အောက်တိုဘာ ၃၊ ၂၀၁၅
M-Media
– ဆီးရီးယားစစ်ပွဲတွင် ရုရှားနှင့် အီရန်နိုင်ငံတို့က ၀င်ရောက်လာခြင်းမှာ နွံ့တောထဲသို့ ဆင်းခြင်းဖြစ်ပြီး ပြန်တက်ရန်ခက်မည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သတိပေးပြောကြားလိုက်သည်။
ထို့ပြင် ရုရှားမှာ IS အဖွဲ့နှင့် ပိုမို၍ အလယ်အလတ်ကျသည့် ဆီးရီးယားသူပုန်များကိုလည်း ခွဲခြားနိုင်ခြင်းမရှိဘဲ၊ အားလုံးကို အကြမ်းဖက်သမားအဖြစ် မှတ်ယူခြင်းက ဖြစ်ရပ်ဆိုးကြီးအတွက် လက်ခံဖြတ်ပိုင်း ယူလိုက်ခြင်းပင်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ရုရှားမှာ ယခုသီတင်းပတ်အတွင်းမှစ၍ ဆီးရီးယားအစိုးရတပ်များနှင့် ပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး မိမိတို့မှာ အကြမ်းဖက်အဖွဲ့များကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အီရန်ကလည်း ပါဝင်တိုက်ခိုက်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ အမေရိကန်ကမူ ဆီးရီးယားစစ်ပွဲမှာ အမေရိကန်နှင့် ရုရှားတို့အကြား အားပြိုင်သည့်စစ်ပွဲမျိုးမဟုတ်ဟု ဆိုသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.