News @ M-Media

Blog

  • IS ကို ဆက်တိုက်ရန် မဟာမိတ်အဖွဲ့များကို အိုဘားမား တိုက်တွန်း

    IS ကို ဆက်တိုက်ရန် မဟာမိတ်အဖွဲ့များကို အိုဘားမား တိုက်တွန်း

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    obama

    – IS အဖွဲ့အား တိုက်ခိုက်မှုကို ဆက်လက်ဆောင်ရွက်သွားရန် ယမန်နေ့က ကုလတွင် ပြုလုပ်ခဲ့သည့် IS တန်ပြန်တိုက်ဖျက်ရေး ထိပ်သီးအစည်းအဝေး၌ အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့ဝင် နိုင်ငံများအား အိုဘားမားက တိုက်တွန်းပြောကြားလိုက်သည်။

    ထိုမဟာမိတ်အဖွဲ့သို့ နိုက်ဂျီးရီးယား၊ တူနီးရှားနှင့် မလေးရှားနိုင်ငံတို့ ပါဝင်လာပြီး စုစုပေါင်းနိုင်ငံ ၆၀ ရှိလာခဲ့ကာ အီရတ်၌ IS ၏ သိမ်းပိုက်ထားမှုမှ ၃ ပုံ ၁ ပုံကိုလည်း ပြန်လည် သိမ်းယူနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။ ထို့ပြင် တောင့်တင်းသည့် စုဖွဲ့မှု၊ အစိုးရ၊ မဟာမိတ်အဖွဲ့ဝင်များနှင့် မိမိတို့၏ သံတမန်လုပ်ငန်းစဉ်များနှင့် ပူးပေါင်းဆောင်ရွက်သည့် စစ်တပ် စသည်တို့ဖြင့် IS ကို လုံးဝ
    တိုက်ထုတ်ပစ်နိုင်မည်ဟုလည်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် ဆီးရီးယားနိုင်ငံမြောက်ပိုင်းနှင့် တူရကီ-ဆီးရီးယားနယ်စပ်ရှိ ဒေသများတွင် IS တပ်ဖွဲ့အား တိုက်ထုတ်နိုင်ခဲ့သည်။ အိုဘားမားကမူ IS အဖွဲ့ လုံးဝ ရှုံးနိမ့်သွားပါက ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်မှာလည်း ရာထူးမှဆင်းပေးရမည်ဟု သတိပေးခဲ့သည်။

    Ref: Aljazeera

  • ရည်မှန်းချက်၏ သုံးပုံတစ်ပုံ ပြီးစီးပြီဟု တယ်လီနောမြန်မာ ပြော

    ရည်မှန်းချက်၏ သုံးပုံတစ်ပုံ ပြီးစီးပြီဟု တယ်လီနောမြန်မာ ပြော

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    telenor

    – တစ်နှစ်တာ ကြာမြင့်ပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် ဆက်သွယ်ရေးအခြေစိုက်စခန်း ၃၀၀၀ ကျော်ကို တည်ဆောက်ပြီးစီးခဲ့ပြီး နိုင်ငံလူဦးရေ၏ ၅၃ ရာခိုင်နှုန်းအတွက် ဆက်သွယ်ရေးကွန်ယက်ကို ဖန်တီးနိုင်ခဲ့ပြီဟု တယ်လီနောမြန်မာ၏ စီအီးအိုဖြစ်သူ ပီတာ ဖာရ်ဘာ့ဂ်က ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို အရည်သွေးပြည့်မီသည့် ၀န်ဆောင်မှုပေးနိုင်ရန်အတွက် အခြေစိုက်စခန်းပေါင်း ၈၀၀၀ကျော် လိုအပ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “လုပ်ဆောင်ရမှာတွေထဲက ၃ ပုံ ၁ ပုံ လောက် ပြီးစီးပါပြီ၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အတွက် နောက် သုံးလေးနှစ်လောက် ကျန်ပါသေးတယ်”

    ၁၂ လတာကာလအတွင်း မြန်မာနိုင်ငံ၌ တယ်လီနောကို သုံးစွဲသည့်ဦးရေမှာ ၉.၅ သန်းရှိပြီး ဆက်သွယ်ရေး ဈေးကွက်၏ ၃၄ ရာခိုင်နှုန်းကို ရယူထားနိုင်ခဲ့သည်။ အော်ဒီဒူးကမူ သုံးစွဲသူ ၄.၃ သန်းဖြင့် ဈေးကွက်၏ ၁၅ ရာခိုင်နှုန်းကို ရယူထားခဲ့သည်။

    မြန်မာနိုင်ငံတွင် စမတ်ဖုန်းသုံးစွဲသူများမှာ အခြားသောဈေးကွက်များထက် ပိုမိုလျင်မြန်စွာ ကြီးထွားလာသည်ဟုလည်း ဖာ့ရ်ဘာ့ဂ်က ထည့်သွင်းပြောကြားခဲ့သည်။ ဇွန်လကုန်ပိုင်း စစ်တမ်းအရ တယ်လီနောသုံးစွဲသူများ၏ ၅၅ ရာခိုင်နှုန်းမှာ ဒေတာဖြင့် အင်တာနက်သုံးစွဲမှု ပြုလုပ်နေကြသည်ဟု ဆိုသည်။

    Ref: mobileworldlive

  • မြန်မာ့ရွေးကောက်ပွဲအတွက် စောင့်ကြည်သူများကို ဥရောပသမဂ္ဂ စေလွှတ်မည်

    မြန်မာ့ရွေးကောက်ပွဲအတွက် စောင့်ကြည်သူများကို ဥရောပသမဂ္ဂ စေလွှတ်မည်

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာဌာန ဥက္ကဖြစ်သူ ဖက်ဒရီကာ မွဂ်ဟီရီနီ

    – လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူများကို စေလွှတ်သွားမည်ဟု ဥရောပသမဂ္ဂက ယနေ့တွင် ပြောကြားလိုက်သည်။

    “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ဥရောပသမဂ္ဂရဲ့ ဆက်လက်အာရုံစိုက်မှုကို ဒီဆောင်ရွက်ချက်က အတည်ပြုလိုက်တာပါပဲ။ ငြိမ်ချမ်းပြီး၊ အားလုံး ပူးပေါင်းပါဝင်တဲ့ အခြေအနေမျိုးမှာ ကျင်းပတဲ့ ရွေးကောက်ပွဲက တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲရေး နောက်ပြန်မသွားဘူးဆိုတာရဲ့ ခိုင်မာမှုကို အကူအညီ ဖြစ်စေပါလိမ့်မယ်” ဟု သမဂ္ဂမှ ယနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ နိုင်ငံခြားရေးရာဌာန ဥက္ကဖြစ်သူ ဖက်ဒရီကာ မွဂ်ဟီရီနီက ပြောကြားခဲ့သည်

    ဥရောပသမဂ္ဂ၏ မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်မှုလုပ်ငန်းတွင် လေ့လာဆန်းစစ်သူ ၉ ဦး၊ ရေရှည် စောင့်ကြည့်သူ ၃၀ ဦးနှင့် ရေတိုစောင့်ကြည့်သူ ၆၂ ဦး ပါဝင်မည်ဖြစ်သည်။ သမဂ္ဂမှ သံအမတ်များနှင့် ဥရောပပါလီမန်မှ သီးခြားအဖွဲ့တစ်ခုကလည်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို စောင့်ကြည့်သွားမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: Channelnewsasia

  • ၄ နှစ် အရွယ် ကလေးအသတ်ခံရမှု နောက်ဆက်တွဲ ပေါင်းခေါင်းမှ ခရစ်ယာန် သီလရှင်ကျောင်း ဖျက်ဆီးခံရ

    ၄ နှစ် အရွယ် ကလေးအသတ်ခံရမှု နောက်ဆက်တွဲ ပေါင်းခေါင်းမှ ခရစ်ယာန် သီလရှင်ကျောင်း ဖျက်ဆီးခံရ

    စက်တင်ဘာ ၂၉၊၂၀၁၅
    M-Media
    မိုးစက်
    12086771_1656872227894983_953555530_n
    ပြည်။    ။ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ပဲခူးရိုးမတောင်ပေါ်မှ ညောင်ဝန်းကျေးရွာမှာ (၄)နှစ်အရွယ် ဇွန်ပွင့်ဖြူ (ခ) မမာဒီးနား အသတ်ခံရတဲ့ ကိစ္စနှင့် ပတ်သက်ပြိး မကျေနပ်တဲ့ လူအုပ်စုက ကက်သလစ် ခရစ်ယာန် သီလရှင်ကျောင်းကို ဖျက်ဆီးခဲ့ကြကြောင်းးသိရတယ်။

    ခရစ်ယာန် သီလရှင်ကျောင်းကို ပုံမှန်သွားရောက်လေ့ရှိတဲ့ ဇွန်ပွင့်ဖြူ စက်တင်ဘာ ၂၄ ရက်နေ့က အိမ်သို့ ပြန်မရောက်ဘဲ ပျောက်ဆုံးခဲ့ပြီး ၄ ရက်အကြာမှ သီလရှင်ကျောင်းဝင်းအတွင်းက ချုံပုတ်မှာ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဆိုပါလူသတ်မှုကို  ယင်းကျောင်းသို့ မကြာသေးခင် ကရောက်ရှိလာတဲ့  မောင်သက်ပိုင်ဦး (၁၄) နှစ် မှ ကျူးလွန်ခဲ့တာဖြစ်ပြီး ၄င်းအား HIV ကူးစက်နေ့သည့် မိသားစုမှ ရောဂါမကူးစေရန်NGO အဖွဲ့တဖွဲ့ က ခရစ်ယာန်သီလရှင်ကျောင်းသို့ လာရောက်အပ်နှံခဲ့တာ ဖြစ်ကြောင်းသိရှိရပါတယ်။

    မောင်သက်ပိုင်ဦးက ဇွန်ပွင့်ဖြူ မှ သူ့ဆံပင်ကိုစွဲလို့ ဆိုပြီး ခဲ နဲ့ထုသတ်လိုက်တာ လို့ ရဲစခန်းမှာ ဖျောင့်ချက်ပေးခဲ့တာလို့ သိပါတယ်။

    အဆိုပါ လူသတ်မှုနှင့်ဆက်လျဉ်းပြီး စက်တင်ဘာ ၂၇ ရက်မှာ ယင်း ကျေးရွာဒေသခံ အချို့နှင့် အခြားကျေးရွာများမှ လူအုပ်စုမှ ကျောင်းအတွင်းရှိ ပရိဘောဂပစ္စည်းများနှင့် ဘာသာရေးဆိုင်ရာ အသုံးအဆောင်များ၊ သီလရှင်များ၏ အိပ်ခန်းဆောင်များ၊ ကလေးများ ထားရှိရာ အဆောင်များကို ဖျက်ဆီးခဲ့ကြကြောင်း သိရပါတယ်။

    ပြည်ခရိုင်ရဲတပ်ဖွဲ့မှုး ပြည်ခရိုင်အုပ်ချုပ်ရေးမှုးတို့က ဦးဆောင်ပြီး ဒေသခံများကို လာရောက်ဖြေရှင်းပေးခဲ့ကြပြီး တရားခံကိုလည်း ကလေးသူငယ် ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။

    ဓါတ်ပုံများကို -Anyan Tun  FB မှ ကူးယူဖော်ပြပါသည်။

    12071710_1656872527894953_748712583_n 12081612_1656872424561630_1481009178_n 12053124_1656872397894966_185336076_n 12048813_1656872367894969_1962267823_n 12048693_1656872334561639_1758562107_n 12084167_1656872314561641_538844330_n 12067295_1656872407894965_759650765_n 12077206_1656872344561638_307652435_n

  • အားပေးစကားအတွက် ပရိသတ်များကို မက်ဆီ ကျေးဇူးတင်

    အားပေးစကားအတွက် ပရိသတ်များကို မက်ဆီ ကျေးဇူးတင်

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    messi

    – မိမိ၏ ဒဏ်ရာရမှုအတွက် အားပေးစကားပြောကြားသူများကို အလွန်ကျေးဇူးတင်သည်ဟု ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည်စနေနေ့က လာလီဂါပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သည့် မက်ဆီမှာ အနည်းဆုံး ၂ လခန့် အနားယူရမည်ဖြစ်ပြီး ယမန်နေ့က ဆိုရှယ်မီဒီယာမှတစ်ဆင့် ပရိတ်သတ်များအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော့်ကို အားပေးစကားပြောကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘောလုံးကို ချစ်မြတ်နိုးတဲ့ဘယ်သူမဆို အခက်ခဲဆုံးအရာက ကွင်းထဲမှာ မရှိတာပါပဲ။ အခုအချိန်မှာတော့ ကောင်းကောင်းမွန်မွန်ပြန်လာနိုင်ဖို့ အားမွေးရမယ့်အချိန်ပါ။ ကျေးဇူးအထူးတင်ပါတယ်”

    Ref: Goal