News @ M-Media

Blog

  • ကားများ၏ ကာဘွန်ထုတ်လွှတ်မှု စစ်ဆေးခြင်းကို အမေရိကန် ပိုမိုတင်းကြပ်မည်

    ကားများ၏ ကာဘွန်ထုတ်လွှတ်မှု စစ်ဆေးခြင်းကို အမေရိကန် ပိုမိုတင်းကြပ်မည်

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    car

    – ဗောက်စ်ဝဂွန် ကားထုတ်လုပ်ရေးမှ ၎င်းတို့ ဒီဇယ်ကားများ၏ ကာဘွန်ထုတ်လွှတ်မှုအတွက် ဓာတ်ခွဲခန်းစမ်းသပ်မှုတွင် ဆော့ဖ်ဝဲတစ်ခုသုံးကာ လိမ်ညာခဲ့သည့် ပြဿနာ ပေါ်ထွက်လာပြီးနောက် အမေရိကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ EPA က ကားများ ကာဘွန်ထုတ်လွှတ်မှု စစ်ဆေးခြင်းကို ပိုမိုတင်းကြပ်လိုက်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “စမ်းသပ်မှုစနစ်ကို ကျွန်တော်တို့ လုံးဝ ပြောင်းလဲလိုက်ပါပြီ။ စမ်းသပ်တွက်ချက်မှုအသစ်တွေကို ကျွန်တော်တို့ ပေါင်းထည့်ခဲ့ပြီး ထုတ်လုပ်တပ်ဆင်ပြီးသွားတဲ့ ယာဉ်တွေ၊ ထုတ်လုပ်တပ်ဆင်ဆဲ ယာဉ်တွေနဲ့ အသုံးပြုနေတဲ့ယာဉ်တွေကိုပါ ဒီစနစ်နဲ့ စမ်းသပ်သွားမှာပါ” ဟု EPA ၏ သယ်ယူပို့ဆောင်ရေးနှင့် လေထုအရည်အသွေးဆိုင်ရာရုံးမှ ဒါရိုက်တာဖြစ်သူ ခရစ္စတိုဖာ ဂရန်ဒလာက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ တင်းကြပ်သော စမ်းသပ်မှုများကြောင့် ကားထုတ်လုပ်ရေးလုပ်ငန်းများမှာ ပိုမိုကုန်ကျမည်ဖြစ်သည်။ ဗောက်စ်ဝဂွန်ကားများ၏ ပြဿနာ ပေါ်လာပြီးနောက်ပိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက ကားအားလုံး၏ ကာဘွန်ထုတ်လွှတ်မှုပမာဏကို မောင်းနှင်နေစဉ် ကြားဖြတ်စမ်းသပ်ရန် တိုက်တွန်းခဲ့ကြသည်။

    Ref: Channelnewsasia

  • ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ရန် ၀င်းဂါးယုံကြည်နေဆဲ

    ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ရန် ၀င်းဂါးယုံကြည်နေဆဲ

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    winger

    – ရာသီအစ မတည်ငြိမ်မှုများနှင့် ကြုံတွေ့ရသော်လည်း အာဆင်နယ်အသင်းမှာ ယခုနှစ် ပရီးမီးယားလိဂ်ကို ကိုင်မြှောက်နိုင်လိမ့်မည်ဟု နည်းပြအာဆင်ဝင်းဂါးက ယုံကြည်နေသည်။

    အာဆင်နယ်မှာ မနက်ဖြန်တွင် ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် မန်ယူနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ၀င်းဂါးကမူ မိမိတို့ နှစ်သင်းကြားရှိ အမှတ်ကွာဟမှုက ယခုကဲ့သို့ ရာသီအစပိုင်း တွေ့ဆုံမှုတွင် အကျိုးသက်ရောက်မှု မရှိနိုင်ဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ မန်ယူနဲ့ ၃ မှတ်ကွာနေတယ်။ သူတို့ကို အိမ်ကွင်းမှာကစားရမယ်။ ပရီးမီးယားလိဂ်ကို မရနိုင်ပါဘူးလို့ ကျွန်တော်ပြောရင် ခင်ဗျားဘာပြောမလဲ။ ခင်ဗျား ကျွန်တော့်ကို ဗျင်းမှာပေါ့။ ကျွန်တော်တို့ တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲ ကစားမယ်။ ပြီးခဲ့တဲ့ပွဲမှာ လက်စတာကို ၅ ဂိုး ၂ ဂိုးနဲ့ ကျွန်တော်တို့နိုင်တယ်။ လုံးဝ ကျသွားမယ်လို့ ကျွန်တော် မထင်ပါဘူး။ လိဂ်မှာ ၃၊ ၄ ပွဲလောက် ကျွန်တော်တို့ ကောင်းခဲ့ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • လာဘ်ယူရန် ငြင်းဆန်ခဲ့သည့် အိန္ဒိယအင်ဂျင်နီယာတစ်ဦး အသတ်ခံရ

    လာဘ်ယူရန် ငြင်းဆန်ခဲ့သည့် အိန္ဒိယအင်ဂျင်နီယာတစ်ဦး အသတ်ခံရ

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    india

    – တင်ဒါရရန်အတွက် လာဘ်ပေးသည်ကို လက်ခံရန် ငြင်းဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ ရထားလမ်းဆိုင်ရာ အင်ဂျင်နီယာတစ်ဦးမှာ အသတ်ခံခဲ့ရသည်ဟု သိရသည်။

    အသက် ၃၁ နှစ်အရွယ်ရှိ ဆူရက်ဘ် ကူးမားရ်ဆိုသည့် အမျိုးသားဖြစ်ပြီး အနောက်ဘန်ဂေါလ်ပြည်နယ် ခါရဂ်ပူးရ်မြို့ရှိ ၎င်း၏နေအိမ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းမှာရထားလမ်းပစ္စည်းများဆိုင်ရာ အင်ဂျင်နီယာချုပ်အဖြစ် ထိုမြို့တွင်ပင်
    တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

    ရထားလမ်းပိုင်း လုပ်ငန်းများနှင့် သံတိုသံစများ ရောင်းချမှုအတွက် တင်ဒါခွင့်ပြုရန် လုပ်ပိုင်ခွင့်ရှိသည့် ၎င်းထံသို့ ဒေသတွင်းမှ သံလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသည့် အဖွဲ့တစ်ခုက ၎င်းတို့အား တင်ဒါပေးရန် ဖိအားပေးခဲ့ပြီး လာဘ်ငွေများလည်း ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်။

    သို့သော်လည်း ကူးမားရ်က ငြင်းဆိုခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ၎င်း၏ လိုင်းခန်း၌ ဆိုးရွားသော ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။ မျက်နှာများမှာလည်း ဆိုးဆိုးဝါးဝါး ပျက်ဆီးနေပြီး ရဲတပ်ဖွဲ့ကမူ မြွေကိုက်၍ သေဆုံးခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    ကူးမားရ်၏ အကိုဖြစ်သူနှင့် အမှန်တရားကို လိုလားသူအချို့ကမူ ရဲတပ်ဖွဲ့နှင့် ဒေသတွင်း အဆိုပါ လုပ်ငန်းရှင်အုပ်စု၏ ဆက်နွယ်မှုများကို သိရှိနေပြီး ယခင်က ထိုဒေသတွင် ရဲတ်ဖွဲ့ဝင်တစ်ဦး လာဘ်မယူသောကြောင့် အသတ်ခံရမှုကို ထောက်ပြက ကူးမားရ် အသတ်ခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ တိုင်ကြားမှုများ ပြုလုပ်ထားသည်။

    Ref: thelogicalindian.com

  • ကိုလံဘီယာမှ ထိပ်တန်းမူးယစ်ရာဇာကို အသေဖမ်းမိ

    ကိုလံဘီယာမှ ထိပ်တန်းမူးယစ်ရာဇာကို အသေဖမ်းမိ

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    colum

    – ကိုလံဘီယာ၏ ထိပ်တန်းမူးယစ်ရာဇာဖြစ်ပြီး အမေရိကန်က အလိုရှိနေကာ ဆုငွေ ၅ သန်းထုတ်ထားသည့် ဗစ်တာ နာဗာရိုမှာ ဗင်နီဇွဲလားနယ်စပ်အနီး ဥပဒေစိုးမိုးခြင်းမရှိသည့် ကာတာတမ်ဘိုဒေသတွင် ကိုလံဘီယာစစ်တပ်၏ ၀င်ရောက်စီးနင်းမှုအတွင်း သေဆုံးသွားခဲ့သည်။

    သမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်ကမူ ယမန်နေ့က ပြုလုပ်ခဲ့သည့် ထိုစစ်ဆင်ရေးအတွက် ၎င်း၏ စစ်တပ်ကို ချီးကျူးခဲ့သည်။

    အသက် ၃၉ နှစ်အရွယ်ရှိပြီး မီဂါတီယိုဟု သိကြသည့် နာဗာရိုမှာ ၁၉၉၁ ခုနှစ်က ပြိုကွဲသွားခဲ့သော လက်ဝဲယိမ်း သူပုန်အဖွဲ့မှ အဖွဲ့တစ်ခုကို ဦးဆောင်ခဲ့ပြီး ကိုလံဘီယာ၏ အကြီးဆုံး ဘိန်းမှောင်ခိုသမားများထဲမှ တစ်ဦးအဖြစ် မှတ်ယူခံခဲ့ရသည်။ ၎င်းမှာ သြဂုတ်လတွင် ပြုလုပ်ခဲ့သည့် ကိုလံဘီယာစစ်တပ်၏ စစ်ဆင်ရေးတွင် လွတ်မြောက်ခဲ့ဖူးသည်။

    Ref: Aljazeera

  • စစ်ကျန် ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့  ရွေးကောက်ပွဲဝင်မယ့်  အမတ်လောင်း ဦးရန်နိုင်

    စစ်ကျန် ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း ဦးရန်နိုင်

    အောက်တိုဘာ ၁ ၊ ၂၀၁၅
    M-Media
    မိုးစက် တွေ့ဆုံ မေးမြန်းသည်။
    U Yan Naing 2
    ၂၀၁၅ နိုင်ဝင်ဘာလ ရွေးကောက်ပွဲတွင် အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီမှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးရန်နိုင်(တရားလွှတ်တော်ရှေ့နေ) နှင့် M-Media မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    M-Media။    ။ အန်ကယ်အနေနဲ့ဘာကြောင့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါလဲ။
    ဖြေ။    ။ပြည်သူတွေအတွက် ပြောရေးဆိုခွင့်ရဖို့အတွက်၊ စစ်ကျန်ဖြစ်နေတဲ့ ဒီမိုကရေစီကနေ စစ်မှန်တဲ့ဒီမိုကရေစီ ရရှိဖို့အတွက်၊ ဒီမိုကရေစီစစ်စစ်ဖြစ်ဖို့၊ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့အတွက် အခုလိုဝင်ရောက် ယှဉ်ပြိုင်ရခြင်းဖြစ်တယ်။

    M-Media။    ။ အန်ကယ့်အနေနဲ့ မဲဆွယ်စည်းရုံးမှုတွေကိုရော စတင်လုပ်ဆောင်နေပြီလား။
    ဖြေ။    ။ အောက်တိုဘာလ ၄ ရက်နေ့မှာ ပါတီကအစည်းအဝေးလုပ်မယ်။ အဲ့အစည်းအဝေးပြီးတော့မှ ရွေးကောက်ပွဲမတိုင်မီထိ နေ့တိုင်းလိုလို မဲဆွယ်စည်းရုံးမှုတွေကို စတင်လုပ်ဆောင်မှာပါ။

    M-Media။    ။  အန်ကယ်ဝင်ရောက်ယှဉ်ပြိုင်မဲ့ သင်္ဃကျွန်းမဲဆန္ဒရှင်တွေဆီကနေောက်ခံမဲတွေရအောင် အန်ကယ်ဘာတွေ လုပ်ဆောင်ထားပါသလဲ။
    ဖြေ။    ။ အခုတော့ လက်ကမ်းစာစောင်တွေ လုပ်ထားတယ်။ သင်္ဃန်းကျွန်းမှာလဲ ရပ်ကျေးရုံးဖွင့်ထားပါတယ်။ ရွေးကောက်ပွဲရက်နီးရင်တော့ door to door သွားရောက်ပြီး သူတို့ရဲ့လိုအပ်ချက်တွေကို မဲဆွယ်ပြီး လိုအပ်တာတွေလုပ်ဆောင်ပေးဖို့ ဆွေးနွေးပေးမှာပါ။

    M-Media။    ။ အန်ကယ်မဲဆွယ်တဲ့အခါမှာ ဘယ်လိုအချက်တွေနဲ့ ပြည်သူကိုမဲဆွယ်မလဲ။
    ဖြေ။    ။ အဓိကတော့ ပညာရေးပဲ။ အဲဒါ့ကိုအဓိကထားလုပ်ပေးမှာပါ။ သင်္ဃကျွန်းမြို့နယ်မှာ စနစ်တကျမဖြစ်တဲ့ လမ်းတို့ အဆောက်အဦးတို့ကိုလည်း စနစ်တကျဖြစ်သွားအောင် စီစဉ်ပေးမယ်။ အဲ့မှာ ဘိုးဘွားရိပ်သာတွေလည်းရှိတော့ အဘိုးတွေ အဘွားတွေအတွက် တစ်ခုခုစီစဉ်ပေးတာမျိုးပေါ့။ နောက်သင်္ဃကျွန်းက အခြေခံလူတန်းစားရပ်ကွက်ဖြစ်တော့ မြို့နယ်ကိုသပ်သပ်ရပ်ရပ်နဲ့ လှပသေသပ်အောင်ဆောင်ရွက်ပေးဖို့ပေါ့။ အဲ့လိုအချက်တွေကို မဲဆန္ဒနရှင်တွေကို နားလည်အောင်ပြောပြီး မဲဆွယ်စည်းရုံးသွားမှာပါ။

    M-Media။    ။ အန်ကယ့်အနေနဲ့ ဒီမဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင် သင်္ဃန်းကျွန်းကပြည်သူတွေအတွက် ဘာတွေလုပ်ဆောင်ပေးဖို့ရှိပါသလဲ။
    ဖြေ။    ။ သူတို့တွေဘာတွေလိုလားလဲဆိုတာ အရင်မေးမယ်။ အန်ကယ် အဓိကလုပ်ချင်တာကတော့ သင်္ဃန်းကျွန်းမှာကလေးတွေပညာရေးပေါ့။ အဲ့မှာပညာမသင်နိုင်တဲ့ကလေးတွေ အများကြီးရှိတယ်။ အဲ့ကလေးတွေအတွက် ပညာရေးကိုအဓိကထားလုပ်ဆောင်မှာပါ။

    M-Media။    ။ သင်္ဃန်းကျွန်းကနေ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ပြိုင်ဖက်ပါတီတွေအတွက်ရော စိုးရိမ်စိတ်တွေရှိလား၊ ဘာတွေပြင်ဆင်ထားပါသလဲ။
    ဖြေ။    ။ သူတို့လဲ သူတို့လမ်းကြောင်းနဲ့သူတို့ သွားနေတာပါပဲ။ စိုးရိမ်လားဆိုတော့ သူတို့အားသာချက်၊ အားနည်းချက်တွေကို လေ့လာထားပြီး သူတို့အားနည်းချက်တွေကို အန်ကယ့်ဘက်က ဘယ်လိုဖြည့်တင်းပေးမလဲဆိုတာတော့ စဉ်းစားထားပါတယ်။

    M-Media။    ။ ရွေးကောက်ပွဲမှာ အနိုင်သာရခဲ့ရင် အန်ကယ်ကရှေ့နေတစ်ယောက်လည်းဖြစ်နေတော့ လွှတ်တော်ထဲမှာ ဘာတွေဆက်လုပ်ဖို့ရှိပါသလဲ။
    ဖြေ။    ။ အဓိကတော့ စစ်မှန်တဲ့ဒီမိုကရေစီရဖို့ ဆောင်ရွက်မှာပါ။ ပြည်သူမကြိုက်တဲ့ဥပဒေတွေကို ပြည်သူကြိုက်တဲ့ ဥပဒေတွေရရှိအောင် လွှတ်တော်ထဲမှာ စည်းရုံးသွားမှာပါ။ နောက် လူ့အခွင့်အရေး၊လူနည်းစုအခွင့်အရေးတွေပေါ့။ ဥပဒေအရ တန်းတူညီမျှရှိရမဲ့ အခွင့်အရေးတွေရရှိဖို့ ဥပဒေရှုထောင့်ကနေပဲ လုပ်ဆောင်သွားမယ်။ နောက်တော့ ကိုယ့်နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ဆောင်သွားမှာပါ။

    M-Media။    ။အန်ကယ့်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုလေးလဲ ပြောပြပေးပါဦး။
    ဖြေ။    ။ ၉ တန်းလောက်ကတည်း ဦးသန့်အရေးအခင်းမှာစပါခဲ့တယ်။ ၁၉၈၇မှာ ၇၅ ကျပ်တန်အရေးအခင်းဖြစ်တော့ ကျောင်းသားတွေကို ဦးဆောင်ခဲ့တယ်။ နောက် ၈၈ အရေးအခင်းရောက်တော့ ရှေ့နေအသင်းကနေ တရားတွေတက်ဟောတယ်။ နောက် ၅(ည) မှုနဲ့ ထောင်ထဲမှာ ခဏထိန်းသိမ်းခံရတယ်။