ်။ ပြီးရင် လိုအပ်ချက်တွေကို မေးမြန်းပြီး လွှတ်တော်နဲ့ သူတို့ကြားမှာ ပေါင်းကူးပေါ့နော်။ လွှတ်တော်ကို တင်ပေးသင့်တာဆိုလည်း တင်ပေးပြီး ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ရတာဆိုရင်လည်း ပူးပေါင်းပြီး ဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ နောက် ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်ဖြစ်တဲ့ ဒီပန်းဘဲတန်းမြို့နယ်မှာ ယာဉ်ကြောပိတ်ဆို့မှုဟာ တော်တော် အခက်အခဲဖြစ်တဲ့ကိစ္စပါ။ ဒီတစ်မြို့ထဲလည်း ဆောင်ရွက်လို့တော့ မရပါဘူး။ ဆက်စပ်မြို့နယ်တွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းသွားဖို့လည်း စဉ်းစားထားပါတယ်။

    panflag2
    M-Media။    ။ အန်ကယ်က ရှေ့နေတစ်ယောက်ဆိုတော့ လွှတ်တော်ထဲကို ရောက်သွားခဲ့ရင် ဘာတွေကို ဦးစားပေး ဆောင်ရွက်မလဲ။
    ဖြေ။    ။လွှတ်တော်ထဲကိုရောက်သွားခဲ့ရင်တော့ လွှတ်တော်ထဲမှာ ဘယ်အဖွဲ့ ဘယ်ပါတီက ဒီမိုကရက်တစ် ဖြစ်လည်းဆိုတာ အရင်ကြည့်ပါ့မယ်။ ရှေ့ကိုဆက်မယ့် ဒီမိုကရေစီလမ်းကြောင်းကို သွားမဲ့ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းသွားမှာပါ။ နောက်တိုင်းရင်းသားတွေဟာ လူနည်းစုအခွင့်အရေးကို ကာကွယ်တဲ့ ကိစ္စတွေ၊ တန်းတူညီမျှမှု ကိစ္စတွေ၊ဖက်ဒရယ်ကိစ္စတွေ အဲ့ကိစ္စတွေကို တိုင်းရင်းသားတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စဉ်းစားထားပါတယ်။

    M-Media။    ။ အန်ကယ့်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုလေးလဲ သိပါရစေ။
    ဖြေ။    ။၁၉၈၈ ကစပြီးတော့ အရေးအခင်းမှာ မြန်မာနိုင်လုံးဆိုင်ရာတိုက်ပွဲဝင် ရှေ့နေကော်မတီဝင်လုပ်ခဲ့တယ်။ ၁၉၈၉ မှာ ဝန်ကြီးချူပ်ဟောင်း ဦးနု တည်ထောင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အဖွဲ့ ချူပ် ပါတီ (ဒီ/ငြိမ်း) အဖွဲ့မှာဝင်ရောက်ခဲ့တယ်။ ဒီ/ငြိမ်းက ဖွဲ့စည်းထားတဲ့ (၁၉၄၇ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေး ကော်မတီဝင်ဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ နတ်တလင်း မဲဆန္ဒနယ် အမှတ်(၂) ကနေ ဒီ/ငြိမ်း ပါတီ ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုအောင်ထွန်းရေးသားတဲ့ ကျောင်းသားလှုပ်ရှားမှု သမိုင်းစားအုပ်အတွက် မှတ်တမ်းများကူညီ ရှာဖွေပေးမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပုဒ်မ ၅(ည)ဖြင့် ထောင် ၇ နှစ်ကျခံခဲ့ရပါတယ်။

    M-Media။    ။ အန်ကယ့်အနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်သေးလဲ။
    ဖြေ။    ။ ခုအခြေအနေကဒီမိုကရေစီအကူးအပြောင်းအချိန်ဖြစ်နေပါတယ်။ အဲတော့ ခုလိုချိန်မျိုးမှာ ပြည်သူတွေအားလုံးပါဝင်ပေးကြဖို့လိုတယ်။ မဲစာရင်းတွေကိုလည်း သွားရောက်ကြည့်ကြပြီး ကိုယ့်မဲပေးရမဲ့ အခွင့်အရေးမဆုံးရှုံးအောင် လုပ်ကြပါ။ ခုထိ လူတော်တော်များများဟာ မဲပေးပုံပေးနည်းတွေကို သေချာ မသိသေးတဲ့ လူတွေရှိသေးတယ်။ ဒါတွေအားလုံးကို သေသေချာချာ သိထားဖို့ လုပ်ထားသင့်ပါတယ်။