News @ M-Media

Blog

  • ဆန္ဒပြသူအမျိုးသမီးအား ပစ်သတ်သည့် အီဂျစ်ရဲ ထောင် ၁၅ နှစ်ကျ

    ဆန္ဒပြသူအမျိုးသမီးအား ပစ်သတ်သည့် အီဂျစ်ရဲ ထောင် ၁၅ နှစ်ကျ

    ဇွန် ၁၂၊ ၂၀၁၅
    M-Media

    egypt

    – ကိုင်ရိုမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုအတွင်း ပါဝင်ခဲ့သော အမျိုးသမီး တက်ကြွလှုပ်ရှားသူကို သတ်ဖြတ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား အီဂျစ်တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာ အလ်-အဟ်ရမ်က ဖော်ပြခဲ့သည်။

    သေဆုံးသွားသူမှာ အသက် ၃၂ နှစ်အရွယ် ကလေးတစ်ယောက်မိခင် ရှာအီမာ အလ်-ဆဘ်ဘာ့ဂ် ဆိုသူဖြစ်ပြီး ယခင်သမ္မတဟောင်း ဟိုစနီမူဘာရက် ၂၀၁၁ ခုနှစ်က ဖြုတ်ချခံရမှု ၄ နှစ်ပြည့်အဖြစ် ယခုနှစ် ဇန်န၀ါရီ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ချီတက်ဆန္ဒပြမှုတွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

    ထိုပစ်ခတ်မှုနှင့်ပတ်၍ အသက် ၂၄ နှစ်အရွယ် ရဲတပ်ဗိုလ် ယာစင်း ဟေတမ်ကို မတ်လက လူသတ်မှုအောက် တစ်ဆင့်နိမ့်သည့် စွဲချက်ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့နောက် တရားရုံးက အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း တရားကြီး မွတ်စ်တာဖာ ဟာဆန် အဘ်ဒူလာက ပြန်လည်ဖမ်းဆီးကာ အမှုအား ကြားနာစစ်ဆေးရန် အမိန့်ပေးခဲ့ပြီး ယမန်နေ့က အမိန့်ချမှတ်ခဲ့သည်။

    ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့ခဲ့သည့် ဗီဒီယိုမှတ်တမ်းများအရ မျက်နှာဖုံးဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆဘ်ဘာ့ဂ်ရှိရာ နေရာဘက်သို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆဘ်ဘာ့မှာ အနားရှိ အဖော်၏ ကိုယ်တွင်းသို့ ခေါင်းငိုက်စိုက်ကျသွားကာ ရင်ဘတ်နှင့် ကျောကုန်းတို့တွင် သွေးများဖြင့် စိုရွှဲသွားသည်ကို တွေ့ခဲ့ရသည်

    ရဲတပ်ဖွဲ့ကမူ ၎င်းတို့အနေဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိဟု တွင်တွင်ငြင်းဆိုခဲ့သော်လည်း အထောက်အထားများက ထိုပြောကြားမှုနှင့် ဆန့်ကျင်နေသည်။ ထို့ပြင် ရဲတပ်ဖွဲ့က လူနာတင်ယာဉ်ကို တားဆီးခြင်းဖြင့် ဆဘ်ဘာ့ဂ်အား အသက်အန္တရာယ်မှ ကယ်တင်ရန်ကြိုးစားမှုကို ဟန့်တားခဲ့သည်ဟု လူ့အခွင့်အရေး ရှေ့နေများနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နိုက်ဂျီရီးယားမွတ်စလင်များ ရေဒီယိုနှင့် ရုပ်သံလိုင်းအသစ် ထုတ်လွှင့်တင်ဆက်

    နိုက်ဂျီရီးယားမွတ်စလင်များ ရေဒီယိုနှင့် ရုပ်သံလိုင်းအသစ် ထုတ်လွှင့်တင်ဆက်

    ဇွန် ၁၂၊ ၂၀၁၅
    M-Media

    nigeria

    – နိုင်ငံအတွင်း စစ်မှန်သော အစ္စလာမ့်သင်ကြားချက်များကို ပြန့်နှံ့စေရန် ဆောင်ရွက်မှုအဖြစ် နိုက်ဂျီးရီးယားရှိ ထင်ရှားသည့် အစ္စလာမ့်အဖွဲ့အစည်းတစ်ခုက ရေဒီယိုနှင့် ရုပ်သံလိုင်းသစ်များကို ထုတ်လွှင့် တင်ဆက်ခဲ့သည်ဟု သိရသည်။

    “မာနာရာ ရေဒီယိုကနေတစ်ဆင့် ကျွန်တော်တို့ဟာ မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ဘ၀တွေကို ပြောင်းလဲချင်ပါတယ်။ မှန်ကန်ကောင်းမွန်တဲ့အလုပ်တွေကိုလုပ်ဖို့၊ ပြီးတော့ငြိမ်းချမ်းရေးကို ဖောက်ဖျက်တဲ့ ဘယ်လိုကိစ္စမျိုးမဆို ရှောင်ရှားဖို့ တရားတွေကို
    ထုတ်လွှင့်တင်ဆက်ရင်းနဲ့ပေါ့ဗျာ” ဟု ရေဒီယိုနှင့် ရုပ်သံလိုင်းကို အကောင်အထည်ဖော်ခဲ့သည့် “ဂျမာအသ်သွလ် အီဇာလာတူလ် ဘီဒဟ် ၀ါ အစ်က်မာတစ် စွန္နဟ်” (JIBWIS) အဖွဲ့၏ ဥက္ကဌဖြစ်သူ ရှိခ် ဘာလာလောင် ပြောကြားမှုကို Leadership သတင်းစာက ဇွန်လ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါ ရေဒီယိုနှင့် ရုပ်သံလိုင်းဖွင့်ပွဲကို မြို့တော်အဘူဂျာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မာနာရာ ရေဒီယိုနှင့် ရုပ်သံလိုင်းများဟု ခေါ်တွင်မည်ဖြစ်ကြောင်း ဘာလာလောင်က အခမ်းအနားသို့ တက်ရောက်လာသူများကို ပြောကြားခဲ့သည်။

    အစ္စလာမ့်ရေးရာများ ထုတ်လွှင့်တင်ဆက်ပေးမှုနှင့်အတူ အဆိုပါလိုင်းများတွင် လူငယ်များနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လည်း မျှော်လင့်ထားသည်။

    “လူ့အဖွဲ့အစည်းမှာရှိတဲ့ ချို့တဲ့သူ လူတန်းစားတွေကို ကူညီဖို့အတွက် မာနာရာ ရေဒီယိုနဲ့ ရုပ်သံလိုင်းတွေကို အသုံးပြုပြီး ဗလီဝတ်ကျောင်းတော်တွေကတစ်ဆင့် ရန်ပုံငွေတွေ ကောက်ခံစုဆောင်းဖို့ ကျွန်တော်တို့ စဉ်းစားနေပါတယ်” ဟု လောင်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့ JIBWIS အဖွဲ့မှာ Sunnah ဟုခေါ်သည့် ရုပ်သံဂြိုဟ်တုကို စီမံဆောင်ရွက်ခြင်းအားဖြင့် မီဒီယာနယ်ပယ်တွင် လုပ်ကိုင်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီဟု ၎င်းက ဆိုသည်။ အဆိုပါ ဂြိုဟ်တုမှာ အခြားနိုင်ငံများသို့ ရောက်နေသော နိုက်ဂျီးရီးယား နိုင်ငံသားများက လိုင်စင်ရယူကာ ထုတ်လွှင့်ပေးနေသည့် ဂြိုဟ်တုလည်းဖြစ်သည်။

    အဆိုပါလိုင်းသစ်များက မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများ အစ္စလာမ်၏ သင်ကြားချက်များကို နားလည်စေရန် အကူအညီဖြစ်လိမ့်မည် ဖြစ်သည်။

    ဘာလာလောင်ကမူ မွတ်စလင်များအနေဖြင့် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သက်ဝင်ကာ ဘာသာတရားအား လိုက်နာမှု နက်ရှိုင်းစေရန်အတွက် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသည်များမှ ရှောင်ကျဉ်ရန်လည်း တိုက်တွန်းခဲ့သည်။

    ချီးကျူးခဲ့ကြ

    မာနာရာ ရေဒီယိုနှင့် ရုပ်သံလိုင်းအသစ်ကို နိုက်ဂျီးရီးယား တာဝန်ရှိသူများနှင့် ဘာသာရေးခေါင်းဆာင်များကလည်း ချီးကျူးခဲ့ကြသည်။

    ဇမ်ဖာရာမြို့ အုပ်ချုပ်ရေးမှူး အဘ်ဒွလ်အဇီးဇ် ယာရီကမူ မာနာရာ ရေဒီယိုနှင့် ရုပ်သံလိုင်း ထုတ်လွှင့်တင်ဆက်မှုက မွတ်စလင်လူ့အဖွဲ့အစည်းအတွက် တစ်ဦးနှင့်တစ်ဦး ပိုမိုဆက်သွယ်ရန် အခွင့်အရေးရမည်ဟု ဆိုသည်။

    “မာနာရာ ရေဒီယိုနဲ့ ရုပ်သံလိုင်းတွေ၊ အခြားရုပ်သံလိုင်းတွေ ရှိလာတာ ကျွန်တော်တို့ ပျော်ရွှင်ပါတယ်။ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နယ်ပယ်တွေမှာ မွတ်စလင်တွေဟာ အကောင်းဆုံး လုပ်ဆောင်သင့်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီနယ်ပယ်ဟာ ဒီနေ့ခေတ်မှာ တစ်ဦးတစ်ယောက်ချင်း၊ အစုအဖွဲ့ ဒါမှမဟုတ် အစိုးရတွေ အခြေပြုတဲ့နယ်ပယ် ဖြစ်လို့ပါပဲ” ယာရီ ပြောကြားခဲ့သည်။

    နိုက်ဂျီးယားမွတ်စလင်များ၏ အကြီးအကဲဖြစ်ပြီး ဆိုကိုတိုဒေသ၏ ဆူလ်တန်ဖြစ်သော အလ်ဟဂ်ျ အဟ်မဒ် အိုဂါကလည်း အဆိုပါ ရေဒီယို၊ ရုပ်သံလိုင်းများအနေဖြင့် အရည်အသွေးမီသည့် ၀န်ဆောင်မှုများ ပေးရန်အတွက် အရည်အချင်းရှိသော ၀န်ထမ်းများ ခန့်အပ်ရန် တိုက်တွန်းခဲ့သည်။

    “ဒီလိုင်းတွေဟာ VOA၊ BBC နဲ့ CNN တို့လို နိုင်ငံခြား ပြိုင်ဘက်တွေကို ကောင်းကောင်းယှဉ်ပြိုင်လိမ့်မယ်ဆိုတာ ကျွန်တော့်စိတ်ထဲမှာ သံသယမရှိပါဘူး။ ရေဒီယိုဆက်သွယ်ရေးနဲ့ ရုပ်သံနယ်ပယ်မှာ မွတ်စလင်နဲ့ နိုက်ဂျီးရီးယားနိုင်ငံသားတွေဟာ နောက်ထပ် တီထွင်ကြံမှု အရာရောက်လာတယ်ဆိုတာ ကျွန်တော်သေချာ ပြောရဲပါတယ်” ဟု ဆူလ်တန်က ဆိုသည်။

    ထို့ပြင် အဆိုပါ ရုပ်သံလိုင်းများ ထုတ်လွှင့်ခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် မွတ်စလင်လူ့အဖွဲ့အစည်းနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း ၎င်းက ထည့်သွင်းတိုက်တွန်းခဲ့သည်။

    နိုက်ဂျီးရီးယားနိုင်ငံ၏ သန်း ၁၄၀ သော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ အရေအတွက်မှာ ၅၅ ရာ ခိုင်နှုန်းရှိပြီး ခရစ်ယာန်ဘာသာဝင်မှာ ၄၀ ရာခိုင်နှုန်း ရှိသည်။

    Ref: Onislam

  • သူပုန်များအား အိန္ဒိယက နိုင်ငံအတွင်းဝင်ကာ ချေမှုန်းမှုကို မြန်မာငြင်းဆို

    သူပုန်များအား အိန္ဒိယက နိုင်ငံအတွင်းဝင်ကာ ချေမှုန်းမှုကို မြန်မာငြင်းဆို

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    india

    – သူပုန်များအား နှိမ်နင်းရန်အတွက် အိန္ဒိယမှာ မြန်မာနိုင်ငံအတွင်းအထိ ၀င်ရောက်ကာ စစ်ဆင်ရေး လုပ်ခဲ့သည်ဆိုခြင်းကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး နိုင်ငံခြားတိုက်ခိုက်ရေးသမားများ တိုက်ခိုက်မှုပြုလုပ်ရန် မိမိတို့၏ ပိုင်နက်ကို မည်သည့်အခါမှ အသုံးပြုခွင့် မပေးဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ်က မဏိပူရပြည်နယ်တွင် အိန္ဒိယစစ်ယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၂၀ သေဆုံးမှုကို တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယစစ်တပ်မှာ သူပုန်များကို အင်္ဂါနေ့က မြန်မာနိုင်ငံ၏ နယ်နမိတ်အထိဝင်၍ ချေမှုန်းခဲ့သည်ဟု အိန္ဒိယ ပြန်ကြားရေးဌာနမှ အငယ်တန်း အရာရှိဖြစ်သူ ရာသိုရီက ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည့် သူပုန်များမှာ မြန်မာနိုင်ငံအတွင်းမှ ၀င်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

    သို့သော်လည်း မြန်မာနိုင်ငံသမ္မတရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် အဆိုပါ တိုက်ခိုက်မှုများမှာ အိန္ဒိယဘက်တွင်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံအနောက်မြောက်ပိုင်း နယ်စပ်ဒေသမှ စစ်တပ်၏ သတင်းအချက်အလက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

    အိန္ဒိယစစ်တပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် သူပုန်များမှာ တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ရန် စီစဉ်နေကြောင်း ထောက်လှမ်းရေးသတင်း ရရှိသည်ဟု ဖော်ပြခဲ့သည်။ သို့သော် မြန်မာနိုင်ငံကမူ မိမိတို့နယ်နမိတ်အား နိုင်ငံခြားတပ်ဖွဲ့များက အသုံးပြုကာ တိုက်ခိုက်မှု ပြုလုပ်ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။

    “မိမိတို့နိုင်ငံ၏ နယ်နမိတ်နှင့် နယ်စပ်ဒေသကို အခြေစိုက်စခန်းအဖြစ် အသုံးပြုသည့် မည်သည့် နိုင်ငံခြားသူပုန်ကိုမှ မြန်မာနိုင်ငံက လက်ခံမည်မဟုတ်ပါ။ မြန်မာနိုင်ငံအနေဖြင့် ပြဿနာအား ဖြေရှင်းရန်အတွက် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါသည်” ဟု အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ထို့ပြင် အခြေအနေအား ရှင်းပြရန် အိန္ဒိယသံအမတ်ကြီးမှာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးနှင့် တွေ့ဆုံခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသော်လည်း အသေးစိတ်အချက်အလက်များ ပါဝင်ခြင်းမရှိချေ။

    Ref: Reuters

  • နိုင်ငံတကာသတင်းတို (ဇွန် ၁၁၊ ၂၀၁၅)

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    လုံခြုံရေးအကြီးအကဲဟောင်းကို တရုတ် ထောင်တစ်သက်ချ
    …………………………………
    တရုတ်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေး အကြီးအကဲဟောင်း အသက် ၇၂ နှစ်အရွယ် ဇူယုံကန်ကို အဂတိလိုက်စားမှု၊ နိုင်ငံ၏ လျှို့ဝှက်ချက်ပေါက်ကြားမှုနှင့် အာဏာအလွဲသုံးစားလှုပ်မှုတို့ဖြင့် အပြစ်ရှိကြောင်းတွေ့ရှိရ၍ တရုတ်တရားရုံးက ယနေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။ ပြစ်မှုများအတွက် ဇူယုံကန်ကိုယ်တိုင်က ၀န်ခံခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရ
    တာဝန်ရှိသူဟောင်းများ၏ အဂတိလိုက်စားသည့် အမှုတွင် ၎င်းမှာ ၀ါအရင့်ဆုံး အကြီးတန်း တာဝန်ရှိသူလည်း ဖြစ်သည်။

    နီပေါမြေပြိုမှု ၃၆ ဦးသေဆုံး
    ………………………………
    နီပေါနိုင်ငံ၏ တာပလီဂျန် ခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှုကြောင့် အနည်းဆုံး ၃၆ ဦး သေဆုံးခဲ့သည်ဟု IANS သတင်းဌာက ယနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါမြေပြိုမှုတွင် ရွာပေါင်း ၄ ရွာမှာ အကြီးအကျယ် ထိခိုက်ပျက်ဆီးခဲ့သည်ဟု ဆိုသည်။ အဆိုပါဒေသတွင် ဗုဒ္ဓဟူးနေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းနေကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကြန့်ကြာနေသည်။

    ကားအမြန်မောင်းမှုကြောင့် မော်ရင်ဟို လိုင်စင်ပိတ်ခံရ
    …………………………..
    ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက အင်္ဂလန်၌ တစ်နာရီ မိုင် ၅၀ သာမောင်းခွင့်ရှိသည့် လမ်းတွင် မိုင် ၆၀ အထိ မောင်းနှင်ခဲ့သောကြောင့် ဒဏ်ကြေး ပေါင် ၉၁၀ ပေးဆောင်ရန် တရားရုံးက ယမန်နေ့တွင် အမိန့်ချခဲ့ပြီး ယာဉ်မောင်းခွင့်ကိုလည်း ၆ လ ပိတ်ပင်ခဲ့သည်။ ယခင် အမှုဟောင်းများ ရှိနေခြင်းကြောင့် ယခုကဲ့သို့ ကြာမြင့်စွာ
    လိုင်စင်ပိတ်ခံရခြင်းလည်း ဖြစ်သည်။

    Ref: News Agencies

  • ဟဲဗီဝိတ်ချန်ပီယံလုပွဲကြီးကို ချယ်ဆီးကွင်းတွင် ကျင်းပရန် ရှိနေ

    ဟဲဗီဝိတ်ချန်ပီယံလုပွဲကြီးကို ချယ်ဆီးကွင်းတွင် ကျင်းပရန် ရှိနေ

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    tyson
    ပုံ – တိုင်ဆန်ဖျူရီ (ညာ) ကို ပြိုင်ဘက်တစ်ဦးနှင့်အတူ တွေ့ရစဉ်

    – ဟဲဗီးဝိတ် လက်ရှိချိန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုနှင့် တိုင်ဆန်ဖျူရီတို့၏ ချန်ပီယံလုပွဲကြီးကို ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကျင်းပရန် ချယ်ဆီးတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    အဆိုပါပြိုင်ပွဲကို ယခုနှစ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် ထိုးသတ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီး အကယ်၍ စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ထိုးသတ်ဖြစ်ပါက ချယ်ဆီးနည်းပြ မော်ရင်ဟိုအတွက် ခေါင်းကိုက်စရာ ဖြစ်လာမည်ဖြစ်သည်။

    ပြိုင်ပွဲကျင်းပရန်နေရာအတွက် အာဆင်နယ်အသင်း၏ အီမရိတ်ကွင်းမှာလည်း လျာထားမှုတွင် ရှိနေပြီး အကယ် အဆိုပါထိုးသတ်ပွဲ အင်္ဂလန်မြေပေါ်၌ ဖြစ်လာခဲ့ပါက ၂၂ နှစ်အတွင်း ဗြိတိန်တွင် အကြီးဆုံး ဟဲဗီးဝိတ် ထိုးသတ်ပွဲကြီးလည်း ဖြစ်လာမည်ဖြစ်သည်။

    ထိုပွဲအတွက် စီစဉ်နေသူများ၏ အဆိုအရ ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပိုအလားအလာရှိသော နေရာဖြစ်နေသည်ဟု ဆိုသည်။

    ထိုးသတ်မည့်အချိန်မှာ ချန်ပီယံလိဂ်အုပ်စုပွဲများ ကစားမည့်အချိန် ဖြစ်နေပြီး ချယ်ဆီးအသင်းကမူ မြက်ခင်းကိုဖုံးကာ ပြိုင်ပွဲကျင်းပခြင်းဖြင့် မည်သည့် သက်ရောက်မှုရှိလာနိုင်သည်ကို လေ့ကျင့်ရေးကွင်းတွင် စမ်းသပ်နေသည်ဟု ရင်းမြစ်တစ်ခုမှ ပြောကြားခဲ့သည်။

    ယူကရိန်းနိုင်ငံသား ကလစ်ရှ်ကိုမှာ WBO၊ WBA နှင့် IBF ချန်ပီယံဘွဲ့များကို ဆွတ်ခူးထားပြီးအိုင်ယာလန်နိုင်ငံသား ဖျူရီမှာ အဓိကစိန်ခေါ်သူ ဖြစ်သည်။ ပွဲဖြစ်မြောက်ရေးအတွက် ၎င်းတို့ ၂ ဦးကြား ဆွေးနွေးမှုမှာလည်း နှေးကွေးနေသည်။

    Ref: Dailymail