News @ M-Media

Blog

  • ဘိုကိုဟရမ်လက်မှ အမျိုးသမီး ၃၀၀ ခန့်ကို နိုက်ဂျီးရီးယား ကယ်တင်နိုင်

    ဘိုကိုဟရမ်လက်မှ အမျိုးသမီး ၃၀၀ ခန့်ကို နိုက်ဂျီးရီးယား ကယ်တင်နိုင်

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    nigeria

    – နိုင်ငံအရှေ့မြောက်ပိုင်း ဆမ်ဘီဆာသစ်တောအတွင်းရှိ ဘိုကိုဟရမ်တပ်ဖွဲ့များအား ထိုးစစ်ဆင်မှုအတွင်း ၎င်းတို့ ဖမ်းထားသည့် မိန်းကလေးများနှင့် အမျိုးသမီး ၃၀၀ နီးပါးကို ယမန်နေ့ နေ့လည်ပိုင်းက ကယ်တင်နိုင်ခဲ့သည်ဟု နိုက်ဂျီးရီးယား စစ်တပ်က ပြောကြားလိုက်သည်။

    ကယ်ဆယ်ခဲ့သူများတွင် မိန်းကလေး ၂၀၀ နှင့် အမျိုးသမီး ၉၃ ဦး ပါဝင်ပြီး ထိုအထဲတွင် လွန်ခဲ့သည့် ၁ နှစ်ကျော်က ချီဘွတ်မြို့မှ ပြန်ပေးဆွဲခံခဲ့ရသည့် ကျောင်းသူများ ပါဝင်ခြင်း ရှိ၊ မရှိကိုပြောရန် အလွန်စောလွန်းကြောင်း ကာကွယ်ရေးသတင်းအချက်လက် ဒါရိုက်တာ ဗိုလ်ချုပ်ကြီး ခရစ် အိုလူကိုလာဒီက ယနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဘိုကိုဟရမ်များ၏ စခန်းသုံးခုကိုလည်း စစ်တပ်က ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

    အဆိုပါ မိန်းကလေးများနှင့် အမျိုးသမီးများမှာ ပြန်ပေးဆွဲခံရခြင်း သို့မဟုတ် အတင်းအဓ္ဓမ လက်ထပ်ခံရခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ရန်အတွက် ယနေ့တွင် စစ်ဆေးသွားမည်ဟု ထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

    “အခုအချိန်မှာ သူတို့ရဲ့ လွတ်မြောက်မှုအတွက် သူတို့ဟာ စိတ်လှုပ်ရှားနေကြပါတယ်။ မနက်ဖြန်မှာတော့ သူတို့ဟာ ဘိုကိုဟရမ်တွေရဲ့ ဇနီမယားဖြစ်ခဲ့လား၊ ဒါမှမဟုတ် သူတို့က ချီဘွတ်ကလား၊ ဘိုကိုဟရမ်စခန်းတွေမှာ ဘယ်လောက်ကြာနေပြီလဲ၊ သူတို့မှာ ကလေးတွေရှိလား ဆိုတာတွေကို မေးမြန်းစစ်ဆေးသွားမှာပါ”

    ဘိုကိုဟရမ်အဖွဲ့၏ နောက်ဆုံးစခန်းဖြစ်သည့် ဆမ်ဘီဆာ သစ်တောအတွင်းသို့ လေကြောင်းပစ်ကူများဖြင့် နိုက်ဂျီးရီးယားစစ်တပ်က ပြီးခဲ့သည့် သီတင်းပက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera, Reuters

  • သီရိလင်္ကာ အမျိုးသားရေးအစွန်းရောက်အဖွဲ့ကို တရားစွဲဖို့ တရားရုံးက ရဲဌာနကို ညွှန်ကြား

    သီရိလင်္ကာ အမျိုးသားရေးအစွန်းရောက်အဖွဲ့ကို တရားစွဲဖို့ တရားရုံးက ရဲဌာနကို ညွှန်ကြား

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    IMG_5865~1.jpg-214092
    – သီရိလင်္ကာနိုင်ငံရှိ အမျိုးသားရေးဝါဒီဘုန်းကြီးများ တည်ထောင်ထားသည့် ဘီဘီအက်စ် ခေါ် Bodu Bala Sena အဖွဲ့ဝင်များကို တရားစွဲဆိုရန်အတွက် ကိုလံဘိုတရားရုံးက ရဲဌာနကို ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

    ဧပြီ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ယင်းညွှန်ကြားချက်ကို ပြင်းထန်သည့် ရာဇ၀တ်မှုများ ကိုင်တွယ်သည့် Colombo Fort Magistrate တရားရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ထုတ်ပြန်ချက်တွင် နိုင်ငံသား မွတ်စလင်များအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ရာ၌ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဘီဘီအက်စ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သည့် ဘုန်းကြီး Ven Galagodaaththe Gnanasara Thero ကို ဦးတည်ပြီး စွဲချက်တင်ရန် ဖော်ပြထားသည်။

    စွဲချက်များထဲတွင် ကိုလံဘိုမြို့ရှိ နိပွန်ဟိုတယ်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှု ၊ Jathika Bala Sena (JBS) မှ ကျင်းပသည့် မီဒီတွေ့ဆုံပွဲကို နှောင့်ယှက်ဖျက်ဆီးမှုများအပြင် ၊ ရဲဌာနတစ်ခု၏ မျက်နှာချင်းဆိုင်တွင် ကုရ်အာန်ကျမ်းကို ဆန့်ကျင်ရှုတ်ချသည့် မှတ်ချက်များ ဟောပြောတင်မှုတို့ ပါဝင်ကြောင်း သိရသည်။

    Ref: Colombopage

  • ချန်ပီယံလိဂ်ထက် စီးရီးအေကိုသာ အာရုံပိုထားသည်ဟု ဂျူဗင်တပ်စ်နည်းပြ ပြော

    ချန်ပီယံလိဂ်ထက် စီးရီးအေကိုသာ အာရုံပိုထားသည်ဟု ဂျူဗင်တပ်စ်နည်းပြ ပြော

    ဧပြီ ၂၈၊ ၂၀၁၅
    M-Media

    juventus

    – မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ဆီမီး ရီးယဲလ်နှင့်ပွဲအတွက် စဉ်းစားမည်မဟုတ်ဘဲ စီးရီးအေပြီးဆုံးရေးကိုသာ အာရုံစိုက်သွားမည်ဟု ဂျူဗင်တပ်စ်နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီက ပြောကြားလိုက်သည်။

    စီးရီးအေလက်ရှိချန်ပီယံ ဂျူဗင်တပ်စ်မှာ ပြိုင်ပွဲပြီးဆုံးရန် ၆ ပွဲလိုသေးချိန်တွင် ဒုတိယနေရာမှ လာဇီယိုအသင်းအား ၁၄ မှတ်ဖြတ်ထားပြီး လေးနှစ်ဆက်တိုက် စီးရီးအေချန်ပီယံဖြစ်ရေး နီးစပ်နေသည်။ ပြီးခဲ့သည့်တစ်ပတ်က တိုရီနိုနှင့် ကစားသည့်ပွဲတွင် ဂျူဗင်တပ်စ်မှာ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အယ်လီဂရီကမူ အသင်း၏ စွမ်းဆောင်မှုအတွက် ပီတိဖြစ်မိသည်ဟုဆိုပြီး ရီးယဲလ်မက်ဒရစ်ဘက်သို့
    အာရုံမလှည့်ခင် စီးရီးအေ ဖလားအတွက် ခြေတစ်လှမ်း ပိုနီးချင်သည်ဟု ဆိုသည်။

    “ရီးယဲလ်အကြောင်းကို ကျွန်တော်တို့ မစဉ်းစားသေးပါဘူး။ ဖီအိုရင်တီးနားနဲ့ပွဲအတွက် တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရပါမယ်။ အဲဒီပွဲက ခက်ခဲမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ၃ မှတ်လိုချင်ပါတယ်။ ဒါဆိုရင် ချန်ပီယံဖြစ်ဖို့ တစ်ပွဲသာ လိုတော့မှာပါ” ဟု အယ်လီဂရီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဖီအိုရင်တီးနားအသင်းမှာ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး အယ်လီဂရီကမူ ဖီအိုရင်တီးနားမှာ စီးရီးအေနှင့် ဥရောပတို့တွင် ကောင်းနေကြောင်း သို့သော်လည်း မိမိတို့မှာ ကိုယ့်အကြောင်းကိုသာ စဉ်းစားဖို့လိုပြီး လိုအပ်နေသည့် ၄ မှတ်ကို မြန်မြန်ယူရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • အာဆင်နယ် ပရီးမီးယားလိဂ်ဖလား လိုချင်လျှင် ကစားသမား ၄ ဦး ၀ယ်ရမည်ဟု ဟင်နရီပြော

    အာဆင်နယ် ပရီးမီးယားလိဂ်ဖလား လိုချင်လျှင် ကစားသမား ၄ ဦး ၀ယ်ရမည်ဟု ဟင်နရီပြော

    ဧပြီ ၂၈၊ ၂၀၁၅
    M-Media

    arsenal

    – လာမည့်နှစ် ပရီးမီးယားလိဂ်ဖလားကို ဗိုလ်စွဲချင်ပါက အာဆင်နယ်အသင်း အနေဖြင့် နောက်ထပ် ကစားသမား ၄ ဦး ၀ယ်ယူရမည်ဟု ယုံကြည်ကြောင်း အသင်း၏ ဂန္တ၀င်တိုက်စစ်မှူးဟောင်း သီယာရီ ဟင်နရီက ပြောကြား လိုက်သည်။

    တနင်္ဂနွေနေ့က ချယ်ဆီးနှင့် ဂိုးမရှိသရေ ကျသွားခဲ့ပြီးနောက် အာဆင်နယ်မှာ ထိပ်ဆုံးမှ ချယ်ဆီးအား လိုက်မီရေး မျှော်လင့်ချက် ပျက်သွားခဲ့သည်။ ဟင်နရီကမူ အာဆင်နယ်မှာ ချယ်ဆီးက ကျင့်သုံးနေသည့် လူသစ်ခေါ်ယူမှု ဗျူဟာကို ပုံတူ ကူးသင့်သည်ဟုဆိုသည်။

    “အာဆင်နယ်ဟာ ကစားသမား ၄ ယောက်လောက်ဝယ်ဖို့ လိုပါတယ်။ မဖြစ်မနေလိုတာပါ။ သူတို့မှာ ဂိုးသမားလိုတယ်၊ နောက်တန်းအလယ်လူတစ်ယောက် လိုတယ်၊ ကွင်းလယ် တစ်ယောက်လည်း လိုပါတယ်။ ပြီးတော့ ပရီးမီးယားလိဂ်ကို ထပ်ရဖို့ သုတို့ဟာ ထိပ်တန်းအရည်အသွေးရှိတဲ့ တိုက်စစ်မှူးတစ်ဦး လိုပါတယ်။

    ကျွန်တော့် အတွက် အကောင်းဆုံး ဥပမာကတော့ ချယ်ဆီးပါပဲ” ဟု ဟင်နရီက Sky Sports သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဟင်နရီက ချယ်ဆီးမှာ ပြီးခဲ့သည့်နှစ်က ရုန်းကန်ခဲ့ရသော်လည်း ယခုနှစ်တွင် ဂိုးသမားကော်တိုအစ်၊ မာတစ်၊ ဖာဘရီဂက်စ်နှင့် ဒီယေဂိုကော်စတာတို့ ရှိလာကာ ချန်ပီယဘွဲ့ကို စိန်ခေါ်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

    အာဆင်နယ်မှာ ပြီးခဲ့သည့်နှစ်က အလက်ဇစ်ဆန်းချက်၊ ဒေးဗစ်အော့စ်ပီနာတို့ အပါအ၀င် ကစားသမား ၅ ဦး ခေါ်ယူခဲ့သည်။ ဟင်နရီကမူ ယခုနှစ်နွေရာသီတွင် အသင်း၏ အပြောင်းအရွှေ့ ရန်ပုံငွေ၌ ငွေပိုထည့်ရန် အတွက်လည်း ၀င်းဂါးအား တိုက်တွန်းခဲ့သည်။

    Ref: Goal.com

  • တရုတ်ပိုင်နက်အတွင်း ဗုံးဆံထပ်ကျ၍ တိုက်ခိုက်မှုရပ်ရန် မြန်မာအား တရုတ်သတိပေး

    တရုတ်ပိုင်နက်အတွင်း ဗုံးဆံထပ်ကျ၍ တိုက်ခိုက်မှုရပ်ရန် မြန်မာအား တရုတ်သတိပေး

    ဧပြီ ၂၈၊ ၂၀၁၅
    M-Media

    kokang

    – ကိုးကန့်လက်နက်ကိုင်များအား လတ်တလောတိုခိုက်မှုအတွင်း တရုတ်ပိုင်နက်ထဲသို့ ဗုံးဆံများ ကျရောက်ပြီးနောက် တိုက်ခိုက်မှုများကို ရပ်တန့်ရန်အတွက် မြန်မာအစိုးရအား တရုတ်က ယနေ့တွင် ထပ်မံ တောင်းဆိုလိုကသ်ည်။

    ပြီးခဲ့သည့်လက သူပုန်များနှင့် မြန်မာစစ်တပ်တို့ တိုက်ခိုက်မှုအတွင်း မြန်မာစစ်တပ်မှ ပစ်လိုက်သည့် ဗုံးဆံများမှာ လမ်းကြောင်းလွဲကာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ ကျရောက်ခဲ့ပြီး တရုတ်နိုင်ငံသား ၅ ဦး သေဆုံးခဲ့သောကြာင့် တရုတ်နိုင်ငံက ဒေါသထွက်ခဲ့သည်။

    “မကြာသေးခင်ကပဲ မြန်မာဘက်က ဗုံးဆံအချို့ တရုတ်နိုင်ငံထဲကို ကျရောက်ခဲ့ပြီး အဆောက်အဦး ပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ သေဆုံး၊ ဒဏ်ရာရမှုတော့ မရှိပါဘူး” ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက ဖြစ်ပွားသည့်ရက်အား အတိအကျ ဖော်ပြခြင်းမရှိဘဲ နေ့စဉ် သတင်းစာများသို့ ပြောကြားခဲ့သည်။

    “တရုတ်နိုင်ငံဟာ မြန်မာဘက်ကို ပြတ်သားတဲ့ တင်ပြမှုမျိုးတွေ ပြုလုပ်ပြီးပါပြီ။ ပြီးတော့ ဒါမျိုး နောက်ထပ်မဖြစ်ဖို့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေကို စိတ်အားထက်သန်စွာ ပြုလုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ မြန်မာဘက်ကတော့ ဒါမျိုး နောက်ထပ်မဖြစ်ဖို့အတွက် သက်ဆိုင်ရာ အမှုထမ်းတွေကို ထိထိရောက်ရောက် ထိန်းချုပ်တာဆီးဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်” ဟု လီက ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် တရုတ်သမ္မတ ဇီ ဂျင်ပင်းမှာ ယမန်နေ့က အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းနှင့် ဘေဂျင်းတွင် တွေ့ဆုံခဲ့ပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးအတွက် ထပ်မံ တိုက်တွန်းခဲ့သည်ဟုလည်း လီက ဆိုသည်။

    “နယ်စပ်ဒေသကို ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ သက်ဆိုင်ရာအဖွဲ့တွေဟာ တတ်နိုင်သမျှ အခြေအနေကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်”

    မြန်မာအစိုးရတပ်များမှာ တရုတ်နိုင်ငံနယ်စပ်မှ မီတာ ၅၀၀ အကွာအဝေးတွင် ခြေကုပ်ယူထားသော သူပုန်များအား တိုက်ခိုက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Reuters