News @ M-Media

မန်ယူတိုက်စစ်မှူးလောင်း ဒီပေး ရွှေဖိနပ်ရ

မေ ၁၈၊ ၂၀၁၅
M-Media

depay

– မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့သည့် ပီအက်စ်ဗီတိုက်စစ်မှူး ဒီပေးမှာ ဟော်လန်အမှတ်ပေးပြိုင်ပွဲ Eredivisie ၏ ရွှေဖိနပ်ဆုကို ရရှိခဲ့သည်ဟု သိရသည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဒီပေးမှာ အမှတ်ပေးပွဲပေါင်း ၃၀ ပါဝင်ကစားခဲ့ပြီး ဂိုးပေါင်း ၂၂ ဂိုး သွင်းယူပေးခဲ့ကာ ရွှေဖိနပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ဒီပေးမှာ ၁၉၉၅ ခုနှစ်က ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်ဒိုပြီးနောက် Eredivisie ပြိုင်ပွဲ၏ အသက်အငယ်ဆုံး ရွှေဖိနပ်ဆုရှင်လည်း ဖြစ်ခဲ့သည်။

ဒီပေးမှာ ပီအက်စ်ဗီအသင်းနှင့်အတူ ဟော်လန်အမှတ်ပေးဖလားကိုလည်း ယခုနှစ်တွင် ဆွတ်ခူးနိုင်ခဲ့သည်။ ပီအက်စ်ဗီမှာ ဒုတိယနေရာမှ အေဂျက်စ်အသင်းအား ၁၇ မှတ်ဖြတ်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

မန်ယူက ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် ဒီပေးအားခေါ်ယူရန် ပီအက်စ်ဗီအသင်းနှင့် ပြီးခဲ့သည့်တစ်ပတ်က သဘောတူညီခဲ့ပြီး ယခုသီတင်းပတ်အတွင်း ဆေးစစ်မှုပြုလုပ်ကာ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ရန် ရှိနေသည်။

ဒီပေးမှာ ဟော်လန်လက်ရွေးစင်အသင်းတွင် ဗန်ဂါလ်းနှင့် တွဲဖူးပြီး ဗန်ဂါးလ်ကမူ ပီအက်စ်ဂျီအသင်း၏ စိတ်ဝင်စားမှုကို လက်ဦးရန်အတွက် အလျင်အမြန်ခေါ်ယူခဲ့ခြင်းဟု ပြောကြားခဲ့သည်။

Ref: Dailymail

Comments

Leave a Reply