စက်တင်ဘာ ၂၉၊ ၂၀၁၅
M-Media

– လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူများကို စေလွှတ်သွားမည်ဟု ဥရောပသမဂ္ဂက ယနေ့တွင် ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ဥရောပသမဂ္ဂရဲ့ ဆက်လက်အာရုံစိုက်မှုကို ဒီဆောင်ရွက်ချက်က အတည်ပြုလိုက်တာပါပဲ။ ငြိမ်ချမ်းပြီး၊ အားလုံး ပူးပေါင်းပါဝင်တဲ့ အခြေအနေမျိုးမှာ ကျင်းပတဲ့ ရွေးကောက်ပွဲက တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲရေး နောက်ပြန်မသွားဘူးဆိုတာရဲ့ ခိုင်မာမှုကို အကူအညီ ဖြစ်စေပါလိမ့်မယ်” ဟု သမဂ္ဂမှ ယနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ နိုင်ငံခြားရေးရာဌာန ဥက္ကဖြစ်သူ ဖက်ဒရီကာ မွဂ်ဟီရီနီက ပြောကြားခဲ့သည်
ဥရောပသမဂ္ဂ၏ မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်မှုလုပ်ငန်းတွင် လေ့လာဆန်းစစ်သူ ၉ ဦး၊ ရေရှည် စောင့်ကြည့်သူ ၃၀ ဦးနှင့် ရေတိုစောင့်ကြည့်သူ ၆၂ ဦး ပါဝင်မည်ဖြစ်သည်။ သမဂ္ဂမှ သံအမတ်များနှင့် ဥရောပပါလီမန်မှ သီးခြားအဖွဲ့တစ်ခုကလည်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို စောင့်ကြည့်သွားမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
Ref: Channelnewsasia