ဇူလိုင် ၂၄၊ ၂၀၁၅
M-Media
– မိမိ၏ ကစားသမားဖြစ်သူ ကရင်မ် ဘန်ဇီမာမှာ ယခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် မည်သည့်အသင်းကိုမှ ပြောင်းရွှေ့မည်မဟုတ်ဘဲ ရီးယဲလ်၌ပင် ပျော်ရွှင်နေသည်ဟု အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။
အသက် ၂၇ နှစ်အရွယ် ရှိပြီဖြစ်သည့် ဘန်ဇီမာအား အာဆင်နယ်အသင်းက အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် ခေါ်ယူလိုနေပြီး ၎င်းအတွက် ကမ်းလှမ်းထားသည်ဆိုသော သတင်းများအား ပြီးခဲ့သည့်တစ်ပတ်တွင် အာဆင်ဝင်းဂါးက ငြင်းဆိုခဲ့ခြင်း မရှိချေ။
သို့သော်လည်း အေးဂျင့်ဖြစ်သူ ကာရင်မ် ဒီဂျာဇီရီကမူ ဘန်ဇီမာမှာ အသင်း၌ပင် ဆက်လက်ရှိနေမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
“ကရင်မ်ဟာ ရီးယဲလ်မှာ တော်တော်ပျော်နေပါတယ်။ ပြီးတော့ ဒီအပြောင်းအရွှေ့အကုန်အထိ ရီးယဲလ်မှာရှိနေမယ်ဆိုတာ ၁၀၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ဒီနွေရာသီမှာ ဘယ်အသင်းကိုမှ ကရင်မ်ဟာ ပြောင်းရွှေ့မှာ မဟုတ်ပါဘူး” ဟု ဒီဂျာဇီရီက ထည့်သွင်းပြောကြားခဲ့သည်။
မန်ယူကလည်း ဘန်ဇီမာအား ခေါ်ယူရန် စိတ်ဝင်စားနေပြီး ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်၏ စိတ်ကြိုက်ကစားသမားလည်း ဖြစ်သည်။
လွန်ခဲ့သည့် ၂ နှစ်အတွင်း အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ ရောက်လာပြီးနောက် ယခုနှစ်တွင်လည်း နာမည်ကြီး ကစားသမားတစ်ဦးကို အာဆင်နယ်က ခေါ်ယူချင်နေပြီး ဘန်ဇီမာအတွင် ပေါင် ၃၅ သန်းခန့် သုံးစွဲသွားရန် ပြင်ဆင်နေသည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.