News @ M-Media

Blog

  • နိုင်ငံတကာသတင်းတို (မေ ၁၇၊ ၂၀၁၅)

    မေ ၁၇၊ ၂၀၁၅
    M-Media

    အိုင်ယာလန်တွင် လိင်တူလက်ထပ်မှု တရားဝင်ဖြစ်ရန် အလားအလာကောင်း
    …………………………….
    နိုင်ငံအတွင်း လိင်တူလက်ထပ်မှုကို တရားဝင်ခွင့်ပြုရေးအတွက် ပြည်သူဆန္ဒခံယူပွဲကို လာမည့်တစ်ပတ် သောကြာနေ့တွင် အိုင်ယာလန်နိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်ပြီး ကနဦးစစ်တမ်းများအရ ပြည်သူများမှာ လိင်တူလက်ထပ်မှုကို လိုလားနေသည်ဟု ပြသနေသည်။ ကက်သလစ်ဘုန်းတော်ကြီးများ၏ ကလေးများအား စော်ကားမှုအရှုပ်တော်ပုံ ထွက်ပေါ်လာပြီးနောက်
    အိုင်ယာလန်တွင် ကက်သလစ်အသင်းတော်၏သြဇာ ကျဆင်းခဲ့ပြီး လိင်တူလက်ထပ်မှုကို ထောက်ခံမှုများလည်း မြင့်တက်လာခဲ့သည်။

    အမေရိကန်အထူးစစ်ဆင်ရေးတွင် IS ခေါင်းဆောင်တစ်ဦး သေဆုံး
    ………………………….
    ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းတွင် အမေရိကန် အထူးတပ်ဖွဲ့မှ ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း IS ၏ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အဘူဆယက်ဖ်နှင့် အနည်းဆုံး ၆ ဦးကို သုတ်သင်နိုင်ခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဘူဆယက်ဖ်မှာ IS ၏ ဘဏ္ဍာရေးကို ချုပ်ကိုင်နေသူဖြစ်ပြီး စစ်ရေးလုပ်ငန်းများကိုလည်း အစီအစဉ်ဆွဲပေးနေသော အဓိကခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု
    အမေရိကန်က ဖော်ပြခဲ့သည်။ အဆိုပါစစ်ဆင်ရေးအတွင်း ၎င်း၏ ဇနီးကိုပါ ဖမ်းဆီးခဲ့သည်။

    မိုဇမ်ဘတ်နိုင်ငံသား ၄၀၀ ကျော်ကို တောင်အာဖရိက နယ်နှင်
    ………………………
    နိုင်ငံခြားသားများအား ဦးတည်သော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ တရားမ၀င်နိုင်ငံခြားသားများကို ဖမ်းဆီးခဲ့သည့် တောင်အာဖရိကနိုင်ငံမှာ မိုဇမ်ဘတ်နိုင်ငံသား ၄၀၀ ကျော်ကို နယ်နှင်လိုက်ပြီဟု တောင်အာဖရိက အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။ ထိုအရေးကို ပူးပေါင်းဆောင်ရွက်နေသည့် မိုဇမ်ဘတ်နိုင်ငံခြားရေးဝန်ကြီးကမူ မိမိတို့မှာ
    ဆွေးနွေးမှုများပြုလုပ်ရန် မျှော်လင့်ခဲ့သော်လည်း ဖမ်းဆီးမှုများကိုသာ ကြုံခဲ့ရကြောင်း၊ ယခုကဲ့သို့ နယ်နှင်မှုအတွက် အံ့သြရကြောင်း ပြောကြားခဲ့သည်။

    Ref: News Agencies

  • အမေရိကန် ကွန်ပျူတာပညာရှင်တစ်ဦး လေယာဉ်ကွန်ပျူတာစနစ်သို့ ဖောက်ထွင်းဝင်ရောက်ကာ လေယာဉ်အား ထိန်းချုပ်ခဲ့

    အမေရိကန် ကွန်ပျူတာပညာရှင်တစ်ဦး လေယာဉ်ကွန်ပျူတာစနစ်သို့ ဖောက်ထွင်းဝင်ရောက်ကာ လေယာဉ်အား ထိန်းချုပ်ခဲ့

    မေ ၁၇၊ ၂၀၁၅
    M-Media

    plane

    – ခရီးသည်တင်လေယာဉ်၏ ကွန်ပျူတာစနစ်အား ဖောက်ထွင်းဝင်ရောက်မည်ဟု Twitter စာမျက်နှာပေါ်တွင် ရေးသားခဲ့ပြီးနောက် FBI က ဖမ်းဆီးထိန်းသိမ်းထားသည့် ကွန်ပျူတာ လုံခြုံရေး ပညာရှင်တစ်ဦးက ၎င်းအနေဖြင့် ထိုကဲ့သို့ ထိုးဖောက်ဝင်ရောက်မှုမျိုးကို ယခင်က အကြိမ် ၂၀ ခန့် ပြုလုပ်ခဲ့ဖူးသည်ဟု ဆိုသည်။

    One World Labs ကို တည်ထောင်သူ ခရစ် ရောဘတ်ဆိုသူဖြစ်ပြီး ချီကာဂိုမှ နယူးယောက်သို့ ပျံသန်းမည့် United လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်၏ ကွန်ပျူတာစနစ်ကို ချိုးဖျက်ဝင်ရောက်မည်ဟု ဧပြီလက ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာခဲ့သည်။

    FBI ကမူ ရောဘတ်အနေဖြင့် ထိုသို့လုပ်နိုင်သည်ဟု ယခင်က ပြောကြားခဲ့ဖူးသောကြောင့် ထိုကြေညာမှုအတွက် အလွန်အမင်း စိုးရိမ်မိသည်ဟု ချက်ချင်းတုန့်ပြန်ခဲ့သည်။ ထို့နောက် ၎င်းအား ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏ ပစ္စည်းများကိုလည်း သိမ်းယူခဲ့သည်။

    APTN National News မှ ရရှိခဲ့သည့် တရားရုံးမှတ်တမ်းတွင် ရောဘတ်က ၎င်း၏ သုတေသနအတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းအထိ လေယာဉ်များ၏ ကွန်ပျူတာစနစ်အတွင်းသို့ အကြိမ် ၂၀ ခန့် ဖောက်ထွင်းဝင်ရောက်ခဲ့ဖူးသည်ဟု FBI အေးဂျင့်များကို ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

    ထို့ပြင် လေယာဉ်တစ်စီး၌ ထိုကဲ့သို့ ဖောက်ထွင်းဝင်ရောက်မှုအတွင်း လေယာဉ်အင်ဂျင် စက်ရှိန်ကို အတင်အချပြုလုပ်ကာ လေယာဉ် ဘေးတိုက်ရွေ့လျားအောင် လုပ်နိုင်ခဲ့သည်ဟုလည်းဆိုသည်။ သို့သော်လည်း မည်သည့်လေယာဉ်များအား ဖောက်ထွင်းဝင်ရောက်ခဲ့သည်ကို တိတိကျကျ ဖော်ပြခဲ့ခြင်းမရှိချေ။

    Ref: RT

  • အမေရိကန်စစ်အခြေစိုက်စခန်း ဖယ်ရှားရန် ဂျပန်ပြည်သူများ ဆန္ဒပြ

    အမေရိကန်စစ်အခြေစိုက်စခန်း ဖယ်ရှားရန် ဂျပန်ပြည်သူများ ဆန္ဒပြ

    မေ ၁၇၊ ၂၀၁၅
    M-Media

    japan

    – အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းအား ပြန်လည်နေရာချထားရန် စီစဉ်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဂျပန်ပြည်သူများမှာ အိုကီနာဝါကျွန်းနှင့် နိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဆန္ဒပြခဲ့ကြပြီး ပြည်သူများ၏ အသံကို နားမထောင်သည့် အစိုးရအား ဝေဖန်ခဲ့သည်။

    အဆိုပါဆန္ဒပြမှုမှာ အိုကီနာဝါကျွန်း ဂျပန်အချုပ်အခြာလက်အောက်သို့ ပြန်လည်ရောက်ရှိသည့် ၄၃ နှစ်မြောက် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သော သောကြာနေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် နိုင်ငံတစ်ဝှမ်း၌ ပြန့်နှံ့ ကူးစက်ခဲ့သည်။

    သောကြာနေ့က ဆန္ဒပြမှုတွင် လူပေါင်း ၁၅၀၀၀ ခန့်သာ ရှိခဲ့သော်လည်း အိုကီနာဝါမြို့တော် နာဟာ၌ ယနေ့ဆန္ဒပြမှုတွင် လူပေါင်း ၃၅၀၀၀ ခန့် ပါဝင်ခဲ့သည်ဟု စီစဉ်သူများက ပြောကြားခဲ့သည်။ ဆန္ဒပြသူများမှာ “အာဏာပိုင်များကို အရှုံးမပေး” ဟူသော စာတမ်းကို ကိုင်ဆောင်ခဲ့ကြပြီး အစိုးရ ဆန့်ကျင်ရေး ကျွေးကြော်သံများကိုလည်း ကျွေးကျော်ခဲ့ကြသည်။

    ဂျပန်နိုင်ငံနှင့် ကာကွယ်ရေးမဟာမိတ် အစိတ်အပိုင်းအဖြစ် အိုကီနာဝါတွင် အမေရိကန် စစ်သည်အင်အား ၂ သောင်းကျော်ရှိနေပြီး ဒေသခံများကမူ ထိုပမာဏမှာ အလွန်များပြားနေသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်စစ်သားသုံးဦးက ဂျပန်ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပြီးနောက် ဒေသခံပြည်သူများနှင့် တင်းမာမှုများကို ဖြေလျော့ရန်အတွက် ၁၉၉၆ ခုနှစ်တွင် အိုကီနာဝါရှိ ဖူတန်မာ လေတပ်အခြေစိုက်စခန်းကို ကျွန်းအတွင်း အခြားနေရာသို့ ရွှေ့ပြောင်းရန် အစီအစဉ်ရှိနေသည်ဟု အမေရိကန်က ကြေညာခဲ့သည်။ ထိုသို့ရွှေ့ပြောင်းရန်အတွက်လည်း အဆောက်အဦးများကို ဆောက်လုပ်နေသည်။

    သို့သော်လည်း ဒေသခံများကမူ အဆိုပါရွှေ့ပြောင်းမှုကို လက်မခံဘဲ အခြေစိုက်စခန်းကို လုံးဝဖယ်ရှားရမည်ဟုဆိုသည်။

    “ဒီကိစ္စ ၁၉ နှစ်လောက် ရပ်နေတာကို အစိုးရက ကျွန်တော်တို့ကို အပြစ်တင်ပါတယ်။ (အခြေစိုက်စခန်းနေရာအတွက်) သူတို့က အခြားနေရာတစ်ခုရှာဖို့ ကျွန်တော်တို့ကို ပြောတယ်။ ဒါဟာ သိပ်လွန်ပါတယ်” ဟု အိုကီနာဝါရှိ နာဂိုမြို့ အုပ်ချုပ်ရေးမှူးဖြစ်သူ ဆူဆူမူ အီနာမိုင်းက ဆန္ဒပြပွဲတွင် ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ အခြေခံဥပဒေအရ အိုကီနာဝါ ဒေသအစိုးရမှာ အဆိုပါ စီမံကိန်းကို ပယ်ချခွင့် ရှိနေသည်။

    Ref: RT, Aljazeera

  • အနားယူပါက နည်းပြဘ၀သို့ ကူးပြောင်းရန် ဂျရတ်အစီအစဉ်ရှိနေ

    အနားယူပါက နည်းပြဘ၀သို့ ကူးပြောင်းရန် ဂျရတ်အစီအစဉ်ရှိနေ

    မေ ၁၇၊ ၂၀၁၅
    M-Media

    gerrad

    – မိမိကစားသမားဘ၀ အဆုံးသတ်ပြီးနောက် ဖာဂူဆန်နှင့် အာဆင်ဝင်းဂါးတို့၏ အရည်အသွေး တစ်ဝက်စီပါဝင်သော နည်းပြဘ၀ဖြင့် လီဗာပူးလ်သို့ ပြန်လာမည်ဟု ကွင်းလယ်လူ စတီဗင်ဂျရတ်က ပြောကြားလိုက်သည်။

    လာမည့်ရာသီတွင် မေဂျာလိဂ်ကလပ် အလ်အေ ဂလက်ဆီအသင်းသို့ ပြောင်းရွှေ့တော့မည့် ဂျရတ်မှာ ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ၎င်း၏ အန်ဖီးလ်နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားခဲ့သည်။ ကစာသမားဘ၀ အဆုံးသတ်ပြီးနောက် နည်းပြဘ၀ ကူးပြောင်းရန်လည်း ဂျရတ်က အစီအစဉ်ရှိနေသည်။

    နည်းပြအဖြစ် ဆောင်ရွက်ပါက ငယ်စဉ်ကတည်းက ကစားခဲ့သော လီဗာပူးလ်အသင်းအား ကိုင်တွယ်သွားရန် စိတ်ဝင်စားမှုကို ဂျရတ်က မဖုံးကွယ်ခဲ့ပေ။

    “မန်နေဂျာတစ်ယောက်ဖြစ်လာဖို့ ကျွန်တော့်ဟာ နည်းနည်းတော့ ရူးသွပ်ရပါမယ်။ ဒါပေမယ့် သေချာတာကတော့ အသင်းနဲ့ ဆက်လက်အဆက်အသွယ် ရှိချင်ပြီး အနာဂတ်အတွက် အရာရာတိုင်းကို ဖွင့်ထားချင်ပါတယ်။ ဖာဂူဆန်လို ဒါမှမဟုတ် ၀င်းဂါးလိုဖြစ်လာရင်လည်း ကိစ္စမရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့နှစ်ယောက်စလုံးဟာ အောင်မြင်တဲ့ နည်းပြတွေ
    ဖြစ်လို့ပါပဲ။ ကျွန်တော်ကတော့ သူတို့ နှစ်ယောက်ရဲ့ အဆင့်ကြားထဲက တစ်နေရာရာမှာ ရှိမယ်လို့ ထင်ပါတယ်” ဟု ဂျရတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် နာမည်ကျော်နည်းပြများ၏ နည်းစနစ်များ၊ ပြောကြားမှုများနှင့် လမ်းညွှန်းမှုများကို မှတ်စုများရေးထားကြောင်း၊ အနာဂတ်တွင် အသုံးဝင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်လာင်းပြောကြားခဲ့သည်။

    လီဗာပူးလ်အသင်း၏နည်းပြ အသေအချာဖြစ်လာနိုင်မလား ဆိုသည်နှင့်ပတ်သက်၍ ဂျရတ်က ငြင်းဆိုခဲ့ပြီး အန်ဖီးလ်တွင် ကျရှုံးမှုမှာ ဆိုးရွားသွားနိုင်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်ဟာ လုံလောက်အောင်ကောင်းမွန်တယ်လို့ ခံစားရပြီး၊ ကူညီနိုင်တယ်ဆိုရင် ကျွန်တော့်ကိုကမ်းလှမ်းမှုကို တကယ် လေးလေးနက်နက် စဉ်းစားသွားမှာပါ။ ဒါပေမယ့် ကျွန်တော် မကောင်းသေးဘူး၊ ကျွန်တော့်နာမည် ပျက်ဆီးစေမယ့် အန္တရာယ်မျိုးရှိတယ်ဆိုရင်တော့ အနားတောင်ကပ်မှာမဟုတ်ပါဘူး” ဟု ဆိုကာ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့၍
    အချိန်တိုတိုအတွင်း ပစ်ပယ်ခံလိုက်ရသည့် နည်းပြ ရွိုင်ဟဒ်ဆန်ကို ဂျရတ်က ဥပမာပေးခဲ့သည်။

    Ref: Goal

  • လှေစီးဒုက္ခသည်များအရေး မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဆွေးနွေးမည်

    လှေစီးဒုက္ခသည်များအရေး မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဆွေးနွေးမည်

    မေ ၁၇၊ ၂၀၁၅
    M-Media

    nip-4-rohingya-1

    – မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ လှေစီးဒုက္ခသည်များ မြင့်တက်လာပြီး အရှေ့တောင်အာရှ နိုင်ငံများသို့ ပြန့်နှံ့လာသည့် ပြဿနာအား ဆွေးနွေးရန်အတွက် မေလးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ယနေ့တွင် တွေ့ဆုံမည်ဟု သိရသည်။

    “(လှေစီးဒုက္ခသည်ကိစ္စဟာ) ဆွေးနွေးမယ့် အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပြီး အစီအစဉ်အတွင်းမှာ အရမ်းအရေးပါတဲ့ ကိစ္စတစ်ခုပါပဲ” ဟု အကျဉ်းရုံးရှင်လင်းပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး အန်နီဖာ အေမန်က ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေ အိခ်ျ မဟ်မွဒ် အလီနှင့် အဆိုပါဆွေးနွေးမှုကို မလေးရှားရှိ ကိုတာကင်နာဘာလူမြို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မီဒီယာများက နိုင်ငံခြားရေးဝန်ကြီးမှာ ဆွေးနွေးပွဲအကြို ခရီးစဉ်အဖြစ် မလေးရှားသို့ ရောက်ရှိနေသည်ဟု ဖော်ပြခဲ့ကြသည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေစီးဒုက္ခသည် ထောင်ပေါင်းများစွာတို့မှာ အက်ဒမန်ပင်လယ်ပြင်တွင် မျောပါနေပြီး မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ကလည်း လက်ခံရန် ဆန္ဒမရှိပေ။

    အဆိုပါ လှေစီးဒုက္ခသည် ပြဿနာ၏ အခြေခံအကြောင်းအရင်းများကို ဆွေးနွေးရန် မေလ ၂၉ ရက်နေ့တွင် မလေးရှား၊ အင်ဒိုနီးရှားနှင့် မြန်မာတို့အပါအ၀င် ဒေသတွင်း နိုင်ငံပေါင်း ၁၅ နိုင်ငံမှ တာဝန်ရှိသူများပါဝင်မည့် ဆွေးနွေးပွဲတစ်ခုကို ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ရန် ရှိနေသည်။

    မြန်မာနိုင်ငံ သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ယခုအချိန်အထိ ဖိတ်ကြားခြင်းမရှိသေးဘဲ၊ ဖိတ်ကြားမှုတွင် ရိုဟင်ဂျာဟု ခေါင်းစဉ်တပ်ပါက တက်ရောက်မဗည်မဟုတ်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

    Ref: Aljazeera,Channelnewsasia