အောက်တိုဘာ ၂၊ ၂၀၁၅
M-Media
– အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ရိုစီဘာ့ဂ်ရှိ Umpqua Community ကောလိပ်တွင် ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတာဝန်ရှိသူက ပြောကြားခဲ့သည်။
သေနတ်ဖြင့်ပစ်ခတ်သူမှာ အသက် ၂၆ နှစ်အရွယ် ခရစ်ဟာဘာ မာဆာရ်ဆိုသူဖြစ်ပြီး စာသင်ခန်းထဲသို့ဝင်ရောက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမားလည်း သေဆုံးခဲ့သည်။
အိုဘားမားကမူ အမေရိကန်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် မည်သည်ကိုမှ မလုပ်နိုင်ဟု သတင်းထောက်များအား ဒေါသတကြီး ပြောကြားခဲ့ပြီး လက်နက်ထိန်းချုပ်မှုအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သေဆုံးသွားသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် ၀မ်းနည်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း အမေရိကန်တစ်ဝှမ်း စာသင်ကျောင်းများနှင့် ကောလိပ်များ၌ သေနတ်ဖြင့်ပစ်ခတ်မှုမှာ ယခုအဖြစ်အပျက်နှင့် ဆိုလျှင် ၄၅ ခုမြောက် ရှိပြီဖြစ်သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.