News @ M-Media

လာဘ်ယူရန် ငြင်းဆန်ခဲ့သည့် အိန္ဒိယအင်ဂျင်နီယာတစ်ဦး အသတ်ခံရ

အောက်တိုဘာ ၃၊ ၂၀၁၅
M-Media

india

– တင်ဒါရရန်အတွက် လာဘ်ပေးသည်ကို လက်ခံရန် ငြင်းဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ ရထားလမ်းဆိုင်ရာ အင်ဂျင်နီယာတစ်ဦးမှာ အသတ်ခံခဲ့ရသည်ဟု သိရသည်။

အသက် ၃၁ နှစ်အရွယ်ရှိ ဆူရက်ဘ် ကူးမားရ်ဆိုသည့် အမျိုးသားဖြစ်ပြီး အနောက်ဘန်ဂေါလ်ပြည်နယ် ခါရဂ်ပူးရ်မြို့ရှိ ၎င်း၏နေအိမ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းမှာရထားလမ်းပစ္စည်းများဆိုင်ရာ အင်ဂျင်နီယာချုပ်အဖြစ် ထိုမြို့တွင်ပင်
တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ရထားလမ်းပိုင်း လုပ်ငန်းများနှင့် သံတိုသံစများ ရောင်းချမှုအတွက် တင်ဒါခွင့်ပြုရန် လုပ်ပိုင်ခွင့်ရှိသည့် ၎င်းထံသို့ ဒေသတွင်းမှ သံလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသည့် အဖွဲ့တစ်ခုက ၎င်းတို့အား တင်ဒါပေးရန် ဖိအားပေးခဲ့ပြီး လာဘ်ငွေများလည်း ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်။

သို့သော်လည်း ကူးမားရ်က ငြင်းဆိုခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ၎င်း၏ လိုင်းခန်း၌ ဆိုးရွားသော ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။ မျက်နှာများမှာလည်း ဆိုးဆိုးဝါးဝါး ပျက်ဆီးနေပြီး ရဲတပ်ဖွဲ့ကမူ မြွေကိုက်၍ သေဆုံးခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ကူးမားရ်၏ အကိုဖြစ်သူနှင့် အမှန်တရားကို လိုလားသူအချို့ကမူ ရဲတပ်ဖွဲ့နှင့် ဒေသတွင်း အဆိုပါ လုပ်ငန်းရှင်အုပ်စု၏ ဆက်နွယ်မှုများကို သိရှိနေပြီး ယခင်က ထိုဒေသတွင် ရဲတ်ဖွဲ့ဝင်တစ်ဦး လာဘ်မယူသောကြောင့် အသတ်ခံရမှုကို ထောက်ပြက ကူးမားရ် အသတ်ခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ တိုင်ကြားမှုများ ပြုလုပ်ထားသည်။

Ref: thelogicalindian.com

Comments

Leave a Reply