News @ M-Media

Blog

  • lAl-Tabin စစ်ရှောင်စခန်းက အစ္စရေး၏ အကြမ်းဖက် လူသတ်ပွဲ

    lAl-Tabin စစ်ရှောင်စခန်းက အစ္စရေး၏ အကြမ်းဖက် လူသတ်ပွဲ

    သြဂုတ် ၁၀၊ ၂၀၂၄
    M-Media

    -ဂါဇာကမ်းမြှောင် အလယ်ပိုင်း ဂါဇာစီးတီးမြို့က စစ်ရှောင် ဒုက္ခသည်တွေ နေထိုင်တဲ့ Al-Tabin စာသင်ကျောင်းကို သြဂုတ်လ ၁၀ ရက်နေ့မှာ အစ္စရေးက အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။

    တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ အစ္စရေးက အဲဒီစာသင်ကျောင်းဟာ ဟားမက်စ်အဖွဲ့ရဲ့ ဌာနချုပ်ဖြစ်တယ်လို့ ပြောပါတယ်။ ခိုင်မာတိကျတဲ့ အထောက်အထားမျိုးကို အစ္စရေးဖက်က မပြနိုင်ပါဘူး။ အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ဆေးရုံတွေ၊ စစ်ဘေးရှောင်စခန်းတွေကို ဟားမက်စ်ဌာနချုပ်ဖြစ်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း များစွာ ပြုလုပ်ထားပါတယ်။

    Al-Tabin အကြမ်းဖက်တိုက်ခိုက်မှုကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာတစ်၀ှမ်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်နေတာဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေတွေ၊ လူသားချင်းစာနာထောက်ထားမှု စည်းမျဥ်းတွေကို လုံး၀ လစ်လျူရှု တိုက်ခိုက်သတ်ဖြတ်နေတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထောက်ပြပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – တိုက်ခိုက်မှုအပြီး မြင်ကွင်းများ)

  • အစ္စရေး၏ လူသတ်ပွဲကို တုန်လှုပ်နေဆဲဖြစ်သည့် ဥရောပသမဂ္ဂ

    အစ္စရေး၏ လူသတ်ပွဲကို တုန်လှုပ်နေဆဲဖြစ်သည့် ဥရောပသမဂ္ဂ

    သြဂုတ် ၁၀၊ ၂၀၂၄
    M-Media

    -ဂါဇာကမ်းမြှောင် al-Tabin စာသင်ကျောင်းက သတ်ဖြတ်ခံထားရတဲ့ ပုံရိပ်တွေကို မြင်ရချိန်မှာ ကြောက်ရွံ့တုန်လှုပ်မိတယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ တာ၀န်ရှိသူ ဂျိုးဆက်ပ် ဘိုရဲလ်က ပြောပါတယ်။

    စစ်ရှောင်တွေ ခိုလှုံနေတဲ့ al-Tabin ကျောင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၄ သောင်းနီးပါး ရှိလာပါပြီ။ အစ္စရေးကို အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက လက်နက်နဲ့ ငွေကြေး ထောက်ပံ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဂျပန်တွင် ငလျင်ကြီးတစ်ခု လှုပ်ခတ်မည့် စိုးရိမ်မှု မြင့်တက်လာ

    ဂျပန်တွင် ငလျင်ကြီးတစ်ခု လှုပ်ခတ်မည့် စိုးရိမ်မှု မြင့်တက်လာ

    သြဂုတ် ၁၀၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ- ကြာသာပတေးနေ့က ငလျင်လှုပ်ခတ်ပြီးနောက် မြင်ကွင်း)

    -ဂျပန်နိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၇ ဒဿမ ၁ ရှိတဲ့ ငလျင်တစ်ခု ကြာသာပတေးနေ့က လှုပ်ခတ်သွားပြီးတဲ့နောက် နောက်ထပ် ငလျင်ကြီးတစ်ခု လှုပ်ခတ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှု မြင့်တက်လာပါတယ်။

    မီဒီယာတွေက ငလျင်သတင်းဖော်ပြမှုနောက်ဆက်တွဲ အခြေခံလူသုံးကုန်နဲ့ စားသောက်ကုန်တွေကို ပြည်သူတွေ အလုအယက် ၀ယ်ယူလာကြတာကြောင့် ပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်လာပါတယ်။

    အာဏာပိုင်တွေက ဒီလို အလုအယက်၀ယ်ယူမှုကို သတိပေးထားပြီး သောက်ရေလို အရေးကြီးတဲ့ ပစ္စည်းတွေကို ခွဲတမ်းစနစ်နဲ့ ရောင်းချတာမျိုးတွေ လုပ်ဆောင်လာပါတယ်။

    ပစိဖိတ်သမုဒ္ဒရာက မြေလွှာချပ်ကြီး နှစ်ခုဆုံရာ ဂျပန်တောင်ပိုင်း နန်ကိုင်ဒိုဒေသဟာ ငလျင်ကြီးတွေ ပုံမှန် လှုပ်လေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။ နှစ် ၁၀၀ ကနေ ၂၀၀ အတွင်းမှာ နည်းဆုံး ၈ ကြိမ်၊ ၉ ကြိမ်လောက် လှုပ်လေ့ရှိတတ်ပြီး လာမယ့် နှစ်ပေါင်း ၃၀ အတွင်း ငလျင်ကြီးတစ်ခု ထပ်လှုပ်လိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားတာ ဖြစ်ပါတယ်။

    Ref: CNA


  • ၈ ရက်အတွင်း စာသင်ကျောင်း ၉ ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည် အစ္စရေး

    ၈ ရက်အတွင်း စာသင်ကျောင်း ၉ ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည် အစ္စရေး

    သြဂုတ် ၉၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – စာသင်ကျောင်းတစ်ခုကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားမှု)

    -ဂါဇာကမ်းမြှောင်က စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်း အနည်းဆုံး ၉ ကျောင်းကို အစ္စရေးက ၈ ရက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အဲဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၇၉ ဦးထက်မနည်း ရှိခဲ့ပြီး၊ ဒဏ်ရာရသူက ၁၄၃ ဦး ရှိပါတယ်။ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါ။

    သြဂုတ်လ ၈ ရက်နေ့က ဂါဇာစီးတီးမြို့မှာရှိတဲ့ စာသင်ကျောင်း ၂ ကျောင်းကို တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၃၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    တိုက်ခိုက်မှုကြောင့် ပျက်ဆီးပြိုကျသွားတဲ့ အပျက်အဆီးတွေကြား ပိတ်မိနေသူတွေ ရှိတာကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက် ပိုမိုများပြားလာနိုင်တယ်လို့ ဂါဇာတာ၀န်ရှိသူတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူအရေအတွက်ဟာ ၄ သောင်းနီးပါး ရှိလာပြီဖြစ်ပါတယ်။

    Ref: Aljazeera


  • ကိုယ်ပျောက် ခရုဇ်ဒုံးကျည်များကို အီရန် စုဆောင်းနေ

    ကိုယ်ပျောက် ခရုဇ်ဒုံးကျည်များကို အီရန် စုဆောင်းနေ

    သြဂုတ် ၉၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အီရန်ထုတ် ဒုံးကျည်များ)

    -အီရန်ရေတပ်ဟာ ရေဒါကနေ မဖမ်းနိုင်တဲ့ ပေါက်ကွဲအားပြင်း ခရုဇ် ဒုံးကျည်တွေကို စုဆောင်းနေတယ်လို့ အီရန်အစိုးရ သတင်းဌာန Tasnim က ဖော်ပြပါတယ်။

    အဲဒီဒုံးကျည်တွေဟာ ပစ်မှတ်သင်္ဘောတွေကို ဖျက်ဆီး နှစ်မြှုပ်ပစ်နိုင်တယ်လို့ ဆိုပါတယ်။ အီရန်ရေတပ်ဟာ ထောက်လှမ်းရေးနဲ့ တိုက်ပွဲ၀င်ဒရုန်းတွေ၊ အီလက်ထရောနစ် တိုက်ပွဲ၀င်စနစ်တွေနဲ့ ရေတပ်သုံး ရေဒါတွေကိုလည်း စုဆောင်းနေပါတယ်။

    ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမာအီလ် ဟာနီယာဟာ ဇူလိုင်လ ၃၁ ရက်နေ့က တီဟီရန်မြို့မှာ လုပ်ကြံခံခဲ့ရပါတယ်။ ဒါဟာ အစ္စရေးလက်ချက် ဖြစ်တယ်လို့ဆိုကာ လက်တုန့်ပြန်မယ်လို့ အီရန်ဖက်က ပြောကြားထားပြီး ဒေသတွင်း တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။

    Ref: Aljazeera