News @ M-Media
Blog
  • ယခု အာဆင်နယ်မှာ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်ပြီဟု ၀င်းဂါးပြော
    ယခု အာဆင်နယ်မှာ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်ပြီဟု ၀င်းဂါးပြော
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    winger
    – အတိတ်က အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်ဖလားအား ရရှိရန် မဖြစ်နိုင်သော်လည်း လက်ရှိအာဆင်နယ်မှာ ချန်ပီယံမျှော်လင့်ချက်အတွက် ယုံကြည်ချက်ရှိနေပြီဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ်က ၀င်းဂါးသက်တမ်းတစ်လျှောက် ရာသီအစ အဆိုးဝါးဆုံးရလဒ်များကို ကြုံတွေ့ခဲ့ရသည့် အာဆင်နယ်အသင်းမှာ ၂၀၀၄ ခုနှစ်မှစ၍ ပရီးမီးယားလိဂ်ဖလားကို မရရှိခဲ့ဘဲ ချယ်ဆီး၊ မန်ယူနှင့် မန်စီးတီးအသင်းတို့၏ ချန်ပီယံဖလား ကိုင်မြှောက်မှုများကိုသာ ကြည့်ရှုခဲ့ရသည်။
    “ဟုတ်ပါတယ်။ အကောင်းဆုံးကစားသမားတွေကို ဆုံးရှုံးရတဲ့အချိန် ပြိုင်ဘက်တွေဟာ သူတို့ရဲ့ လူစာရင်းတွေကို တောင့်တင်းအောင်ကြိုးစားတာကို တွေ့ရတယ်။ ပြီးတော့ သူတို့ဟာ ကိုယ်တွေထက် တောင့်တင်းလာခဲ့ပြီး (ချန်ပီယံဖြစ်ဖို့) မဖြစ်နိုင်ပါဘူး” ဟု ၀င်းဂါးက The Telegraph သို့ ပြောကြားခဲ့သည်။
    သို့သော်လည်း နောက်ပိုင်းတွင် အာဆင်နယ်၏ပေါ်လစီမှာ ပြောင်းလဲလာခဲ့ပြီး ၂၀၁၃ ခုနှစ်က ဂျာမန်ကွင်းလယ်လူ အိုဇေးလ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်း ၄၂ သန်းဖြင့်လည်းကောင်း၊ ပြီးခဲ့သည့်နှစ်က တိုက်စစ်မှူးဆန်းချက်ဇ်ကို လည်းကောင်း၊ ခုနှစ်တွင် ဂိုးသမား ပီတာချက်ကိုလည်းကောင်း ခေါ်ယူခဲ့သည်။
    အာဆင်ဝင်းဂါးကမူ ယခုလက်ရှိတွင် အသင်း၏ အနေအထားမှာ ပြောင်းလဲသွားပြီဟု ဆိုသည်။
    “ကျွန်တော်တို့ ကွာဟချက်တွေကို လျှော့ချခဲ့ပြီး ရှေ့ဆက်လျှောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်။ အခု ကျွန်တော်တို့ တည်ငြိမ်နေပြီး ဒါက ကျွန်တော်တို့ကို တောင့်တင်းစေပါတယ်”
    ထို့ပြင် အပြောင်းအရွှေ့ဈေးကွက် မကုန်ဆုံးသေးသောကြောင့် မိမိတို့အသင်းမှာ ကစားသမားများကို ဆက်လက်ဝယ်နိုင်မည်ဖြစ်ကြောင်း၊ အသင်းမှ ကစားသမားများကို မရောင်းတော့ဘဲ မိမိတို့၏ ဈေးကွက်အပေါ် ရှုမြင်မှုမှာ ပြောင်းလဲသွားပြီဟု ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • ဂျာမနီတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း စတင်
    ဂျာမနီတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း စတင်
    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media
    german
    – ဂျာမနီနိုင်ငံ၏ ပထမဆုံး အစ္စလာမ့်နည်းကျဘဏ်တစ်ခုကို ဖရန့်ဖတ်မြို့၌ ဖွင့်လှစ်လိုက်ပြီး နိုင်ငံအတွင်း မွတ်စလင်လူ့အဖွဲ့အစည်းအား ဟာလာလ် ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်ခွင့်ရရန် လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
    “ဒီလိုင်စင်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ရှရီအာဥပဒေနဲ့ ကိုက်ညီတဲ့ ဘဏ်လုပ်ငန်းကို အကောင်အထည်ဖော်ဖို့က ဂျာမနီရဲ့ ဘဏ္ဍာရေးအခြေအနေကို မြင့်တက်လာအောင် ဆောင်ရွက်လိုတဲ့ ဂျာမန်တွေအတွက်သာမကဘဲ ဂျာမနီရဲ့ မြို့ကြီး ၃ မြို့မှာရှိတဲ့ ဘဏ်တွေက ၀န်ဆောင်မှုတွေကို အသုံးပြုဖို့ ဆန္ဒရှိကြတဲ့ သန်းပေါင်းများစွာသော ဖောက်သည်တွေအတွက်လည်း
    တော်တော်လေး အရေးပါပါတယ်” ဟု ကူဝိတ်ဘဏ္ဍာရေးရိပ်မြုံ KFH မှ ဘုတ်အဖွဲ့ဥက္ကဌ ဟာမဒ် အလ် မာဇူက်က ကူဝိတ်သတင်းဌာနဖြစ်သော KUNA သို့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
    Kuveyt Turk (KT) ဟု အမည်ပေးထားသည့် အဆိုပါဘဏ် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၁ ရက်နေ့က ဖရန့်ဖတ်မြို့ရှိ ရုံးချုပ်တွင် တရားဝင်ပြုလုပ်ခဲ့ပြီး မာဇူက်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
    ဘဏ်၏ အထွေထွေမန်နေဂျာဖြစ်သူ အူဂွါလူ ဆွိုင်လူက ယခုဖွင့်လှစ်လိုက်သည့် ဘဏ်အသစ်မှာ စစ်မှန်သည့် စီးပွားရေးကို တိုးမြှင့်ပေးရန် မျှော်လင့်ရသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းက အန္တရာယ်အလွန်နည်းပြီး ဘဏ်စနစ်တစ်ခုလုံး ပြိုလဲမှုမှာ မဖြစ်နိုင်သလောက်ဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
    ဖရန့်ဖတ်မြို့အား အခြေစိုက်အဖြစ် အသုံးပြုသော အဆိုပါဘဏ်သစ်မှာ ဥရောပ၏ ဒုတိယအကြီးဆုံးဖြစ်သော ဂျာမနီမွတ်စလင်လူ့အဖွဲ့အစည်းကို လှုပ်နှိုးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
    Kuveyt Turk ဘဏ်မှာ တူရကီနိုင်ငံတွင် အကြီးဆုံး အစ္စလာမ့်နည်းကျဘဏ်ဖြစ်ပြီး ရှယ်ယာ ၆၂ ရာခိုင်နှုန်းကို ကူဝိတ်ဘဏ္ဍာရေးရိပ်မြုံ KFH က ပိုင်ဆိုင်သည်။ ဂျာမနီနိုင်ငံတွင် စတင်ခဲ့သည့် အဆိုပါ ဘဏ်အတွက် ကနဦးအရင်းအနှီး ယူရို ၄၅ သန်း သုံးစွဲသွားရန် စီစဉ်ထားသည်။
    အစ္စလာမ်သာသနာမှာ ငွေတိုးပေးခြင်း၊ ချေးငွေများအတွက် အတိုးယူခြင်း၊ အတိုးပေးခြင်းတို့ကို မပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားသည်။
    အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများနှင့် ဘဏ္ဍာရေးလုပ်ငန်းများမှာ အရက်၊ လောင်းကစား၊ အပြာလုပ်ငန်း၊ ဆေးရွက်ကြီး၊ လက်နက်၊ ၀က်သားနှင့် ပတ်သက်သည့် လုပ်ငန်းများအတွက် ရန်ပုံငွေ ထောက်ပံ့ခြင်း၊ ရယူခြင်းမျိုး ဆောင်ရွက်၍မရပေ။
    ရှရီအာနှင့် ကိုက်ညီသည့် ဘဏ္ဍာရေးလုပ်ငန်းများမှာ အရစ်ကျဝယ်ခြင်း၊ အချိန်ကာလတစ်ခုအထိ ငွေသွင်း၍ တန်ဖိုးပြည့်သည့်အချိန်မှ ပစ္စည်းယူခြင်း၊ အကျိုးတူးရင်းနှီးမြှုပ်နှံခြင်း စသည်တို့နှင့် ဆင်တူသည်။
    ရင်းနှီးမြှုပ်နှံ့သူများအနေဖြင့် ၎င်းတို့၏ ငွေကြေးများကို မည်သည့်နေရာတွင် အသုံးပြုသည်ကို သိရှိပိုင်ခွင့်လည်း ရှိသည်။
    လွန်ခဲ့သည့် နှစ်များအတွင်း အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းများမှာ ဥရောပတွင် ဖြည်းဖြည်းချင်း ခြေချနိုင်ခဲ့ပြီး ဗြိတိန်မှာ ဥရောပတွင် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်း အထွန်းကားဆုံး ဒေသဖြစ်သည်။
    Ref: Onislam
  • မန္တလေးမှာ ဘာသာပေါင်းစုံအဖွဲ့က နောက်ထပ် လူငယ်တစ်ဦး ဖမ်းဆီးခံရ
    မန္တလေးမှာ ဘာသာပေါင်းစုံအဖွဲ့က နောက်ထပ် လူငယ်တစ်ဦး ဖမ်းဆီးခံရ
    Pwint Phyu Latt
    ဓါတ်ပုံအညွှန်း- ၂၀၁၄ ခုနှစ် ဇွန်လတွင် ဟိုပုန်းမြို့ နောင်တောင်းပရဟိတကျောင်းရှိ ခလေးများနှင့် အတူတွေ့ရသော မပွင့်ဖြူလတ် Photo- မပွင့်ဖြူလတ် FB
    မန္တလေးတိုင်းဒေသကြီးမှာ ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့က အဖွဲ့ဝင် မပွင့်ဖြူလတ်ကို လဝက ဥပဒေပုဒ်မ ၁၃ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
    .
    ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ရက်နေ့က ဖမ်းဆီးခံထားရတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ် အမှုအတွက် စစ်ဆေးဖို့ဆိုပြီး ဆင့်ခေါ်လိုက်ရာကနေ မပွင့်ဖြူလတ်ကို ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ မပွင့်ဖြူလတ်ရဲ့ အကိုက ပြောပါတယ်။.
    .
    “၁၈ ရက်နေ့က သက်သေအနေနဲ့ပေါ့နော် လာရောက်အစစ်ခံဖို့ပါဆိုပြီးတော့ ခေါ်လို့သွားလိုက်တယ်၊ CID ရုံးမှာ စစ်တာပေါ့နော်၊ ပြန်ပြီးတော့လွှတ်ပေးလိုက်တယ်၊ ၁၉ ရက် တစ်ခါထပ်ချိန်းလိုက်တယ်၊ မြို့မအမှတ် ၈ ရဲစခန်းမှာစစ်တယ်၊ အဲဒီ့မှာ မလွှတ်ပေးတာပါခင်ဗျ၊ ပုဒ်မနှစ်ခုတပ်ပြီး အရေးယူထားပါတယ်၊ လဝကပုဒ်မလို့ပြောတယ်”
    .
    သင့်မြတ်လိုသူများ အဖွဲ့ဟာ မန္တလေးမြို့က ဂဠုန်နီဆရာတော်နဲ့ အာရှအလင်းရောင် ဆရာတော်တို့ပါဝင်ပြီး အဲဒီဆရာတော်တွေအတူ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ထိန်းချုပ် နယ်မြေအတွင်းက စစ်ဘေးဒုက္ခသည် စခန်းတွေထံပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့ကြရာ ဓာတ်ပုံတွေကို အင်တာနက်လူမှုကွန်ရက် ဖေ့ဘွတ်စ် စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
    .
    အဲဒီဓာတ်ပုံတွေထဲမှာ ကိုဇော်ဇော်လတ်က သေနတ်ကိုင်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ မပွင့်ဖြူလတ်တို့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ အဲဒီအတွက် ကိုဇော်ဇော်လတ်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ချမ်းအေးသာစံမြို့နယ် မှုခင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
    .
    အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းနဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ယူဖြေကြားပေးမယ့်သူ မရှိဘူးလို့သာ ပြောပါတယ်။
    .
    RFA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    .
    http://www.rfa.org/burmese/news/pwintphyulatt-arrested-07212015120619.html
    ဆက်စပ်သတင်းများဖတ်ရန်
    ——————————
    “သင့်မြတ်လိုသူ ဘာသာပေါင်းစုံ လူငယ်များ” အဖွဲ့မှ ကိုဇော်ဇော်လတ် ဖမ်းဆီးခံရ
    http://www.m-mediagroup.com/news/43422
    .
    ကိုဇော်ဇော်လတ် အား မတရားအသင်းနဲ့ ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရမှု VOA သတင်းဌာန၏ အသံလွှင့်ဖော်ပြချက်
    http://www.m-mediagroup.com/news/43461
    .
    ကိုဇော်ဇော်လတ် ဖမ်းဆီးခံရမှု အာရှအလင်းရောင် ဆရာတော်နှင့် လုပ်ဖော်ကိုင်ဖက်များ ပြောကြားချက်
    http://www.m-mediagroup.com/news/43501
  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၂၊ ၂၀၁၅)
    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media
    ပိုမိုအားကောင်းသည့် ဒုံးကျည်ပစ်လွှတ်ရန် မြောက်ကိုရီးယား ကြိုးပမ်း
    ……………………………
    မြောက်ကိုရီးယားနိုင်ငံမှာ ၎င်းတို့၏ ဒုံးကျည်အခြေစိုက်စခန်းတွင် ၆၇ မီတာမြင့်သော ဒုံးကျည်လွှတ်တင်သည့် မျှော်စင်ကြီးတစ်ခုကို တည်ဆောက်နေပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက စမ်းသပ်ပစ်လွှတ်ခဲ့သော တာဝေးပစ်ဒုံးကျည်ထက် ပို၍ ဝေးဝေးရောက်နိုင်သည့် ဒုံးကျည်တစ်ခု ပစ်လွှတ်ရန် ပြင်ဆင်ဆောင်ရွက်နေခြင်းဟု ယူဆရကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ၂၀၁၂ ခုနှစ်က ပစ်လွှတ်ခဲ့သည့် အဆိုပါ တာဝေးပစ်ဒုံးကျည်မှာ အာကာသပတ်လမ်းထဲသို့ အရာဝတ္ထုများ လွှတ်တင်နိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခဲ့ကြသည်။
    ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ဖိလစ်ပိုင်က တိုးမြှင့်နှိမ်နှင်း
    ………………………………………
    နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုနှင့် အက်ဖ်ဘီအိုင်တို့က သတိပေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ဖြစ်ရပ်များအား ဖိလစ်ပိုင်အစိုးရက တိုးမြှင့်နှိမ်နှင်းမှုများ ပြုလုပ်လာခဲ့သည်။ ဖိလစ်ပိုင်မှာ ဆိုက်ဘာရာဇ၀တ်မှုများကို နှိမ်နှင်းရာတွင် နိုင်ငံတကာ၏ လေးစားမှုများ ခံခဲ့ရပြီး ယခုအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၂ ဆ
    တိုးကာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို နှိမ်နှင်းနေခြင်းဖြစ်သည်။
    နိုင်ငံအရှေ့ပိုင်းဒေသများမှာ မိမိတို့ပိုင်နက်သာဖြစ်သည်ဟု ယူကရိန်းပြော
    ……………………………….
    ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသော နိုင်ငံအရှေ့ပိုင်းမှ ဒွန်ဘတ်စ်ဒေသမှာ လက်ရှိတွင် ယူကရိန်း၏ အစိတ်အပိုင်းဖြစ်နေပြီး နောက်တွင်လည်း ဆက်ဖြစ်နေဦးမည်ဟု ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုက ယနေ့တွင် ပြောကြားခဲ့သည်။ ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများနှင့် ယူကရိန်းစစ်တပ်တို့အကြား တစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း အနည်းဆုံး
    လူပေါင်း ၆၅၀၀ ခန့် သေဆုံးခဲ့သည်။
    Ref: News Agencies
  • ကမ္ဘာ့ရှေးအကျဆုံး ကုရ်အာန် ဘာမင်ဟန် တက္ကသိုလ်မှာ ရှာတွေ့
    ကမ္ဘာ့ရှေးအကျဆုံး ကုရ်အာန် ဘာမင်ဟန် တက္ကသိုလ်မှာ ရှာတွေ့
    ဇူလိုင် ၂၂ ၊၂၀၁၅
    M-Media
    _84426217_composite2
    ကမ္ဘာ့ရှေးအကျဆုံး ကုရ်အာန် အစိတ်အပိုင်း တစ်ရပ်ကို ဗြိတိန်နိုင်ငံ၊ ဘာမင်ဟန်တက္ကသိုလ် စာကြည့်တိုက်ထဲမှာ ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီလက်ရေးမူ ပုရပိုက်ဟာ အနည်းဆုံးနှစ်ပေါင်း ၁၃၇၀ ရှိပြီလို့ ရေဒီယိုကာဘွန် စစ်ဆေးချက်က ဖော်ပြနေလို့ အစောဆုံး ကာလ ကတည်းက တည်ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ အဲ့ဒီစာရွက်များကို တက္ကသိုလ်စာကြည့်တိုက်ထဲ နှစ်(၁၀၀) ကျော် နီးပါးအထိ ရှိနေတာကို သတိမပြုမိခဲ့ကြပါဘူး။ ဒီစိတ်လှုပ်ရှားစရာတွေ့ရှိချက်ဟာ မွတ်စ်လင်မ်များအဖို့ ၀မ်းသာဂုဏ်ယူဖွယ်ဖြစ်စေ လိမ့်မယ်လို့ စာကြည့်တိုက်ရဲ့ ပုရပိုက်ရေးရာကျွမ်းကျင်သူ ဒေါက်တာ မုဟမ္မဒ် အီစာ ၀လီက ဆိုပါတယ်။
    ဒီပုရပိုက်ကို ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကုရ်အာန်ကျမ်း အစိတ်အပိုင်း တစ်ရပ်အဖြစ် မသတ်မှတ်နိုင်ခဲ့ဘဲ အခြား အရှေ့အလယ်ပိုင်းကျမ်းနဲ့ စာရွက်စာတမ်း စုဆောင်းချက်များ အကြား ရှိနေခဲ့တာကြာမြင့်ခဲ့ပါပြီ။
    ပါရဂူဘွဲ့ရ သုတေသီ Alba Fedeli က ဒီပုရပိုက်တွေကို အနီးကပ်လေ့လာပြီး ရေဒီယိုကာဗွန်သုံး သက်တမ်းတွက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ရာက ဒီအဖြေဟာ ထူးခြားအံ့သြစွာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ “ကျွန်မတို့ရဲ့အိပ်မက်ပင်လယ်ထဲ ဒီလောက်ထိ ရှေးကျတာမျိုး ရှိလိမ့်မယ်လို့ သုတေသီတွေ မမျှော်လင့်ခဲ့ကြပါဘူး။ ကမ္ဘာတစ်ခွင်လုံးမှာ ရှေးအကျဆုံး ကုရ်အာန် အစိတ်အပိုင်း တစ်ရပ် ကျွန်မတို့ဆီမှာ ရှိနေခဲ့ကြောင်း သိလိုက်ရတော့ မဖော်ပြနိုင်အောင် စိတ်လှုပ်ရှားခဲ့ရတယ်ရှင်” လို့ အထူးစုဆောင်းချက်များဆိုင်ရာ တက္ကသိုလ်ဒါရိုက်တာ Susan Worrall က ဆိုပါတယ်။
    Oxford University Radiocarbon Accelerator Unit ကနေ စမ်းသပ်မှုကို ပြုလုပ်ခဲ့တာပါ။ စာသားတွေကို သိုး သို့မဟုတ် ဆိတ်သားရေပေါ် ရေးသားထားခြင်းဖြစ်ပြီး ကုရ်အာန်ရဲ့ ရှေးအကျဆုံးရေးထုံးနဲ့စာသား ဖြစ်နေကြောင်း ဖော်ပြလိုက်ပါတယ်။ အဲ့ဒီပုရပိုက်ဟာ အေဒီ ၅၆၈ မှ ၆၄၅ အတွင်း အသုံးပြုတဲ့အမျိုးအစား ဖြစ်နိုင်ခြေ ၉၅ ရာခိုင်နှုန်းရှိကြောင်း စမ်းသပ်ချက်များက ပြောပြနေပါတယ်။
    “အဲ့ဒီပေလွှာများဟာ အစ္စလာမ်စတင်ထွန်းပေါ်မှုရဲ့နှစ်များအတွင်းထိ ကျွန်တော်တို့ကို ဆွဲခေါ်သွားနိုင်ပါလိမ့်မယ်။ မွတ်စ်လင်မ်တို့ရဲ့ အစဉ်အလာအဆိုအရ တမန်တော်မုဟမ္မဒ်က အေဒီ ၆၁၀ ခုနှစ်ကနေ သူကွယ်လွန်တဲ့ ၆၃၂ ခုနှစ်အတွင်း ဗျာဒိတ်တော်တွေကို လက်ခံရရှိခဲ့ရာမှ အစ္စလာမ့်ကျမ်းဂန်ကုရ်အာန် ထွက်ပေါ်လာပါတယ်။ ယခုတွေ့လိုက်တဲ့ ဘာမင်ဟန်က ရှေးဟောင်းကျမ်းရဲ့ သက်တမ်းကိုကြည့်ရင် ဒီစာကို မှတ်တမ်းတင်ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ တမန်တော်မုဟမ္မဒ် သက်ရှိ ထင်ရှားရှိနေစဉ် ကာလအတွင်း ရေးမှတ်ထား ဖွယ်ဖြစ်နိုင်ကြောင်း ညွှန်းပြနေပါတယ်။ ဒီလူဟာ တမန်တော်မုဟမ္မဒ်ကို ရင်းရင်းနှီးနှီးသိကျွမ်းဖူးသူ၊ မျက်မြင်တွေ့ဖူးသူ၊ တရားဓမ္မနာယူဖူးသူ၊ အတွေးနီးစပ်သူ ဖြစ်နိုင်ပါတယ်” လို့ တက္ကသိုလ်ရဲ့ အစ္စလာမ်နဲ့ခရစ်ယာန်ဝါဒဆိုင်ရာ ပရော်ဖက်ဆာ ဒေးဗစ်သောမတ်စ်က ပြောကြားလိုက်ပါတယ်။
    ကျောက်ချပ်၊ စွန်ပလွံရွက်နဲ့ ကုလားအုပ် အရိုးပြားတွေကို ပေလွှာအဖြစ်အသုံးပြုပြီး ကုရ်အာန်စာသားအချို့ကို ရေးသား မှတ်တမ်းတင်ခဲ့ကြပြီး ကျမ်းစာအုပ် အဖြစ် အဆုံးသတ်စုစည်းချက်ကို အေဒီ ၆၅၀ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ကြတယ်။ တမန်တော်မုဟမ္မဒ် ကွယ်လွန်ပြီး နှစ်ပေါင်းနှစ်ဆယ် မတိုင်မီအတွင်း ယခုတွေ့ရတဲ့ ပုရပိုက်ကို ကမ္ဗည်းတင်ရေးသားခဲ့ကြောင်း အခိုင်အမာ ယုံကြည်ပါတယ်။ ယနေ့လက်ရှိကုရ်အာန်ကျမ်း ရေးသားထားပုံနဲ့ အလွန်နီးစပ်တဲ့အပြင် စာသားတွေကလည်း ဆင့်ပြန်ကျရောက်ချိန်ကအတိုင်း အပြောင်းအလဲ အပျက်အစီး မရှိကြောင်း တွေ့မြင်ရတယ် လို့ ပရောဖက်ဆာ သောမတ်စ်က ထပ်ဆင့် တင်ပြထားပါတယ်။
    ရှေးအကျဆုံးကုရ်အာန်မှတ်တမ်းတင်ချက်တစ်ခုအဖြစ် ပြောနိုင်တာက အဲ့ဒီပုရပိုက်ကို ရှေးဟောင်းဟိဂျာ့ဇ် အရဗီမူ အတိုင်း ရေးသားထားတာကြောင့်၊ ဒါ့အပြင် အခြားခေတ်ပြိုင်ပုရပိုက်များနဲ့ တစ်ထပ်တည်းဖြစ်ကြောင်း ရေဒီယိုကာဗွန် သက်တမ်းတွက်ချက်ဖော်ပြမှုတို့ကြောင့် ဖြစ်ပါတယ်။
    “ဒီပေလွှာစာရွက်တွေ တွေ့လိုက်ရတဲ့အခါ လှိုက်ကနဲ ခံစားရပြီး ၀မ်းသာပီတိမျက်ရည် ယိုစီးခဲ့ရပါတယ်။ ယူကေတစ်ဝှမ်းက လူတွေလည်း ဘာမင်ဟန်ကို လာပြီး ဒီပေလွှာတွေကို မြင်ဖူးအောင်ကြည့်ကြလိမ့်မယ်လို့ ကျွန်တော် တပ်အပ်ပြောနိုင်ပါတယ်” ဟု ဘာမင်ဟန်ဗဟိုဗလီဥက္ကဋ္ဌ Muhammad Afzal မှ ပြောကြားပါတယ်။
    မိမိတို့မြို့တော်မှာ ဒီလိုရှာဖွေတွေ့ရှိချက်အပေါ် ဒေသခံ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းက နှစ်ထောင်းအားရ ဖြစ်လှကြောင်း ဖော်ပြကြသလို၊ ပုရပိုက်ကိုလည်း ဘာမင်ဟန်တက္ကသိုလ်ရဲ့ Barber Institute မှာ အောက်တိုဘာလကစပြီး အများပြည်သူတို့ကို ပြသသွားမယ်လို့ တက္ကသိုလ်က ဆိုပါတယ်။
    Ref : BBC