မန္တလေး တိုင်းဒေသကြီးရှိ အစ္စလာမ် ဘာသာဝင် အဖွဲ့အစည်း တစ်ခုမှ လောက်ကိုင် စစ်ဘေးရှောင် ပြည်သူများ အတွက် ကျပ်သိန်း (၅၀) ၀န်းကျင် တန်ဖိုးရှိ ဆန်၊ ဆီနှင့် အ၀တ်အထည် များကို လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ယင်းသို့ လှူဒါန်းရာတွင် ပြင်ဦးလွင်၊ ကျောက်ဆည်၊ မန္တလေးမှ အစ္စလာမ် ဘာသာဝင် အများစုမှ စုပေါင်း၍ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ အိုလမာ အစ္စလာမ် သာသနာ ပညာရှင်များ အဖွဲ့ခွဲ (မန္တလေးတိုင်းဒေသကြီး) မှလည်း ယခုလ (၃)ရက်နေ့တွင် စစ်ဘေးရှောင် ပြည်သူများ ခေတ္တနားခိုရာ လားရှိုးမြို့ရှိ မန်ဆူကျောင်း (ရှမ်းကျောင်း)သို့ သွားရောက်ပြီး ဆန်အိတ်ရေ (၂၀၀)၊ ဆီ ပိဿာ (၈၀)၊ ဂျာကင် အင်္ကျီအထည် (၆၀) ၊ အမျိုးသားဝတ် အင်္ကျီအထည် (၁၀၀) ကို လှူဒါန်း ခဲ့ကြောင်း သိရသည်။
.
ကျွန်တော်တို့ အဖွဲ့က ဘာသာရေး အဖွဲ့ပေမယ့် လူမှုရေးလည်း တွဲလုပ် ဖြစ်တယ်။ ကျွန်တော်တို့ ဘာသာချင်း မတူပေမယ့်လည်း လူသားချင်း စာနာ ထောက်ထားတဲ့ အပေါ် မှာမူတည် ပြီးတော့ အခုလို လှူဒါန်းရခြင်း ဖြစ်ပါတယ် ဟု အိုလမာ အစ္စလာမ် သာသနာ ပညာရှင်များ အဖွဲ့ခွဲ၊ မန္တလေး တိုင်းဒေသကြီးမှ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။ အိုလမာ အစ္စလာမ် သာသနာ ပညာရှင်များ အဖွဲ့သည် နိုင်ငံတော် အစိုးရ အသိအမှတ်ပြု အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး၊ ဘာသာရေး အပြင် လူမှုရေး လုပ်ငန်းများလည်း ဆောင်ရွက်နေသည့် အဖွဲ့ ဖြစ်သည်။
.
Messenger News Journal မှ ကူးယူဖော်ပြသည်။
Blog
- 
		
		 စစ်ဘေးရှောင်များကို အစ္စလာမ် ဘာသာဝင် အဖွဲ့က အစားအသောက်များ လှူဒါန်း
- 
		
		 အီရန်မှာ သမိုင်းတစ်လျှောက် ဂျူးများကို သုံးကြိမ်တိုင်တိုင် ကယ်တင်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးပြောမတ် ၆၊ ၂၀၁၅ 
 M-Media– မိမိတို့ အီရန်နိုင်ငံမှာ အစ္စရေးအား ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်မရှိဘဲ မိမိတို့လူမျိုးများမှာ သမိုင်းတလျှောက် ဂျူးများကို သုံးကြိမ်တိုင်တိုင် ကယ်တင်ခဲ့သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က NBC သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုမှာ ယခုတစ်ပတ်အတွင်း အမေရိကန်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း ၂ ခုတွင် အီရန်အား ပုတ်ခတ်ပြောကြားမှုများ ပြုလုပ်ခဲ့ကာ အီရန်မှာ အစ္စရေးအား မြေပုံပေါ်မှ ဖယ်ပစ်ရန် ခြိမ်းခြောက်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက နေတန်ယာဟုအနေဖြင့် သမိုင်းကြောင်းကို ပြန်လည်လေ့လာရန် တိုက်တွန်းခဲ့ပြီး ၎င်း၏ ပြောကြားချက်မှာ ယနေ့ ပကတိအခြေအနများကို ပုံဖျက်ပြောဆိုရုံသာမက ဘိုင်ဘယ်ကျမ်းနှင့် ဂျူးတို့၏ ကျမ်းစာများနှင့်လည်း ဆန့်ကျင်နေသည်ဟု ဆိုသည်။ “သူ့ရဲ့ ကိုယ်ပိုင်ကျမ်းစာကိုတောင် သူက ပုံဖျက်နေတာပါ။ Esther ကျမ်းကို ဖတ်ကြည့်ရင် ဂျူးတွေကို ကယ်တင်ခဲ့တာ အီရန်ဘုရင်ဆိုတာ ခင်ဗျားတွေ့ရပါလိမ့်မယ်” ဟု ဇာရစ်ဖ်က ပြောကြားခဲ့သည်။ ထို့ပြင် ဂျူးများကို သုံးကြိမ်တိုင်တိုင်ကယ်တင်ခဲ့သည့် နိုင်ငံတစ်ခုလုံးကို နေတန်ယာဟု၏ စော်ကားပြောဆိုမှုမှာ တကယ့်ကို ၀မ်းနည်းဖွယ်ရာဖြစ်သည်ဟု ဆိုသည်။ “ Esther ကျမ်းစာမှာပါတဲ့အတိုင်း ၀န်ကြီးတစ်ပါးဟာ ဂျူးတွေကိုသတ်ဖို့ကြိုးစားတဲ့အချိန်မှာ လက်ထက်မှာ အီရန်ဘုရင်က ဂျူးတွေကို ကယ်တင်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ဆိုင်းရပ်စ် သယ် ဂရိတ် (Cyrus The Great) လက်ထက်မှာလည်း ဘေဘီလုံက ဂျူးတွေကို အီရန်ဘုရင်ကပဲ ကယ်တင်ခဲ့တာပါ။ ပြီးတော့ ဒုတိယကမ္ဘာစစ်မှာလည်း ဂျူးတွေကို အီရန်က ကယ်တင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဂျူးတွေကို သုတ်သင်ချေမှုန်းဖို့ မရှိပါဘူး” ဟု ဇာရစ်ဇ်က ဆိုပြီး မိမိတို့နိုင်ငံတွင် ဂျူးလူမျိုး ၂၀၀၀၀ မှာ ငြိမ်းချမ်းစွာနေထိုင်နေပြီး လွှတ်တော်တွင်ပင် ဂျူးလူနည်းစု ကိုယ်စားပြုအမတ်များ ရှိနေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ “ကျွန်တော်တို့နိုင်ငံက ဂျူးပြည်သူတွေနဲ့ရော ကမ္ဘာတစ်ဝှမ်းက ဂျူးလူမျိုးတွေနဲ့ပါ သမိုင်းကြောင်းနဲ့ချီပြီး သည်းခံခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ အတူတကွ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းတွေ ကျွန်တော်တို့မှာ ရှိနေပါတယ်။ တကယ်လို့ လူတွေဟာ ဒီလိုစိတ်မနှံ့တာမျိုးကို မြှောက်ပေးဖို့ ကြောက်ရွံ့နေတဲ့ ပုံစံမျိုး လုပ်လာရင်တော့ သူတို့ပဲ ထိခိုက်နစ်နာမှာပါ” ထို့ပြင် ဇာရစ်ဖ်က ယခုလက်ရှိ အစ္စရေးအစိုးရမှာ အီရန်အား ခြိမ်းခြောက်နေပြီး အပြစ်မဲ့ကလေးငယ်များအား သတ်ဖြတ်ခြင်းနှင့် ရန်စခြင်းတို့ကိုလည်း ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ “နေ့စဉ်လိုလို အီရန်ကို အင်အားသုံးပြီး အစ္စရေးက ခြိမ်းခြောက်နေတာပါ။ တကယ်လို့ သူတို့က အီရန်အပေါ် အင်အားသုံးလာမယ် ဆိုရင်တော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ခုခံသွားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ အတိတ်မှာလည်း စွန့်လွှတ်စတေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကျူးကျော်သွားမှာမဟုတ်သလို၊ ဘယ်သူ့ကိုမှလည်း ခြိမ်းခြောက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ မငြိမ်းခြောက်တာ နှစ် ၂၅၀ ရှိပါပြီ” Ref: RT 
- 
		
		 “ဘိုးဘွားတွေရဲ့ နေရာမှန်ကို နောင်လာနောင်သားတွေကို သိရှိစေချင်လို့ စာအုပ်ရေးဖြစ်ခဲ့တာ” ပါမောက္ခ ဒေါက်တာအောင်ဇော်မတ် ၆ ၊ ၂၀၁၅ 
 M-Media
 မိုးစက်တွေ့ဆုံမေးမြန်းသည်။ရှေးမြန်မာဘုရင်များလက်ထက်မှ စတင်ပြီး မျက်မှောက်ခေတ် ကာလအထိ ခေတ်အဆက်ဆက် ကျော်ကြား ထင်ရှား ခဲ့သည့် မြန်မာမွတ်စလင်မ် (၁၂၂) ဦး အကြောင်းပါဝင်သည့် “တိုင်းရင်းမွတ်စလင် စာပြု စာဆိုပုဂ္ဂိုလ်ကျော်များ” ဆိုသည့် စာအုပ်ကို ရေးသားပြုစုခဲ့သည့် ပါမောက္ခဒေါက်တာအောင်ဇော် (ခ) ကိုဇော် (ရန်ကုန်တက္ကသိုလ်) အားဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို ရန်ကုန်မြို့ နယူးဧရာဟိုတယ်တွင် မတ်လ ၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့တယ်။ ပါမောက္ခဒေါက်တာအောင်ဇော် နှင့် ဆုံတွေ့ခိုက် ယခုလိုမေးမြန်းခဲ့ပါတယ်။ M-Media။ ။ ဆရာ အနေနဲ့ ဒီစာအုပ်ကို ဘယ်လိုအကြောင်းကြောင့် ရေးသားဖြစ်ခဲ့တာပါသလဲ။ Dr အောင်ဇော်။ ။ ဆရာ့အိမ် လမ်းထိပ်ကျောင်းက မနက်တိုင်း နိုင်ငံတော်သီချင်းဆိုတယ်။ နားထဲကိုရောက်လာတာက “ဒို့ဘိုးဘွား အမွေအနှစ်ဖို့ ချစ်မြတ်နိုးပေ” တဲ့။ အဲဒါနဲ့ ဘိုးဘွား အမွေအနှစ်တွေဆိုတော့ တို့ရှေးက မြန်မာမွတ်စလင်မ် ဘိုးဘေးတွေရဲ့ အမွေအနှစ်တွေ အကြောင်းကို ရေးရင်ကောင်းမှာပဲ ဆိုပြီးတော့ စဉ်းစားခဲ့တယ်။ ဘိုးဘွားတွေရဲ့ နေရာမှန်ကို နောင်လာနောင်သားတွေကို သိရှိစေချင်လို့ပါ။ ဒါနဲ့ပဲ ဒီစာအုပ်လေးကို ရေးသားခဲ့တာပါ။ M-Media။ ။ ဆရာ ဒီစာအုပ်ကို ရေးသားတဲ့အခါမှာ ဘယ်လိုပုံစံ အချက်အလက်တွေကို စုဆောင်းခဲ့ရပါသလဲ။ Dr အောင်ဇော်။ ။ ဆရာက ငယ်ငယ်လေး အထက်တန်းကျောင်းသားဘဝကတည်းက အထ္ထုပတ္တိတွေဆိုရင် သိပ်စိတ်ဝင်စားတယ်။ စာဖတ်ရင်း အဲ့လိုမျိုးတွေတွေ့ပြီဆိုရင် စာရွက်တွေကို သိမ်းထားခဲ့တယ်။ ကျောင်းသား ဘဝကတည်းက တော်တော်စုဆောင်းခဲ့တာပါ။ နောက် ဆရာပင်စင်ယူပြီးတဲ့ အချိန်ကျတော့ တစ်နေ့လုံးလိုလို အချိန်ပေးပြီး ဒီစာအုပ်ကို ပြုစုခဲ့တာပါ။ M-Media။ ။ ဆရာ စာအုပ်ပြုစုရာမှာရော ဘယ်လိုအခက်အခဲမျိုးတွေ ရှိခဲ့ပါသလဲ။ Dr အောင်ဇော်။ ။ တချို့ဟာတွေကျလည်း စာအုပ်တွေ ကိုးကားလိုက်ရင် အဆင်ပြေပါတယ်။ တချို့ကျတော့လည်း သူတို့ မိသားစုတွေနဲ့ သွားတွေ့ပြီး လိုအပ်တဲ့ အချက်အလက်တွေကို သေချာမေးမြန်းရပါတယ်။ အရမ်းခက်ခဲတာမျိုးတော့ မရှိပါဘူး။  
 M-Media။ ။ နောက်ထပ် မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေအတွက် ဆရာ့အနေနဲ့ ဘယ်လိုစာအုပ်မျိုးတွေ ထွက်ပေါ်လာစေချင်ပါသလဲ။Dr အောင်ဇော်။ ။ ဆရာကတော့ မြန်မာပြည်မှာ အထူးလိုအပ်နေတာက ထင်ရှားကျော်ကြားတဲ့ မွတ်စလင်များ အထင်ကရ ပုဂ္ဂိုလ်တွေ ဆိုတာကို သမိုင်းပညာရှင် တစ်ယောက်လောက်က သေချာပြုစုပြီး စာအုပ်ထုတ်မယ်ဆိုရင် သိပ်ကောင်းမှာပါ။ M-Media။ ။ မြန်မာ မွတ်စလင်မ် လူငယ်တွေအနေနဲ့လည်း ဘယ်လိုစာအုပ်တွေကို ဖတ်သင့်ပါသလဲ။ Dr အောင်ဇော်။ ။ မွတ်စလင်မ် လူငယ်တွေကလည်း အခုလို ထင်ရှားကျော်ကြားတဲ့သူတွေရဲ့ စာအုပ်တွေကို ဖတ်ပြီး အားကျ အတုယူနိုင်မယ်ဆိုရင်တော့ သိပ်ကောင်းမှာပါပဲ။ အထ္ထုပတ္တိတွေကိုလည်း သေချာလေ့လာထားဖို့လိုမယ်လို့ ဆရာထင်မိပါတယ်။ M-Media။ ။ ဆရာ့ ဒီစာအုပ်အပေါ်မှာ ဘယ်လိုမျှော်လင့်ထားပါသလဲ။ Dr အောင်ဇော်။ ။ဆရာ့ စာအုပ်ကို ထုတ်ဝေချင်တယ်၊ စီဒီထုတ်ချင်တယ်လို့ လာပြောကြတယ်။ ဆရာက အကုန်ခွင့်ပြုပါတယ်။ ဆရာတို့ သိသလို အားလုံးကိုသိစေချင်တာပါ။ ဘယ်နည်းနဲ့မဆို ဆရာ့စာအုပ်ကို ကြိုက်သလို အသုံးပြုနိုင်ပါတယ်။ ဆရာ့စာအုပ်ကိုဖတ်ပြီး မသိသေးတာတွေ သိသွားမယ်ဆိုရင်ပဲ ဆရာကျေနပ်ပါပြီ။ ဒေါက်တာအောင်ဇော်သည် အစ္စလာမ်ဘာသာဝင်တဦးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့နှင့် ပါရဂူဘွဲ့များရရှိခဲ့ပြီး ယခုအခါ ရန်ကုန် တက္ကသိုလ် ပါရဂူဘွဲ့ကျမ်းများ ကြီးကြပ်လျှက်ရှိပြီး မြန်မာစာ သင်ကြားရေး အဖွဲ့ဝင်နှင့် မြန်မာစာဌာန ပါရဂူသင်တန်း ကြီးကြပ်မှု ကော်မတီဝင် အဖြစ် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါတယ်။ 
- 
		
		 ဆီးရီးယား၏ ဓာတုလက်နက်သုံးစွဲမှုအား အရေးယူရန် ကုလအား အမေရိကန် တိုက်တွန်းမတ် ၆၊ ၂၀၁၅ 
 M-Media– ဆီးရီးယားတွင် ဓာတ်တုလက်နက်အသုံးပြုမှုအတွက် စစ်ရေးအရ အရေယူခြင်းအပါအ၀င် ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အမေရိကန်က တိုက်တွန်းပြောကြားလိုက်သည်။ လုံခြုံရေးကောင်စီတွင် အမေရိကန်မှ တင်သွင်းသော ဆုံးဖြတ်မူကြမ်းတွင် ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့ OPCW ၏ အချက်အလက်ရှာဖွေရေးလုပ်ငန်းအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆီးရီးယားအား တောင်းဆိုခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း OPCW ၏ အမှုဆောင်ကောင်စီက ဆီးရီးယားတွင် ကလိုရင်းဓာတ်ငွေ့ကို ထပ်ခါတလဲလဲနှင့် စနစ်တကျ အသုံးပြုကြောင်း ခိုင်မာသည့်အထောက်အထားများ တွေ့ရှိရပြီး အလွန်အမင်း စိုးရိမ်မိသည်ဟု ဖော်ပြထားသည်။ အမေရိကန်၏ အဆိုပါမူကြမ်းတွင်မူ ထိုကဲ့သို့ ဓာတုလက်နက် အသုံးပြုမှုအား ပြင်းပြင်းထန်ထန်ရှုတ်ချရန် ကုလအား ထည့်သွင်းတိုက်တွန်းထားသည်။ ထိုမူကြမ်းကို လုံခြုံရေးကောင်စီ၌ ယနေ့တွင် မဲခွဲရန်ရှိနေပြီး ကောင်စီဥက္ကဌဖြစ်သူ ကုလဆိုင်ရာ ပြင်သစ်သံအမတ် ဖရန်ကိုအစ် ဒီလက်ထရီကမူ အဆိုပါ မူကြမ်းကို တညီတညွတ်တည်း အတည်ပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ကလိုရင်းဓာတ်ငွေ့ကို ပထမကမ္ဘာစစ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပြီး အဆိုပါဓာတ်ငွေ့အား ရှုရှိုက်မိပါက အဆုတ်ထဲတွင် ဟိုက်ဒရိုကလိုရစ်အက်စစ်အရည်အဖြစ် အသွင်းပြောင်းသွားကာ အသက်ရှုရခက်သည့် ပြဿနာဖြင့် နောက်ဆုံး သေဆုံးသွားသည်အထိ ဖြစ်နိုင်သည်။ Ref: Channelnewsasia 
- 
		
		 မန်ယူနှင့်ပွဲတွင် တံတွေးဖြင့်ထွေးခဲ့သည့် နယူးကာဆယ်တိုက်စစ်မှူး ဆစ်စီ ၇ ပွဲ ပယ်ခံရမည်မတ် ၆၊ ၂၀၁၅ 
 M-Media– ဗုဒ္ဓဟူးနေ့ညက စိန့်ဂျိမ်းစ်ပါ့က်တွင် ကစားခဲ့သည့် မန်ယူနှင့်ပွဲတွင် မန်ယူနောက်ခံလူ အီဗန့်စ်အား တံတွေးဖြင့် ထွေးခဲ့သည်ဆိုသော FA ၏ တရားစွဲဆိုမှုအား နယူးကာဆယ်တိုက်စစ်မှူး ပါပစ် ဆစ်စီက လက်ခံလိုက်သည်ဟု 
 သိရသည်။ပထမပိုင်းပြီးကာနီးတွင် အီဗန့်စ်၏ ဖြတ်ထုတ်မှုနှင့်ပတ်သက်၍ ဆစ်စီနှင့် အချင်းများရာ အီဗန့်စ်က တံတွေးဖြင့် ပထမဆုံး ထွေးခဲ့ပြီးနောက် ဆစ်စီကလည်း တံတွေးဖြင့် သိသိသာသာပင် ပြန်ထွေးခဲ့သည်။ သို့သော်လည်း ပွဲအပြီးတွင် အီဗန့်စ်က ကြေညာချက်ထုတ်ကာ မိမိ တံတွေးဖြင့်ထွေးခဲ့သည်ဟု စွပ်စွဲခြင်းနှင့်ပတ်သက်၍ တုန်လှုပ်မိကြောင်း ပြောကြားခဲ့ပြီး ဆစ်စီကမူ ၎င်း၏ လုပ်ရပ်အတွင် ၀န်ခံခဲ့ကာ ထိုကဲ့သို့ မကောင်းသောလုပ်ရပ်နှင့်ပတ်သက်၍ တောင်းပန်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။ FA တာဝန်ရှိသူများမှာ အဆိုပါပွဲ၏ ဗီဒီယိုကို ပြန်လည်ကြည်ရှုခဲ့ပြီးနောက် ကစားသမားနှစ်ဦးစလုံးမှာ အနီကဒ်ပြစ်ဒဏ်နှင့် ထိုက်တန်သည်ဟု ယမန်နေ့က ဆုံးဖြတ်ချက်ချခဲ့ပြီး ၎င်းတို့ ၂ ဦးစလုံးအား စွဲချက်တင်ခဲ့သည်။ FA ၏ စွဲချက်အား လက်ခံခဲ့သောကြောင့် ဆစ်စီမှာ ၇ ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခံရမည်ဖြစ်ပြီး ၎င်း၏ ယခုနှစ်ရာသီ ဒုတိယမြောက် အနီကဒ်အဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ အီဗန့်စ်ကမူ အဆိုပါ စွဲချက်အား လက်ခံခြင်း သို့မဟုတ် အပြစ်ရှိကြောင်း တွေ့ရှိရပါက ၆ ပွဲပယ်ခံရမည်ဖြစ်သည်။ Ref: Goal.com 



