News @ M-Media

ဟဲဗီဝိတ်ချန်ပီယံလုပွဲကြီးကို ချယ်ဆီးကွင်းတွင် ကျင်းပရန် ရှိနေ

ဇွန် ၁၁၊ ၂၀၁၅
M-Media

tyson
ပုံ – တိုင်ဆန်ဖျူရီ (ညာ) ကို ပြိုင်ဘက်တစ်ဦးနှင့်အတူ တွေ့ရစဉ်

– ဟဲဗီးဝိတ် လက်ရှိချိန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုနှင့် တိုင်ဆန်ဖျူရီတို့၏ ချန်ပီယံလုပွဲကြီးကို ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကျင်းပရန် ချယ်ဆီးတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲကို ယခုနှစ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် ထိုးသတ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီး အကယ်၍ စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ထိုးသတ်ဖြစ်ပါက ချယ်ဆီးနည်းပြ မော်ရင်ဟိုအတွက် ခေါင်းကိုက်စရာ ဖြစ်လာမည်ဖြစ်သည်။

ပြိုင်ပွဲကျင်းပရန်နေရာအတွက် အာဆင်နယ်အသင်း၏ အီမရိတ်ကွင်းမှာလည်း လျာထားမှုတွင် ရှိနေပြီး အကယ် အဆိုပါထိုးသတ်ပွဲ အင်္ဂလန်မြေပေါ်၌ ဖြစ်လာခဲ့ပါက ၂၂ နှစ်အတွင်း ဗြိတိန်တွင် အကြီးဆုံး ဟဲဗီးဝိတ် ထိုးသတ်ပွဲကြီးလည်း ဖြစ်လာမည်ဖြစ်သည်။

ထိုပွဲအတွက် စီစဉ်နေသူများ၏ အဆိုအရ ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပိုအလားအလာရှိသော နေရာဖြစ်နေသည်ဟု ဆိုသည်။

ထိုးသတ်မည့်အချိန်မှာ ချန်ပီယံလိဂ်အုပ်စုပွဲများ ကစားမည့်အချိန် ဖြစ်နေပြီး ချယ်ဆီးအသင်းကမူ မြက်ခင်းကိုဖုံးကာ ပြိုင်ပွဲကျင်းပခြင်းဖြင့် မည်သည့် သက်ရောက်မှုရှိလာနိုင်သည်ကို လေ့ကျင့်ရေးကွင်းတွင် စမ်းသပ်နေသည်ဟု ရင်းမြစ်တစ်ခုမှ ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသား ကလစ်ရှ်ကိုမှာ WBO၊ WBA နှင့် IBF ချန်ပီယံဘွဲ့များကို ဆွတ်ခူးထားပြီးအိုင်ယာလန်နိုင်ငံသား ဖျူရီမှာ အဓိကစိန်ခေါ်သူ ဖြစ်သည်။ ပွဲဖြစ်မြောက်ရေးအတွက် ၎င်းတို့ ၂ ဦးကြား ဆွေးနွေးမှုမှာလည်း နှေးကွေးနေသည်။

Ref: Dailymail

Comments

Leave a Reply